မဆုကဗျာ မွေးနေ့ အလှု ခရီးစဉ် တွင် မည်သူမဆို လိုက်ပါ ကုသိုလ်ပြု လှူဒါန်းနိုင်ကြ

၂၇ နှစ်ပြည့် မွေးနေ့ အလှု ပြုလုပ်ခဲ့စဉ်က
Online Donation အဖွဲ့ မှာ တတ်အားသမျှ ဦးဆောင် ပါဝင်ကုသိုလ်ပြုပေးနေသော သရုပ်ဆောင် မဆုကဗျာ ( Operation Online Editor -လျှတ်တစ်ပြက်သတင်းဂျာနယ်) ၏ မွေးနေ့ အလှုကုသိုလ် အဖြစ် ၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ ၄ ရက် ၊ အဂါ င်္နေ့ ၊ နံနက် ၇နာရီ အချိန်မှစတင်ပြီး ၊ လှည်းကူးမြို့ နယ် အတွင်းရှိ မရမ်းချောင် အနာကြီးရော ဂါသည် ဂေဟာ ရှိ ဝေဒနာရှင် အဖိုး ၊ အဖွား ဦးရေ ( ၁၂၀ ) ယောက် အတွက် တစ်နေ့ တာ ထမင်း ၊ ဟင်း ၊ အာဟာရ များ နှင့်အတူ ငွေကြေး ထောက်ပံ့ ကူညီမှုများကို မွေးနေ့ ရှင် မဆုကဗျာ ကိုယ် တိုင် သွားရောက် လှုဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။ 

ထို့ အပြင် ညနေ ( ၃) နာရီအချိန်တွင် လည်း ရွာသာကြီး စိတ်ကျန်းမာရေး ဆေး၇ုံ ရှိ စိတ်ဝေဒနာခံစားနေရသော ဝေဒနာသည် ( ၁၂၀၀ ) ယောက် အတွက် လည်း ၊ နံနက်စာ နှင့် ညနေစာ အာဟာရ ထမင်း ၊ ဟင်း နှင့်အတူ လိုအပ်နေသော ဆေးဝါးနှင့် ပစ္စည်း များ ကို သွားရောက် လှူ ဒါန်းမည်ဖြစ်ကြောင်း သရှိရပါသည်. ထို့ အတွက်ကြောင့် လိုက်ပါ ကုသိုလ် ပြုလိုသော သူငယ်ချင်း အလှု ၇ှင်များ၊ သတင်းနှင့်မီဒီယာ အသီးသီးမှ ဆရာ ဆရာမ များ ၊ နှင့် ONLINE DONATION GROUP မှ အဖွဲ့ သူ အဖွဲ့ သားများ သာမကပဲ မည်သူမဆိုလိုက်ပါကုသိုလ်ပြု နိုင်ရန် မွေးနေ့ အလှုရှင် မဆုကဗျာ မှနွေးထွေးစွာ ဖိတ်ခေါ် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

သွားလာရေး အတွက်လည်း လူဦးရေ ၂၅ ယောက် ခန့် စီးနိုင်သော J.J. Express မော်တော်ယာဉ်ကို စီစဉ်ပေးထားသလို မိမိတို့ အစီအစဉ်ဖြင့် ထပ်မံလိုက်ပါ ကုသိုလ်ပြု လိုသော သူငယ်ချင်းများအနေဖြင့် လည်း တတ်အားသမျှ ကူညီ ပေးနိုင်ပါရန် aမွးနေ့ ရှင် ကိုယ်စား အကြောင်းကြား နှိုးဆော်အပ်ပါသည်။ 

မွေးနေ့ အလှုနေ့ ရက် ----၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ ( ၄) ရက် ။အဂါ င်္နေ့  
အချိန် -----နံနက် ( ၇ ) နာရီ စုရပ်နေရာ သို့ အရောက် လာပေး ပါရန် 
စုရပ် နေရာ--------လျှတ်တစ်ပြက်ဂျာနယ် ရုံး အရှေ့ 
No,220/222 , ဗိုလ်တစ်ထောင်ဘုရားလမ်း ၊ 
ORCHID Hotel အရှေ့  , Yangon, MYANMAR. နှင့် 
Tokyo donuts လမ်း၄၀ အထက်ဘလောက် 
စုရပ်နေရာများမှ စုပေါင်း ထွက်ခွာကြ ပါမည်။

ဆု ရဲ့ မွေးနေ့ ၊မွေးရက်တိုက်ဆိုင်တဲ့ မွေးနေ့ ရက်မြတ်မင်္ဂလာ အလှုခ၇ီးစဉ် အတွက် ချစ်သော မိတ်ဆွေ သူငယ်ချင်း အပေါင်းကို ခင်မင်လေးစားစွာဖြင့် ဖိတ်ကြား အပ်ပါတယ်ရှင်....

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009