အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၈)

အိန္ဒိယလူထု ဆက်သွယ်ရေး တက္ကသိုလ် ကျောင်းသူဘဝ အမှတ်တရ မြန်မာနိုင်ငံမှ မထွက်ခွာခင် နေ့ရက်များ ကတည်းက နယူးဒေလီမြို့ရှိ နာမည်ကြီး တက္ကသိုလ်တွင် သတင်းပညာရပ်များ သင်ကြားခွင့်ရမည် ဟူသော အသိက ကျွန်မ၏ စိတ်အစဉ်ကို လှုံ့ဆော်ရင်း တက်ကြွနေခဲ့မိသည်။ အိန္ဒိယ လူထုဆက်သွယ်ရေး တက္ကသိုလ် Indian Institute of Mass Communication ကြီး၏ အကြောင်းအရာများနှင့် ဓာတ်ပုံများကို Web Site များအတွင်းမှ စိတ်ဝင်တစား ရှာဖွေကာ ကြိုတင်လေ့လာ ကြည့်ရှုမိခဲ့သေးသည်။
ထိုစဉ်အချိန်က ခမ်းနားလှသော ကျောင်းပရဝုဏ်အတွင်းနှင့် စာသင်ခန်းအချို့၏ ပုံရိပ်များက ကျွန်မ၏ အမြင်အာရုံအတွင်း၌ ဖမ်းစားနိုင်ခဲ့ခြင်းမှာ အပေါ်ယံသာဖြစ်ခဲ့သော် လည်း I.I.M.C တက္ကသိုလ်အတွင်းသို့ စတင်ခြေချမိခဲ့သည့်နေ့ရက်မှစတင် ပြီး သင်တန်းပြီးဆုံးချိန်အထိ ကာလများတွင်မူ သတင်းပညာရပ်နှင့်ပတ်သက် သည်များကို လက်တွေ့ကျကျသိရှိခွင့်ရခဲ့ခြင်းအထွက် အဖိုးတန်နေ့စွဲများဟု တင်စားရပေမည်။ အိန္ဒိယလူထုဆက်သွယ်ရေးတက္ကသိုလ် (I.I.M.C) သို့ ကျောင်းဖွင့်ရက် များအတွင်း နေ့စဉ် နံနက်(၉)နာရီခွဲမှ ညနေ(၅)နာရီအထိ သတင်းပညာရပ် များ သင်ယူရန်သွားရောက်ခဲ့ကြရသည့် နေ့ရက်များသည် ကျွန်မအတွက် မမေ့နိုင်သောအမှတ်တရနေ့ရက်များဖြစ်ခဲ့ရသည်။ (I.I.M.C) တက္ကသိုလ်သည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေးအသွင်ဖြင့် ရပ်တည်နေသော တက္ကသိုလ်ကြီးဖြစ်ကာ သတင်းအချက်အလက်များနှင့် လူထုဆက်သွယ်ရေးသင်တန်းများအတွက် ရည်ရွယ်ချက်ကောင်းများဖြင့် ထောက်ပံ့မှုများပေးနေကြောင်းသိရသည်။ ထို့အပြင် ဗဟိုအစိုးရနှင့် သက်ဆိုင် သော ကိစ္စရပ်များသင်ကြားခြင်း၊ သုတေသနပြုခြင်းများအတွက် အသုံးပြု နိုင်သလို သတင်းပညာရပ်အသီးသီးအတွက် ကဏ္ဍခွဲများစွာကိုသင်ကြားပို့ချ ပေးနေသော တက္ကသိုလ်ကြီးလည်းဖြစ်ပေသည်။ အိန္ဒိယအစိုးရကိုယ်တိုင် အုပ်ချုပ်မှုအဖွဲ့အစည်းအဖြစ်ပါဝင်ဖွဲ့စည်းထားသော အိန္ဒိယလူထုဆက်သွယ် ရေးတက္ကသိုလ်ကြီးမှာ အိန္ဒိယသမ္မတကိုယ်တိုင် I.I.M.C Executive Council အတွင်း၌ သဘာပတိအဖြစ်ဦးဆောင်ပါဝင်နေခဲ့သလို များစွာသော အဖွဲ့ဝင်များ ကိုလည်း အစိုးရမှပင် တရားဝင်ခန့်အပ်ကာ ပါဝင်စေခဲ့သည်ဟုသိရှိရသည်။ I.I.M.C တက္ကသိုလ်ရှိသင်တန်းအစီအစဉ်များအား Group A နှင့် Group B ဟု ပိုင်းခြားသတ်မှတ်ထားပြီး အိန္ဒိယပြန်ကြားရေးဌာနမှ အရာရှိများ AIR နှင့် Doordarshan အဖွဲ့အစည်းများမှ အရာရှိများအတွက် အသံလွှင့် မီဒီယာပြဋ္ဌာန်းချက်များကိုလည်း သီးသန့်သင်ကြားပို့ချလမ်းညွှန်ပေးနေကြောင်း သိရသည်။ အဆိုပါသင်တန်းပို့ချချက်များတွင် ဘွဲ့လွန်သင်တန်းများဖြစ်ကြသော အင်္ဂလိပ်ဘာသာဖြင့် သတင်းပညာရပ်အထူးပြုသင်တန်း ဟိန္ဒူဘာသာဖြင့် သတင်းပညာရပ်အထူးပြုသင်တန်းကြော်ငြာလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေး သင်တန်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားသတင်းပညာရပ်များကိုလည်း ထည့်သွင်း သင်ကြားပေးနေကြောင်းသိရှိလေ့လာခဲ့ရသေးသည်။ ကျွန်မတို့ မြန်မာစာနယ်ဇင်းအဖွဲ့ တက်ရောက်ပညာသင်ယူခွင့်ရရှိခဲ့သော အိန္ဒိယလူထုဆက်သွယ်ရေးတက္ကသိုလ် I.I.M.C ကြီးအတွင်း၌ ရှားရှားပါးပါး မြန်မာကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးကိုလည်း အမှတ်မထင် ဆုံတွေ့ ခဲ့ကြရပြီး Development Journalism သင်တန်းအတွက် Diploma Course အဖြစ်(၄)လသင်တန်းလာတက်နေကြခြင်းဖြစ်ကြောင်း သိရှိခဲ့ရပေသည်။ တိုင်းတစ်ပါးတွင် ကိုယ့်မြန်မာလူမျိုးများအချင်းချင်း ဆုံတွေ့ရင်းနှီးမှု မှာ မျိုးချစ်စိတ်ထက်သန်သူများအတွက် ဝမ်းပန်းတသာခံစားချက်များ ပေါ်ပေါက်ကြရမည်ဟု ကျွန်မယုံကြည်မိသည့်အထိုက်အလျောက်၊ သင်တန်း သားကိုÓာဏ်မျိုးထွန်းနှင့် သင်တန်းသူ မသန္တာဝင်းတို့မှာလည်း ကျွန်မနည်းတူ စိတ်ခံစားချက်မျိုးပေါ်ပေါက်ခဲ့ကြမည်ဟုယုံကြည်မိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကိုÓာဏ်မျိုးထွန်းနှင့် မသန္တာဝင်းတို့နှစ်ဦးမှာ သြဂုတ်လမှ နိုဝင်ဘာလအထိ(၄)လတာသင်တန်းအတွက် တိုင်းတစ်ပါးမှ သင်တန်းသားများနှင့် အင်္ဂလိပ်ဘာသာစကားဖြင့်သာ နေ့စဉ်ထိတွေ့ပြောဆို နေကြရခြင်းကြောင့်ပင်။ မြန်မာစာနယ်ဇင်းအဖွဲ့သားများအတွက် သင်တန်း၏ပထမဆုံးနေ့ရက် တွင် Inauguration အခမ်းအနားပြုလုပ်ပြီးသည်နှင့် သတင်းအခြေခံသဘော တရားများ (Basic News Concepts) အကြောင်းကို ဆရာမဟုမ်ကာရက်ရှီ (Ms.Humra Qureshi) မှ စတင်သင်ကြားပို့ချပေးခဲ့ပြီး မနက်ပိုင်းတွင်ကျင်းပ ခဲ့သောသင်တန်းဖွင့်ပွဲအကြောင်းကို ဆရာရှရီဂိုပါးလ်မစ်စရာ (Mr.Shri Gopal Misra) မှ လက်တွေ့သတင်းရေးခိုင်းလိုက်သောအခါ ချမ်းစိမ့်လှသည့် Air Con ခန်းမကြီးအတွင်းမှ ကျွန်မချက်ချင်းချွေးပြန်သွားခဲ့ရလေ၏။ ဒါတင်မက သေး၊ ကျွန်မ၏နှလုံးခုန်သံမှာ ''အိန္ဒိယရိုးရာဘုရားပွဲလှည့်လည်နေသည့်သံစဉ် အလား''ထင်မှားဖွယ်ရာ ကျယ်လောင်မြည်ဟီးသွားခဲ့ရလေသည်။ အဘယ် အတွက်ကြောင့်များ ဤကဲ့သို့ဖြစ်ရခြင်းကို ဆန်းစစ်လေ့လာကြည့်မိသည့် အခါ မြန်မာမီဒီယာလုပ်ငန်းတွင်ရပ်တည်နေသော ကျွန်မအတွက် အလေ့ အကျင့်နှင့်ရေးလေ့ရေးထမရှိသည့် အင်္ဂလိပ်သတင်းရေးသားနည်းပုံစံကြောင့် ပင်ဖြစ်နေတော့သည်။ သင်တန်းခန်းမအတွင်းရှိ အခြားသောအဖွဲ့ဝင်များကိုလည်း စိတ်ဝင်တစား အကဲခတ်ကြည့်ရှုမိသည့်အခါ ခေါင်းမဖော်တမ်း လက်တန်းချရေးနေသူများ ရှိသလို Dictionary လှန်ပြီး စကားလုံးရှာဖွေနေသူများ၊ Recorder အတွင်းမှ အသံဖိုင်များကို ပြန်လည်နားထောင်ရင်း သတင်းရေးသားရန်ပြင်ဆင်နေသူ များကိုလည်း ပုံစံအမျိုးမျိုးဖြင့်တွေ့မြင်ခဲ့ရလေသည်။ ကျန်သည်မှာလည်း သဘာဝကျသော နည်းလမ်းကောင်းများပင်ဖြစ်ပြီး အများနည်းတူ ကိုယ်လည်း ဖြစ်အောင်ရေးနိုင်ရမည်ဟူသော စိတ်ဓာတ်ကိုမွေးမြူပြီး အချိန်တိုလေးအတွင်း သာပိုင်ဆိုင်ခွင့်ရရှိခဲ့သော အိန္ဒိယလူထုဆက်သွယ်ရေးတက္ကသိုလ်ကျောင်းသူ ဘဝကို Electronic Dictionary အားကိုးဖြင့်တစ်ဖုံ၊ ကူညီဖေးမသင်ပြခဲ့သူများ၏ စေတနာလမ်းညွှန်မှုများဖြင့်တစ်မျိုး ရိုးရှင်းစွာဖြတ်သန်းခဲ့မိသည်။ Special Course သင်တန်း၏ ပထမဦးဆုံးနေ့ရက်တစ်ရက်တည်းမှာပင် သင်တန်းဆရာ သုံးဦး၏ ပညာရပ်များကို တစ်ပြိုင်နက်တည်းရရှိခဲ့ကြပြီး 'မီဒီယာအမျိုးမျိုးတွင် သတင်းရေးပုံ၊ နည်းမျိုးစုံ (Writing For Different Media) ''ပညာရပ်ကို ဒေါက်တာဟီမန့်ဂျိုရှီ (Dr.Hemant Joshi) မှ သင်ကြားပေးခဲ့ပြီးသည်နှင့် I.I.M.C ကျောင်းသူဘဝကို တစ်ရက်တာပြီးဆုံးသွားစေခဲ့သည်။ နယူးဒေလီမြို့ပေါ်တွင် နေထိုင်ခဲ့ရသောနေ့ရက်များစွာတွင် အတွေ့အကြုံ သစ်များကြောင့် ပျော်ရွှင်ကြည်နူးခဲ့ရသည့် နေ့ရက်များရှိသလို အသည်းတထိတ် ထိတ်၊ ရင်တစ်ဖိုဖိုဖြင့် ဖြတ်သန်းသွားလာခဲ့ရသော နေ့ရက်များစွာလည်းရှိခဲ့ ပေသည်။ ဥပမာအားဖြင့်ဆိုရလျှင် (၂ဝ၁ဝ)ခုနှစ် စက်တင်ဘာလ(၂ဝ)ရက် နေ့ထုတ် The Hindustin Times သတင်းစာ၏ ခေါင်းကြီးပိုင်းသတင်းတွင် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ထိုင်ဝမ်လူမျိုးခရီးသွားဧည့်သည် နှစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်းကို သတင်းဓာတ်ပုံနှင့်အတူ ရေးသား ဖော်ပြလိုက်ခြင်းအတွက် နေရာတိုင်းတွင်လုံခြုံရေးများပိုမိုတင်းကြပ်စွာ ဆောင်ရွက်ခဲ့ကြရသည်အထိ ဖြစ်ခဲ့ကြရသည်။ အဆိုပါဖြစ်စဉ်မှာလည်း (၂ဝဝ၈)ခုနှစ်ကာလက မွန်ဘိုင်းမြို့ရှိ တပ်ခ်ျဟိုတယ်တွင် လူပေါင်းများစွာ လုပ်ကြံခံခဲ့ရခြင်း၏ နောက်ဆက်တွဲပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း၊ ပါမောက္ခ ကြီးကေအမ်ရှရီ ဗတ်စ်တာဗာ (Professor K.M Shrivastave) မှ ကျွန်မတို့ အား သွားသတိ၊ လာသတိ၊ ရှိစေရန်ကရုဏာစိတ်ဖြင့် သတိပေးပြောကြားခဲ့ သဖြင့် သိရှိခဲ့ကြရသည်။ ထို့အတွက်ကြောင့် ကျွန်မတို့မှာ ကျောင်းကားပေါ် စတက်စဉ်ကတည်းက ကျောင်းရောက်ချိန်အထိ ဘုရားစာရွတ်သံများဖြင့်သာ နယူးဒေလီမြို့တွင်း၌ သွားလာခဲ့ကြရသည်မှာလည်း ပြန်တွေးမိတိုင်းပြုံးချင်စရာ ကောင်းလှပေသည်။ မြင်သာမြင်မကြင်ရက်သည့် အင်တာနက် ကျွန်မတို့တည်းခိုရာ Crowne Plaza Hotel ကြီးမှ I.I.M.C ကျောင်းသို့ ဘတ်စ်ကားဖြင့် နာရီဝက်သာသာသွားရောက်ကြရပြီး သင်တန်းချိန်မစတင်မီ အချိန်(၁)နာရီသတ်မှတ်ချက်ဖြင့် Computer Room အတွင်း၌ အင်တာနက် အခမဲ့အသုံးပြုခွင့်ပေးထားသဖြင့် ကျွန်မတို့အားလုံးစိတ်အမောများ ပြေပျောက် ခဲ့ကြရပေသည်။ အဘယ့်ကြောင့်ဆိုသော် တည်းခိုရာကြယ်(၅)ပွင့် အဆင့်ရှိ ဟိုတယ်ကြီး၌ အင်တာနက်အသုံးပြုခမှာ တစ်နာရီလျှင်ရူပီး(၂၅ဝ)နှုန်း (မြန်မာ ကျပ်ငွေငါးထောင်)ကျသင့်နေခြင်းကြောင့်အသုံးပြုနိုင်သူ နည်းပါးလှပေ သည်။ နယူးဒေလီမြို့အတွင်းရှိ အင်တာနက်ဆိုင်များတွင်မူ၊တစ်နာရီ အသုံးပြုခနှုန်း ထားအတွက် ရူပီး(၁ဝ)ဟု တရားဝင်ဖော်ပြထားသော်လည်း မည်သူတစ်ဦးတစ် ယောက်မျှကျောင်းချိန်ပြင်ပတွင် မြို့အတွင်းသို့သီးသန့်ထွက်ပြီး အသုံးပြုလို သည့်ဆန္ဒမရှိခဲ့ကြခြင်းကြောင့်ပင်။ အိန္ဒိယနိုင်ငံ၏ အင်တာနက်လိုင်းများမှာ လွယ်ကူလျင်မြန်လွန်းလှပြီး Wireless စနစ်ကောင်း ကြောင့် အသုံးပြုလိုသည့် Web Site များကို လျင်မြန်စွာရှာဖွေ ဖတ်ရှုနိုင်ခြင်း၊ E.mail အသုံးပြုရလွယ်ကူ ခြင်းနှင့် မြန်နှုန်းမြင့် Broad band အင်တာနက်ဆက်သွယ်မှုများကိုလည်းနိုင်ငံ တစ်ဝန်းရှိ ကောလိပ်ကျောင်းပေါင်း(၂၂ဝဝဝ) ကျော်အတွက်ချိတ်ဆက် တပ်ဆင်ပေးနိုင်သော အနေအထားတွင်ရှိ နေခဲ့ခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ၏ အဓိက အခန်းကဏ္ဍများတွင်အင်တာနက် ဆက် သွယ်ရေးကိုလည်း မည်သည့်အကြောင်း နှင့်မျှချန်ထား၍မရသည်မှာ ခိုင်မာလှ သော အချက်အလက်ပင် ဖြစ်ပေသည်။ အိန္ဒိယနိုင်ငံ၏ ဆက်သွယ်ရေးစနစ် ကောင်းများနှင့်အတူမကြာမီဈေးကွက်တင် တော့မည့်ဈေးအပေါဆုံး အိန္ဒိယ Laptop အကြောင်းကို သတင်းထုတ်ပြန်ခဲ့စဉ် အချိန်ကတည်းက စိတ်ဝင်တစားရှိနေခဲ့ သော ကျွန်မအတွက် နယူးဒေလီမြို့သို့ ရောက်ရှိလာချိန်မှာတော့ နီးစပ်ရာ Web Site များနှင့် Electronic ဆိုင်များအတွင်း၌ ရှာဖွေစုံစမ်းလေ့လာမှုများပြုလုပ်ခဲ့သေး သည်။ (၂ဝ၁ဝ)ခုနှစ်၊ ဇူလိုင်လအတွင်းက AP သတင်းဌာန၏ ကြေညာချက်နှင့် အတူအိန္ဒိယလူသားအရင်းမြစ်၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာဝန်ကြီး Kapil Sibal မှကိုင်ဆောင်ပြသခဲ့သည့် (၃၅)ဒေါ်လာ တန်ဖိုးသာကျသင့်သော အဆိုပါ Laptop မှာ Tablet PC အမျိုးအစား၊ Computer Screen ကို လက်ဖြင့်နှိပ်ကာ အသုံးပြုနိုင်ပြီး အင်တာနက်ချိတ်ဆက်အသုံးပြုပြီးပါက ရုပ်ပုံများကိုပါ ပူးတွဲမြင် တွေ့နိုင်သော Video Chat အဖြစ်လည်း အသုံးပြုနိုင်ကြောင်း ပြောကြားသွားခဲ့ဖူး သဖြင့်ကျွန်မအထူးစိတ်ဝင်တစားရှိနေခဲ့ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့ အနှံ့အပြားတွင် လတ်တလောရေပန်းစားနေသော ipad (ကျွန်မတို့အခေါ်၊ ကျောက်သင်ပုန်း) ပုံစံမျိုးဖြင့်အဆိုပါ Laptop အား နေစွမ်းအင်ဖြင့်လည်း အသုံးပြုနိုင်မှာဖြစ်သလို Linux Software ကိုအခြေခံပြီး အိန္ဒိယနည်းပညာ သိပ္ပံနှင့် အိန္ဒိယသိပ္ပံသုတေ သနအဖွဲ့တို့မှ ပူးပေါင်းထုတ်လုပ်ခြင်းကြောင့် (၂ဝ၁၁)ခုနှစ်ကာလရောက်မှ အပြီးအစီးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရလေသည်။ နယူးဒေလီမြို့သို့ အခွင့်ကြုံချိန်ရောက်ရှိခိုက် Laptop ဝယ်ယူသွားရန် အားခဲလာသမျှ၊ (၂ဝ၁၁)ခုနှစ်ရောက်မှဟုသိရှိလိုက်ရသောအခါ အားမ လိုအားမရဖြစ်ရင်း အဆိုပါ Laptop များကို တစ်နိုင်ငံလုံးပညာတတ်ရေး၊ အစပြုဆောင်ရွက်မှုအရ ဈေးနှုန်းသက်သာစွာဖြင့် ထုတ်လုပ်သွားဖို့ ကြံစည်ခဲ့သည့် ပညာရှင်များ၏ စိတ်ကူးကိုဂါရဝပြုမိခဲ့သေးသည်။
ဆုကဗျာ
 ဓာတ်ပုံဇင်မင်းဆွေနှင့် စည်သူနိုင်

2 comments:

လွင်ပြင်လှိုင်းငယ် said...

ဗဟုသုတရစေတဲ့ဆောင်းပါးလေးအတွက်ကျေးဇူးပါ

လေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

May Khin said...

ငယ်ရွယ်သူတယောက်အနေနဲ.ဗဟုသုတဆောင်ပါးလေး
တွေတင်ပို.နိုင်တာဂုဏ်ယူလျှက်ပါခင်တဲ.
အန်တီလေးမေခင်

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009