သင်အသက် ၅၀ ကျော်လာသောအခါ

စာရေးသူ၊ ဘာသာပြန်ဆို ရေးသားခဲ့သော ''အသက်(၅ဝ) ကျော်လာသောအခါ'' ဆောင်းပါးများတွင် ပါဝင်သော၊ အကြောင်းအရာ တစ်ခုချင်းစီမှာ မူရင်းစာရေးဆရာများ ရေးသားခဲ့သော ရေးမူနှင့် အာဘော်များသာဖြစ်ပြီး စာဖတ်ပရိသတ် ဖတ်ရှုရန် လွယ်ကူစေချင်သည့် ဆန္ဒုဖြင့် အရိုးရှင်းဆုံး ဘာသာပြန်ဆို ရေးသားခဲ့ခြင်းပင် ဖြစ်သည်။
ယခုတစ်ပတ်အတွက် ဘာသာပြန် ရေးသားခဲ့သော ''Time to start unlearning''မှာ ဘုန်းတော်ကြီး Joseph Kelly S.J ကိုယ်တိုင် ရေးသားထားသော ဆောင်းပါးဖြစ်ပြီး စာရေးသူကိုယ်တိုင်ပင်မျက်စိလည်၊ ခေါင်းရှုပ်စွာဖြင့် ပြန်လည် ရေးသားခဲ့ရသည့် ဆောင်းပါးလည်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် စာဖတ်ပရိသတ်များ ဖတ်ရှုချိန်တွင် တစ်စုံတစ်ရာ ကျေနပ်မှုမရှိပါက ဘာသာပြန်ဆိုသူ ၏အားနည်းချက်ဟုသာ နားလည်ပေးစေလိုပါသည်။ အသက်(၅ဝ)ကျော်လာသောအခါ အခန်းဆက်ဘာသာပြန် ဆောင်းပါးများကို ဂရုတစိုက်ဖတ်ရှုအားပေးခဲ့ကြ သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားရင်း၊ (၅ဝ)ကျော်ဘာသာပြန်စာအုပ်ပြီးဆုံးချိန် နီးကပ် နေပြီဖြစ်သည့်အကြောင်း အသိပေးအပ်ပါသည်ရှင်။ စာရေးသူ သင်ယူဆည်းပူးပြီးသော အသိပညာများဖယ်ရှားပစ်ရန်အချိန်တန်ပြီ အသက်(၅ဝ)နှစ်အရွယ်သည် ဘုရားသခင် နှင့် ပတ်သက်၍ သင်သိထားပြီးသော အယူ အဆများကို မေ့လျော့ပစ်ရန် အကောင်းဆုံး အချိန်ဖြစ်ပြီး အစမှပြန်၍စသင့်သည်။ ဘုန်းတော်ကြီး Joseph Kelly S.J ရေးသည်။ ဘုန်းတော်ကြီး Joseph Kelly S.J သည် အိုင်ယာလန်နိုင်ငံ၊ offlaly ခရိုင်တွင် မွေးဖွားပြီးသားသမီးခုနှစ်ယောက်အနက် အငယ်ဆုံးဖြစ်သည်။ (၁၉၄၉)ခုနှစ်၌ ခရစ် ယာန်ဘာသာ Jesuits ဂိုဏ်းသို့ဝင် ရောက် ပြီး (၁၄)နှစ် ဆည်းပူးလေ့လာပြီးနောက် ကိုရင်ဝတ်သည်။ ¤င်းသည် အင်္ဂလိပ် ဘာသာနှင့် အင်္ဂလိပ်စာပေသမိုင်းဘာသာ ရပ်ဖြင့် ဒပ်ဘလင်မြို့ ယူနီဗာစတီကောလိပ် မှ (၁၉၅၄)ခုနှစ်တွင် ဘွဲ့ရရှိသည်။ ¤င်းသည် (၁၉၆၅)ခုနှစ်က အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာပြီး Cornell နှင့် Loyola တက္ကသိုလ် ကျောင်းများတွင် ဘွဲ့လွန်ပညာရပ်များ ဆည်းပူးခဲ့ သည်။ St.Peter's College New Jersey တွင် ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် အနှစ်(၂ဝ)ထမ်းဆောင် သည်။ (၁၉၉၃)ခုနှစ်တွင် St.Malachy's ဘုရားကျောင်း သို့ ပြောင်းရွှေ့ထမ်းဆောင်သည်။ နယူးယောက်မြို့ရှိ Actors Chapel ဘုရားကျောင်း၏ သင်းအုပ်ဆရာ တစ်ပိုင်အတွင်း စီမံအုပ်ချုပ်ရသော ဘုန်းတော်ကြီးအဖြစ်နှင့် St.Vircent ဆေးရုံ၏ ဘုန်းတော်ကြီးအဖြစ်ထမ်းဆောင်သည်။ ထိုဆေးရုံ၌ နေ့ခင်းပိုင်းတာဝန်ထမ်းဆောင်သည်။ Russel Baker သည် ''သင်ယူဆည်းပူးပြီးသော အသိပညာများ ဖယ်ရှား ပစ်သည့် တက္ကသိုလ်'' တစ်ခုတည်ထောင်ရန် ထင်မိထင်ရာစိတ်ရူးပေါက်ပေါက် ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားဖူးသည်။ ¤င်းဆောင်းပါး၌ မိမိတတ်သိထားပြီး သောအရာများကို စွန့်လွှတ်ဖယ်ရှားနိုင်လေ ကောင်းလေဖြစ်သည်ဟု ရေးသားသည်။ ယင်းသို့ပြုလုပ်နိုင်သူသို့ ပေးအပ် သည့်ဘွဲ့မှာ "Non-Bacholor of Un-Arts" ဤဘွဲ့ကို မိမိ၌ရှိနေသော အချက်အလက်များ၊ အသိပညာများ ကိုထင်ထင်ရှားရှားသိသိသာသာ အသိမှားမလုပ်တော့သူ၊ အသိပညာကင်းမဲ့ သောသူအဖြစ် ရောက်ရှိသူကိုပေးအပ် မည်ဖြစ်သည်။ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည့်အလျောက် ဤဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် ကက်သလစ်ခရစ်ယာန် ဂိုဏ်းကို ကျွန်တော်သတိရမိသည်။ ''သင်ယူဆည်းပူးပြီးသောအသိပညာများ ဖယ်ရှားပစ်ခြင်း'' ဆိုသည့် စကားစုကိုကြည့်ပါ။ ကျွန်တော်သည် ဤသို့ပြုလုပ်ရန် လိုအပ်သည်ဟု မိမိကို မိမိထင်မြင်ယူဆသည်။ ကက်သလစ်ဘာသာကျင့်စဉ်များ သင်ယူခဲ့ရသည့် အချိန်ကို တဖြေးဖြေးချင်း ပြန်လည်စဉ်းစားမိသည်။ ထိုအခါ ခက်ခဲနာကျင်မှုရှိသော်လည်း သင်ယူဆည်းပူးပြီးသော အသိပညာများ ဖယ်ရှားပစ်ခြင်းဆိုသည့်ဖြစ်စဉ်မှ အောင်မြင်မှုအသီးအပွင့်များရရှိခဲ့သည်။ ထာဝရဘုရားသခင်အဖြစ် ငရဲ၊ ငရဲဘုံ၊ လိင်၊ အကုသိုလ်များကိုဆေးကြောသည့်သဘောဖြင့် ဒုက္ခခံရသည့်ဘုံသည် သင်ယူခဲ့ရသည့်အကြောင်း များကို ပြန်လည်စူးစိုက်စစ်ကြောမိ သည်။ ထို့အပြင် ကျွန်ုပ်သင်ယူခြင်းမပြုရသည့် မေတ္တာတရားအကြောင်းများ ကိုလည်း စဉ်းစားမိသည်။ ဘုရားသခင်က ကျွန်တော့်အားပေးအပ်ထားသည့် အသိဥာဏ်နှင့် ယင်းအသိဉာဏ်နှင့် အတူပူးတွဲပါရှိသည့် မေးခွန်းထုတ်ပိုင်ခွင့်၊ စောဒကတက်ပိုင်ခွင့် အယူအဆကို ကျင့်သုံးရန် ရုတ်တရက်ခေါင်းထဲ၌ ပေါ်ပေါက်လာသည်။ ဘုရားသခင်၏ ကြင်နာသနားတတ်သော၊ မေတ္တာထားတတ်သော စိတ်ဓါတ်အပေါ် ယုံကြည်မှု ရှိသည့်အလျောက် ယင်းစိတ်ဓါတ်ဖြင့် ကျွန်တော့်အား တစ်ဖက်စောင်းနည်းဖြစ်နေသော သမိုင်းအမွေအနှစ်များ လွဲမှားနေသော ပုံရိပ်များမှ ကင်းလွတ်အောင်လမ်းညွှန်မှုပေးမည်ဟု ယုံကြည်ပါသည်။ ယင်းသို့သော အလွဲအချော် ဖြစ်နေမှုများနှင့် ''ဘုရားသခင်၏ အလိုဆန္ဒ'' 'ဟု ကင်းပွန်းတပ်ထားပြီး ဘာသာတရားဟုဆိုသည်များကို ကျွန်တော် သင်ယူခဲ့ရသည်။ ကျွန်တော်အပါအဝင် ကက်သလစ်ဘာသာဝင်များ အလွန်စိမ့်ဝင်ပျံ့နှံ့အောင်ပြုလုပ်ထားသည့် တရားသေ အယူအဆ များသည် ဘုရားကျောင်းတော်က အတင်းအကြပ်ထားခြင်းဖြစ်သည်။ လူတို့ကပြုလုပ်ထားသည့် တရားသေ အယူအဆ များဖြစ်သည်။ ယင်းအယူအဆများသည် လူသားတစ်ရပ်လုံးအား ထာဝရ ငရဲဘုံတွင် ပြစ်ဒဏ်ခံရမည်ဖြစ်သည်ဟု ကြမ်းတမ်းခက်ထန်သည့် အယူအဆများသာဖြစ်သည်။ ¤င်းသင်ကြားချက်များတွင် မေတ္တာတရားအကြောင်း ပြောဆိုမှု မရှိသလောက်ဖြစ်သည်။ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကိုသာပြောပြနေသည်။ ယခုအခါ ကျွန်တော်သည် အသက်(၅ဝ)နှစ်ကျော်ပြီဖြစ်သဖြင့် ကျွန်တော်သင်ယူစုဆောင်းမိသည့် အသိပညာများအပေါ် ပြန်လည်သုံးသပ်ရာ အောက်၌နစ်မြုပ်နေသည့်အခြေခံမှုများရရှိရန်အတွက် သင်ယူဆည်းပူးထားပြီးသည့်အကြောင်းအရာအတော်များများကို ဖယ်ရှားမေ့ပျောက်ပစ်ရန်လိုအပ်ကြောင်းတွေ့ရသည်။ သို့မှသာ ဘုရားသခင်ထံသို့ သွားရာလမ်းရှင်းလင်းသွားမည် ဖြစ်သည်။ Jesuit ဂိုဏ်းဝင်ပညာရှင်စာရေးဆရာတစ်ဦးက ဤသို့ရေးသားသည်။ ''လောကုတ္တရာ ဘဝဆီသို့ အသွားလမ်း ဖြစ်သည့် ဦးနှောက်မှနှလုံးသားဆီသို့သွားရာ လမ်းသည် အရှည်လျားဆုံးဖြစ် သည်'' သည်''ဟုဆိုသည်။ ထိုခရီးလမ်းသို့ သွားရောက်ရေးတွင် သင်ယူဆည်းပူး ပြီးသော အသိပညာများဖယ်ရှား မေ့လျော့ပစ်ရန်မှာ အရေးပါသော အချက် ဖြစ်သည်။ အမှန်ဆိုရသော် ဤခရီးလမ်းကို စတင်လျှောက်လှမ်းခြင်းသည်ပင်လျှင် ပြဿနာဖြစ်သည်။ သင်တို့သိပြီးဖြစ် သည့်အတိုင်းပင် ကျွန်ုပ်မွေးဖွားလာစဉ်ကပင်လျှင် ကျွန်ုပ်၏ဝိညာဉ်၌ မူလအဖြစ် ငရဲ(Orginal Skin) တွယ်ကပ်ပါရှိ လာသည်။ ဘဝစတင်သည့် အချိန်ကပင် ဒုက္ခဖြင့်စတင်ခဲ့ရသည်။ အကယ်၍ ကျွန်တော်သည် သာသနာ့ဘောင်သို့ ဝင်ရောက်သည့်အထိမ်းအမှတ်အနေဖြင့် ရေဖြန်းခြင်းမပြုလုပ်ခဲ့ပါက ကျွန်တော်၏ကံကြမ္မာသည် ဘာသာမဲ့ ကလေးငယ် များကဲ့သို့ ငရဲဘုံတွင် အဆုံးအမ ,မရှိ ထာဝရနေရတော့မည်ဖြစ်သည်။ အိုင်ယာလန်ဘာသာရေး ကျောင်းများမှ သင်ကြားသောသင်တန်းစာများအရ ကျွန်တော်သည် ''ဒုစရိုက် ဘက်သို့ ကိုင်းညွတ်လျက်'' မွေးဖွားလာသူဖြစ်သည်။ မည်သူကမျှ ကျွန်တော်သည် ''သုစရိုက်ဘက်သို့ ကိုင်းညွတ်သည်'' ညွတ်သည်''ဟု မပြောကြပေ။ ကျွန်တော်သည် Jesuit ဂိုဏ်းဝင်ဘုန်းကြီးတစ်ဦးအနေဖြင့် လူအများအပြားကို နှစ်ပေါင်း(၄၃)နှစ်ကြာမျှ သာသနာဘောင်သို့ သွတ်သွင်းပေးသည့် အနေဖြင့် ''ရေဖြန်း' ဖြန်း''ပေးခဲ့သည်။ ကလေးငယ်ကလေး၏ အပြစ်မဲ့မျက်လုံးအစုံကို ကြည့် လျက် ကျွန်တော်၏ ခရစ်ယာန်ဂိုဏ်းက သင်ကြားပေးမှုကြောင့်လား၊ ဘုရားသခင်၏ သင်ကြားပေးမှုကြောင့်လားမပြောတတ် ကျွန်တော်၏ စိတ်၌ ဤသို့ တွေးထင်လာမိသည်။ ''ဒုစရိုက်ဘက်သို့ ကိုင်းညွတ်နေသော အရှုပ်ထုပ် ကလေး လာခဲ့လော့၊ ဘုရားသခင်သည် သင်၏မကောင်းမှု ဒုစရိုက်ကို တွယ်ကပ်နေသော သင့်ဝိညာဉ်အား ဖြောင့်မတ်အောင်လုပ်ပေးတော်မူမည်'' သေချာ ရှင်းလင်းသည့်အချက်တစ်ရပ်မှာသင်ယူဆည်းပူးပြီးသည်များကိုဖယ်ရှားပစ်နိုင်လျှင်အကျိုးရှိမည်ဟူသောအချက်ပင်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ဝတ်ပြုဆုတောင်းရန်အတွက် ဘုရားကျောင်းသို့သွားရန် တာဝန်နှင့်ပတ်သက်၍ ကြည့်ကြရအောင်။ ဤကိစ္စမှာ ရောထွေးနေသော တရားဒေသနာတစ်ရပ်ဖြစ်သည်။ တစ်ဘက်တွင် ဘုရားသခင်က ကျွန်ုပ်တို့အား အြ<ွကင်းမဲ့ချစ်ခင်ကြင်နာကြောင်းပြောဆိုထားပြီး၊ အခြားတစ်ဖက်တွင် ''သင်တို့သည် ငါ၏ရှေ့မှောက်သို့ တစ်ပတ် တစ်ကြိမ်လာရောက်ကြရမည့်အပြင် အထူးနေ့ကြီးရက်ကြီးများတွင်လည်း တာဝန်တစ်ရပ်အနေဖြင့် လာရောက်ကြရမည်။ အကယ်၍ သင်တို့မလာရောက်ကြလျင် ထာဝရအပြစ်ကျူးလွန်ခြင်းဖြစ်သည်။ ဤသို့သော ကျူးလွန်သည့်အပြစ်အတွက် ထာဝရငရဲလားရ မည် မည်'' '' ကြိမ်းမောင်းသံဖြစ်သည်။ ဤသို့သော ဖိတ်ခေါ်ခြင်းမျိုးကို မည်သို့တုံ့ပြန်မည်နည်း။ မိတ်ဆွေတစ်ဦး(သို့မဟုတ်) ချစ်သူတစ်ဦးက ဤသို့ ရာဇသံ ပေး၍ ဖိတ်ခေါ်ခြင်းသည် ကောင်းမြတ်သောဆက်ဆံရေးဖြစ်ပါမည်လား။ ဤသည်ကို ကြည့်ခြင်းဖြင့် မိမိသင်ယူဆည်းပူးထားပြီးသော ပညာများဖယ်ရှားပစ်ခြင်းသည် သင့်အားအထောက်အကူဖြစ်စေ မည်ဖြစ်သည်။ တစ်ခါက ကျွန်တ်ာဖတ်ရှုပြီးနှစ်ခြိုက်သဘော ကျမိသည့်စာအုပ်မှာ ''Good Goats: Healing Our Image Of Good" ဖြစ်သည်။ ¤င်း စာအုပ် ရေးသားသူက ဘုရားသခင်၏ ပုံရိပ် သွင်နှင့်ပတ်သက်၍ မေးခွန်းထုတ်၍ ပြဿနာပေါ်လာသည်။ ¤င်း၏ မေးခွန်းမှာ ''သင်သည် ဘုရားသခင် ကို တရားလိုဘက်မှ လိုက်ပါ ဆောင်ရွက်သူအဖြစ် မြင်သလား၊ ဒါမှမဟုတ် တရားခံဘက်မှလိုက်ပါ ခုခံကာကွယ်သူအဖြစ် မြင်သလား'' ဟူသည့်မေးခွန်းဖြစ်သည်။ ထိုမေးခွန်း အပေါ် ကျွန်တော်တို့ပေးသည့် အဖြေ သည် ကျွန်တော်တို့က ဘုရားသခင် အပေါ် မည်သို့သောအပြစ်ရှိသည် မေတ္တာတရားအပေါ် မည်သို့အပြစ်ရှိ သည်ကို ပြောပြခြင်းပင်ဖြစ်သည်။ ကျွန်ုပ်၏ ဘုရားသခင်သည် ကျွန်ုပ် အပေါ် အမှန်တကယ်မေတ္တာရှိပြီး ကျွန်ုပ် ၏ရှေ့မှရပ်တည်ပေးပါမည်လား (သို့မဟုတ်) ကျွန်ုပ်အပေါ် အဆုံးအဖြစ်ပြုရန် (သို့မဟုတ်) စီရင် ချက်ချမှတ်ရန်သာ ကိုင်းညွတ်နေသူ အဖြစ်လား။ ယေဘုယျစီရင်ချက် (သို့မဟုတ်) အကြောင်းအရာတစ်ရပ်ချင်းအလိုက် စီိရင်ချက်ချ မည့်သူလား။ ဤကိစ္ဒ္စနှင့်ပတ်သက်၍ ပေါ်ပေါက်လာ သည့်မေးခွန်းတစ်ရပ်မှာ ''ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ပတ်သက်၍ သင်ယူဆည်းပူးထားသည့်ကိစ္စရပ်များကို ဖယ်ရှားပယ်ဖျက်ပစ်ရန် လေးလေးနက်နက်ဆောင်ရွက်ပြီလား'' ဆိုသည့်မေးခွန်းဖြစ်သည်။ များစွာသောသူတို့သည် ဘုရားကျောင်းတော်မှ ¤င်းတို့အားစွန့်ပယ်ထားခြင်းကြောင့်စိတ်ရှုပ်ထွေး၊ တွေဝေမှုများ ဖြစ်ပေါ်လာပြီး ကျောင်းတော်အပေါ် ဒေါသထွက်လျက်ရှိသည်။ ခရစ်ယာန်သာသနာ၊ ခရစ်ယာန်ဘုန်းတော်ကြီး များသည် အာဏာကိုတစ်လွဲအသုံးချကြပြီး ရှက်ဖွယ်ကောင်းသော အရှုပ်အထွေးများပေါ်ပေါက်လာသည်။ ယနေ့တွေ့ကြုံ နေရသည့် ဝမ်းနည်းဖွယ်ရာကိစ္စမှာ ကက်သလစ်ဂိုဏ်းဆိုင်ရာ အထောက်အကူဖြစ်စေရမည့်အစား မဆီလျော်သူများ အများအပြားတွေ့နေရသည်။ မျှော်လင့်ခြင်းနှင့်မေတ္တာတရား အကြောင်းပြောသည့်သူများ၏စကားသည် နားထောင်မည့် သူမရှိဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် လူအများအားအပြစ်ရှိနေကြောင်း ခံစားလာမိစေရန် ပြုလုပ်နေကြသောကြောင့်ဖြစ်သည်။ မိမိစိုက်ပျိုးသည့်အပင်မှအသီးကိုဆွတ်ခူးနေရပြီးမိမိလုပ်ရပ်ကြောင့် မိမိခံစားနေရပြီ။ နောက်ဆုံး ကျွန်ုပ်တို့မေးရမည့်မေးခွန်းမှာ''''တစ်ဦးတစ်ယောက်သည် မိမိ သင်ယူဆည်းပူးထားသည့်အရာများကို မည်သို့မေ့ပျောက်ဖယ်ရှားပစ်သနည်း'' ဆိုသည့်မေးခွန်းဖြစ်သည်။ ကျွန်ုပ်အထင်ပြောရသော်၊ မေ့ပျောက် ဖယ်ရှားသည့် ဖြစ်စဉ်တွင် မေတ္တာတရားပါဝင်သည်ဟုထင်သည်။ ဤသို့ပြောရခြင်းကြောင့် အန္တရာယ်ဖြစ်နိုင်သည်။ ပြတ်တောက် ပျက်စီးသွားနိုင်သည်။ ကျွန်ုပ်တို့သည် အသက်(၅ဝ)အရွယ်သို့ရောက်လာသည်။ ဘုရားသခင်ကို အမြင်သစ်ဖြင့်ရှုမြင်နိုင်ရန် ဆင်ခြင်ဥာဏ်ရှိနိုင်မည်ဖြစ်သည်။ တနင်္ဂနွေနေ့ ဘုရားရှိခိုးကျောင်းသွားခြင်းသည် မိမိဆန္ဒအရသာသွားခြင်းမျိုးဖြစ် သင့်သည်။ အာပတ်ဖြေဝန်ချတောင်းပန်ခြင်းကိစ္စသည်လည်း သနားကြင်နာ၊ မေတ္တာတရားရှိသော ကျွန်ုပ်တို့တွင် အားနည်းချက်များကို ကျွန်ုပ်တို့ထုတ်ဖော်မပြောမီ ကြိုတင်သိမြင်သော ဘုရားသခင်တွေ့ဆုံပြောဆိုခြင်းမျိုးဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ ဘာသာတရားအပေါ်ယုံကြည်မှုသည် ဘုရားသခင်က ကျွန်ုပ်တို့အားပေးအပ်ထားသည့်အတိုင်း လွတ်လပ်မှု ရှိရမည်။ အချုပ်အခြာအကန့် အသတ်မရှိသင့်ပါ။ အဆုံးစွန်ရည်မှန်းချက်မှာ အခြားသူများအပေါ်မေတ္တာထား ရန်နှင့်အခြားသူများ၏မေတ္တာကိုခံယူရန်ဖြစ်သည်။ ဤသို့သောစကားသည် ရိုးနေပြီ၊ အသစ်အဆန်းမဟုတ်ပါ။ အပြောလွယ်သလောက်တောင် ဆောင်ရွက်ရန်ခက်သောကိစ္စဖြစ်သည်။ သို့သော် ကျွန်တော်အထင်ပြောရလျှင် သူ တစ်ပါ အပေါ်မေတ္တာထားတတ်သူဖြစ်ပြီး သူတစ်ပါး၏မေတ္တာခံယူတတ် သူသည် မိမိသင်ယူဆည်းပူးထားပြီးသော အလွှာများကို ဖယ်ရှားပစ်နေသူပင်ဖြစ်သည်ဟုထင်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် အဟန့်အတားမရှိ လူတိုင်းဆောင်ရွက်နိုင်သော ပြန်၍တုံ့ပြန်တတ်သောသတ္တိရှိသောကြောင့်ဖြစ်သည်။ အံ့ဘွယ်ကောင်းသော C.S Lewis ရေးသားသောစာအုပ်ဖြစ်သည်။ စာအုပ်တွင် မိမိနှလုံးသားအားပိတ်ဆို့ ထားခြင်းကြောင့် ဖြစ်လာမည့်အန္တရာယ်များကိုဖော်ပြထားသည်။ ''အနည်းငယ်မျှချစ်ခြင်းသည် အန္တရာယ်ရှိနိုင်သညှ်ိနိုင်သည်။ မည်သည့်အရာပေါ် အချစ်ထားခြင်းသည် သင်၏နှလုံးသား အားဧကန်အမှန် ကန်အမှန်ဖျ ဖျ ဖျစ်ညစ်ညှစ်ခံရနိုင်ပြီး အသည်းကွဲ ကျန်ရစ်နိုင်သည်။ သင်၏အသည်းနှလုံးအား မပျက်မစီးအကောင်း ပကတိရှိစေလိုလျှင် သင်၏နှလုံးသားအားမည်သူကိုမျှမပေးပါနှင့် ပါနှင့်။ တိရစ္ဆာန် တစ်ကောင်ကိုတောင်မှမပေးပါနှင့် သင်၏နှလုံးသာအားလုံခြုံစွာ သိမ်းဆည်း ထားပြီး၊ မိမိဝါသနာပါအလုပ်များတွင် နှစ်မြုပ်ထားပါ။ သံယောဇဉ်ဖြစ်စေမည့် ကိစ္စများမှရှောင်ကြဉ်ပါ။ သင်၏နှလုံးသားအား သင်၏အတ္တတည်းဟူသော ခေါင်းတလားထဲတွင် သိမ်းဆည်းထားပါ။ သို့သော် ယင်းခေါင်းတလားသည် လုံခြုံသည်၊ မှောင်မဲနေသည်၊ လှုပ်ရှားမှုမရှိဘဲ လေကင်းမဲ့နေသည့်အတွက် သင်၏နှလုံးသားပြောင်းလဲသွားမည်။ သို့သော် အသည်းကွဲမည်တော့မဟုတ်ပါ။ သင့်အသည်းနှလုံးသည် မပျက်စီးမပြိုကွဲသောအသဲနှလုံးဖြစ်လာမည်။ ထိုးဖောက်ခြင်းမပြုနိုင်သော၊ ပြန်လည်ရွေးယူရန်မရနိုင်သော နှလုံးသားဖြစ်လာ မည်။ ဝမ်းနည်းကြေကွဲမှု(သို့မဟုတ်) ဝမ်းနည်းကြေကွဲရန်အန္တရာယ်ရှိမှု၏ နောက်တစ်နည်းမှာ ရှုံ့ချခံရမှုပင်ဖြစ်သည်။ နိဗ္ဗာန်ဘုံ၏ပြင်ပ၌ သင့်အတွက် လုံခြုံမှုအရှိဆုံး၊ အန္တရာယ်အကင်းဆုံး၊ စိုးရိမ်ပူပန်စရာအကင်းဆုံးနေရာမှာ ငရဲဘုံပင်ဖြစ်သည်'' ဘုရားသည် ကျွန်ုပ်တို့ပကတိရှိနေသည့် အနေအထားထက် (သို့မဟုတ်) ကျွန်ုပ်တို့ မိမိတို့ကိုယ်မိမိဆောင်ရွက် နိုင်သည်ဟု ထင်ထားသည်ထက် ပို၍လိုချင်သည်ဆိုလိုသည်မှာ ကျွန်တော်၌ရှိသည့် စွမ်းအားထက်ဘုရားသခင် သည်က ပိုမိုတောင့်ခံလာသည့်အတွက်ကြောင့် နာကျဉ်မှုဖြစ်လာနိုင်သော်လည်း တစ်နေ့၌ နှစ်လိုဖွယ်ဖြစ်သော၊ သင်ယူဆည်းပူးပြီးသော ပညာများဖယ်ရှားရေးဖြစ်စဉ်တွင် လွတ်မြောက်ခြင်းရရှိနိုင်သည်ဟူသည့် သဘော ပင်ဖြစ်သည်။ Russell Baeker ၏ တက္ကသိုလ်မှ တတ်မြောက်အောင်မြင်လာရန်အတွက် အသက်(၅ဝ)အရွယ်ထက်ကောင်းသော အသက်အပိုင်းအခြားရှိပါဦးမည်လား။
ဆုကဗျာဘာသာပြန်သည်။
 Ref: Fifty things To Do When you turn fifty

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009