သင်အသက်(၅၀)ကျော်လာတဲ့အခါ

စာရေးသူ ဘာသာပြန်ဆိုသည့်အခါ မူရင်းဆောင်းပါး၏ အနှစ်သာရ မပျက်စေရန်အတွက် ကြိုးစားပြီး၊ စာဖတ်ပရိသတ် နားလည် လွယ်ကူစေသော စကားလုံးများကိုသာ ရွေးချယ်၍ ရေးသားပေးခဲ့သော ''သင် အသက်(၅ဝ) ကျော်လာတဲ့အခါ'' ဘာသာပြန်ဆောင်းပါး အတွက် ယခု တစ်ပတ်တွင် "Read the Torah" ကို ပြန်လည် ရေးသားလိုက်ပါသည်။ အသက်(၅ဝ)ကျော် ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွားများ အတွက် လိုရာသုံး သုံးစွဲကျင့်ကြံနိုင်ဖို့ ''တိုရာ''ကျမ်းစာကို ဖတ်ရှုဝေဖန် ပေးကြပါဦးရှင်။ စာရေးသူ Richard Siegel ရေးသည်။ Richard Siegel သည် National Foundation ၏ အလုပ်အမှုဆောင် ဒါရိုက်တာဖြစ်သည်။
¤င်းအဖွဲ့အစည်းသည် အနုပညာရပ်များနှင့် ရှေးဟောင်း လူမှုအဖွဲ့အစည်းများ၏ စရိုက်လက္ခဏာများကို ဖော်ထုတ်ခြင်းဖြင့် အမေရိကန် နိုင်ငံရှိ ဂျူးလူမျိုးတို့၏ အသွင်အပြင်ပိုမိုသိရှိလာစေရန် လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ¤င်းသည် (၁၉၆ဝ)ပြည့်လွန်နှစ်များအတွင်းက ထုတ်ဝေခဲ့သည့် The Jewish Catalog စာစောင်၏ တွဲဖက်အယ်ဒီတာဖြစ် သည်။ ယင်းစာစောင်သည် ဂျူးလူမျိုးတို့၏ အတွင်းစည်းအနေဖြင့် ယဉ်ကျေးမှု ဆိုင်ရာ တုံ့ပြန်နိုင်ရန်ထုတ်ဝေသည့် လမ်းညွှန်စာစောင်ဖြစ်သည်။ ထို့ပြင် ¤င်းသည် The Jewish Alamanac နှင့် အမေရိကန်နိုင်ငံရှိ အနာဂတ်ဂျူးလူမျိုး တို့၏ ယဉ်ကျေးမှုဆိုင်ရာ ကော်မရှင်အစီရင်ခံစာကိုလည်း တွဲဖက်အယ်ဒီတာ အဖြစ်ထုတ်ဝေခဲ့သည်။ အောက်ပါတို့မှာ ကျွန်တော်၏ အယူအဆများဖြစ်သည်။ (က) သင်သည် ဂျူးလူမျိုးတစ်ယောက်ဖြစ်ပါက သင်(၁၃)နှစ်အရွယ်က သင်သည် ''A bar mitzvab '' သို့မဟုတ် ''Bot mitzvab ''အခမ်းအနား ပြုလုပ်ခဲ့ပြီး ဖြစ်ပေသည်။ ယင်းအခမ်းအနားမပြုလုပ်မီ သင်သည် ဂျူးဘုရားရှိခိုး ကျောင်းသို့ မိမိသဘောအတိုင်း ဝင်ရောက်ရန် ခဲယဉ်းပေမည်။ သင်သိသည့် တိုင်းပင် ဂျူးလူမျိုးများကို ''ကျမ်းစာရလူမျိုး''ဟုခေါ်ဆိုကြသည်။ သို့သော် သင်သည် ယင်းကျမ်းစာကို ဖတ်ဖူးမည်မဟုတ်ပါ။ ထို့အပြင် ယင်းကျမ်းစာ အုပ်သည် စာအုပ်တစ်အုပ်လော (သို့မဟုတ်)စာအုပ်များကို စုစည်းထားသည့် စာအုပ်လောဟူ၍ပင် သင်သိရှိမည်မဟုတ်ပါ။ (ခ) သင်သည် ဂျူးလူမျိုးတစ်ယောက်မဟုတ်ပါက အထက်အပိုဒ်(က)တွင် ဖော်ပြထားသည့် ''ကျမ်းစာရလူမျိုး''ဆိုသည့် အမည်နာမ အကြောင်းကို သိလိုစိတ်ဖြစ်ပေါ်ပေမည်။ (ဂ) အကယ်၍ သင်သည် အသက်(၅ဝ)အရွယ်သို့ ချဉ်းကပ်နေသူဖြစ်ပါ က (သို့မဟုတ်)အသက်(၅ဝ)အရွယ်ကျော်လွန်နေပြီဖြစ်ပါက နွေရာသီအားလပ် ရက်များတွင် ဖတ်ရှုသည့် ဝတ္ထုများထက်ပို၍ စိန်ခေါ်မှုများပါဝင်သည့် စာအုပ် များကို အချိန်ရရှိကောင်းရရှိနိုင်ပေမည်။ ဦးစွာပထမတင်ပြလိုသည်။ အမှန်ဆိုရသော်''တိုရာ'' "Torah" ဟုဆိုသည့် စာအုပ်မှာ အမှန်တကယ် ရှိနေသည်။ ပြဿနာမှာ တိုရာသည် စာအုပ်မဟုတ်ပဲ ပေစာများဖြစ်နေသည်။ အများအားဖြင့် အင်္ဂလိပ်ဘာသာပြန်ဆိုကြရာ၌ ယင်းပေစာကို "The Five Books Of Moses" ''မိုးဇက် ကျမ်းစာငါးအုပ်''ဟု ပြန်ဆိုကြသည်။ ထို့ကြောင့် ကျွန်တော်တို့ပြောဆိုနေသည့် စာအုပ်သည် စာအုပ်ငါးအုပ်ပါဝင်နေသည်။ အမှန်ဆိုရသော် ယင်းစာအုပ်သည် စာအုပ်မဟုတ်ပါ။ ''ကျမ်းစာရလူမျိုး''ဟု အများက ရည်ညွှန်းပြောဆိုနေကြသည့် စာအုပ်သည် ဤစာအုပ်ကိုပင် ရည်ညွှန်းနေကြခြင်းဖြစ်သည်။ အမှန်ဆိုရသော် ဂျူးလူမျိုးများသည်ပင်လျှင် ဤကျမ်းစာအုပ်ကို ဖတ်ရှုခြင်း မရှိကြပေ။ ဂျူးဘုရားကျောင်းများတွင် ဤကျမ်းစာအုပ်ကို အစဉ်အလိုက် အပတ်စဉ် အနည်းငယ်စီ ဖတ်ရွတ်ပြီး တစ်နှစ်ပြည့်သည့်အခါ တစ်အုပ်လုံးဖတ်ပြီးဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် (၁၃)နှစ်ပြည့်သည့်အချိန်မှစ၍ ဘုရားကျောင်းသို့ စနေနေ့တိုင်း ပုံမှန်မပျက် မကွက်သွားရောက်ပါက အနည်းဆုံး ရက်သတ္တပတ်(၃၇)ပတ်ကြာသည့်အခါ ''တိုရာ'' "Torah" ကျမ်းစာအုပ်တစ်အုပ်လုံး သင်နားဆင်ပြီးဖြစ်ပေမည်။ အဘယ်ကြောင့် သည့်ထက်ပို၍ မဖတ်ကြသနည်း။ အဘယ့်ကြောင့် ဆိုသော် တိုရာကျမ်း(သို့မဟုတ်)မိုးဇက်၏စာအုပ်ငါးအုပ်သည် ကြောက်ရွံ့အောင် ပြုလုပ်ထားသည့် ကျမ်းစာအုပ်ဖြစ်သောကြောင့်တည်း။ ကမ္ဘာ့သမိုင်းတွင် ကျမ်း စာအုပ်သည် လေ့လာဆည်းပူးမှု အပြုလုပ်ခံရဆုံးသောကျမ်း၊ အထပ်ထပ် အခါခါ ဖတ်ရှုခံရသောကျမ်း၊ အဝေဖန်ခံရဆုံးသော ကျမ်းစာအုပ်ဖြစ်သည်။ အနောက်တိုင်းဘာသာအယူဝါဒသုံးရပ် အနက်အခြေခံအကျဆုံးသော အယူ ဝါဒနှစ်ရပ်တွင်တစ်ခုအပါအဝင်ဖြစ်သည့် အပြင် တတိယအယူဝါဒကိုလေ့လာ ရာ တွင်တိုရာကျမ်းသည်စတင်လေ့လာရမည့် ကျမ်းဖြစ်သည်။ ပညာရှင်မဟုတ် သူတစ်ဦး၊ ကျွမ်းကျင်သူမဟုတ်သူတစ်ဦး၊ ဘာသာရေးဆိုင်ရာဘုန်းကြီး မဟုတ် သူတစ်ဦးသည် ဤကျမ်းပါအကြောင်း အရာများ၊ ဤကျမ်း၏သမိုင်းနှင့် ထာဝရ ဘုရားသခင်အဖြစ်နှင့် ယုံကြည်မှုအခြေခံတရားများကိုမည်သို့နားလည်နိုင်မည် နည်း။ သို့သော်ငြားလည်း အမှန်ဆိုရသော် ဤကျမ်းစာအုပ်ကိုရိုးသားသော၊ ဖြောင့်မတ်သောစာအုပ်ဖြစ်ပြီး လွယ်ကူရှင်းလင်းစွာရေးသားထားသည်။ အလွယ် တကူကောက်ယူဖတ်ရှုပြီး ပြီးဆုံးသည့်အခါ ချထားလိုက်ရမည့်စာအုပ်မျိုးလည်း မဟုတ်ပါ။ ထို့ကြောင့် တိုရာစာအုပ်တစ်အုပ်ကို စတင်ဖတ်ရှုကြည့်ပါက အကယ်၍ သင်သည် ဟီဘရူးဘာသာဖြင့်ဖတ်ရှုနိုင်မည်ဆိုပါက အတိုင်းထက်အလွန်သင့် တော်ပါသည်။ ဟီဘရူးဘာသာမတတ်ပါက စိတ်ပျက်စရာမလိုပါ။ ဘာသာပြန် စာအုပ်ကောင်းများစွာရှိသည်။ ယနေ့ခေတ်ပြိုင်ဘာသာပြန် စာအုပ်လေးမျိုး ရှိသည်။ ယင်းစာအုပ်လေးမျိုးစလုံးကို လေးစားကြပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည်။ JPS Bilile စာအုပ်ကို Jewish Publication Society Of America က ထုတ်ဝေပြီး အမြဲတမ်း အရောင်းရဆုံးစာအုပ်ဖြစ်သည်။ Fox Translation ဟုလည်း ခေါ်တွင်သည်။ Shocken Bible သည် မူရင်းဟီး ဘရူးဘာသာဖြင့် ရေးသားထားသည့်အတိုင်း စည်းချက်ဝါးချက်ကျကျ အသံနေအသံထားရရှိအောင် တုပ၍ ရေးသားထားသဖြင့် လူအများကိုဖမ်းစား ထားနိုင်သည့် Art Scroll Torah ဟု လူသိများသည့် Stone Edition အများလက်ခံထားသည့်ရှေးရိုးစဉ်လာအယူအဆရှုထောင့်မှ ရေးသားထားသည့် ကျမ်းစာနှင့် မကြာမီကထုတ်ဝေသည့် လှပသောစကားပြေဖြင့် ရေးသားသည့် After Translation တို့သည်လည်း လူအများအပြား ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုကြသော စာအုပ်များဖြစ်သည်။ ဤစာအုပ်တိုင်းတွင် ဋီကာချဲ့၍ရှင်းလင်းဖော်ပြချက်များပါရှိသည်။ သို့သော်ပထမအကြိမ်ဖတ်ရှုသူများအနေဖြင့် ရှင်းလင်းဖော်ပြချက်များကို လျစ်လျူရှုထားပါ။ သာမန်ဖတ်ရုံသာ ဖတ်ကြည့်ပါ။ တစ်နေ့လျှင် အခန်းအနည်း ငယ်မျှလောက်သာဖတ်ပါ။ မကြာမီစာအုပ်တစ်အုပ်လုံးဖတ်ပြီးဖြစ်မည်။ အမှန်ဆိုရသော်၊ ဤညွှန်ကြားချက်သည် ထင်သလောက်မလွယ်ကူပါ။ အဘယ်ကြောင့်ဆိုသော် သင်သည်ဖတ်နေရင်းဖြင့် စကားလုံးတစ်လုံး အယူ အဆတစ်ခု(သို့မဟုတ်)ပုံပြင်အကြောင်းအရာတစ်ရပ်အပေါ် အထစ်အငေါ့ရှိနေ နိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ သင်သည်လူမှုအသိုင်းအဝန်းအတွင်းမှ အကြောင်းအရာကိစ္စများကို တဖြည်းဖြည်းချင်း ဆည်းပူးပြီးသူဖြစ်ပါက ကျမ်းစာ ပါ အကြောင်းအရာများသည် သင့်အဖို့ရင်းနှီးပြီးဖြစ်ပေမည်။ ဥပမာအားဖြင့် ပညတ်တော်ဆယ်ပါး(သို့မဟုတ်)ကမ္ဘာလောကကြီးအား ဖန်တီးပုံတို့ဖြစ်သည်။ သို့သော် အချို့သောအကြောင်းအရာများသည် အံ့ဖွယ်ရာအသစ်အဆန်း များဖြစ်နေပေမည်။ ကျမ်းစာအထဲတွင် ဆန်းပြားသောပုံပြင်များကို ဖော်ပြ ထားသည်။ တစ်ခါတရံ သင်ရင်းနှီးပြီးသော ပုံပြင်များ(အကြောင်းအရာများ) သည် အလှည့်အပတ် အင်္ဂလိပ်အဆောင်များပါရှိနေသည့်အတွက် သင်မမှတ် မိသည့်အကြောင်းအရာများဖြစ်နေပေမည်။ ထို့ကြောင့်ရှေ့သို့ဆက်မဖတ်နိုင် ဘဲ ရပ်တံ့၍ပြန်စဉ်းစားနေရပေမည်။ သို့သော်ဆက်၍ဖတ်သွားပါ။ အဆုံးသို့ ရောက်သည်အထိ ဆက်ဖတ်ပါ။ အကြောင်းအရာတစ်ရပ်ကို သင်ပြန်ဖတ်ရှုလို သည်ဆိုပါက ယင်းအကြောင်းအရာများကို အတိုချုပ်စာရင်းတစ်ခုပြုစုထား ပါ။ ကောင်းပြီ၊ ဤသို့ဖြင့် သင်သည် တိုရာကျမ်းစာကိုဖတ်ပြီး ဖြစ်ပေမည်။ ထို့နောက် အစာ,စားပါ။ ဂျူးလူမျိုးတို့၏ အယူဝါဒအရ ကျမ်းစာဖတ်ရွတ်ခြင်း နှင့် အစာအာဟာရမှီဝဲခြင်းကို တွဲဖက်ထားသည်။ သို့မှသာ ကျမ်းစာမှရရှိသည့် ကျေနပ်ပျော်ရွှင်မှုသည် ပို၍အားကောင်းမည်ဖြစ်သည်။ ကလေးများကို ဟီဘရူး စာပေသင်ကြားရာ၌ စာလုံးများကို လျှာဖြင့်လျက်၍ စာလုံးများတွင် ရှိနေသည့် ပျားရည်များကို လျက်စေသည်။ လူကြီး များအဖို့မူ၊ စာအုပ်တစ်အုပ်ဖတ်ရှုပြီး ပါက ပြီးမြောက်အောင်ဖတ်ရှုသည့် အနေဖြင့်ပျော်ရွှင်စွာဖြင့်အစားအသောက် စားကြသည်။ သူငယ်ချင်း မိတ်ဆွေများ ကို ဖိတ်ကြား၍ ညစာကျွေးမွေးသည်။ တစ်ခါတရံစာအုပ်ဖတ်နေစဉ် ညနေ ပိုင်းတွင် ယင်းစာအုပ်ကိုဖတ်ရှုပြီးသည့် အခါ(သို့မဟုတ်)ဓွှသာ ဃူညေခပဓ ဝတ္ထု ကို ဖတ်ရှုပြီသည့်အခါ (သို့မဟုတ်) ရုပ်ရှင်သစ်ကားတစ်ကားကို သင်ကြည့် ရှုပြီးသည့်အခါ ပြန်လည်သုံးသပ်သကဲ့ သို့ "Tom Clancy" ကိုလည်း ဖတ်ရှုပြီးသည့်အခါ ပြန်လည် သုံးသပ်ဆွေးနွေးသင့်သည့်ဇာတ်ကောင် များဇာတ်လမ်း၊ ဇာတ်ကွက်များ ယင်း ဇာတ်လမ်းတည်ဆောက်ပုံ၊ ပြောဆို သည့်စကားအသုံးအနှုန်း၊ ပေးသည့် သင်ခန်းစာစသည်များ သင်ပြန်လည် စဉ်းစားသကဲ့သို့ ကျမ်းစာကိုလည်း ဖတ် ပြီးလျှင်ပြန်လည်စဉ်းစားရမည်ဖြစ်သည်။ သင်နှင့် ဆွေးနွေးသည့်သူများထဲ တွင် ယင်းစာအုပ်ကိုဖတ်ဖူးသူပါဝင်လျင် ပို၍ကောင်းသည်။ ဘာသာပြန်စာအုပ် ချင်းမတူနိုင်လျှင်ပိုကောင်းသည်။ အဘယ်ကြောင့်ဆိုသော် အခြေအတင် ဆွေးနွေးကြရာတွင် ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးနိုင်သောကြောင့်ဖြစ်သည်။ (ဂျူးလူမျိုးမဟုတ်သောစာဖတ်သူများအဖို့ သိထားသင့်သည်မှာ အငြင်းအခုံ ဆွေးနွေးခြင်းသည် ဂျူးလူမျိုးတို့၏ဘဝပင်ဖြစ်သည်ဆိုသည့်အချက်ဖြစ်သည်။) သို့သော်အကယ်၍ သင်တစ်ဦးတည်းသာလျှင် ဤကျမ်းစာအုပ်ကို ဖတ်ရှုသူဖြစ် လျှင်စာအုပ်အပေါ်သင်၏အမြင်သည် အခြားသူများ၏စိတ်ဝင်စားမှုကို နှိုးဆွပေး ရာရောက်သည်။ ထို့နောက်ဘာဖြစ်မည်နည်း။ အခြားဘာမျှဖြစ်နိုင်စရာမရှိပါ။ စာအုပ်ကို စာအုပ်စင်၌ထားလိုက်ပါ။ သို့မဟုတ်အခြားသူတစ်ဦးဖတ်ရှုနိုင်ရန် လက်ဆင့်ကမ်းလိုက်ပါ။ထို့နောက်အနောက်တိုင်းယဉ်ကျေးမှု၏အခြေခံဖြစ် သော စာအုပ်ကိုသင်ဖတ်ရှုပြီးဖြစ်သည့်အတွက် ကျေနပ်နှစ်သက် မှုခံစားရရှိနေ မည်ဖြစ်သည်။ သင်သည် ပါတီပွဲတစ်ရပ်တွင်စကားပြောဆိုရာ၌ သင်မကြာမီ က ''တိုရာ''ကျမ်းစာအုပ် ဖတ်ပြီးဖြစ်ကြောင်းနှင့် ယင်းစာအုပ်၌ တွေ့ရှိရသည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းများကိုသင်ပြောဆိုနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်၌ အကယ်၍ သင်သည်စိတ်ဝင်စားမှုမြင့်မားနေပါက ဆက်ပြီးဖတ်ရမည့်စာအုပ်များလည်းရှိနေ သည်။ဤကျမ်းစာအုပ်ကို အခြား ဘာသာပြန်ထားသော စာအုပ်သုံးမျိုးကျန်သေးသည်။ ¤င်းဘာသာပြန် စာအုပ် သုံးအုပ်အနက်မှ တစ်အုပ်အုပ်ကိုဖတ်၍ အစမှပြန်ဖတ်ပါ။ ဤအချိန်တွင် ပထမစာအုပ်ဖတ်စဉ်က သင်မေးခွန်းထုတ်ခဲ့သည့် စာပိုဒ်သို့ရောက်ရှိလျှင် အခြားဘာသာပြန်စာအုပ်တွင် မည်သို့ဘာသာပြန်ဆိုသည်ကို လေ့လာကြည့်ပါ။ ယခုအခါသင်သည် စာဖတ်ရုံသက်သက်သာမဟုတ်တော့ဘဲ ''တိုရာ''ကျမ်းကို လေ့လာသူတစ်ဦး ဖြစ်လာပေမည်။ ဤဖြစ်စဉ်ကို ဆက်လုပ်သွားပါ။ သို့သော် သတိပြုရန်မှာ ဤစာအုပ်ဖတ်ပြီးတိုင်း အစားအသောက်စားရန် မမေ့ပါနှင့်။ ဆုကဗျာ ဘာသာပြန်ဆိုသည်။
Read The Torah
 Ref; Fifty Things To Do When You Turn Fifty

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009