FANCY JOURNAL Vol ( 1 ) , No. 4

0 comments

ဆုကဗျာစီစဉ် ထုတ်ဝေသည့် FANCY JOURNAL Vol ( 1 ) , No. 4 , August 1 ရက်နေ့ ထွက်မည်။

(၁) ဂီတချစ်ပရိသတ်များ မျှော်လင့်တောင့်တနေကြတဲ့ အဆိုတော်ပိုးဒါလီသိန်းတန် နှင့်တွေ့ ဆုံမေးမြန်းခြင်း ၊
(၂) အကယ်ဒမီဒွေး ( ၅)နှစ်ပြည့်အတွက် စင်ကာပူနိုင်ငံမှာအလှူဒါနပြုလုပ်ပေးခဲ့တဲ့ မမိုးမိုး
(၃) ပါမောကဒေါက်တာမြသန်းဟန် ရေးသားထားတဲ့ အမျိုးသမီးများ သိကောင်းစရာ ရင်သားအကြိတ်အဖုများနှင့်ရင်သားကင်ဆာအကြောင်း
(၄) တက်တူးများနှင့် Justin Beiber အကြောင်း
(၅)လွယ်လွယ်နှင့်ဝန်မခံလိုသူများစသည့်သတင်းစုံလင်
စွာဖြင့် FANCY JOURNAL ( စိတ်ကူးစွမ်းအားဂျာနယ်) ကို ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် ၊ မြို့ ကြီးများသာမက တိုင်းနှင့်ပြည်နယ်အရပ်ရပ်သို့  ယခင်အပတ်များက အတိုင်းဖြန့် ချီပေးသွား မည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

သတင်းကို လက်ဝါးကြီးအုပ်ထားတာတဲ့

1 comments

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို နေပြည်တော်မှာ ခမ်းခမ်းနားနား ကျင်းပပြီးစီး သွားခဲ့တဲ့ (၅)နှစ်မြောက်။ သည်နှစ်ကတော့ဖြင့် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အတွက် အဆင်ပြေဆုံးနှစ်၊ ကုန်ကျစရိတ် အသက်သာဆုံးနှစ်လို့ပဲ ဆိုရမှာပေါ့ရှင်။ နှစ်စဉ် နှစ်တိုင်းလိုလို အကယ်ဒမီပေးပွဲ တက်ရောက်ခွင့် ရခဲ့ကြတဲ့ မင်းသား၊ မင်းသမီးတွေကို ခေါင်းအစ၊ခြေ အဆုံး ဆင်မြန်းပေးချင်တဲ့ ပိုးထည်ဆိုင်တွေ၊ ဖိနပ် ဆိုင်တွေ၊ ဖက်ရှင်ဒီဇိုင်နာတွေ၊ လက်ဝတ်ရတနာ ဆိုင်တွေနဲ့ မိတ်ကပ်ဖန်တီးရှင်တွေ ကလည်း အပြိုင်အဆိုင် ဝင်နွှဲကြရင်း တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီမှုတွေ ပေးခဲ့ကြတာကြောင့် စပွန်ဆာများဖြင့် ချာချာလည်နေသော အကယ်ဒမီပွဲတက်ဖက်ရှင် ဒီဇိုင်းများကို မီးရောင်စုံကြားမှာဝေဝေဆာဆာတွေ့ မြင်ခဲ့ကြရမှာပါ။

" FANCY JOURNAL " အတွဲ (၁ ) ၊ အမှတ် (၃ )

1 comments


ဆုကဗျာ စီစဉ် ထုတ်ဝေသည့် " FANCY JOURNAL " အတွဲ (၁ ) ၊ အမှတ် (၃ ) စတင်ဖြန့် ချီလိုက်ပါပြီ ။ 
ထူးခြားကောင်းမွန်သော သတင်းထူး ၊ သတင်းဦးများ ဖြင့် စာဖတ်ပရိသတ်များအကြိုက် အနုပညာ ၊ သုတ ၊ ရသ ၊ ပညာရေး သတင်းစုံလင်စွာဖြင့် (၁၅ ) ရက်တစ်ကြိမ် ထုတ် " FANCY စိတ်ကူးစွမ်းအားဂျာနယ် " ဆိုင်ပေါ်ရောက်ပြီ ။ 

ပန်းကောင်းပွင့်သည့် စမ်းချောင်း (၂)

0 comments
''ဘင်ခရာအဖွဲ့...အသင်ပြင့်'' ''Roll 1 , 2" ''ဒုန်း..ဒုန်း..ဒုန်း..ဒုန်း'' ဘင်ခရာအဖွဲ့၏ စည်းချက်သံ စလိုက်သည်နှင့် Solo သီချင်းတေးသွား အတွက် စတင် တီးမှုတ်နေကြသော ဘင်ခရာအဖွဲ့ကြီးကို ငေးမောကြည့်ရှုရင်း၊ ကျွန်မစိတ်တွေ တစ်အား လှုပ်ရှားနေခဲ့သည်။ တစ်ကယ်တမ်း စိတ်ပါလက်ပါ တီးမှုတ်နေကြသည့် ကျောင်းသူလေးများကြောင့် ကစဉ်ကလျား ဖြစ်နေလိမ့်မည်ဟု ထင်ထားခဲ့သော ကျွန်မ၏ စိတ်တွေက အေးစက်ထုံပေစွာဖြင့် ငြိမ်သက်နေသည်မှာ အံ့သြစဖွယ်ပင်။ ထိုအခိုက်အတန့် ခဏလေးမှာပင် ကိုယ့်ကိုကိုယ် ထူးဆန်းစွာ သတိပြုမိခဲ့သည်က ''သြော်အချိန်ကာလ (၁၂)နှစ်တောင် ကြာသွားခဲ့ပြီကိုး''။

သင်အသက် ၅၀ ကျော်လာသောအခါ

0 comments
စာရေးသူ၊ ဘာသာပြန်ဆို ရေးသားခဲ့သော ''အသက်(၅ဝ) ကျော်လာသောအခါ'' ဆောင်းပါးများတွင် ပါဝင်သော၊ အကြောင်းအရာ တစ်ခုချင်းစီမှာ မူရင်းစာရေးဆရာများ ရေးသားခဲ့သော ရေးမူနှင့် အာဘော်များသာဖြစ်ပြီး စာဖတ်ပရိသတ် ဖတ်ရှုရန် လွယ်ကူစေချင်သည့် ဆန္ဒုဖြင့် အရိုးရှင်းဆုံး ဘာသာပြန်ဆို ရေးသားခဲ့ခြင်းပင် ဖြစ်သည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၇)

0 comments
တွေ့ဆုံခွဲခွာ ဓမ္မတာဟု ဆိုသော်လည်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ပညာသင်ကြားရင်း နေထိုင်ခဲ့ရသော နေ့ရက်များ၏ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာ သည့်အခါ စိတ်ခံစားချက် ပြင်းထန်လွယ်သူ ကျွန်မမှာ ဝမ်းနည်းချင်သလိုလို၊ ဝမ်းသာချင် သလိုလိုနှင့် မရိုးမရွ ဖြစ်လာခဲ့မိသည်။ မြန်မာနိုင်ငံသို့ မပြန်မီ တစ်ရက် အလိုကတည်းက ကျွန်မတို့အားလုံးက ချစ်ခင်လေးစား ခဲ့ရသော ပါမောက္ခကြီး Mr.K.M Shrivastava အား၊ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးများပီပီ ထိခြင်း(၅)ပါးဖြင့် ဦးချကန်တော့ရင်း စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲမိ ခဲ့ရသေးသည်။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009