အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၆)

0 comments
''I.I.M.C နေ့စွဲများနှင့် စိတ်လှုပ်ရှား ရင်ခုန်ခဲ့ရသည့် လက်တွေ့ ရိုက်ကူးရေး အစီအစဉ်'' ''နောက်တစ်ချိန်ကျရင်၊ လက်တွေ့ရိုက်ကူးရေး အစီအစဉ်အတွက် ရိုက်ကူးရေးခန်းမမှာ ကိုယ်တိုင် Discussion ဝင်လုပ်ရမယ်။ အလှပြင် ချင်တဲ့ မိန်းကလေးတွေရှိရင် ကြိုပြီး ပြင်ထားကြနော်'' ဟူသော I.I.M.C (Indina Institute Of Mass Communiucation) ကျောင်းအတွင်းမှ ဆရာမ Juhi Kaul ၏အသိပေးစကားသံကြောင့် ကျောင်းသူများ အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် အံအားသင့်စွာဖြင့် လှမ်းကြည့်မိရက်သား ဖြစ်သွားကြရသည်။ အသားဖြူဖြူ၊ ခပ်ချောချောနှင့် ဆာရီဝတ်စုံ အမြဲဝတ်တတ်သည့် ဆရာမ Juhi Kaul က သူမသင်ကြားပို့ချနေသော ဘာသာရပ်ဖြစ် သည့် ''Writing For T.V (News)'' သင်ခန်းစာနှင့်''Interviewing'' သင်ခန်းစာများကို စာတွေ့ပို့ချပြီးသည်နှင့် လက်တွေ့အသုံးပြုနိုင်ရန် ကျွန်မတို့ မြန်မာမီဒီယာအဖွဲ့ကြီးအတွက် ရုတ်တရက်စီစဉ် လိုက် ခြင်းပင်ဖြစ်သည်။ အဆိုပါ Presentation လက်တွေ့ရိုက်ကူးရေးအစီ အစဉ်အတွက် ဆရာမအား အကြံဥာဏ်ကောင်းများပေးခဲ့သူမှာ ကျွန်မတို့အားလုံးကချစ်စနိုးဖြင့် 'ဂန္ဓီကြီး'ဟု ခေါ်ဝေါ်ကြသော ပရော် ဖက်ဆာကြီး Mr. K.M Shrivastava ပင်ဖြစ်သည်။ ပရော်ဖက် ဆာကြီး၏လမ်းညွှန်မှုအတိုင်း ဆရာမ Juhi Kaul ကလည်း မချွင်း မချန်လိုက်နာခဲ့တာကြောင့်၊နေ့လည်ထမင်းစားနားချိန်ပြီးသည်နှင့် ကျွန်မတို့ မြန်မာမီဒီယာအဖွဲ့သားများ၏ဦးတည်ရာလမ်းကြောင်းမှာ I.I.M.C ကျောင်းဝင်းအတွင်းရှိ၊ရိုက်ကူးရေးခန်းမဆီသို့ဖြစ်သည်။ လူထုဆက်သွယ်ရေးပညာသင်ကြားရေးတွင် အဆင့်အမြင့်ဆုံး ပညာ သင် သိပ္ပံကျောင်းကြီးကျောင်းအဖြစ် တစ်ကမ္ဘာလုံးကအသိအမှတ်ပြု မှုကို ခံယူရရှိနေပြီ ဖြစ်သော I.I.M.C ကျောင်းအတွင်း၌ ပုံနှိပ်နှင့်အီ လက်ထရွန်းနစ် သတင်းဌာနနှစ်မျိုးစလုံးအတွက် သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေတာကြောင့် စာသင်ခန်းများမှာ အဆင့်မြင့်ရုံသာ မက၊ ရိုက်ကူးရေးခန်းမကြီးမှာလည်း အဆင့်မြင့်မြင့်ပြင်ဆင်ထားသည်ကို တွေ့မြင့် ခဲ့ရသည်။ I.I.M.C ကျောင်းကြီးတွင် အင်္ဂလိပ်ဘာသာဖြင့်သင်ကြားပို့ချပေးနေသော သတင်းစာပညာ၊အသံလွှင့်နှင့်ရုပ်မြင်သံကြားကြော်ငြာနှင့် ပြည်သူဆက်ဆံရေး ပညာတို့အပြင်ဘွဲ့လွန်ဒီပလိုမာတစ်နှစ်သင်တန်းတစ်မျိုးလည်းရှိနေသည်ကို သိရှိခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း အဆင့်မြင့်သောရိုက်ကူးရေးခန်းမကြီး ၏ အပေါ်ထပ်တွင်၊ Editing တည်းဖြတ်ခန်းကိုလည်း ပူးတွဲထားရှိကာ၊ ရိုက်ကူး ပြီးသည်နှင့် တပြိုက်နက်၊ ပြည်လည်ကြည့်ရှုနိုင်ရန်စီစဉ်ထားသည်ကို တွေ့မြင် ခဲ့ရသည်။ ရိုက်ကူးရေးခန်းမအတွင်းသို့မဝင်ရောက်မီ များပြားလှသောမြန်မာ မီဒီယာအဖွဲ့ကို ထုံးစံအတိုင်းအုပ်စုများခွဲကာ ''Presentation'' အစီအစဉ်အား ပါမောက္ခကြီးနှင့်ဆရာမတို့က လက်တွေ့ဆောင်ရွက်စေခဲ့သည်။ အုပ်စုတစ်ဖွဲ့လျှင် လူသုံးဦးကျစနစ်ဖြင့် အုပ်စု(၁)အတွက် ပေါ်ပြူလာ News ဂျာနယ်မှဆရာဦးဟိန်းလတ်၊ Flower News ဂျာနယ်မှ မငွေစန္ဒီ၊ ငွေပင် လယ်ဂျာနယ်မှမဆုလာဒ်ထွေးတို့ ပါဝင်စေကာ၊ အုပ်စု(၂)မှာကမ္ဘာ့ စီးပွားဂျာနယ်မှာ ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)၊ပြည်မြန်မာဂျာနယ်မှ ဒေါက်တာ နုမြတ်သိင်္ဂီဦးနှင့်မအေးမြတ်သရဖီတို့ကတစ်ဖွဲ့၊အုပ်စု(၃)တွင် မန္တလေးမြို့မှ ဆရာဦးစိုးမြင့်သန်း၊ဓာတ်ပုံကိုဇင်မင်းဆွေနှင့် M.R.T.V-4 ကို ထွန်းနေစိုးတို့က တစ်ဖွဲ့၊ အုပ်စု(၄)မှာ မြန်မာတိုင်းမ်ဂျာနယ်မှာကိုစန်းဦး၊ Weekly Eleven ဂျာနယ်မှာမယုလွင်စိုးနှင့် True News ဂျာနယ်မှ မသူသူအောင်တို့ကို စိတ်ကြိုက်ဖွဲ့စည်းစေခဲ့သည်ကို တွေ့ရသည်။ ထို့နောက်အုပ်စု(၅)အဖြစ် 7 Days ဂျာနယ်မှမမေဝင်းမွန်၊ Today မီဒီယာ မှမဇင်ဇင်သော်နှင့်မြန်မာတိုင်းမ်ဂျာနယ်မှ ဆရာဦးမျိုးလွင်တို့အားလည်းကောင်း၊ အုပ်စု(၆)အတွက်မှု မြန်မာတိုင်းမ်ဂျာနယ်(မန္တလေး)မှ ကိုစည်သူနိုင်၊ မရွှေစင်ခိုင် နှင့် M.R.T.V-4 မှ မအေးကြည်သာဟန်တို့ကတစ်ဖွဲ့၊ အုပ်စု(၇)တွင် Myanmar International မှမအေးချမ်းမွန်၊ M.R.T.V (မြန်မာရုပ်မြင်သံကြား)မှ သတင်းကြေညာသူမဆွေဇင်ထားတို့နှင့် အတူကျွန်မပါဝင်ခွင့်ရရှိခဲ့ပြီး၊ အုပ်(၈) အတွက် မြန်မာတိုင်းမ်ဂျာနယ်မရတနာထွန်း၊ ရန်ကုန်တိုင်းမ်ဂျာနယ်မှမသဲစု လှိုင်တို့နှင့်စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနမှာ မသဇင်ထွေးတို့မှ ပူးပေါင်းပါဝင် ကာရိုက်ကူးရေးအစီအစဉ်များကို စတင်ခဲ့ကြရသည်။ ကိုယ်ပိုင်အုပ်စုများသတ်မှတ်ပြီးသည့်အတွက် အုပ်စု(၁)မှ စတင်၍အဖွဲ့ တစ်ဖွဲ့ချင်းအလိုက် မိမိတို့နှစ်သက်ရာ အကြောင်းအရာများကို အင်္ဂလိပ်ဘာ သာဖြင့် ပြောဆိုဆွေးနွေးခဲ့ကြရသည့် အတွက် ကျွန်မတို့လူငယ် အမျိုးသမီး တစ်စုမှာခေါင်းချင်းဆိုင်ကာ အေးစိမ့် နေသောရိုက်ကူးရေးခန်းမအတွင်း၌ ဇောချွေးပြန်ခဲ့ရသည်အထိ၊ စိတ်လှုပ် ရှားမှုများဖြင့် ရင်ခုန်ခဲ့ကြရသေးသည်။ ရိုက်ကူးရေးခန်းမ၌ အလှည့်ကျ စနစ်ဖြင့်တစ်ဖွဲ့ရိုက်ကူးနေသည့် Presentation အစီအစဉ်ကို Editing ခန်းမအတွင်းမှအခြားသောအဖွဲ့သား များက လေ့လာကြည့်ရှုနိုင်ကြပေ သည်။ အဖွဲ့တစ်ဖွဲ့လျှင် အင်တာဗျုး မေးမြန်းသူနှင့်ဖြေဆိုသူနှစ်ဦးဖြစ် သည့်အတွက် မေးခွန်းနှင့်အဖြေများ ကိုအုပ်စုနံပါတ်(၇)ဖြစ်သည့် ကျွန်မ တို့မှာ ကြိုတင်စဉ်စားချိန်ရရှိခဲ့ကြ ပေသည်။ ကျွန်မနှင့်အတူ Presentation ပြုလုပ်ခဲ့သည့် မအေးချမ်းမွန်နှင့် မဆွေဇင်ထားတို့မှာ မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းနှစ်ခုမှာအစီအစဉ် တင် ဆက်သူနှင့် သတင်းကြေညာသူများ ဖြစ်ကြသည့်အတွက်၊ လက်ရှိ Print Media တွင် အယ်ဒီတာတာဝန် ထမ်းဆောင်နေသော ကျွန်မအား ရိုက်ကူးရေးနှင့် အစီအစဉ်တင်ဆက် ခြင်းကို၊ ရင်းနှီးသိကျွမ်းစေရန် ဦးစား ပေးကာဦးဆောင်စေခဲ့ကြပေသည်။ ကျွန်မ၏သူငယ်ချင်းနှစ်ဦးအား ပရိသတ်များနှင့်မိတ်ဆက်ပေးခြင်း၊ အင်တာ ဗျုးမေးမြန်းခြင်းများကို တာဝန်ယူဆောင်ရွက်ရမည့်ကျွန်မမှာ ရိုက်ကူးရေး စတင်လိုက်သည်နှင့် ''နမတ်စတေး(မင်္ဂလာပါ)''ဟုဦးစွာနှုတ်ခွန်းဆက်သခြင်းကို ပါမောက္ခကြီးနှင့်ဆရာမတို့ကအလွန်သဘောကျသွားကြကြောင်း ဖွင့်ဟ ပြောဆိုခဲ့ကြသေးသည်။အဘယ်ကြောင့်ဆိုသော် အိန္ဒိယတိုင်းရင်းသား များသည်၊သူတို့၏ယဉ်ကျေးမှုနှင့်ဘာသာစကားကိုလွန်စွာ အလေးထားသူ များဖြစ်ခြင်းကြောင့် ကျွန်မမတောက်တခေါက်နှင့် နှုတ်တိုက်ကျက်မှတ် ထားသော အိန္ဒိယရိုးရာစကားလေးများက သည်နေရာတွင် အသုံးတည့် သွားခြင်းကြောင့်ပင်။ ''ဆုရဲ့မျက်နှာပေါက်ကလည်း၊အိန္ဒိယနဲ့ခပ်ဆင်ဆင်တူနေတဲ့အပြင် 'နမတ်စတေး'လို့လည်း နှုတ်ခွန်းဆက်ချလိုက်တော့ကိစ္စကပြတ်ရော'' ဟု ကျွန်မ၏အခန်းဖော်လည်းဖြစ်၊ငွေပင်လယ်ဂျာနယ်မှအယ်ဒီတာ မဆုလာဒ် ထွေးက ကျီစယ်စကားဆိုခဲ့သေး၏။ မည်သို့ပင်ဖြစ်စေ၊ကျွန်မတို့ရိုက်ကူးဆွေးနွေးခဲ့ကြသည့် ''အိန္ဒိယခရီးစဉ် အပေါ်၊ မိမိတို့၏သဘောထား'' Presentation မှာ ရင်တုန်၊ ချွေးပြန်စွာဖြင့် ချောချောမောမောရိုက်ကူးနိုင်ခဲ့ကြသည့်အတွက် အမောပြေခဲ့ရသေးသည်။ အုပ်စု(၈)ဖွဲ့စလုံးရိုက်ကူးပြီးချိန်တွင်၊ ထပ်မံပြီးတစ်ဦးချင်းစီ၏ကိုယ်ရေးရာဇာဝင် အနည်းငယ်နှင့် Special Coruse သင်တန်းအပေါ်မိမိတို့၏သဘောထားများ၊ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ်သုံးသပ်ချက်အမြင်များကို အင်္ဂလိပ်ဘာသာဖြင့် ပြောကြားချက်ကိုလည်း တစ်ဦးချင်းအလိုက်ရိုက်ကူးခဲ့ကြရပြန်သည်။ ကျွန်မအတွက် မမေ့နိုင်စရာအကြောင်အရာများပင်ဖြစ်ပြီး မြန်မာနိုင်ငံ တွင်ရိုက်ကူးရေးကင်မရာများဖြင့် မစိမ်းနေသည့်တိုင်အောင်၊အမှားမှားအယွင်း ယွင်းဖြင့် ပြန်လည်ရိုက်ကူးခဲ့ရသည်မှာလည်းစိတ်လှုပ်ရှားစရာပင်ကောင်း နေသေးသည်။ အဖွဲ့သားအားလုံး၏ညီညွတ်သောစိတ်ဓာတ်ကောင်းနှင့် ဖေးမ ကူညီတတ်သည့်စေတနာကောင်းများကြောင့် တစ်ဦးရိုက်ကူးနေစဉ် အချိန် အတွင်းမှာ၊ တစ်ဦးကလိုအပ်သမျှဖေးကူခဲ့ကြတာကြောင့် အချိန်အနည်းငယ် နှင့် ရိုက်ကူးရေးအစီအစဉ်များပြီးစီးအောင်မြင်ခဲ့ရပေသည်။ ''အားလုံးရိုက်ကူးရေးတွေပြီးသွားရင်ကားဆက်ခန်းကိုလာခဲ့နော်။ ရိုက်ထားတာတွေပြန်ပြရင်းဆွေးနွေးချင်လို့'' ချင်လို့''ဟု ပါမောက္ခကြီး Mr.K.M ShrivaStava က ဆိုလိုက်တာကြောင့်ကျွန်မတို့အားလုံး Editing အခန်း အတွင်းသို့ဝင်ရောက်နေရာယူခဲ့လိုက်ကြသည်။တည်းဖြတ်ခန်းအတွင်း၌ (၁၄) လက်မအရွယ်နှင့်(၂၁)လက်မအရွယ်အစား T.V အလုံးပေါင်းများစွာထားရှိပြီး ကျွန်မတို့အားလုံးရိုက်ကူးခဲ့သမျှအတွက် နံရံကပ် Flat TV အကြီးဖြင့် တစ်ဦး ချင်းစီအလိုက်ပြန်လည်ပြသခဲ့တာကြောင့်အမှတ်တရဖြစ်စွာရယ်မောပျော်ရွှင် ခဲ့ရသေးသည်။အကြောင်းမှာ ပြင်ပမှာရုပ်သွင်များနှင့်ဖန်သားပြင်ထက်မှ ရုပ်သံများကို ပြန်လည်တိုက်ကြည့်လိုက်၊ဓာတ်ပုံတွေပြန်ရိုက်နှင့် တစ်ယောက် တစ်ပေါက်ဝေဖန်အကြံပြုသံများညံစီနေခဲ့ခြင်းကြောင့်ပင်။ ထို့အပြင် ပါမောက္ခကြီးနှင့် ဆရာမတို့ကလည်းတစ်ဦးချင်းစီ၏ဆွေးနွေးချက်များကို အသေးစိတ်ပြန်လည်ဆန်းစစ်ကာလိုအပ်ချက်များကို အကြံပြုပြောကြားပေးခဲ့ တာကြောင့် ကျွန်မတို့၏လက်တွေ့ရိုက်ကူးရေးမှာ ကြည်နူးပျော်ရွင်စရာ များဖြင့်သာပြည့်နှက်နေခဲ့ပေသည်။ ဤသည်မှာလည်းစာတွေ့နှင့် လက်တွေ့ ၏ကွဲပြားမှုအခြေခံသဘောတရားများကို ကျောင်းသားများအားလုံးကွဲ ကွဲပြားပြားလက်ခံသိရှိစေလိုသည့်ရည်ရွယ်ချက်ကြောင့်ပင်ဖြစ်ပြီး၊ လွန်စွာမှ ထိရောက်မှုဖြင့် အကျိုးရှိလှပေသည်။ ကျွန်မတို့တက်ရောက် ပညာသင်ယူခွင့်ရသည် I.I.M.C ၏ သင်ကြား ရေးစနစ် ကောင်းမွန်ခြင်းသည်၊ စီမံအုပ်ချုပ်မှုအဖွဲ့၌ ပညာရေးလောကမှပညာ ရှင်များနှင့် လက်ရှိသတင်းစာလောကတွင် သီးသန့်နယ်ပယ်တစ်ရပ်၌ ထူးထူး ခြားခြားစွမ်းနိုင်သော ပညာရှင်များပါဝင်နေခြင်းကြောင့်ပင်ဖြစ်မည်ဟု ကျွန်မ သုံးသပ်မိခဲ့၏ ထို့အပြင် I.I.M.C ကျောင်းကြီးအားအခြားသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့်အတူ ယူနက်စကိုအဖွဲ့ကြီးကလည်း သတင်းစာပညာနှင့် ¤င်း၏ဆက်စပ်သောဘာသာရပ်ခွဲများတွင် လေ့ကျင့်သင်ကြားရေးနှင့် သုတေ သနလုပ်ငန်းများအတွက် အကောင်းဆုံးသောပညာသင်ဌာနကြီးတစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်းကြောင့် အိန္ဒိယလူထုဆက်သွယ်ရေး၊ ပညာသင်သိပ္ပံ ကျောင်း(Indian Institute of Mass Communication)ကို တက်ရောက်ခွင့် ရရှိခဲ့ကြသော ကျွန်မတို့မြန်မာမီဒီယာအဖွဲ့ကြီးမှာ မဟာအခွင့်ထူးကို ရရှိထား ကြသူများနှယ်သဏ္ဍာန်တူရောင်ပြန်ဟပ်ကာဂုဏ်ယူကျေနပ်နေမိခဲ့ရပေသည်။ ဆုကဗျာ 
ဓာတ်ပုံ-မြန်မာမီဒီယာအဖွဲ့

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၅)

0 comments
''အဖြူရောင် နန်းတော်အလား၊ ထင်ယောင်မှား ခဲ့ရသည့် ကြာပွင့်သဏ္ဌာန် ဘုရားကျောင်းသို့'' အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် နေထိုင်ခွင့် ရရှိခဲ့သည့် အဖိုးတန်ရက်စွဲ များမှာ ကျွန်မအတွက် ပြန်တွေးတိုင်း ဟောင်းနွမ်း မသွားနိုင်သော နေ့ရက်များပင် ဖြစ်ခဲ့ရသည်။ ကျောင်းဖွင့်ရက်များတွင် နံနက် (၉)နာရီမှ ညနေ (၅)နာရီ အချိန်အထိ I.I.M.C တက္ကသိုလ် အတွင်း၌သာ ပညာရှာဖွေခဲ့ရသလို ကျောင်းပိတ်ရက် Weekend များတွင်မူ နယူးဒေလီမြို့ အတွင်းရှိ ထင်ရှားသော နေရာများသို့ စုံလင်အောင် လည်ပတ်ခွင့် ရရှိခဲ့သည့် အတွက် ကျွန်မယခုလို ခရီးသွားဆောင်းပါး၊ အခန်းဆက်ကို ဖန်တီး ရေးသားနိုင်ခြင်းပင် ဖြစ်သည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၄)

2 comments
''မဟတ္တမဂန္ဒီမွေးနေ့ အထိမ်းအမှတ် ဂူဗိမာန်သို့'' ''နမတ်စတေး နမတ်စတေး (Namastey)'' အိန္ဒိယရိုးရာ ဘာသာစကားဖြင့် 'မင်္ဂလာပါ' ဟူသော နှုတ်ခွန်းဆက် စကားသံများက မြန်မာမီဒီယာအဖွဲ့ သွားလေရာမှာ ကြားနေရသော မင်္ဂလာစကားပင် ဖြစ်သည်။ လူမျိုး၊ဘာသာချင်း ကွဲပြားခြားနား သော်လည်း ကျွန်မတို့မြန်မာ မီဒီယာအဖွဲ့ကြီး အတွက် အိန္ဒိယနိုင်ငံသည် သီးခြားသက် သက်ဖြင့် သူစိမ်းဆန်မနေဘဲ ရင်းနှီးနွေးထွေးမှုများ ရရှိခဲ့သည်မှာလည်း ထူးခြားမှု တစ်မျိုးပင်ဖြစ်ပေသည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၃)

0 comments
အတုယူ လေ့လာစရာများစွာ HindustanTimes သတင်းစာတိုက်မှာ မြန်မာ မီဒီယာသမားများ တက်ရောက်ခွင့် ရရှိသော အိန္ဒိယလူထု ဆက်သွယ်ရေး ပညာသင်သိပ္ပံ (Indian Institute Of Mass Communications) ကို အိန္ဒိယနိုင်ငံ ပြန်ကြားရေးနှင့် အသံလွှင့်ဝန်ကြီးဌာန၊ လက်အောက်ခံဌာန တစ်ခုအဖြစ်၊ ယူနက်စကိုအဖွဲ့မှ အတိုင်ပင်ခံ ပညာရှင်တချို့နှင့် ဝန်ထမ်းအနည်းငယ် ပူးပေါင်းကာ (၁၉၆၅)ခုနှစ်၊ သြဂုတ်လ (၁၇)ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းကြောင့် I.I.M.C သည် ပုံနှိပ်နှင့် အီလက်ထရွန်းနစ် သတင်းဌာန နှစ်မျိုးစလုံး အတွက် ပညာ သင်ကြားနိုင်သော တက္ကသိုလ်ဖြစ်ပေသည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၂)

0 comments
''ရှေးဟောင်းလက်ရာ၊ နလန်ဒါ (Nalanda) တက္ကသိုလ်သို့'' ဗုဒ္ဓဂယာမှ (၆၂)ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသော နလန်ဒါ ရှေးဟောင်း တက္ကသိုလ်သို့ ဆက်လက် ခရီးထွက်ခွာ လာခဲ့ကြသည့် မြန်မာ စာနယ်ဇင်း အဖွဲ့သားများအတွက်၊ မိုးတွင်းကာလ၌ ရာသီဥတု သာယာနေခြင်းက အခွင့်ကောင်းတစ်ရပ် ဖြစ်စေခဲ့ရသည်။ ကျွန်မတို့ အားလုံးသည် သတင်းသမားများပီပီ နေရာ အသစ်အဆန်းတွင် သတင်းဓာတ်ပုံ ရိုက်ယူလိုခြင်း၊ မှတ်တမ်းတင် ဓာတ်ပုံကောင်း ဖန်တီးလိုခြင်းများဖြင့် ပြည့်နှက်နေသော စိတ်ဆန္ဒများကို ပိုင်ဆိုင် ထားသူများသာ ဖြစ်ကြသည်။

ကြည်ကြည်စိုး၊ မြတ်တို့နှင့် ကိုယ်တိုင်ပြော အထ္ထုပ္ပတ္တိ(၁၉)

0 comments
မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်သည် သူမပါဝင် သရုပ်ဆောင်ရသော ဇာတ်ကားတိုင်းတွင် ကျရာနေရာမှ တာဝန် ကျေပွန်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦး အဖြစ် မှတ်တမ်းတင် ရပေမည်။ မင်းသမီးကြီးသည် လူတန်းစား အသီးသီး၊ အလွှာအသီးသီး၏ သဘောကို ပေါ်လွင်စွာ ဖန်တီး သရုပ်ဆောင်ပြ နိုင်စွမ်းရှိသူ ဖြစ်သလို ထူးချွန်ဆု မရရှိခဲ့သော်လည်း သရုပ်ဆောင်ချက်များ ပေါ်လွင်အောင် ရိုက်ကူးနိုင်ခဲ့သော ဇာတ်ကားကောင်း များကို စာရေးသူမှ ရှာဖွေ မှတ်တမ်း တင်ထားမိသည်။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009