၂၈ ကုသိုလ်

ကျွန်မရဲ့ ( ၂၈ ) ကုသိုလ်
 " မရှိလို့ မလှူ၊ မလှူလို့ မရှိ " ဆိုတဲ့စကားကို ကျွန်မ သိပ်လက်မခံချင်ပါဘူး။ တစ်ကယ်တော့ ပြည့်စုံခြင်း မပြည့်စုံခြင်းဆိုတာထက် လှူဒါန်းချင်စိတ်နဲ့ သဒ္ဒါတရားကသာ အဓိကအရေးကြီးဆုံးမို့ မပြည့်စုံတဲ့ ကြားကနေ လှူချင်စိတ်ကြောင့် တစ်နှစ်တာလုံး ကြိုးစားစုဆောင်းရင်း လိုအပ်တဲ့နေရာများမှာ ကိုယ်တိုင် သွားရောက် လှူဒါန်းဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ( ၂၈) နှစ်ပြည့်မွေးနေ့  အလှူကုသိုလ်အတွက် ချစ်သော မိတ်ဆွေ ၊ သူငယ်ချင်းများ အပါအ၀င် ပူးပေါင်းကုသိုလ်ပြု လှူဒါန်းခဲ့ကြတဲ့ ချစ်ယုလေးနဲ့ မကြီးစိုး တို့ ကို အမျှပေးဝေလိုပါတယ်။


အားလုံးသော သူတော်စင်အပေါင်းနှင့်စတနာရှင်များ၊ သူငယ်ချင်းများအပါအ၀င် (၃၁) ဘုံတွင် ကျင်လည်နေ ကြသော ပုဂ္ဂိုလ် သတ္တ၀ါအပေါင်း

`အမျှ ၊ အမျှ အမျှ ယူတော် မူကြပါကုန်သောဝ်....´
`သာဓု သာဓု သာဓု ~~~´

ကျွန်မရဲ့ ဆန္ဒတစ်ခုပါ

အနာကြီးဝေဒနာရှင် အဖိုးအိုများ ရဲ့ မေတ္တာစကားကိုနားထောင်ခဲ့ရတာ
ကလည်း စိတ်ကြည်နှုးစရာကောင်း လှပါတယ်
အိပ်ရာထဲကနေ ထမင်းစားဆောင် အထိ သွားမစားနိုင်တဲ့ ဝေဒနာရှင် အဖွားတစ်ဦးအတွက်
အိပ်ရာပေါ်အထိ ယူဆောင် ကျွေးမွေးခဲ့ရတာ အရမ်းပီတိဖြစ်စရာကောင်းလှပါ
တယ်။

ကျောင်းသူကလေးငယ်များအတွက် ဗလာစာအုပ် ၊ ခဲတံ ၊ဘောပင် ၊ ကွန်ပါဗူး နှင့် မုန့် များ

လမ်း ပေါ်မှ ကလေးငယ်များ အတွက်လည်း လှုဒါန်းခဲ့ ရတာ ကျေနပ်စရာ ကောင်းလွန်းပါတယ်
မရမ်းချောင် ပရဟိတဂေဟာ သို့ မွေးနေ့ အလှုကုသိုလ်( ၂၈ )
စိတ်ကျန်းမာရေး ဆေးရုံကြီးသို့ တတ်အားသမျှ အလှုဒါန
အနာကြီးဝေဒနာရှင် မိသားစုမှ ကျောင်းသားကလေးငယ်များ အတွက် ကျောင်းသုံးပစ္စည်းများ လှုဒါန်း
အိပ်ရာပေါ်ကနေ မထနိုင်ရှာတဲ့ အဖွားတစ်ယောက်ဆီသို့ လည်း
မျက်နှာသုတ်ပုဝါ ၊ မုန့် မျိုးစုံ နဲ့ သနပ်ခါးထုတ်များ လှုဒါန်း ခဲ့ပါတယ်

အပြန် လမ်းဘေး တစ်လျှောက်က လိုအပ်နေသူများအတွက်လည်း
လိုက်ပါ ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းများစွာ နှင့်မရမ်းချောင်ဂေဟာ ရှေ့ မှာအမှတ်တရ

အနာကြီးဝေဒနာရှင်တစ်ဦးချင်
းစီအတွက် သွားတိုက်ဆေး၊သွားပွတ်တံ ၊ဆပ်ပြာ ၊
ခေါက်ဆွဲခြောက် ၊ကော်ဖီ ထုတ် ၊ကွေကာအုတ် ၊
ဘီစကွတ် ၊ မုန့် ခြောက် ၊ မျက်နှာသုတ် ပုဝါ နှင့်
သကြားလုံး များ ပေးအပ်လှုဒါန်းခဲ့ပါတယ်

မွေးနေ့ ဆုတောင်းစကား အမှတ်တရ













0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009