အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၀)

I.I.M.C ကျောင်းသူဘဝ အမှတ်တရများစွာ၌ အတွေ့အကြုံရင့်၊ သမ္ဘာရင့် ပေါ်ပြူလာ News ဂျာနယ်မှ ဆရာဦးဟိန်းလတ်၊ ကမ္ဘာ့စီးပွားရေးဂျာနယ်မှ ဆရာဦးခင်မောင်ညို၊ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်) ဂျာနယ်၏ အထူးထုတ် အချပ်ပိုတာဝန်ခံ စာတည်းဆရာ ဦးမျိုးလွင်တို့ကဲ့သို့သော ဝါရင့်အယ်ဒီတာကြီးများနှင့် တာဝန်ခံ အယ်ဒီတာ များစွာအပြင် ကျွန်မနှင့် အသက်တူ၊ အရွယ်တူ နှစ်ဆယ်ပတ်ဝန်းကျင် အယ်ဒီတာများ၊ သတင်းထောက်များ သာမက ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ အတတ်ပညာရှင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းဆိုင်ရာ ပုဂ္ဂိုလ်များစွာ တို့နှင့်အတူ သင်တန်းတက်ရောက်ခွင့် ရရှိခဲ့ရသည့် အတွက်ကြောင့် အတွေ့အကြုံမျိုးစုံကိုလည်း ကိုယ်စီိပိုင်ဆိုင်ခွင့်ရရှိခဲ့ရပေသည်။
ကျွန်မတို့အားလုံးမှာမြန်မာနိုင်ငံတွင်လုပ်ငန်းသဘာဝချင်းတူညီကြသော်လည်း တာဝန်ယူရသည့်ပုံစံချင်းကွဲပြားကြတာကြောင့် သင်တန်းကာလအတွင်း တစ်ဦး၏အလုပ်ကို တစ်ဦးက သိရှိနားလည်သွားခဲ့ကြသလို တစ်ဦး၏ လုပ်ဆောင်ချက်နှင့်ဖန်တီးမှုများအပေါ်တွင်လည်း ကောင်းခြင်း၊ ဆိုးခြင်းအကြံÓာဏ်ပြုမှုများ၊အပြုသဘောဝေဖန်မှုများကို ပြုလုပ်နိုင် ခဲ့ကြသည်မှာလည်း အဖိုး မဖြတ်နိုင်သောဖြစ်စဉ်များ ဖြစ်ခဲ့ကြရပေသည်။ သင်တန်းသို့ လာရောက်ပညာပို့ချပေးခဲ့သော ဆရာ၊ဆရာမများမှာအိန္ဒိယလူမျိုးများသာဖြစ်ခြင်း ကြောင့် သူတို့၏နာမည်များမှာလည်း မြန်မာနှုတ်ဖျားမှခေါ်ရခက်ခဲသောနာမည်ပိုင်ရှင် များဖြစ်နေကြသလို ဆရာတစ်ယောက်ချင်းစီ၏နာမည်နှင့်လူပုံသဏ္ဌာန်ကို အလွယ်တကူ တွဲလျှက်မှတ်သားရန်မှာလည်း ကျွန်မတို့လူငယ်များအတွက် အခက်အခဲကြုံစရာဖြစ် ခဲ့ရ ပေသည်။ ထို့အတွက်ကြောင့် အတန်းထဲသို့ ဆရာအသစ်တစ်ယောက်ဝင်လာပြီး နာမည် မိတ်ဆက်ပြီးသည်နှင့် လူပုံသဏ္ဌာန်ကိုကြည့်ကာ ကျွန်မတို့ဘာသာပေးလိုက်သောသီးသန့် နာမည်ပြောင် Nice Name တစ်ခုစီဖြင့် ပြန်လည်မှတ်သားထားလိုက်မိသည်။ ဥပမာ အားဖြင့်ဆိုရလျှင် 'သတင်းထုတ်ပြန်ချက်များ၊အသုံးပြုနည်း' ပြုနည်း'(Using Press Release) 'မိန့်ခွန်းများမှသတင်းပြန်လည်ပြုလုပ်နည်း' ပြန်လည်ပြုလုပ်နည်း'(Making News Report from Speech(s)) 'သတင်းဖြစ်စဉ်များ' ဖြစ်စဉ်များ'(CoveringEvents)''သတင်းစာအထူးဆောင်းပါးရေးသားနည်း' (Writing Feature)နှင့် 'တွေ့ဆုံမေးမြန်းခြင်း' ခြင်း'(Interview) များကို လက်တွေ့အသုံးချတတ်အောင် သင်ကြားပေးခဲ့သော မစ္စတာရှရီဂိုပါးလ်မစ်စရာ (Mr.Shri Gopal Misra) ၏တစ်ခေါင်းလုံးဖြူဖွေးနေသောဆံပင်ကိုအစွဲပြုပြီး ကျွန်မ နှင့်သူငယ်ချင်းတစ်စုကချစ်စနိုးဖြင့် 'ခေါင်းဖြူဆရာကြီး'ာကြီး'ဟု နာမည်ပြောင်တပ်ကာ ဂုဏ်ပြုရင်း မှတ်သားခဲ့ကြရသည်။ ဆရာမစ္စတာရှရီဂိုပါးလ်မစ်စရာ (Mr.Shri Gopal Misra)၏သင်ကြားနည်းပုံစံမှာခေါင်းစဉ်များအလိုက်သဘော တရားသိရှိအောင် သင်ကြားပေးပြီးသည်နှင့်သတင်းများကိုလက်တွေ့ရေးခိုင်းခဲ့သလို ရေးပြီးသောသတင်းများနှင့် ဆောင်း ပါးများကို စင်ပေါ်တက်၍တစ်ဦးချင်းအားပြန်လည်ဖတ်ကြားခိုင်းခြင်းပင်ဖြစ်သည်။ထိုသို့ဖတ်ရှုပြီးသည်နှင့် လိုအပ်ချက်များ ကိုတစ်ဦးချင်းစီအား တစ်ပြိုင်တည်း ပြင်ဆင်ပေးလိုက်ခြင်းကြောင့် ကျွန်မတို့မှာလိုအပ်နေသည့်အားနည်းချက်များကို လက်တွေ့သိရှိခွင့်ရခဲ့ပေသည်။ ထို့အပြင်''သတင်းစာရှင်းလင်းပွဲများ' ပွဲများ'(Covering Press Conference) 'မိန့်ခွန်းများ' များ'(Briefing)နှင့်'လက် တွေ့သင်ခန်းစာ စာ(Practical Exercise)များကိုအသုံးပြုပြီး သတင်းရေးသားနည်းများသင်ကြားပေးခဲ့သော ဆရာရှရီ အက်ခ်ရှက်ကူးမား(Mr.Shi Akshey Kumar) ၏ပုံစံမှာကိုယ်ခန္ဓာဝဖိုင့်ဖိုင့်နှင့်ဦးခေါင်းထိပ်၊ခပ်ပြောင်ပြောင်ကြောင့် ကျွန်မ တို့သူငယ်ချင်းတစ်စုက''ဦးပြောင်ကြီး' ပြောင်ကြီး'ဟူသော Nick Name ဖြင့်မှတ်သားထားခဲ့ကြပြန်သည်။ ဆရာရှရိအက်ခ်ရှက်ကူး မား (Mr.Shri Akshey Kumar)၏သင်ကြားမှုစနစ်မှာလည်း အခြားသောဆရာများကဲ့သို့ပင် ဆရာတစ်ဦးတည်းမှ သင်ကြားနေခြင်းမျိုးမဟုတ်ဘဲ သင်တန်းသား၊သင်တန်းသူများ အားလုံးလည်းအတူပါဝင်လုပ်ဆောင်ခွင့်ရသည့် သင်ကြား နည်းမျိုးဖြစ်ခြင်းကြောင့် ကျွန်မတို့နှစ်သက်ခဲ့ကြသောဆရာတစ်ယောက်လည်းဖြစ်ခဲ့၏။ အိန္ဒိယရွေးကောက်ပွဲကော်မရှင်ရောက် မြန်မာစာနယ်ဇင်းသမားများ အိန္ဒိယလူထုဆက်သွယ်ရေးတက္ကသိုလ် I.I.M.C မှ သင်ကြားခွင့်ရရှိခဲ့ သော ဘာသာရပ်များစွာအနက် မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း(ဗဟို)မှကြီးမှူးဖွင့်လှစ်သည့် 'စာနယ်ဇင်းပညာသင်တန်း(၁/၂ဝဝ၉)' သို့တက်ရောက်ခွင့်ရရှိခဲ့စဉ် အချိန်က သင်ကြားခွင့်ရရှိခဲ့သောဘာသာရပ်အချို့နှင့်တူညီမှုရှိနေခဲ့သည်ကိုတွေ့မြင်ခဲ့ရသော်လည်း မစ္စတာဖရန့် ခရစ်စတိုဖာ စ်စတိုဖာ(Mr.Frank Christopher)သင်ကြားပေးခဲ့သော'ပါလီမန်သတင်းယူနည်ူးနည်း(Covering Parliament) နှင့်မစ္စတာမဟိန္ဒရာဗက်ဒ်ာဗက်ဒ်(Mr.Ma- bendra Ved) သင်ကြားပေးခဲ့သော 'ရွေးကောက်ပွဲသတင်းရေး နည်း Covering Elections 'ဘာသာရပ်များမှာမူ မြန်မာနိုင်ငံ၏(၂ဝ၁ဝ)ပြည့်နှစ်ပါတီစုံဒီမိုကရေစီ၊ အထွေ ထွေရွေးကောက်ပွဲကြီးတွင်သတင်းယူကြရမည့်သတင်းသမားများအတွက်အထူးစိတ်ဝင်စားစရာ အကောင်း ဆုံးဘာသာရပ်များဖြစ်ခဲ့ရပေသည်။ ကျွန်မတို့လူငယ်သတင်းသမားများအတွက်တစ်ကြိမ်တစ်ခါမှသင်ကြားခဲ့ဖူးခြင်းမရှိသောဘာသာရပ်များဖြစ်ခဲ့ရ သည့်အပြင် ရွေးကောက်ပွဲနှင့်ပတ်သက်သောအချက်အလက်များအတွက်လည်း လက်တွေ့လေ့လာမှုအဖြစ် နယူး ဒေလီမြို့ရှိ Election Commission အိန္ဒိယရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်လေ့လာခွင့်ရရှိခဲ့ပြီး ညွှန်ကြား ရေးမှူးချုပ် Mr.Akshay Rout နှင့် ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် Mr.S.K.Mendiraita တို့မှ ကြိုဆိုနှုတ်ခွန်း ဆက်သခဲ့ကြသည့်အတွက် ကြီးမြတ်သောအခွင့်အရေးကို ရရှိခဲ့ရသည်ဟု ကျွန်မခံစားမိသေးသည်။ ထိုအချိန်က နိုဝင်ဘာလ(၇)ရက်နေ့တွင် ကြုံတွေ့ကြရတော့မည့် '(၂ဝ၁ဝ)ရွေးကောက်ပွဲ' ကြီးအတွက် သတင်းသမားတိုင်း စိတ်လှုပ်ရှားတက်ြ<ွကနေချိန်ဖြစ်ကြသည့်အလျောက် ကျွန်မတို့လိုမျိုးဆက်သစ်သတင်း သမားငယ် များမှာလည်း ရွေးကောက်ပွဲကြီးအပေါ်စူးစမ်းသိရှိလိုစိတ်များပိုမိုပြင်းပြခဲ့ရပေသည်။ အဘယ့်ကြောင့်ဆိုသော် (၁၉၉ဝ)ခုနှစ်ကာလအချိန်အခါက အသက်(၇)နှစ်သာရှိသေးသော ကျွန်မအတွက် ဆယ်စုနှစ်(၂)စုစာကို ဖြတ်သန်း လာခဲ့ပြီးကာမှ ယခုလို ပါတီစုံဒီမိုကရေစီ၊ အထွေထွေရွေးကောက်ပွဲကြီးအား နဖူးတွေ့ဒူးတွေ့ကြုံတွေ့ခွင့်ရရှိမည့် အခွင့်ထူးပင်မဟုတ်ပေလော။ သည့်အတွက်ကြောင့်လည်း စာတွေ့သာမက လက်တွေ့အခြေခံသဘောတရားများကို သိရှိခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့ကြသည့်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှတာဝန်ရှိသူများနှင့် အိန္ဒိယပြည်ပရေး ရာဝန်ကြီးဌာနမှထိပ်တန်းအရာရှိကြီးများ အားလုံး၏ကျေးဇူးကိုလည်း ကျွန်မ၏နှလုံးအိမ်အတွင်း၌ ထာဝရကမ္ပည်း ထိုးထားခဲ့မိပေသည်။ မြန်မာနိုင်ငံ၏ရွေးကောက်ပွဲစင်မြင့်ပေါ်သို့လည်း နိုင်ငံရေးပါတီ(၃၇)ပါတီ နှင့်တစ်သီးပုဂ္ဂလများစွာတက်ရောက်ကာ အရွေးချယ်ခံနိုင်ရန်၊ သူ့ထက်ငါ ပြင်ဆင်နေကြသည်ဟုလည်း သိရှိခဲ့ရသောအချိန်ကာလဖြစ်ခြင်းကြောင့် အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်မှညွှန်ကြားရေးမှူးချုပ်ကလည်း စိတ်ဝင်တစားဖြင့် မြန်မာစာနယ်ဇင်းအဖွဲ့အား သိလိုသမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးရင်း သူသိရှိလိုသည့်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအခြေအနေများကိုလည်း အပြန် အလှန်မေးမြန်းသွားခဲ့သေးသည်။ အိန္ဒိယနိုင်ငံ၏ရွေးကောက်ပွဲတွင် ဆန္ဒမဲများကို ရေတွက်ခြင်းနှင့်အထည်ပြုခြင်း များအား ရွေးကောက်ပွဲကော်မတီဌာနချုပ်မှသာလုပ်ဆောင်ခွင့်ရရှိပြီး အိန္ဒိယအစိုးရအပါအဝင် မည်သူတစ်ဦး တစ်ယောက်မျှ ဝင်ရောက်စွက် ဖက်ခြင်းကို ခွင့်မပြုကြောင်း ညွှန်ကြားရေးမှူးချုပ် Mr.Akshay Rout မှ မြန်မာစာနယ်ဇင်းအဖွဲ့ အား ရှင်းလင်းပြောကြားသွားခဲ့ သည်။ (၁၉၅၁)ခုနှစ်တွင် စတင် ကျင်းပခဲ့သောရွေးကောက်ပွဲများ ကြောင့် အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်သည် ယခုအခါ ရွေး ကောက်ပွဲအတွေ့အကြုံများကို နှစ်(၆ဝ)သက်တမ်းပြည့်တော့မည်ဖြစ်တာကြောင့် ပြည်သူလူထု၏ကြားတွင်''လွတ်လပ်၍ တရားမျှတရုံသာမက လက်တွေ့ကျကျပွင့်လင်းရိုးရှင်းစွာ (Free Fair Practical And Transparent) ဖြင့် ရပ်တည်နေနိုင်သော Commussion အဖြစ် တွေ့မြင်လေ့လာခဲ့ကြရသည်။ ထို့အပြင် သမိုင်းအစဉ်အလာကြီးမား ခဲ့သောအိန္ဒိယရွေးကောက်ပွဲကော်မရှင်၏ဂုဏ်သိက္ခာနှင့်သမာဓိကြောင့် အစိုးရနှင့်စစ်တပ်မှ Apolitical အရ ဝင်ရောက် စွက်ဖက်ခြင်းမရှိခဲ့ကြဟုလည်း သိရှိရသည်။ မြန်မာစာနယ်ဇင်းအဖွဲ့မှ ဆရာဦးဟိန်းလတ်၊ ဆရာဦးခင်မောင်ညို၊ ဆရာဦးမျိုးလွင်နှင့်မရတနာ ထွန်းတို့မှ ရွေးကောက်ပွဲနှင့်ပတ်သက်သောသိလိုသမျှ မေးမြန်းချက်များကိုလည်း အသီးသီးမေးမြန်းချက်များ ကိုလည်း အသီးသီးမေးမြန်းခဲ့ကြပြီး ညွှန်ကြားရေးမှူး ချုပ်ကိုယ်တိုင်ပြန်လည်ဖြေကြားသွားခဲ့သည့်အတွက် ကျွန်မတို့မျိုးဆက်သစ်သတင်းသမားများမှ အတွေ့ အကြုံကောင်း အချို့ကို လက်ခံရယူနိုင်ခဲ့ကြပေသည်။ အိန္ဒိယနိုင်ငံ၏ အစိုးရနှင့်နိုင်ငံရေးအခြေ အနေ ကမ္ဘာပေါ်တွင် အရှည်ဆုံးနှင့် အသေးစိတ်အကျ ဆုံးသော အိန္ဒိယနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသည် (၁၉၅ဝ)ခုနှစ်၊ ဇန်နဝါရီလ(၂၅)ရက်နေ့တွင် စတင် အသက်ဝင်လာခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေ၏အဖွင့်တွင် အိန္ဒိယနိုင်ငံအား အချုပ်အခြာ အာဏာရှိသော လက် တွေ့ဆန်သောဆိုရှယ်လစ်ဒီမိုကရေစီသမ္မတနိုင်ငံ အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ အိန္ဒိယနိုင်ငံတွင် ဝက်မင်စတာစတိုင်လ်ပါလီမန်စနစ် ကျင့်သုံးပြီး ဥပဒေပြုလွှတ်တော်(၂)ခုရှိကြောင်း၊ အစိုးရအဖွဲ့အစည်းမှာဖက်ဒရယ်ဆန်ဆန်ဖွဲ့စည်းထားပြီး ဗဟိုအစိုးရ မှချုပ်ကိုင်မှုအားကောင်းခြင်းကြောင့် ပြည်နယ်အစိုးရများ၏အာဏာမှာလျော့ ရဲလာခဲ့ကြောင်းသိရှိရသည်။သို့သော်လည်း (၁၉၉ဝ)ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးပြောင်းလဲမှုများကြောင့် ဖက်ဒရယ်စနစ်အဖြစ်တိုးတက် ပြောင်းလဲလာခဲ့ကြောင်းလေ့လာမှတ်သားခဲ့ရသည်။အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီသမိုင်းကြောင်းတစ်လျှောက်တွင် ဖက်ဒရယ် အစိုးရကိုအိန္ဒိယအမျိုးသားကွန်ဂရက်မှဦးဆောင်ခဲ့ပြီး ပြည်နယ်တွင်းနိုင်ငံရေးများကို I.N.C Bharatiya Janata Party (BJP ဘာရာတီရာဂျနာတာပါတီ) အိန္ဒိယမာခ်စ်ကွန်မြူနစ်ပါတီနှင့်အခြားဒေသခံပါတီများအပါအဝင် အချို့သော အမျိုးသားပါတီများမှ လွှမ်းမိုးထားကြောင်းသိရှိရသည်။ (၁၉၅ဝ)ခုနှစ်မှ (၁၉၉ဝ)ခုနှစ်အတွင်း အချိန်ကာလနှစ်ခုမှလွဲ၍ I.N.C သည် ပါလီမန်တွင်နေရာအများစုကိုရရှိခဲ့ သော်လည်း I.N.C အာဏာလက်လွှတ်လိုက်ရသောအချိန်ကာလမှာ(၁၉၇၇)ခုနှစ်မှ(၁၉၈ဝ)ခုနှစ်အတွင်းဖြစ်ပြီး ဝန်ကြီးချုပ် အင်ဒီရီယာဂန္ဓီ၏အရေးပေါ်ကြေငြာချက်ကို ပြည်သူများမကျေနပ်၍ ဂျနာတာပါတီမှရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ရသည်။ (၁၉၈၉)ခုနှစ်တွင် ဂျနာတာပါတီမှဦးဆောင်သောအမျိုးသားညွန့်ပေါင်းတပ်ဦးနှင့် လက်ဝဲညွန့် ပေါင်းတပ်ဦးတို့ မဟာမိတ်ပြုထားသောအဖွဲ့မှ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း သက်တမ်း(၂)နှစ်မျှသာ အာဏာကိုချုပ်ကိုင်နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံရေးအခြေအနေများ စာမျက်နှာမှဖတ်ရှုလေ့လာခဲ့ရပေသည်။ အိန္ဒိယနိုင်ငံ၏ဥပဒေပြုအဖွဲ့အစည်းမှာပါလီမန်နှစ်ခုပါဝင်ပြီး အထက်လွှတ်တော်မှာနိုင်ငံတော်ကောင်စီ (ရာဂျာ ဆာဘ)ဖြစ်ပြီး အောက်လွှတ်တော်မှာပြည်သူ့လွှတ်တော်(လော့ဆာဘ)ဖြစ်၍ နိုင်ငံတော်ကောင်စီသည်အမတ်(၂၄၅) ယောက်ရှိသည့်အမြဲတမ်းအစုအဖွဲ့အဖြစ်ကာ(၆)နှစ်တစ်ကြိမ်ပြောင်းလဲကြောင်း မှတ်သားခဲ့ရပေသည်။ သို့သော် အများ စုမှာ ပြည်နယ်နှင့်ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့အစည်းများမှလူဦးရေအချိုးနှင့်အညီရွေးကောက်တင်မြှောက် ထားခြင်း ဖြစ်ကြောင်းသိရှိရသည်။ပြည်သူ့လွှတ်တော်၏ အမတ်(၅၄၅)ယောက်အတွင်းမှ(၅၄၃)ယောက်မှာ သီးသန့်နယ်မြေဒေသ တစ်ခုစီအတွက် လူကြိုက်များမှုအပေါ်မူတည်သောမဲဆန္ဒဖြင့် တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားခြင်းဖြစ်ပြီး သက်တမ်းမှာ(၅)နှစ်ရှိကြောင်းသိရသည်။ အိန္ဒိယ၏ နိုင်ငံတော်အကြီးအကဲကဘယ်သူလဲ အိန္ဒိယနိုင်ငံတွင် သမ္မတသည်နိုင်ငံတော်၏ အကြီးအကဲဖြစ်၍ မဲဆန္ဒနယ်များမှသွယ်ဝိုက်သောနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ပြီး သက်တမ်းမှာ(၅)နှစ်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်မှာအစိုးရအဖွဲ့၏အကြီးအကဲဖြစ်၍ အုပ်ချုပ်မှု ဆိုင်ရာအာဏာအများစုကို ကျင့်သုံးကြောင်း မှတ်သားခဲ့ရသည်။ ဝန်ကြီးချုပ်သည် သမ္မတနှင့်ညီလာခံမှရွေးချယ်ခန့် အပ်သူဖြစ်ကာ အောက်လွှတ်တော်တွင် နေရာအများစုရယူထားသောပါတီ(သို့မဟုတ်)၊နိုင်ငံရေးမဟာမိတ်အစုအဖွဲ့များမှ ထောက်ခံသူဖြစ်ကြောင်းသိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံတွင် အလွှာ(၃)လွှာရှိသောတရားစီရင်ရေးစနစ်ရှိပြီးတရားသူကြီးချုပ် ဦးဆောင်သော ဗဟိုတရားရုံးချုပ်၊အဆင့်မြင့်တရားရုံး(၂၁)ရုံးနှင့် သာမန်တရားရုံးအမြောက်အမြားပါဝင်ကြောင်း၊ ဗဟိုတရားရုံး ချုပ်သည် အခြေခံအခွင့်အရေးနှင့်ဆိုင်သော အမှုများ၊ ပြည်နယ်အချင်းချင်းနှင့်ပြည်နယ်နှင့် ဗဟိုအစိုးရတို့အငြင်းပွားမှု စသည်တို့ကို ပထမအကြိမ် ကြားနာပိုင်ခွင့်ရှိကြောင်းဖော်ပြထားသည်ကို ဖတ်ရှုလေ့လာခဲ့ရပေသည်။ အိန္ဒိယနိုင်ငံ၏တရားစီရင်ရေးစနစ်သည် မှီခိုမှုကင်းမဲ့သောလွတ်လပ်သောစနစ်ဖြစ်ပြီး ဥပဒေထုတ်ပြန်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့်ပြည်ထောင်စုနှင့်ပြည်နယ်ဥပဒေများကို ပယ်ဖျက်ရန် အခွင့်အာဏာရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုနောက်ဆုံးအငြင်းပွားနိုင်သည့်နေရာကို ယူထားခြင်းသည်ဗဟိုတရားရုံးချုပ်၏ အရေးပါဆုံး လုပ်ဆောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်သည့်အချက်အလက်များကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းစာအုပ်တွင် ရေးသားဖော်ပြထားသည်ကိုတွေ့ရပေသည်။ အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရရှိသည့်အချိန်မှစတင်၍ ဘာသာရေး အကြမ်းဖက်မှု၊ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်း မှဖြစ်သော အကြမ်းဖက်မှုနှင့်ပုန်ကန်ထကြွမှုဒုက္ခကို နေရာအနှံ့အပြားတွင်ခံခဲ့ရသော်လည်း သည်းခံခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲခြင်းတို့မှတစ်ဆင့်ထိန်းချုပ်နိုင်ခဲ့ခြင်းမှာအိန္ဒိယ၏ အရည်အသွေးမှတ်ကျောက်တင် နိုင်ခြင်းကြောင့်ဟု သုံးသပ်မိပေသည်။ အဘယ့်ကြောင့်ဆိုသော် အကြမ်းဖက်သမားတို့၏ဝါဒမှာလည်း အိန္ဒိယ၏အဓိက လုံခြုံရေးဆိုင်ရာ ပြဿနာပင်ဖြစ်နေခြင်းကြောင့် သည်းခံခြင်းတရားကို လက်ကိုင်ကျင့်သုံးခဲ့ခြင်းဖြင့် အောင်မြင်မှုလမ်းစ ကို ရှာဖွေတွေ့ရှိခဲ့ကြသော အိန္ဒိယခေါင်းဆောင်များ၏အရည်အချင်းကို ဦးညွတ်အလေးပြုမိသင့်သည်ဟု ကျွန်မတစ်ကိုယ် ရည်အတွေးဖြင့် စဉ်းစားခန်းဝင်မိခဲ့ပေသည်။
ဆုကဗျာ
 Ref; General Elections 2009
 Reference Handbook.
 ဓာတ်ပုံ-ဇင်မင်းဆွေ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009