၂၈ ကုသိုလ်

 


သရုပ်ဆောင် ဆုကဗျာ၏ မွေးနေ့ အလှူကုသိုလ်

news
သရုပ်ဆောင် ဆုကဗျာကလည်း သူမရဲ့အသက် (၂၈)နှစ်ပြည့်မွေးနေ့ရက်မှာ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အသက်(၂၈)နှစ်ပြည့်တဲ့ နေ့၊ (၄.၁၀.၂၀၁၁) အင်္ဂါနေ့နံနက်မှာ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မရမ်းချောင် အနာကြီးရောဂါသည်များ စောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ကာ၊ တစ်နေ့တာ အာဟာရထမင်း၊ ဟင်းအလှူဒါနအတွက် အလှူငွေကျပ် တစ်သိန်းနဲ့ အတူ၊ အနာကြီးဝေဒနာရှင် အဖိုး အဖွား(၁၂၀)အတွက်၊ တစ်ဦးချင်းကို သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာ၊ မျက်နှာသုတ်ပုဝါ၊ ကော်ဖီထုပ်၊ ကွေကာအုပ်၊ မုန့်မျိုးစုံ ၊ခေါက်ဆွဲကြော် ၊မြေပဲသကြားလုံးများ စုစုပေါင်း ကျပ်(၅)သိန်းကျော် ဝယ်ယူ လှူဒါန်းခဲ့တဲ့ အပြင် အနာကြီးဝေဒနာရှင် မိသားစု ဝင်ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ မုန့်နှင့်ကော်ဖီထုပ် များလည်း လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။
ထို့ပြင် ရွာသာကြီး၊ စိတ်ကျန်းမာရေး ဆေးရုံရှိ ဝေဒနာရှင်(၁၂၀ဝ)အတွက် နံနက်စာ၊ ညနေစာအာဟာရများအတွက် အလှူငွေကျပ် နှစ်သိန်းငါးသောင်းနှင့် အမျိုးသမီးဝေဒနာရှင် (၃၀ဝ)အတွက် ရွှေပြည်နန်းသနပ်ခါးထုပ်၊ ဘီစကွပ်မုန့်များနဲ့ မျက်နှာသုတ် ပုဝါများလှူဒါန်းခဲ့ပါတယ်။ မွေးနေ့မွေးရက် တိုက်ဆိုင်သော အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းခဲ့သလို တစ်နေ့တာထမင်း၊ ဟင်းအာဟာရများကို စင်ကာပူနိုင်ငံမှ သူငယ်ချင်းမနှင်းယုမွန်နဲ့ ရန်ကုန်မှ မကြီးစိုးတို့ကလည်း ပါဝင လှူဒါန်းကြတယ်လို့ သိရှိရပါတယ်။
“အဓိကကတော့၊ မွေးနေ့မွေးရက် တိုက်ဆိုင်၊ တစ်ထပ်တည်းကျနေတာကြောင့်၊ ထူးထူးခြားခြားလှူဖြစ်တာပါ။ ကိုယ်လှူခဲ့ရတဲ့နေရာတွေ ကလည်း အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေဆိုတော့ ဝမ်းသာမိတယ်။ ဥပမာ-လှည်းကူးကနေ ရန်ကုန်အပြန်လမ်း တစ်လျှောက် လမ်းဘေးက အိမ်လေးတွေ၊ မိသားစုလေးတွေကို လှူရတာလည်း ပီတိဖြစ်မိတယ်။ ကားအကူအညီပေးတဲ့ JJ Express ၊ ဓါတ်ပုံ မှတ်တမ်းတင်ပေးတဲ့ ဦးဝင်းကို ( Sun Star Photo ) နဲ့ Wamiles Skin Care မိသားစုတို့ကိုလည်း ကျေးဇူးတင်ရပါ တယ်။ သူတို့လည်း ကုသိုလ်ဖြည့်ပေးတယ် လို့ခံယူပါတယ်” လို့ ဆုကဗျာက ပြောကြားခဲ့ပါတယ်။
(ရိုးရာလေး မှ ဖော်ပြထားသော မန္တလေးအာရုဏ်ဦးဂျာနယ်ပါ သတင်းမူရင်းအား ပရိသတ် အတွက် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။)

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009