ချစ်စိတ်ရည်၊ ရွှေတံငါ သီချင်းများပိုင်ရှင်နှင့် ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ(၁၇)

မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်သည် ရုပ်ရှင်လောက၊ ဂီတလောကများတွင် အောင်မြင်သော သမိုင်းမှတ်တိုင် များစွာကို စိုက်ထူနိုင်ခဲ့သော အနုပညာရှင်ကြီး တစ်ဦးပင်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောက၏ အထွတ်အထိပ် မှတ်တိုင်ဖြစ်သော ''အကယ်ဒမီ ထူးချွန်ဆု (၅)ဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည့် အမျိုးသမီး သရုပ်ဆောင်တစ်ယောက် ပီသစွာ သူမ၏အနုပညာ လှုပ်ရှားမှုများနှင့် သူမ၏ဘဝ ဖြတ်သန်းမှုအဖုံဖုံမှာ အနုပညာကို တန်ဖိုးထားသူများနှင့် ကြိုးစားလျှောက်လှမ်း ခဲ့သည့် ဘဝခရီးလမ်းကို အတုယူလေ့လာ လိုသူများ အတွက် မှတ်သားဖွယ်ရာများနှင့် ပြည့်နှက်နေမည်ဟု ယုံကြည်သည့်အတွက် အခန်းဆက် ဆောင်းပါးအဖြစ် ဖော်ထုတ်မေးမြန်း လာခဲ့သည်မှာ အပိုင်း(၁၇)တိုင်ခဲ့ပြီ ဖြစ်သည်။

မင်းသမီးကြီး၏ ဘဝအကြောင်းအရာများမှာ မေးမြန်း၍ မဆုံးနိုင်အောင် များပြားလှသည့်အပြင် စိတ်ဝင်စား ဖွယ်ရာများ။ နာကြည်းဖွယ်ရာများ၊ ပျော်ရွှင်မှုများစွာတို့နှင့် ပြည့်နှက်နေသည်ကိုလည်း သိရှိလေ့လာခွင့်ရခဲ့ပေသည်။ မင်းသမီးကြီးသည် ပြည်သူချစ်သော အနုပညာသမား တစ်ယောက်ပီပီ တေးသီချင်းများစွာကိုလည်း ကျရာဇာတ်ကောင် နေရာအလိုက် သီဆိုနိုင်သူလည်း ဖြစ်သည့်အတွက် ''သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီများ ရှင်မြင့်မြင့်ခင်''ဟု ဂုဏ်ပြုထိုက်ပေသည်။
မင်းသမီးကြီးတို့၏ ခေတ်ကာလက ရုပ်ရှင်ဇာတ်ဝင်တေးများစွာကို သရုပ်ဆောင်များကိုယ်တိုင်သ်ီတိုင်သီဆို ဆို ဆိုပြသ ပြသ ကြရသည့်အတွက်၊ ဂီတလမ်း ကြောင်းပေါ်သို့ အခက်အခဲမရှိ ခြေချခွင့်ရရှိခဲ့ရသည်ဟု မင်းသမီးကြီးကဆိုသည်။ ''ဟိုခေတ်ကတော့ ဒီကားအတွက်ကို သပ်သပ်ရေးပြီး ဆိုကြတာ။ Background နဲ့ အလွမ်းသီချင်းဆိုလည်း သပ်သပ် ရေးတာ။ နောက်မှ နာမည်ကြီးတဲ့သီချင်းတွေကို ပြန်ထည့်တာလေ။ သူတို့ကားတွေထဲပြန်သုံးတာပေါ့။ မာမီတို့ကျ တေးရေးဆရာကိုခေါ်ပြီး ဥပမာ-စန္ဒရားချစ်ဆွေဆိုစန္ဒရားချစ်ဆွေပေါ့။ ကိုတင်လှိုင်ဆို ကိုတင်လှိုင်ပေါ့။ မောင်မောင်ကြီးဆို မောင်မောင်ကြီး။ မင်းသမီး တွေကလည်း အစားထိုးသီချင်းဆိုပေးတဲ့လူမရှိဘူး။ ကိုယ့်ဟာကိုယ်ဆိုကြရ တာ။ ဒီလိုနဲ့ပဲ သီချင်းဆိုတတ်သွားတာပေါ့။ မာမီကလည်းမင်းသမီးဖြစ်ကာစ သီချင်းမဆိုတတ်ဘူး။ အေဝမ်းခင်မောင် ခင်မောင်သင်ပေးတာ။ တိုက်ရိုက်ဆိုရတာ။ မှားလို့ပြန်ဖျက် လာရင်လည်း အဆော်ခံရတာပဲ။ ခေါင်းခေါက်ခံရတာပဲ။ မှားလို့ဆိုပြီး ရပ်မပေး ဘူး။ Live လွှင့်နေတာလေ။ ဘောလုံးပွဲလိုပေါ့။ ဟင်း . .ဟင်း။ ဆိုတာကလည်း ကြောက်ပြီးဆိုရတယ်။ သူတို့ မျက်နှာပဲ ကြည့်နေရတာ။ ကိုယ်ကောင်းသွားပြီး ဆိုရင်လည်း သူတို့က ပြုံးနေရော၊ ကိုယ်မှားသွားရင် သူတို့မျက်နှာကြီး ပျက်နေရော။ အေဝမ်းခင်မောင ခင်မောင်ဆို ခေါက်တာလေ။ မင်းသမီးပဲဖြစ်ဖြစ်၊ ဘယ်သူမှဂရုမစိုက်ဘူး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့လေ။ နားထောင်တဲ့လူက အမှားလည်းအမှားတိုင်း နားထောင်ရ တာ။ အခုဆို သွင်းပြီးတော့ ကိုယ့်ဟာကိုယ်အိမ်မှာ နားထောင်လို့ရတယ်။ ဝင်ဒါမီယာထဲမှာ အေဝမ်းခင်မောင်အဖွဲ့နဲ့ မင်းသမီးပေါက်စဖြစ်တော့ လိုက်ဆိုရတာလေ။ ကိုမင်းနောင်က (၉၇၂)သီချင်းရေးပေးတာ။ အေးအေးအောင်ဆိုတဲ့ (၉၇၂)မဟုတ်ဘူးနော်။ သီချင်း နာမည်သွားတူနေတာ။ သီချင်းကိုတွေ့တယ်ကွာ။ ဒါပေမယ့်သီချင်းကိုညသအနမရှိဘဲရေးထားတော့ melody ကို မမှတ် မိကြတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။ တချို့သီချင်းတွေကျ ဟိုဘက်အပိုဒ်လေး မှတ်မိလိုက်၊ ဒီဘက်အပိုဒ်လေး မှတ်မိလိုက် အဲလိုဖြစ်နေတယ်။ အစအဆုံး မရတော့ဘူး။ မာမီမျက်နှာဖုံးနဲ့ သီချင်းစာအုပ်ထဲက တချို့သီချင်းတွေဆို မာမီသိတောင်မသိဘူး။ တချို့ အဆိုတော်တွေဆို မသိတာအများကြီးပဲ။ သူတို့ဆိုလိုချင်ကြမှာပဲလေ။ ကိုမင်းနောင်နဲ့ တွေ့တုန်းကတောင် ပြောရသေးတယ်။ အစ်ကိုရေ သီချင်းတွေရှိတယ်နော်။ အေး . .တဲ့ ရန်ကုန် မှာ ''ရွှေပြည်အေး'' သီချင်းကို အများဆုံးဆိုတာ''မြင့်မြင့်ခင်''ပဲတဲ့။ ''နားပန်းဆံ''တစ်ပုဒ်ပဲ ဆိုခိုင်းတာပဲလေ။ ရွှေတိုင်ညွန့် အမှတ်တရ ပွဲတုန်းကဆိုရင် နီနီဝင်းရွှေကလေ''ချစ်စိတ်ရည်''ကို ဆိုချင်တာဆိုပြီးလာပြောတော့ ဘေးကနေမာမီက ငုတ်တုတ်ထိုင်ပြီး စိတ်ထဲမှာ Feel ဖြစ်သွားတာပေါ့။ ဆိုပေါက်ကို တင်တင်မြကိုသွားမေးနေတာ။ မာမီဆိုတာမှန်းလည်း သိချင်မှ သိမယ်ထင်ပါရဲ့လေ။ တင်တင်မြလောက်တော့ မာမီဆိုပေါက်က ကောင်းချင်မှ ကောင်းမှာပါ။ ဒါပေမယ့် မာမီဆိုတဲ့ natural ဆိုပေါက်လေးပဲ မာမီကပြနိုင်တာပေါ့လေ။ အပီအပြင်ကြီး မဟုတ်ပေမယ့်လေ။ ဘယ်လောက်ပဲ နောက်လူက ဆိုဆို ကိုယ့်ထက်သာတာဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူ့ရဲ့မမီတမီအသံက အကောင်းဆုံးပဲ။ သီချင်းကုနပ မချိန်သေး တော့ တက်ချင်ရင်လည်းတက်သွားမယ်။ ကျရင်လည်းအရမ်းကျရော။ တချို့ဟာလေးတွေက မမီဘူးလေ။ အဲ့ဒီ မမှီတဲ့အသံလေးတွေက ချစ်စရာကောင်းနေတာ။ အဲဒါကို ခုလူတွေပြန်လိုက် ဆိုလည်းဆိုတတ်မှာမဟုတ်ဘူး။ 'ရွှေပိုးကောင်'ကို ဒေစီကျော်ဝင်းဆိုထား သလိုပေါ့။ မဟုတ်ဘူးလား။ မဆွေလည်းမမတင်ရဲ့'ရွှေလည်တိုင်'ကို ပြန်ဆို တယ်။ သူ့ရဲ့ မမီတမီအသံကမှ သိပ်ချစ်စရာကောင်းတာလေ။ နောက်လူတွေ'ရီရီသန့်'တို့ပြန်ဆိုတဲ့ ''ဥတုသုံးလီ'လည်း အရမ်းကောင်း ပါတယ်။ နားထဲစွဲတာတော့ တင်တင်ရဲ့ဆိုပေါက်ကိုပဲ။ သူတို့ကလည်း ဝန်ခံပါတယ်။ မတို့ဆိုတာက မတို့သဘာဝအသံလေးနဲ့ဆိုတာလေတဲ့။ ကျွန်မတို့က''သီချင်းကြီး''ကနေလာတာဆိုတော့ အပီအပြင်တွေပေါ့။ မာမီသီချင်းတွေဆို မမီတမီပါတာများတယ်။ တချို့ ဟာလေးတွေမှာ မဆိုတတ် တော့ အသက်ခိုးရှုတာတွေပါတယ်။ အခုမှသာ သီချင်းထဲရှိုက်သံတွေကလည်း ဆိုနေကြတာနော်။ ဟင်း...ဟင်း။ အဲဒါလေးတွေကလည်း ချစ်စရာလေးလို ဖြစ်နေတာပေါ့။''
မြန်မာတေးသီချင်းကြီးများသည် နားထောင်ခံစားသူအတွက် နားဝင်လွယ်သော်လည်း သီဆိုသူများ အတွက်မူ မှတ်သားရခက်ခဲ၊ နက်နဲပုံကိုလည်း မင်းသမီးကြီး၏ အတွေ့အကြုံများအရ သိရှိရသည်။
''သီချင်းကို ဘယ်လိုမှတ်ပြီး ကျက်ခဲ့လဲဆိုရင် စာလိုပဲကျက်တာပဲ။ အဆွဲအငင်တွေကျရင် ကိုယ့်ပညာ သင်္ကေတ လေးတွေနဲ့ ခဲတံနဲ့အတက်ဆို အတက်ကလေးတွေ ပြထားတာပေါ့။ ဆင်းရမယ်ဆို ကိုယ့်ဟာကိုယ်မှတ်မှတ်ပြီး နောက် ပိတ်ဆုံးက အလွတ်ရပြီး အလွတ်ဆိုတာပေါ့လေ။ မာမီကျ အလွတ်ဆိုမှ အားရတယ်။ ဟိုနေ့က''မြကြာယံ'' သီချင်း ဆိုတော့ စာလုံးလေးက နည်းနည်း ခလုတ်တိုက်တယ်လေ။ မာမီကို ရာဇာဝင်းတင့်လို note ကို stand ပေါ်တင်ပြီး ဆိုပါလားတဲ့။ မဆိုဘူးဟာ ဒီအတိုင်းပဲ ဆိုမယ်ဆိုပြီးတော့ အဲဒီနေရာလေး ကဖြစ်တာပဲ။ အသံလေးတွေက တူတယ်လေ။ သီချင်းအားလုံး အလွတ်ရမှဆိုတယ်။ စိတ်နဲ့ဆိုရတဲ့အခါကျတော့လေကိုယ့် mood နဲ့ကိုယ်လှုပ်ချင်တိုင်းလှုပ်လို့ရတာပေါ့''
ရုပ်ရှင်ဇာတ်ကားများတွင် ရုပ်ရှင်တေးသီချင်း များစွာ ကိုယ်တိုင် သီဆိုခဲ့ရသည့် မင်းသမီးကြီးအတွက် အမှတ်ရစေခဲ့သော ဇာတ်ဝင်တေးများမှာ
''မမထားနဲ့အပါ'' ကားမှာ ကျဟိုတုန်းက 'မေရှင်နဲ့မောင်တင်မောင်' ဆိုခဲ့တဲ့ သီချင်းကို ပြန်ဆိုရတာ။ အဲဒီကား အရမ်းကောင်းတာ။ နောက်ပိုင်းကျ သူ့အိုက်တင် မကြိုက်တော့ဘူး။ အဲဒီတုန်းက လူပျိုပေါက်အရွယ် လုပ်ရတာ လေ။ မာမီက အပျိုကြီးမမထားလုပ်ရတာ။ သီချင်းက ဒယ်ဒီရယ်ဦးဘသန်းရယ် အေဝမ်းခင်မောင်ရွေးပေးတာ သီချင်းတွေကလည်း မေရှင်နဲ့ မောင်တင်မောင် ဆိုခဲ့တာ အရမ်းကောင်းတာ။ အချစ်မှာ မျက်စိမရှိဘူးဆိုတာ သိပ်ပြီးတော့ မှန်တာတဲ့။ ကိုယ်ထက်ကြီးတဲ့ မိန်းမကြီးကို စက်ဘီးပေါ်တင်ပြီး တော့ ''ချစ်မှာလား''သီချင်း မာမီနဲ့ညွန့်ဝင်းနဲ့ ဆိုခဲ့တာ''ရွှေတံငါ''သီချင်းကို လှေပေါ်မှာဆိုကြတယ် 'မာမီနဲ့ညွန့်ဝင်း'နဲ့ဆိုတာ။''
မင်းသမီးကြီးသီဆိုခဲ့ဖူးသည့် ဇာတ်ဝင်သီချင်း အရေအတွက်မှာလည်း မှတ်တမ်းတစ်ခုအနေဖြင့် ကျန်ရစ်ခဲ့စေသည်။
''အများကြီးပဲ။ အပုဒ်နှစ်ဆယ်လောက်ရှိမယ်။ တစ်ကားကို အနည်းဆုံး နှစ်ပုဒ်လောက်တော့ ဆိုရတယ်။''
မင်းသမီးကြီးသည် အကယ်ဒမီ (၅)ဆုရှင်၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သော်လည်း ရုပ်ရှင်ဇာတ်ကား အရေအတွက်မှာ မျှော်မှန်းထားသလောက်၊ များပြားခြင်းမရှိခဲ့ပေ။
''မာမီရိုက်ခဲ့တဲ့ ရုပ်ရှင်ကားပေါင်းက အသံတိတ်ပါပေါင်းရင်တစ်ရာတော့ မပြည့်ဘူး။ 'မေတ္တာရေလှိုင်း'က ပထမဆုံးခသူသကမ ရုပ်ရှင်ပေါ့။ ဒီမှာ ဆေးလို့မရဘူး။ နိုင်ငံခြားမှာ သွားဆေးရတာ။ အိန္ဒိယမှာ သွားဆေးတာ။ ဒါရိုက်တာ ရွှေဘော်ရိုက်တာလေ။ ထွန်းဝေ၊ မောင်သင်၊ တက္ကသိုလ်နေဝင်း (ဗိုလ်ချုပ်အောင်ဆန်းရဲ့ဏဗ)သူကမင်းသမီးရဲ့ အစ်ကိုလုပ်တာ။ မင်းသားကြီးပေါ့။ သူ့မိန်းမရေးတဲ့ဇာတ်လေ။ မင်းသမီးက သီသီ၊ မာမီ၊ ခင်သန်းမြင့်ရယ်။ သီသီနဲ့ မာမီက အချစ်ဆုံးသူငယ်ချင်းလေ။
''မွှေး''ကားမှာ မောင်မောင်ကြီးက''မွှေး''သီချင်း ဇာတ်သိမ်းသီချင်း ကိုဆိုပေးတာ။ မာမီအရင်က ရိုက်ခဲ့တဲ့ ဝတ္ထုတွေက အရမ်းကောင်းတာ။ ဟိုယဉ်ကျေးမှုနဲ့ အခုယဉ်ကျေးမှုနဲ့တော့ မတူဘူးပေါ့''
တေးသီချင်းသီဆိုမှုများ အတွက် Vocal Guide များကလည်း မရှိမဖြစ် လိုအပ်လှပေသည်။ မင်းသမီးကြီး အားအသံနေ၊ အသံထားဖြင့် သင်ပြပေးခဲ့သည့် ဆရာများကိုလည်း ထည့်သွင်း ပြောကြားခဲ့ပေသည်။
''သီချင်းဆိုဖို့အတွက် vocal guide က ဆရာရွှေပြည်အေး၊ အေဝမ်း ခင်မောင်၊ သီချင်းကြီးကျ ဆရာ ဦးဘသန်း သင်ပေးတယ်။''
ဆုကဗျာ
ဆက်လက်တွေ့ဆုံမှတ်တမ်းတင်မည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009