ရုပ်ရှင်မင်းသမီးကြီး အဆိုတော် ဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် အနုပညာလောက၌ သက်တမ်းရှည်ကြာစွာ အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူထားနိုင်သော ထူးချွန် အနုပညာရှင်တစ်ဦး ဖြစ်သလို အသံတိတ်ရုပ်ရှင်၊ သံစုံသွင်းရုပ်ရှင်၊ ခေတ်ဟောင်း အသံထွက်မှ ယနေ့ အချိန်အထိ ဘဝတူ အနုပညာရှင်များကြား၌ အနုပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်နေဆဲ မင်းသမီးကြီးပင် ဖြစ်ပေသည်။





