ကံစေရာ

0 comments

‘ချစ်..တယ်’

0 comments
သက္ကရာဇ်တို့ တောင်ခါးပန်းမှာ
ငါတို့နှလုံးသွေးနဲ့ ထွင်းခြစ်
သစ္စာရနံ့တို့ ပျံ့ဝေတည်နေပါစေ၊

ရိုးသားစွာအမှုတော်ထမ်းခွင့်ပြုပါ

0 comments

အပျော်တမ်း
တောပန်းခူး ထွက်လာတဲ့ မင်းသမီးလေးကို
တောမုဆိုးလေး စိတ်ကူးယဉ်မိသလို…
အမှတ်မဲ့

စံပယ်ကိုရှာရင်းနဲ့နှင်းဆီဆူးနဲ့လည်း ငြိဖူးပြီ

1 comments

မြေပြင်က ကြမ်းတမ်းရုံပဲဆို
ဘယ်လိုဖြစ်ဖြစ် လျောက်ရဲပါတယ်
အခုတော့လည်း
လမ်းစတွေက စိတ်မွှာ
ဘယ်နေရာ ဘယ်အကွေ.မှာ
ဘာတွေ.မှာလဲ မသိတော့
လျောက်မိတဲ့ ခြေထောက်တွေက
နှလုံးသားကို သစ္စာဖောက်ပြီလား
တွေးမိရင် ရင်နာရပြန်တယ်။

ဒီလမ်းကိုပဲမှားလျောက်တော့
ဒီဆူးကပဲ ခြေကို ထပ်ဖောက်တာပေါ့
ပြုံးရတာလည်း ရှက်ဖို.ကောင်းပြီထင်တယ်
ကျောက်သင်ပုန်းပေါ်က “ကကြီး ခခွေး” လို
လက်လေးနဲ.ဖျက်လို.တော့ ဘယ်ရပါ့မလဲ


အဲဒီလိုနဲ့
စံပယ်ကိုရှာရင်းနဲ.
နှင်းဆီဆူးနဲ.လည်း ငြိဘူးပြီ
အမှောင်ထဲကနှစ်ယောက်
တစ်ယောက်ကို တစ်ယောက် ၀င်တိုက်မိတာ
ရေစက်မဟုတ်ပါဘူး
ဝဍ္ဍ်ကြွေးကျေသွားတာပါ။

ပိုင်ရှင်ရှိတဲ့ သစ်ပင်ရိပ်လေးကို
ပိုင်ရှင်လာတော့ ဖယ်ပေးရသလို
ကိုယ်ပိုင်တဲ့ သစ်ပင်လေးကိုလည်း
အားကြီးသူလာတော့ ထပြေးခဲ့ရတာပါပဲ
ဒီကမ္ဘာကြီးကို နားလည်ရတာလည်း
ရင်ကွဲပက်လက်နိုင်လွန်းပါတယ်....

poet by------??? 

အိပ်မက် အပိုင်းအစများ

0 comments
အိပ်မက်ဟူသည် တစ်ည တာ၏ အတ္ထုပ္ပတ္တိ ဖြစ်မည်ဟု သူမ ယုံကြည်မိသည်။ တစ်ကယ် တမ်းတော့ အလွန် တစ်ရာမှ အစွဲအလမ်း ကြီးစွာ၊ ရူးသွပ်မိုက်မဲ တတ်သော သူမသည်၊ သူမ၏ စိတ်ကူးယဉ် အိပ်မက် ထဲမှ အလန့်တကြား နိုးထ လာခဲ့ရသော အဖြစ်အတွက် နှမြော တသ၍ မဆုံးနိုင်အောင် ဖြစ်နေသည်။
တိတ်ဆိတ် အေးချမ်းလှသော ဆောင်းညချမ်းလေး၏ အိပ်မက် အတ္ထုပ္ပတ္တိ တစ်ခုအတွက် သူမ မဆုံချင်သော နံနက်ခင်းများနှင့် စတင် ဆုံတွေ့ခဲ့ရသည်။

အိပ်မက်ဟူသည်မှာ သူမ အိပ်စက် အနားယူချိန်တွင်သာ အသက်ဝင်ပြီး အိပ်မက်မှ နိုးထလာသော အခါ အဓိပ္ပာယ်မဲ့စွာ ပျောက်ဆုံးသွားသည့်အချက်ကို သူမ ဘာ့ကြောင့် လက်မခံခဲ့ပါသနည်း။ သေချာသည်ကတော့ အဲဒီညက အိပ်မက်ထဲမှာ သူမ ရှုံးနိမ့်ခဲ့ရခြင်းက၊ သူမဘ၀ အတွက် အထီးကျန် ဖြစ်ဖို့ လမ်းစရှာဖွေ တွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။

“အိပ်မက်သစ်လေး၏ နိဒါန်း”

အိပ်မက်ထဲမှာ သူမသည် သူမ၏ ချစ်သူနှင့် အတူအချစ်ကို ပျော်ဝင်ပြီး ခံစား ချက်မီးတစ်စစီနှင့် အပြိုင်အဆိုင် လောင်မြိုက်နေခဲ့သည့် အတွက် ရင်ကွဲပက်လက် မျက်ရည်စက်များဖြင့် ကျန်ရစ်ခဲ့ရသည်။ “ဘာဖြစ်လို့များ
ကျောခိုင်းလိုက်ရတာလဲ”ဆိုသော မသဲမကွဲ စကားသံများကြားမှာ အလွမ်းညသည် မိုးစုံးစုံးချုပ်သည်ထက် ချုပ်လာခဲ့လေပြီ။

အိပ်မက်၏ အစတွင်မူ သူမ၏ ချစ်သူသည် သူမအပေါ် အလွန်တရာမှ ဂရု စိုက်တတ်သော အရမ်း ကြင်နာတတ်သော နားလည်မှု များစွာဖြင့် ရှင်သန်မှုပေးစွမ်း နိုင်သော ပညာတတ်တစ်ဦး အဖြစ် ရပ်တည်နေခဲ့သည့် အတွက် သူမ ဘယ်သော အခါမှ မသေဆုံးနိုင်တော့ဟု အကြွင်းမဲ့ ယုံကြည်နေခဲ့မိသည်။
သို့သော် သူမသည် ချစ်သူ၏ ဂရုစိုက်မှု များနှင့် မျှော်လင့်ချက်ကို အလွဲသုံးစား လုပ်ခဲ့သူ တစ်ဦးအဖြစ် ချစ်သူ ကိုယ်တိုင် သတ်မှတ်ခဲ့ခြင်းကို တစ်ခုသော စက်တင် ဘာလတွင် တရားဝင် ရရှိခဲ့သည်။ သူမ အတွက် အခါးသီးဆုံးသော စကားလုံးများ အဖြစ် တင်းကျပ်နေသည့် ရင်ဘတ်ထဲသို့ ပစ်သွင်းခြင်းခံခဲ့ရသည်။

သူမ၏ ချစ်သူကို အမိအရ ဖမ်းဆုပ် ထားသော တွဲလက်များသည် သူမ၏ တောင်းပန် ဆိုသွင်းသော စကားလုံးများ အောက်မှာ
“တွဲလက်တွေခိုင်ခိုင်မြဲထားနော်၊ ကောင်မလေး၊ ဘယ်လို အကြောင်းနဲ့မှ လွတ်မသွားကြေး”ဟူသော ချစ်သူ၏ အတိတ်က စကားလုံးများကိုပင် ပြန် လည်ချေပခွင့် မရှိတော့သော သူမအတွက် နေရောင်ခြည် အောက်မှာ နွမ်းကြေမှု အဆင့်ဆင့်က ဆွဲယူဝါးမြိုခြင်းကို ခံလိုက်ရသည်။
သူမလွန်စွာမောဟိုက်နေလေပြီ။ပျံသန်းဖို့အားမရှိတော့သည့်ငှက်တစ်ကောင်ကဲ့သို့ တောင်ပံများလေးလံလာသဖြင့်မသုံးဖြစ်တော့
ဘဲ သိမ်းထားသည်မှာ ကာလကြာ မြင့်နေသော အလွမ်း လက်ကျန်များကို အပြစ်တင် ရေရွတ်မိသည်။

“ရှင်းပြခွင့်ပြုပါ ချစ်သူ၊ ကျွန်မရင် ဘတ်ကြီး ပြည့်ကျပ်လွန်းလို့ပါ”

သူမအတွက် ချစ်သူသည် အတိုင်ပင်ခံ သမားတော်တစ်ဦး ဖြစ်သလို ချစ်သူ အတွက် သူမသည် စမ်းသပ်ခ မရသော လူနာ တစ်ဦးပင်ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် အိပ်မက်ထဲတွင် သူမသည် ကယောင်ချောက်ချားဖြင့် ပြေးလွှား အော်ဟစ်နေသည်။ သူမအတွက် ကံကြမ္မာ၏ ရိုက်ချက်ပြင်းပုံကြောင့် ၀မ်းနည်းစရာများနှင့် တွေဝေနေသလို အချစ်ဟူသော ဆေးစွမ်းသည် ဘေးထွက် ဆိုးကျိုးများကို သေမင်းတမန်ကဲ့သို့ ပေးစွမ်းနေခြင်းကြောင့်ပင်။ ထိုကဲ့သို့ အခြေအနေအထိ ချစ်သူ ကိုယ်တိုင် ကုသမှ ပျောက်ကင်းနိုင်မည့် ရောဂါဟု သူမ တစ်ထစ်ချ ယုံကြည်နေသေးသည်။

သူမ၏ နှလုံးသားမှာ ယစ်မူး နေသည်က မနက် (၁)နာရီ ဖုန်း Alarm မြည်သံ ဖြစ်ပြီး ချစ်သူ အိမ်ပြန် ရောက်ချိန်တွင် ခေါ်ဆို နေခဲ့ဖူးသော တယ်လီဖုန်းသံက သူမ နားထဲသို့ စူးရှစွာ တိုးဝင်စီးဆင်းလာ သည်။
“ဟယ်လို . . .ဟိုလိုရေ . . .”
“ဂလောက် . . .တီ . . .တီ . . .တီ”
အဲဒီ ဂလောက်ဟူသော ဖုန်းချသံက သူမ နှလုံးသားထဲမှာ ပဲ့တင်သံ အထပ်ထပ်နဲ့ တုန်ဟီး သွားလိုက်တာများ ရစ်ခ်ျတာ စကေး(၇ .၇) အင်အားပြင်း ငလျင် လှုပ်သံ အလား ဆူလောင် သွားခဲ့သည်။ သူမသည် အကြိမ်ကြိမ် အခါခါ ချစ်တတ်သော နှလုံးသား ပိုင်ရှင်တစ်ဦး ဖြစ်ပေမယ့် သူမ၏ ချစ်သူနှင့် လွယ်ကူစွာ လမ်းခွဲဖို့ ကြိုးစားခဲ့ ချိန်မှာတော့ အထပ်ထပ် အခါခါ ရှုံးနိမ့်ခဲ့ ရလေပြီ၊ သူမ၏ မှားယွင်းမှု တစ်ခုလေလား။ သူမဘ၀တွင် သူမကို ချစ်ခင် မြတ်နိုးလှသည် ဆိုသော ချစ်သူ တိုင်းက သူမအပေါ် စွဲစွဲလမ်းလမ်း ချစ်ခဲ့ကြသလောက် သူမကို တစ်ယောက်တည်း စိမ်းစိမ်းကားကား ထားပစ်ခဲ့ကြဖို့ ကိုလည်း ဘယ်သူမှ ၀န်မလေး ခဲ့ကြလေပြီ။
သူမမှာ စကားလုံး လှလှလေးတွေနှင့် တန်ဆာဆင်ထားသော နှုတ်ခမ်း မရှိခဲ့တာကြောင့် ဒါရိုက်တာ ချပေးသော Dialogue စာသားများကိုပင် ချစ်တတ်သည့် နှလုံး သားတစ်စုံမှ ပြန်လည် ခံစားပြီး နှုတ်ခမ်းဖျားမှ လျှံကျခဲ့ရသည်။

သူမသည် ဖြစ်သမျှကို ဟန်ဆောင် ဖုံးကွယ်ကာ မလွမ်းပါဘူးဟု ညာနိုင်စွမ်း ရှိသည့် အယောင်ဆောင် အမူအရာများကိုလည်း မတတ်ကျွမ်းခြင်းကြောင့် အကြိမ် ကြိမ်အခါခါ ရှုံးနိမ့် ခဲ့ရလေပြီ။ ချစ်သူနှင့် ပတ်သက်လာလျှင် အရှုံးဟူသော အရာသည် သူမ၏ ဦးနှောက်ထဲတွင် သံမှို စွဲသကဲ့သို့ ကပ်နေသော အရာပင် ဖြစ်ခဲ့ရသည်။ အမှန်စင်စစ်မှာမူ သူမ သည် သူမ၏ ချစ်သူကို ချစ်မိသွားသည့် အချိန်မှ စတင်ပြီး အနိုင်ရ လိုမှုကို ခ၀ါချကာ ပေးအပ်လိုက်သော အချစ်ကို ပြန်လည် သိမ်းဆည်းရန် အခွင့်အရေး မရှိတော့ပေ။ အချစ်ဆိုသည်မှာ ချစ်ခဲ့ဖူ သူတိုင်း ခံစား တတ်ကြပါလိမ့်မည်၊ ဆေးကု၍ ရသော ရောဂါ မဟုတ်သည့် အကြောင်း . . . . .သို့ပေမယ့်

သူမအတွက်တော့
“ရှင်ပေးခဲ့တဲ့ ဆေးတစ်ဖုံစာက ကျွန်မ ဘ၀တစ်သက်စာ ဖူလုံမှု ရှိမှာပါ”

သူမသည် ချစ်သူ အပေါ် ချိုမြိန်ခြင်းများနှင့် သာယာမှုကို ပေးစွမ်း လိုသော်လည်း သူမ၏ ချစ်သူပေးသော ခါးသက်ခြင်းများကိုသာ သူမကိုယ်တိုင် စားသုံးရင်း၊ သူမ၏ အိပ်မက်ရှည်ကြီးထဲတွင် လွင့်မျောလိုက်ပါ နေသည်။ “ချစ်သူ လွမ်းဆွတ် တမ်းတခြင်းနဲ့ ငိုကြွေးသံတွေ ကြားမှာ ကျွန်မ မျှော်လင့်ချက်တွေ ပြိုယွင်း ခဲ့ရသလို ကျွန်မ အိပ်မက်တွေထဲကို ရှင်မလာတာ ကြာနေလို့ အိပ်ဆေးသောက်ပြီး လွမ်းနေရတာ ရှင်သိရင် ပြောဦးမယ် . . . ခေါင်းမရှိတဲ့ သေချင်း ဆိုးမလေးလို့လေ”
သေခြင်းတရားထက် အရေးကြီးတဲ့ အရာ မပေါ်သေးဘူး ဆိုရင်တော့ သူမ အတွက် အိပ်စက်ခြင်းသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဘာအကြောင်းကြောင့် ပဲဖြစ်ဖြစ် သူမကို သူမ၏ အိပ်မက်တွေထဲက ရုန်းထွက်လို့ မရအောင် ဆက်အိပ်ခွင့်ပေးလိုက် စေချင်သည်။

ဆုကဗျာ

မူရင်း http://www.paephuhlwarmagazine.asia/index.php?option=com_content&view=article&id=171:2009-10-01-07-58-17amp;catid=43:2009-06-29-10-46-36&Itemid=56

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009