သတင်းကို လက်ဝါးကြီးအုပ်ထားတာတဲ့


မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို နေပြည်တော်မှာ ခမ်းခမ်းနားနား ကျင်းပပြီးစီး သွားခဲ့တဲ့ (၅)နှစ်မြောက်။ သည်နှစ်ကတော့ဖြင့် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေ အတွက် အဆင်ပြေဆုံးနှစ်၊ ကုန်ကျစရိတ် အသက်သာဆုံးနှစ်လို့ပဲ ဆိုရမှာပေါ့ရှင်။ နှစ်စဉ် နှစ်တိုင်းလိုလို အကယ်ဒမီပေးပွဲ တက်ရောက်ခွင့် ရခဲ့ကြတဲ့ မင်းသား၊ မင်းသမီးတွေကို ခေါင်းအစ၊ခြေ အဆုံး ဆင်မြန်းပေးချင်တဲ့ ပိုးထည်ဆိုင်တွေ၊ ဖိနပ် ဆိုင်တွေ၊ ဖက်ရှင်ဒီဇိုင်နာတွေ၊ လက်ဝတ်ရတနာ ဆိုင်တွေနဲ့ မိတ်ကပ်ဖန်တီးရှင်တွေ ကလည်း အပြိုင်အဆိုင် ဝင်နွှဲကြရင်း တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီမှုတွေ ပေးခဲ့ကြတာကြောင့် စပွန်ဆာများဖြင့် ချာချာလည်နေသော အကယ်ဒမီပွဲတက်ဖက်ရှင် ဒီဇိုင်းများကို မီးရောင်စုံကြားမှာဝေဝေဆာဆာတွေ့ မြင်ခဲ့ကြရမှာပါ။
သည်နှစ်ရဲ့ထူးခြားချက်ကတော့ နေပြည်တော်၊ဟိုတယ်ဇုန်ကြီးအတွင်းက နာမည် ကြီးဟိုတယ်များအပါအဝင်နာမည်ရ ဟိုတယ်များနဲ့ ဆောက်လုပ်လက်စဟိုတယ်များစွာကလည်း မင်းသား၊ မင်းသမီးများနဲ့ မီဒီယာအဖွဲ့သားအချို့ကို လက်လှမ်းမှီရာရွေးချယ်ပြီး မေတ္တာဖြင့် တည်းခို ခွင့်များကို တစ်ညတာပေးအပ်ခဲ့ကြတာကြောင့်ပါပဲ။ နေပြည်တော်၊ ဟိုတယ် ဇုန်အမှတ်(၄)မှာဆောက်လုပ်ထားတဲ့ 'မြတ်နန်းရုံဟိုတယ်'မှ ပိုင်ရှင်ဒေါ်စန္ဒာ ကလည်း သရုပ်ဆောင်မင်းသား၊မင်းသမီး(၁၄)ယောက်အတွက်အခန်းများကို မေတ္တာဖြင့်စီစဉ်ပေးခဲ့တာကြောင့် ကျွန်မအပါအဝင် သရုပ်ဆောင်ရဝေအောင်၊ နေမင်း၊အကယ်ဒမီမျိုးသန္တာထွန်း၊ခိုင်နှင်းဝေ၊မယ်လိုဒီ၊ချောရတနာ၊သန္တာဗို၊ မိုးဟေမာန်ခင်၊ရတနာခင်၊မျိုးစန္ဒီကျော်၊လှမျိုးသဉ္ဇာနွယ်၊ချမ်းမီမီကို၊သဒ္ဒါထက်၊ ဘုန်းမြတ်၊ခရစ္စတီးနား၊ခိုင်ပွင့်၊မိတ်ကပ်ညီညီမောင်(စမ်းချောင်း)၊ မိတ်ကပ် ကိုဘိတ် ပေါ်ပြူလာဂျာနယ်မှ မအေးနွယ်လှိုင်နှင့် အဖွဲ့သားများ အစရှိသူများ အလှဖန်တီးရှင်များစုံစုံညီညီ၊ စုစုဝေးဝေးကိုယ်ပိုင်နှစ်ယောက်ခန်းများနဲ့ သက် သောင့်သက်သာသီးသန့်နားနေခွင့်ရရှိခဲ့ကြပါတယ်။ အကယ်ဒမီထူးချွန်ဆု ပေးပွဲ မကျင်းပခင် ဇန်နဝါရီလ(၂၃)ရက်၊ နံနက်ပိုင်းကတည်းက မိတ်ကပ်ဖန်တီး ရှင်များနဲ့မင်းသမီးများရဲ့အင်အားမမျှတမှုကြောင့် ကြိုတင်ပြင်ဆင်မှုများကို အချိန်များစွာရယူပြီးပြင်ဆင်ခြယ်သခဲ့ကြရပါတယ်။ စာနယ်ဇင်းမောင်နှမများ ကလည်း မင်းသား၊မင်းသမီးများရှိရာဟိုတယ်များဆီသို့အရောက်လှမ်း လာ ကြပြီး ကြိုတင်ပြင်ဆင်မှုများအတွက် အကယ်ဒမီပွဲတက်ဝတ်စုံများနှင့် မိတ်ကပ် ခြယ်သမှုအပိုင်းများ၊အကယ်ဒမီရင်ခုန်သံစကားများကိုမေးမြန်းနေကြတာ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နေပြည်တော်၊ မြတ်နန်းရုံဟိုတယ်ကြီး အတွင်းမှာဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ဘန်ဂလို(၁ဝ)လုံးမှာ (၄)ယောက်အိပ် နှစ်ခန်းတွဲဘန်ဂလိုများကို အခန်း(၄ဝ)ဖွဲ့စည်းထားတာကြောင့် မင်းသမီးများ အတွက် မျက်နှာချင်းဆိုင်အခန်းများသာမက ဘေးချင်းကပ်ရပ်အခန်းများကို လည်း အဆင်ပြေအောင်ပိုင်ရှင်ဒေါ်စန္ဒာမှစီစဉ်ပေးထားခဲ့တာကြောင့် ကျွန်မတို့ မှာကျေးဇူးတင်မဆုံးပါ။ မိတ်ကပ်ဖန်တီးရှင်အခန်းတစ်ခန်းထဲတွင် စုပေါင်းပြီး မိတ်ကပ်လိမ်းပြီးတာနဲ့ကိုယ်စီအခန်းများဆီသို့ နီးနီးနားနားကူးသွားကာ နားနေနိုင်ခြင်းကြောင့်ပါပဲ။ သည်နေရာမှာ ကျွန်မရဲ့လက်ရှိအနေအထားအရ သရုပ်ဆောင်အလုပ်နှင့် မီဒီယာလုပ်ငန်းတွဲဖက်နေသူမို့ Ethics ဟူသောကျင့်ဝတ်ကို၊ အလုံခြုံဆုံးထိန်း ထားရမယ်ဆိုတဲ့အသိက ကျွန်မကိုအချိန်တိုင်းစိုးမိုးနေခြင်းပါပဲ။ ဘာကြောင့် လဲဆိုတော့ ဟိုတယ်မှာ ကျွန်မနှင့် အတူတူတည်းခိုခွင့်ရခဲ့ကြသော မင်းသား၊ မင်းသမီးများဟာ ယခင့်၊ ယခင်ကတည်းက မောင်နှမရင်းချာများသဖွယ် ဆက်ဆံခဲ့ကြသူများဖြစ်တာကြောင့် သူတို့ရဲ့ပုဂ္ဂိုလ်ရေးရာအတွင်းရေးအဖြာဖြာ ကို မသိချင်အဆုံးအနေအထားမှာရှိနေခဲ့တာ ကာယကံရှင်များကိုယ်တိုင် အသိဆုံးဖြစ်ပါတယ်။ ကျွန်မရဲ့ခံယူချက်က''''သူ့နေရာမှာ ငါသာဆိုရင်..'' င်..''ဟူသော ကိုယ်ချင်းစာစိတ်နဲ့ မပြောသင့်တာမပြော၊ မရေးသင့်တာမရေးဆိုတဲ့စိတ်ထား ကိုမွေးထားသူဖြစ်ပါတယ်။ အဆိုး၊အကောင်းနှစ်မျိုးထဲမှာ ကျွန်မကိုမှ ရွေး ပြီးခလုတ်တိုက်အောင် ခြေထိုးခံချင်သူများကို ဥပက္ခာပြုပြီး အပြုံးမပျက် ဆက်ဆံနိုင်အောင်ကြိုးစားသူဖြစ်တာကြောင့် ကျွန်မနှင့်ခင်မင်သော အနုပညာ လောကသားများစွာက အတွင်းရေးကို ကိုယ်တိုင်ဖွင့်မပြောရင် ကျွန်မနား ထောင်လေ့မရှိပါ။ ကျွန်မအနားမှာ အခြားတစ်ယောက်ကိုပြောနေရင်တောင်မှ ကိုယ့်အသိစိတ်နဲ့ကိုယ်အဝေးကိုထထွက်သွားတတ်သူမို့ ယုံကြည်မှုကို အတိုင်း အတာတစ်ခုအထိတည်ဆောက် နိုင်ခဲ့တာဖြစ်ပါတယ်။ မြတ်နန်းရုံဟိုတယ်ကြီးမှာ လည်း ကျွန်မနှင့်အတူတူတည်းခို နေကြသောမင်းသား၊ မင်းသမီးများ စွာရှိနေတာကြောင့် မိတ်ကပ်သွား လိမ်းပြီးချိန်မှာအခန်းကူးရန်ပြန်လာ သောကျွန်မနှင့်ပြင်ပတစ်နေရာတွင် တည်းခိုသောသတင်းထောက်တစ် ဦးတို့ လမ်းခုလတ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့မိပါတယ်။ ''အစ်မ မင်းသမီး''...'' က ဒီဟိုတယ်မှာတည်းတာဆို၊ အခန်းနံပါတ်ဘယ်လောက်လဲ'' ဆိုတဲ့အမေးကို ကျွန်မရိုးရိုးလေး တွေးမိတာကြောင့် အသာတကြည် ပြန်ဖြေခဲ့လိုက်ပါတယ်။ ''သြော်...အစ်မကအခန်း နံပါတ်(၇ဝ၃)၊သူကအခန်းနံပါတ်(..)၊အစ်မအခန်းနားလေးမှာပဲတည်း တာပါ'' လို့အင်တာဗျူးလာမေးတာလို့ကျွန်မတွေးထင်ခဲ့မိတဲ့သတင်းထောက် ကို သူသိချင်တဲ့အခန်းရှိရာသို့ လက်ညှိုးလေးနဲ့ညွှန်ပြရင်း ပြန်ဖြေခဲ့မိပါတယ်။ ''ဟယ်၊ ဒါဆိုသူကမင်းသား'...'နဲ့တစ်ခန်းတည်းအတူတူနေ တာပေါ့၊ဟုတ်တယ်မဟုတ်လား'' လို့ အံ့သြတကြီးနဲ့ဆိုလိုက်ရင်း ဇွတ် အတင်းထောက်ခံခိုင်းနေတဲ့စကားသံကြောင့် ကျွန်မ ထိတ်လန့်သွားပြီး ခေါင်း နပန်းကြီးသွားခဲ့ရပါတယ်။ ကိုယ့်နှုတ်ခမ်းက ကိုယ်ထွက်ကျသွားသောစကား လုံးကိုအပြစ်ဖို့ရင်း ''ဟဲ့၊ အဲ့ဒါတော့ ငါလည်းဘယ်သိပါ့မလဲ။ငါတို့အချင်း ချင်းဒီလိုစကားတွေပြောလို့သင့်တော်ပါ့မလား။နင်အင်တာဗျူးသွား မေးမယ်ထင်လို့ငါပြန်ဖြေလိုက်မိတာ။ကျန်တာငါမသိဘူး'' လို့ပြန်ပြော ရင်း လှည့်ထွက်လိုက်တဲ့ကျွန်မကို အနောက်ကနေ ပြန်ပြောလိုက်တဲ့စကား ကြောင့် ကျွန်မတစ်ညလုံးစဉ်းစားခန်းဝင်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ ''အမလေး၊မသိရင်ခက်မယ်အဲ့ဒီသတင်းကိုသူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားချင်နေတာများ'' တဲ့ ကောင်းရောရှင်။ ကျွန်မသာ မင်းသား၊ မင်းသမီးတွေရဲ့သတင်းကို လက်ဝါးကြီးအုပ်ထား ချင်ခဲ့ရင်ဖြင့် ရည်းစားနဲ့(၇)နှစ်ကြာတွဲပြီး လက်ထပ်ဖို့ပြင်ဆင်ချိန်မှအသည်း ကွဲသွားရရှာတဲ့ သူငယ်ချင်းမင်းသမီးတစ်ယောက်အကြောင်းကိုရေးရမလား၊ မကြာသေးခင်ကမှ မင်္ဂလာစုံတွဲဓာတ်ပုံတွေစိတ်တိုင်းကျရိုက်ကူးသွားခဲ့တဲ့မင်း သမီးအလတ်တစ်ယောက်အကြောင်းကိုပြောရမလား၊စိတ်တိုင်းကျချစ်သူ အရွေးလွန်ပြီး တေးရေးဆရာ၊ အဆိုတော်လေးနဲ့ကျမှ ရင်ခုန်သံထပ်တူညီသွား တဲ့အဆိုတော်၊မင်းသမီးလေးအကြောင်းကိုပဲ ပရိသတ်ကိုချပြရမလားဆိုတဲ့ အတွေးမျိုးစုံက ကျွန်မခေါင်းထဲမှာလွန်ဆွဲနေရင်း ခိုင်မာတဲ့ဆုံးဖြတ်ချက်လေး ချခဲ့မိလိုက်ပြန်ပါတယ်။ ''သူတို့နေရာမှာ -----ငါသာဆိုရင်----'' နေပြည်တော်၊လေဟာပြင်ခန်းမကြီးထဲကိုရောက်တော့လည်း 'မြတ်နန်းရုံ ဟိုတယ်'ကစီစဉ်ပေးခဲ့တဲ့အခန်းတွေထဲမှာ အခန်းတစ်ခန်းကို တစ်ယောက် တည်းသီးသန့်ယူပြီးတည်းခိုသွားခဲ့တဲ့ အဲ့ဒီမင်းသားနဲ့မျက်နှာချင်းဆိုင်ဆုံတွေ့မိ တဲ့အခါ အားတုံ့အားနာစွာနဲ့ မဆီမဆိုင်မျက်နှာပူခဲ့ရသူက ကျွန်မပါပဲ။
ဆုကဗျာ
 (နေပြည်တော်)မြတ်နန်းရုံဟိုတယ်သို့အမှတ်တရ

1 comments:

စံပယ်ချို said...

အနုပညာနဲ့ပတ်သက်တဲ့ဆောင်းပါးလေးဖတ်ပြီးမသိရသေးတာတွေအများကြီးသိခဲ့ရတယ်ဆုရေ

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009