အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၇)

တွေ့ဆုံခွဲခွာ ဓမ္မတာဟု ဆိုသော်လည်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ပညာသင်ကြားရင်း နေထိုင်ခဲ့ရသော နေ့ရက်များ၏ နောက်ဆုံးနေ့ရက်ကို ရောက်ရှိလာ သည့်အခါ စိတ်ခံစားချက် ပြင်းထန်လွယ်သူ ကျွန်မမှာ ဝမ်းနည်းချင်သလိုလို၊ ဝမ်းသာချင် သလိုလိုနှင့် မရိုးမရွ ဖြစ်လာခဲ့မိသည်။ မြန်မာနိုင်ငံသို့ မပြန်မီ တစ်ရက် အလိုကတည်းက ကျွန်မတို့အားလုံးက ချစ်ခင်လေးစား ခဲ့ရသော ပါမောက္ခကြီး Mr.K.M Shrivastava အား၊ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးများပီပီ ထိခြင်း(၅)ပါးဖြင့် ဦးချကန်တော့ရင်း စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲမိ ခဲ့ရသေးသည်။
အကြောင်းမှာကျွန်မကိုယ်တိုင်အပင်ပန်းခံပြီး အိန္ဒိယသို့ယူဆောင် သွားခဲ့သည့် "The Golden Land" အမည်ရှိ ဓါတ်ပုံစာအုပ်ကြီးကို ပါမောက္ခကြီး အား အမှတ်တရလက်ဆောင်ပေးအပ်ရင်း ထိုင်ရှိခိုးလိုက်စဉ် ခဏလေးအတွင်း မှာပင် မျက်လုံးအကြောင်သားဖြစ်ကာ အံ့သြသွားသည့်ပါမောက္ခကြီးက ကျွန်မ တို့ မိန်းကလေးတစ်စုအား လက်အုပ်ကလေးချီကာ ပြန်လည်ကန်တော့ဟန် ပြုခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ပါမောက္ခကြီး၏စိတ်ထဲတွင် မည်သို့ခံစားသွားခဲ့ရသည်ကိုတော့ ကျွန်မ မသုံးသပ်နိုင်ခဲ့သော်လည်း ဂါရဝပြုခြင်း၏လေးနက်မှု ဘာသာတရားနှင့် အတိမ် အနက်ကို ကိုယ်တိုင်လည်းခံယူရင်း၊ ကျွန်မတို့အတွက်လည်း ဝေမျှသွားသည့် လူမျိုးခြား ပါမောက္ခကြီး Mr.K.M Shrivastava အား ပိုမိုလေးစားကြည်ညိုမိခဲ့ ရသည်။ ပါမောက္ခကြီးမှ တည်ငြိမ်လေးနက်စွာဖြင့် ကျွန်မတို့၏ဦးခေါင်းမျာကို ပုတ်ကာ ဆုတောင်းစကားများပြောကြားပေးခဲ့ချိန်တွင် ကိုယ်စီကိုယ်စီအတွေး များဖြင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြပေသည်။ ထို့အတူ I.I.M.C(Indian Institute of Mass Communication) တက္ကသိုလ်အတွင်း၌လည်း၊ စာသင်ကြားရေးနောက်ဆုံးရက်သို့ ရောက်ရှိလာ သည့်အခါ ''နှုတ်ဆက်ခွဲခွာခြင်းအစီအစဉ်''နှင့်အတူ သင်တန်းဆင်း အောင် လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ I.I.M.C တက္ကသိုလ်မှ Director Mr.Shri Sunit Tandon၊ XP Devision (အိန္ဒိယသမ္မတနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန)မှ Joint Secretary Mr.Shri Vishnu Prakash နှင့် Joint Secretary (BSM)တစ်ဦး ဖြစ်သော Mr.Shri T.S Tirumurti နှင့် Mr.Shri Jaideep Bhatnagar တို့မှ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး၊ မြန်မာမီဒီယာအဖွဲ့ကြီးအား ချီးကျူးစကားများဖြင့် မှတ်ချက်ပြုပေးခဲ့ကြသည့်အတွက် ကျွန်မတို့အားလုံးမှာ ဝမ်းသာပီတိဖြစ်ခဲ့ရသေးသည်။ ထို့နောက် မြန်မာမီဒီယာအဖွဲ့ကြီးကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်စကားများအတွက် ဆရာဦးစိုးမြင့်သန်း၊ဆရာဦးဟိန်း လတ်၊ မဆွေဇင်ထားနှင့် မအေးမြတ်သရဖီတို့မှ ပြောကြားပေးခဲ့ကြပြီး ကျွန်မတို့ တစ်ဦးချင်းအားသင်တန်းဆင်းအောင်လက်မှတ်များနှင့်အမှတ်တရလက်ဆောင် များကို ချီးမြှင့်ပေးအပ်ခဲ့လေသည်။ အိန္ဒိယလူထုဆက်သွယ်ရေးတက္ကသိုလ်(I.I.M.C) ကျောင်းသားကျောင်း သူ ဘဝကိုကုန်ဆုံးလွန်မြောက်ခဲ့ရသည့် နေ့ရက်မှာ၊ အားလုံးအတွက်အမှတ် တရများစွာ ကျန်ကောင်းကျန်နိုင်မည်ဟု ယူဆမိသော်လည်း ကျွန်မအတွက်မူ ဘယ်သောအခါမှ မမေ့နိုင်သည့်ဖြစ်ရပ်များကို အိန္ဒိယခရီးစဉ်တစ်လျှောက်လုံး မရိုးနိုင်အောင်ရရှိခဲ့ရလေသည်။ သူများပျော်လို့ မပျော်နိုင် လက်မှတ်ပျောက်လို့မှိုင် ကျွန်မတို့အားလုံးအတွက်ရက်သတ္တပတ်နှစ်ပတ်ကြာတည်းခိုနေထိုင်ခဲ့ရသည့် နယူးဒေလီမြို့ရှိ Crowne Plaza Hotel ကြီးအတွင်း၌ (၁၉)ကြိမ်မြောက် ဓနသဟာယအားကစားပွဲတော်ကြီးအတွက် နိုင်ငံပေါင်းစုံမှလာရောက် တည်းခို ကြသော အားကစားသမားများ၊ မီဒီယာသမားများနှင့် ပြိုင်ပွဲဝင်အုပ်ချုပ်ရေးအဖွဲ့ များဖြင့် ရှုပ်ယှက်ခတ်နေခဲ့ရသည်။ အဆိုပါ ပုဂ္ဂိုလ်များတစ်နေ့ထက်တစ်နေ့များပြားလာခြင်းကြောင့်ခရီးစဉ်များ စွာဖြင့် ထိတွေ့ရင်းနှီးခဲ့ဖူးသော ကျွန်မမှာ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသည့် ထူးဆန်းသောမှားယွင်းမှုကြီးကို ကြုံတွေ့ခဲ့ရလေသည်။ ပြည်တော်ပြန် ခရီးစဉ် အတွက် ပစ္စည်းများသိမ်းဆည်းခြင်း အမှုကိစ္စမပြီးစီးခင်တစ်ညမှာပင်ရုတ်တရက် အခန်းပြောင်းပေးရမည့်ကိန်းသို့စိုက်ရောက်ခဲ့လေ၏။ (၁၃)ရက်ကြာတည်းခိုခဲ့ရာ တတိယထပ်ရှိ အခန်းအမှတ်(၃၂ဝ)မှသည်၊ အဋ္ဌမထပ်ရှိ အခန်းအမှတ်(၈ဝ၂)သို့ (၁၅)မိနစ်အချိန်အတွင်း ပြောင်းရွှေ့ ပေးပါရန် ဟိုတယ်မန်နေဂျာမှ ကောက်ခါ ငင်ကာ အကြောင်းကြားသံကြောင့် သိမ်းဆည်းလက်စပစ္စည်းများ၊ စာအုပ်များ နှင့် သိမ်းဆည်းရန်ကျန်ရှိနေသည့် ပစ္စည်းများကိုစုပြုံ၍ အခန်းပြောင်းရန်ပြင်ဆင် ခဲ့ကြရပေသည်။ ကျွန်မနှင့် အခန်းဖော်မဆုလာဒ်ထွေးတို့နှစ်ဦးစလုံးမှာ ပစ္စည်းပစ္စယ များပြားသူခြင်းဖြစ်နေတာကြောင့် အခန်းတွင်း၌ ဟိုတစ်စ၊ ဒီတစ်စပြန့်ကျဲ နေသော ပစ္စည်းများကို အချိန်တိုအတွင်းမှာ သိမ်းဆည်းခဲ့ကြရလေသည်။ ထိုအချက်မှာ ကျွန်မအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာများနှင့် ကြုံတွေ့ ရလိမ့်မည်ဟုသာ ကြိုတင်သိရှိခဲ့ပါက . . . ပြည်တော်ပြန်ခရီးစဉ်လမ်းကြောင်းအတွက် ကြိုတင်သတ်မှတ်ထားကြ သည့်အတိုင်း (၂ဝ၁ဝ)ခုနှစ်၊ အောက်တိုဘာ(၂)ရက်၊ ညနေ(၆း၃ဝ)နာရီအချိန် တွင် Crowne Plaza Hotel မှ Check-Out လုပ်ကာ၊ အင်ဒီရာဂန္ဒီလေဆိပ် သို့ မြန်မာမီဒီယာအဖွဲ့သားများ တက်ကြွစွာထွက်ခွာလာခဲ့ကြလေသည်။ ကျွန်မတို့အားလုံးအတွက် အိန္ဒိယသမ္မတနိုင်ငံ၊ပြည်ပရေးရာဝန်ကြီးဌာနမှ Media Liaison Officer Mr.Devvart Chakravorthy (မစ္စတာဒေ့ဗ်)မှပင် ဦးဆောင်နှုတ်ဆက်ကာ လေဆိပ်သို့လိုက်လံပို့ဆောင်ပေးခဲ့လေသည်။ နယူး ဒေလီမြို့၏ညမီးရောင်စုံအလှအပများကို ကားပေါ်မှတစ်ဆင့် နောက်ဆုံး အကြိမ် ခံစားမိန်းမောနေရင်း ရုတ်တရက် မစ္စတာဒေ့ဗ်မှပြောကြားလိုက်သည့် စကားတစ်ခွန်းက ကျွန်မနားထဲသို့ ရုတ်ချည်းဝင်ရောက်လာခဲ့သည်။ ''အားလုံးပဲလေယာဉ်လက်မှတ်နဲ့ပတ်စပို့စ်စာအုပ်တွေ စစ်ဆေး ထားကြပါဗျာ။ လေဆိပ်အတွင်းထဲမဝင်ခင် လက်ထဲမှာကိုင်ထားပေး ကြပါ'' ဟူသော မစ္စတာဒေ့ဗ်၏ သတိပေးစကားသံကိုကြားလိုက်ရချိန်မှာ ကျွန်မတစ်ကိုယ်လုံးခေါင်းနပမ်းကြီးသွားလောက်သည်အထိ ခံစား လိုက်ရပေ သည်။ အကြောင်းမှာ ကျွန်မ၏လက်ကိုင်အိတ်အတွင်း၌ Passport စာအုပ် ကိုသာ သတိကြီးစွာဖြင့် ထားမိ၍ လေယာဉ်လက်မှတ်ကိုမည်သည့်နေရာတွင် ထားမိမှန်း မစဉ်းစားတတ်တော့အောင် ထူပူသွားခြင်းကြောင့်ပင်။ တဝီဝီဖြင့် ပြေးလွှားနေသော မော်တော်ယဉ်ကြီးပေါ်မှာ ထိုင်နေရက်နှင့်ပင် ဆောက်တည် ရာမရ ဖြစ်နေသူက၊ ကျွန်မတစ်ဦးတည်းသာ ဖြစ်ခဲ့ရ၏။ ထို့အတွက်ကြောင့် လည်း ကျွန်မ၏အရှေ့ဘက်တွင် ထိုင်နေသောမစ္စတာဒေ့ဗ်ကို အကျိုး အကြောင်းရှင်းပြလိုက်သည့်အခါ၊ တည်ငြိမ်ပြုံးရွှင် သောဟန်ပန်ဖြင့် မစ္စတာ ဒေ့ဗ်က ကျွန်မအားစိတ်မပူရန် ပြောကြားခဲ့သည်။ ''ဆုဆုရေ၊လေယာဉ်လက်မှတ်အတွက်စိတ်မပူပါနဲ့။လေဆိပ် ရောက်ဖို့အချိန်တွေလိုပါသေးတယ်။ စိတ်အေးအေး ထားပြီးအိတ်တွေထဲ ပြန်ရှာကြည့်ပါဦးဗျာ'' ဗျာ''ဟု မစ္စတာဒေ့ဗ်ကဆိုခဲ့သော်လည်း အခန်းပြောင်းရသည့်ည က စာအုပ်အထုပ်များနှင့်အတူ လေယာဉ်လက်မှတ် မှာရောပါသွားသည်ဟု ကျွန်မတွေးထင်မိခဲ့ပေသည်။ သေ ချာပါပြီ။ စာအုပ်အထုပ်ကြီးထဲမှာပဲရှိနိုင်မည်ဟု သုံးသပ်မိ သော်လည်း ကျကျနန၊သော့ခတ်ကာသိမ်းဆည်းထား သောအဝတ်အိတ်ကြီး၏အောက်ဆုံးတွင်ထားမိသော စာ အုပ်ထုပ်ကြီးကို ယခုအချိန်ကျမှမည်သို့မည်ပုံထုတ်ကာ အမြန်ဆုံး ရှာဖွေရမည့်နည်းလမ်းကို ကျွန်မမစဉ်းစားတတ် အောင်ပင်အခက်တွေ့ခဲ့ရပေသည်။ ကျွန်မ၏ဦးနှောက်ကြီးတစ်ခု လုံးထူပူပြီး ငိုမဲ့မဲ့ဖြစ်နေချိန်တွင်ဆရာဦးဟိန်းလတ်၏ နှစ်သိမ့်စကား သံကြောင့် စိတ်အေးချမ်းမှုရရှိသွားခဲ့ရသေး၏။ ''သမီး စိတ်ပူမနေနဲ့ လေ။ဆရာတို့ရဲ့လေယာဉ်လက်မှတ်တွေက E-Ticke(Electronic Ticket) တွေပဲဥစ္စာ။သမီးနာမည်ကိုလေဆိပ်ကောင်တာမှာပြော ပြလိုက်ပြီး မိတ္ထူနဲ့ပြန်လို့ရပါတယ်။ ပြီးတော့ ဆရာတို့တစ်ဖွဲ့လုံးစုပေါင်း ဝယ်ထားတဲ့လေယာဉ်လက်မှတ် တွေလေ။ဘာမှမခက်ဘူးလွယ်လွယ် လေးပါ'' ပါ''ဟုဆိုလိုက်တာကြောင့် ကျွန်မ လည်း အနည်းငယ်စိတ်သက်သာမှုရ သွားသော်လည်း၊ စိတ်တထင့်ထင့်ဖြင့် အင်ဒီရာဂန္ဒီလေဆိပ်ကြီးသို့ ရောက်ရှိလာ ခဲ့လေတော့သည်။ အခြားသူများအား လုံးမှာအိမ်ပြန်ရမည်ဟူသော အသိစိတ် ကြောင့် ပျော်ရွှင်တက်ြ<ွကနေကြသော် လည်း စိတ်ဒုန်းဒုန်းချမပျော်နိုင်သူက ကျွန်မတစ်ဦးတည်းသာဖြစ်မည်ဟု သုံး သပ်မိခဲ့သည်။ ပုလဲတစ်လုံး၊ ရွဲတစ်လုံးနှင့် ပြည်တော်ပြန်ခရီးစဉ် အိန္ဒိယသို့ အလာခရီးစဉ်နေ့ရက် များက ပျော်ရွှင်မှုဖြင့် တက်ြ<ွကနေခဲ့ရပေ မယ့် ပြည်တော်ပြန်ခရီးစဉ်မှာမူ ကျွန်မ ၏ပေါ့ဆမှုကြောင့်အပြည့်အဝမပျော် နိုင် ခဲ့ရပေ။ လေဆိပ်အတွင်းသို့ စတင်ဝင် ရောက်လိုက်သည်နှင့် T.G ကောင်တာ ဝင်ပေါက်အရှေ့မှာလာရောက်နှုတ်ဆက်နေခဲ့သည့်အိန္ဒိယနိုင်ငံပြည်ထောင် စုမြန်မာနိုင်ငံဆိုင်ရာသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၏ အပြုံးမျက်နှာကို ခမ်လှမ်း လှမ်းကပင် မြင်တွေ့လိုက်ရပေသည်။ သို့သော် ကျွန်မနှင့်မစ္စတာဒေ့ဗ်တို့ နှစ်ဦးစလုံးမှာ လေယာဉ်လက်မှတ်ပျောက်ဆုံးနေသည့်အကြောင်းကို လက်မှတ် ကောင်တာသို့ သွားရောက်သတင်းပေးပို့ရန် ဆန္ဒပြင်းပြနေခြင်းကြောင့် မစ္စတာဒေ့ဗ်မှာကျွန်မကို လေဆိပ်အပြင်မှာတစ်ယောက်တည်းထားခဲ့ပြီး အပြေး အလွှားသွားရောက်ဆောင်ရွက်ခဲ့လေတော့သည်။ မြန်မာသံရုံးမှ အဆိုပါပုဂ္ဂိုလ်မှာလည်း အချိန်အတော်ကြာအောင် လေဆိပ် အတွင်းရှိ ဃ့နခု ငည ကောင်တာသို့ ရောက်ရှိမလာနိုင်သေးသည့် ကျွန်မအတွက် စိုးရိမ်ပူပန်စွာဖြင့် အပြေးအလွှားရောက်ရှိလာမှဖြစ်ကြောင်းကုန်စင်ပြောပြခဲ့ မိ၏။ ထို့အတွက်ကြောင့် လေဆိပ်ပြင်ပတွင် ခေတ္တစောင့်ဆိုင်းနေခဲ့ရသည့် ကျွန်မ၏ Luggage များအား သူကိုယ်တိုင်ယူဆောင်ပေးသွားကာ၊ ကြိုတင်၍ ကီလိုချိန်ပေးခြင်းများနှင့် လေယာဉ်လက်မှတ်မိတ္ထူအတွက် မစ္စတာဒေ့ဗ်အား ကူညီလုပ်ကိုင်ပေးခဲ့ခြင်းများကို အားနာစရာကောင်းအောင် ပံ့ပိုးကူညီသွားခဲ့ လေသည်။ တိုင်းတစ်ပါးနိုင်ငံသို့ ရောက်ရှိ နေကြသော်လည်း ကိုယ့်မြန်မာလူမျိုးအချင်း ချင်း ခြေထိုးခံချင်သူ၊ ခလုတ်တိုက်ချင်သူ၊ တစ်ကိုယ် ကောင်းဆန်ချင်သူများရှိ ကြသည့် အနက် ရိုင်းပင်းကူညီလိုစိတ်ပြင်းပြနေသည့် အဆိုပါပုဂ္ဂိုလ်၏စိတ်ရင်း စေတနာမှန်ကို အသိအမှတ်ပြုလေးစားရင်း၊ ကျွန်မအပေါ်မှာ သာမက၊ မီဒီယာ တစ်ဖွဲ့လုံးအပေါ်မှာပါ ဧည့်ဝတ်ကျေပွန်လွန်းလှသည့် ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိထိပ်တန်းပုဂ္ဂိုလ်များနှင့်မစ္စတာဒေ့ဗ်တို့၏ကျေးဇူးများမှာလည်း ကျွန်မအတွက် မည်သည့်အခါမှမေ့ပျောက်နိုင်တော့မည်မဟုတ်ပါ။ နယူးဒေလီမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပျံသန်းနေသည့် TG- 316 လေယာဉ်ကြီးပေါ်သို့ ရောက်ရှိချိန်မှာတော့ အပြန်ခရီးတစ်လျှောက်ဖြစ် ပျက်ခဲ့သမျှ အကြောင်းရင်းများအတွက် ဟင်းခနဲနေအောင် သက်ပြင်းရှည်ကြီး ကို မှုတ်ထုတ်လိုက်ရင်း စိတ်ကိုဖြေလျော့လိုက်မိပေသည်။ ပါးပြင်ပေါ်သို့ ပေါက်ခနဲနေအောင် ပူနွေးစွာကျဆင်းလာသည့်မျက်ရည် စများကို လက်ဖမိုးဖြင့် အသာအယာသုတ်လိုက်ရင်း ကျွန်မစိတ်ထဲလေးလေး နက်နက်တွေးတောမိလိုက်သည်မှာ ''အိန္ဒိယနိုင်ငံခရီးစဉ်မှာ ကျွန်မ အတွက် ဗဟုသုတနဲ့အတွေ့အကြုံကောင်းတွေ ဘယ်လောက်များ များရခဲ့ပါသလဲ'' ဆိုသည့်အချက်ပင်ဖြစ်သည်။ကျွန်မအတွက်အသေချာ ဆုံး အချက်တစ်ချက်မှာ ''အိန္ဒိယကိုရောက်ခဲ့တယ်''ခရီးသွားဆောင်းပါးရှည် ကြီးတစ်ပုဒ်ကို ဇွဲကောင်းကောင်းနှင့် (၃)လတိုင်တိုင်စနစ်တကျ ရေးသားနိုင်ခဲ့ခြင်းပင် ဖြစ်ပေမည်။ ''အိန္ဒိယနိုင်ငံကို ရောက်ရှိ ခဲ့နိုင်အောင်ပို့ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးမှ သံအမတ်ကြီးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ ရွေးချယ်စေလွှတ်ပေး ခဲ့သော Consul General Dr.Madan Mohan Sethil အိန္ဒိယ နိုင်ငံရှိ ပြည်ပရေးရာဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးများ I.I.M.C တက္ကသိုလ်မှ ပါမောက္ခကြီး Mr.K.M Shrivastava နှင့် ဆရာ၊ ဆရာမများ၊ ခရီးစဉ်တစ်လျှောက် ဓါတ်ပုံလိုအပ်ချက်များကို မညည်းမညူရိုက် ကူးပေးသွားခဲ့သည့်ကို ဇင်မင်းဆွေ၊ မသိနားမလည်သမျှ မေးမြန်းသည့်အခါ တိုင်း စိတ်ရှည်စွာဖြင့် ကူညီဖြေရှင်းပေးတတ်သည့် ဆရာဦးမျိုးလွင်၊ ဖခင် တစ်ယောက်လို စောင့်ရှောက်၊ဆုံးမပေးခဲ့သည့်ဆရာဦးဟိန်းလတ်၊ဘဝင်မ ကျသည့်အခါတိုင်း အမုန်းခံ၍ ပြောဆိုဆုံးမတတ်သော ဆရာဦးခင်မောင်ညို (ဘောဂဗေဒ)၊ သင်ခန်းစာများနှင့် ဓါတ်ပုံများကို လိုအပ်တိုင်းကူညီပေးခဲ့သည့် Apple (မေဝင်းမွန်)၊ ခရီးစဉ်တစ်လျှောက် ကူညီပေးခဲ့သည့် သူငယ်ချင်းနုမြတ် (ဒေါက်တာနုမြတ်)နှင့် မီးလေး(မအေးမြတ်သရဖီ)၊ အနေအေးသော်လည်း ကျွန်မလိုအပ်သည် အချိန်တိုင်းလာရောက်ကူညီတတ်သော ပြန်ကြားရေး ဝန်ကြီးဌာနမှ သက်ကိုကို၊ အိန္ဒိယမင်းသားတစ်ယေက်နှင့်တူသည်ဟုဆိုကာ သွားလေရာမှာ အမြဲတမ်းလူမှားနှုတ်ဆက်ခံနေရတတ်သည့် သူငယ်ချင်း ထွန်းနေစိုး (MRTV-4)၊ အားပေးနှစ်သိမ့်မှုများနှင့် ကျွန်မအပေါ်နားလည်မှု များပေးခဲ့ကြသည့် မအေးချမ်းမွန် (Myanmar International) မဆွေ ဇင်ထား၊ မဇင်ဇင်သော်နှင့်သူငယ်ချင်းရတနာထွန်း၊ မန္တလေးမြို့မှ အားကျ ဖွယ်လက်တွဲဖော်နှစ်ဦးဖြစ်သည့်ကိုစည်သူနိုင်နှင့်မရွှေစင်ခိုင်၊ ဝိုင်မူးချင် ယောင်ဆောင်ပြီး နှုတ်ဆက်အနမ်းများပေးသွားခဲ့သည့် သူငယ်ချင်းငွေစန္ဒီ၊ ချစ်စရာသမီးလေးကိုအချိန်တိုင်းသတိရနေတတ်သည့်သဲစုလှိုင်၊ပါမောက္ခကြီး ၏သားဟု ကင်ပွန်းတပ်ခံခဲ့ရသည့်ဆရာဦးစိုးမြင့်သန်း၊ ရောက်လေရာမှာ ပစ္စည်းဆန်းများ ရှာဖွေဝယ်ယူတတ်သည့်မယုလွင်စိုးနှင့်မသူသူအောင်၊ စာတော်သည့် ဓါတ်ပုံဝါသနာရှင် ကိုဆန်းဦးတို့ အပါအဝင် ခရီးသွား ဖော်များ ဖြစ်ခဲ့ကြသည့် မသဇင်ထွေး၊ မအေးကြည်သာဟန်၊ အခန်းဖော် မဆုလာဒ် ထွေးတို့အားလုံးကိုလည်း မှတ်မှတ်ရရ ကျေးဇူးအထူးတင်ရှိမိပါသည်။ ''အိန္ဒိယကိုရောက်ခဲ့တယ်'' ခရီးသွားဆောင်းပါးရှည်ကြီးကိုတန်ဖိုးရှိ သောစာမျက်နှာများထက်မှာ ဖော်ပြပေးခဲ့သည့်ဆရာဦးမြတ်ခိုင်နှင့် စိတ်ရှည် သည်းခံစွာစောင့်မျှော်ဖတ်ရှုရင်း၊ ဝေဖန်အကြံဉာဏ်များကို ဖုန်းဖြင့်တစ်မျိုး လူကိုယ်တိုင်တစ်သွယ်ပေးပို့ခဲ့ကြသည့် စာဖတ်ပရိသတ်များအားလုံးကိုလည်း ကျေးဇူးဂါရဝပြုရင်း၊ အိန္ဒု(Indus)ဟူသောအမည်မှဆင်းသက်လာပြီး၊ ရှေး ခေတ်ပါရှားစကား Hindu နှင့် သင်္သကရိုက် (Sanskrit) ဘာသာ၊ Sindhu မှ အရင်းခံပြီးအိန္ဒိုမြစ်နှင့်ပတ်သက်၍ ဒေသခံတို့မှခေါ်ဝေါ်ကြရင်း သမိုင်းအမည် ဖြစ်လာသောအိန္ဒိယနိုင်ငံသို့ရောက်ရှိသည့်အခါရှောင်ကြဉ်ဖွယ်၊ဆောင်ကျဉ်းဖွယ် များ ရယူနိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ခြင်းဖြစ်ပါသည်။
ဆုကဗျာ 
ဓါတ်ပုံ-မြန်မာမီဒီယာအဖွဲ့

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009