" အေးချမ်းတည်ငြိမ်နိုင်ကြပါစေ"

ရေလိုအေးချမ်းကြပါစေ



အေးချမ်းတည်ငြိမ် နေတယ်ဆိုတာ ကုသိုလ်ကံတစ်မျိုးပါ။
အေးချမ်းတည်ငြိမ် နေတဲ့စိတ် ဟာ မြင့်မြတ်မှု ရှိတယ် ။
အေးချမ်းတည်ငြိမ် နေတဲ့စိတ် ဟာ ကိုယ်ချင်းစာ နာစိတ်ရှိတယ်။
အေးချမ်းတည်ငြိမ် နေတဲ့ စိတ်ဟာ မှန်ကန်သောနည်းလမ်းနဲ့ ပြသာနာတွေကိုဖြေရှင်းနိုင်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့ စိတ်ဟာ ထက်မြတ်သောအတွေးအခေါ်ကောင်းတွေမွေးဖွားနိုင်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့ သူဟာ ကိုယ့်ကို ကိုယ်ယုံကြည်ချက်ပြင်းထန်တယ်။

အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ ကိုယ့်အပေါ်ရန်လိုလာသူကိုပင်သဘောထားကြီးစွာနဲ့ ခွင့်လွှတ်နိုင်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူမှာ မိတ်ဆွေစစ် မိတ်ဆွေကောင်းပေါများနိုင်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာ သူတစ်ပါးကို လေးစားယုံကြည်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာ မနာလို ၀န်တိုစိတ်ကင်းသူဖြစ်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်က အရာရာကို ဦးဆောင်ထိန်းချုပ်နိုင်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူကို လူချစ် လူခင်များစေတယ်။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ တစ်ပါးသူ အချင်းချင်း စိတ်ဝမ်းကွဲအောင်ချောက်မချတတ်ဘူး။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ ဂုဏ်သိက္ခာမြင့်မားစေတယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူမှာ နာမည်ကောင်း ရှိတယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာ တစ်ကိုယ်ကောင်းမဆန်တတ်ဘူး။
အေးချမ်းတည်ငြိမ် နေတဲ့ သူဟာ ခေါင်းဆောင်ကောင်း အရည်အသွေးရှိသူဖြစ်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ ပေါ့ပါး လွတ်လပ်နေတယ်။
အေးချမ်းတည်ငြိမ်နေတဲ့စိတ်ဟာ အရာရာအပေါ် မုဒိတာပွားပေးနိုင်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာ စိတ်ထားရင့်ကျက် မြင့်မြတ်သူဖြစ်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ ဒါနပါရမီ ကြီးစွာဖြင့် လှူဒါန်းပေးကမ်းလိုတယ်။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ အပြစ်အနာ အဆာ ကင်းမဲ့နေတယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာရုပ်အလှ ကို မတွယ်တာတတ်ဘဲ စိတ်အလှကို ဦးစားပေးတတ်သူဖြစ်ပြီး
ရုပ်အလှ နဲ့ စိတ်အလှကိုပေါင်းစပ်ဖွံဖြိုးစေတယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာ သူတစ်ပါးဂုဏ်သိက္ခာကျအောင် လုပ်ကြံမပြောတတ်သူဖြစ်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့စိတ်ဟာ အပြုံးပန်းတွေ ထာဝရဝေဆာစေတယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူဟာ ဘာသာတရားကိုင်းရှိုင်းသူုဖြစ်တယ်။
အေးချမ်းတည်ငြိမ် နေတဲ့သူမှာ အရည်အချင်းကောင်းတွေ တိုးပွားစေတယ်။
အေးချမ်းတည်ငြိမ် နေတဲ့အတွက် နေ့ စဉ်နှင့်အမျှ စိတ်ဓာတ် ၊ အသိဉာဏ် ၊လုပ်ရည်ကိုင်ရည်တိုးတက် လာတယ် ။
အေးချမ်းတည်ငြိမ်အောင် ကြိုးစားနေထိုင်သူတိုင်းအေးချမ်းတည်ငြိမ်မှု အပေါင်း ခံစားရရှိနိုင်ကြပါစေ။
အေးချမ်းတည်ငြိမ်နိုင်သူုဖြစ်ပါစေ။
အေးချမ်းတည်ငြိမ်နိုင်ကြပါစေ ။


လေးနက်သော မေတ္တာဖြင့်
ဆုကဗျာ
2011, Oct 29.

ပန်းလိုမွှေးပျံ့ ကြပါစေ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009