" မွေးနေ့  ကျေးဇူးကဗ္မည်း"

လျှတ်တစ်ပြက် ၊မော်နီတာ ရဲဘော်ရဲဘက်များရဲ့ စေတနာ
မွေးနေ့ မွေးရက် တိုက်ဆိုင်တဲ့ ၂၀၁၁ ခုနှစ်၊အောက်တိုဘာလ (၄ ) ရက်နေ့ မှာကျရောက်ခဲ့သော ဆုရဲ့(၂၈)နှစ်ပြည့် မွေးနေ့ ရက်မြတ် မင်္ဂလာ အတွက် မေတ္တာ ၊စေတနာ များစွာဖြင့် မွေးနေ့ ဆုတောင်း များပေးပို့ ခဲ့ကြတဲ့ဦးဦး ၊ဒေါ်ဒေါ် ၊ အစ်ကို ၊ အစ်မ များ ၊ ညီမလေး ၊မောင်လေးများ နှင့်သူငယ်ချင်း မိတ်ဆွေများ အားလုံးကို ဦးစွာ ပဏာမ ကျေးဇူး တင်ရှိပါကြောင်း ချစ်ခင် ရိုသေစွာဖြင့် ပြောကြားပါရစေရှင်။

အထူးသဖြင့် Face book စာမျက်နှာ Wall , Message များ မှ ဆုတောင်း မေတ္တာ ၀ိုင်းဝန်း ပို့ သကြတဲ့(၄၁၇) ယောက်သော သူငယ်ချင်း မိတ်ဆွေများ နှင့် စာတွေ့ လက်တွေ့ ဆုတောင်း စကားမပေးပို့ နိုင်သော်လည်းရင်မှ မေတ္တာများဖြင့် ဆုတောင်းမေတ္တာပို့ သပေးခဲ့ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။


မွေးနေ့ မတိုင်ခင်နေ့ ရက် ကတည်းက မွေးနေ့ ဆုတောင်း စကားသံလေးနှင့်အတူ ဆုအတွက် မွေးနေ့ အထူးလက်ဆောင် ပတ္တမြားကျောက်စီ ပန်းချီကား ကို ရုံးသို့ လာရောက်ပို့ ဆောင်ပြီး
မေတ္တာထားခဲ့တဲ့ ချစ်သော လင်း @ KHINE WAR LINN ၊ စင်ကာပူနိုင်ငံ မှာ နေထိုင်နေသော် လည်း  ဆုအပေါ်ညီအစ်မအရင်းတစ်ယောက်လို စောင့်ရှောက်ကြင်နာမှုများ ပေးစွမ်းပြီး မွေးနေ့  ကုသိုလ် အတွက် အလှူငွေ ကျပ် (၅ )သိန်း ပေးပို့ လှူဒါန်းရင်း ချစ်စရာခွေးရုပ်ပွပွကြီး ကို မြန်မာပြည် သို့ ခက်ခက်ခဲခဲ အရောက်ပို့ ဆောင်ပေးစွမ်းခဲ့တဲ့ ချစ်ယုလေး @ ZAWNYU MON ၊ အလုပ်များတဲ့ ဆု ကို မတွေ့ တွေ့ အောင်လိုက်ရှာပြီး မွေးနေ့ ဆုတောင်း နှင့်အတူ
အလှူငွေ ကျပ် (၁ ) သိန်းထည့်ဝင်လှုဒါန်းခဲ့တဲ့ မကြီးစိုး၊ ကိုးရီးယားနိုင်ငံမှ မွေးနေ့ လက်ဆောင် ငါးရုပ်ကြီး နှင့်အတူ ဆု နှစ်သက်တဲ့ Skin Food Cosmetics များ ၊မွေးနေ့ post crad ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးပို့ ခဲ့တဲ့ အစ်ကို A.K.T ၊စင်ကာပူနိုင်ငံ မှ ချစ်သော မီးလေး @ TONE LAY ပေးပို့ ထားတဲ့ ရုပ်ဆိုးပေမယ့်ချစ်စရာကောင်းတဲ့ ANGRY BIRD လေး ၊ Face book စာမျက်နှာမှ ပရိသတ်တစ်ဦး ပေးပို့ လာတဲ့ ပန်းစည်း လက်ဆောင် ၊ ဂျပန်နိုင်ငံ မှ မြန်မာပြည်သို့ ၁ နာရီ နီးပါး ဖုန်းခေါ်ပြီး မွေးနေ့ ဆုတောင်းစကားပြောကြားပေးခဲ့ သလို
ရုံးတိုင်ရာရောက် ပန်းစည်းလက်ဆောင် ကိုယ်စားပေးပို့ ခဲ့ တဲ့ ညီမလေး သက်မွန် @ THET MON ၊ မလေးရှားမှ ဆုတောင်းမေတ္တာပို့ သခဲ့တဲ့ မမမာလာ @ HONEY LEE ၊
စင်ကာပူနိုင်ငံမှ မွေးနေ့ ဆုတောင်း စကားပြောကြားနိုင်ဖို့ ခက်ခက်ခဲခဲ ဖုန်းခေါ်ခဲ့တဲ့
မောင်လေး ကိုထက် @ HTET WINT ၊ လူချင်း မတွေ့ ဖူး ကြသေးပေမယ့် မွေးနေ့ ဆုတောင်း စကားကို အဝေးတစ်နေရာမှဖုန်းဆက်ပြီး ပြောကြားခဲ့ကြတဲ့ face book ပေါ်မှ မိတ်ဆွေ သူငယ်ချင်းများ ၊ထိုင်းနိုင်ငံမှ မွေးနေ့ လက်ဆောင်ပါဆယ် ဗူး ကိုပေးပို့ ခဲ့တဲ့ အမည်မသိ ပရိသတ်တစ်ဦး၊ ဆူးလေစေတီတော်မှာ တစ်အားသမျှ အလှူငွေ ထည့်ဝင် လှုဒါန်းပေးရင်း
မွေးနေ့ ကုသိုလ်ပြုပေးခဲ့တဲ့ ညလေး @ CHAN MYAE NOE NOE ၊မွေးနေ့ လက်ဆောင် အမှတ်တရ ကိတ်မုန့် များ နဲ့ အလှကုန်များကို ဖန်တီးတီထွင်ပေးပို့ ခဲ့တဲ့ ချစ်ညီမ ပုသိမ်သူလေး @ Lawer Nyein ၊မွေးနေ့ ပန်းစည်း ကို အံ့အားသင့် ဖွယ် ပေးပို့ ခဲ့တဲ့ ချစ်သော ပုတု ၊မွေးနေ့ ဆုတောင်းချီးမြင့်ခဲ့တဲ့ မန္တလေးမြို့ မှ ညီမလေးဝေမာထွေး ၊ မွေးနေ့  ကုသိုလ် အတွက် မရမ်းချောင်အနာကြီးရောဂါ စောင့်ရှောက်ရေး ဂေဟာ ၊စိတ်ကျန်းမာရေးဆေး ရုံ နှင့် လှုဒါန်းလိုတဲ့ ခရီးစဉ် တစ်လျှောက် စိတ်ရော ကိုယ်ပါ လိုက်လံကူညီ ဖေးမခဲ့ကြတဲ့ ONLINE DONATION GROUP မှ သူငယ်ချင်း များ ၊မွေးနေ့ အမှီ ဖွင့်လှစ်နိုင်အောင် တာဝန်များနဲ့ မအားလပ်တဲ့ ကြားမှဆု အတွက် http://www.wix.com/myokabyar/photos Photography Web site တစ်ခုကို အဝေးတစ်နေရာမှ မေတ္တာဖြင့် ပြုလုပ်ဖန်တီးပေးခဲ့တဲ့ ဦးသားကြီး @ KO THAR GYI ၊ အမည်မဖော်ပြလိုတဲ့ ဆုရဲ့ ပရိသတ် စေတနာရှင် တစ်ဦးပေးပို့ လာတဲ့ အမှတ်တရ လက်ဆောင် နှင့်အလှူခရီးစဉ်အတွက် တစ်နေကုန် အပြင်ရောက်နေသော်လည်း အထူး မွေးနေ့ ကိတ်မုန့်  ချီးမြင့်ပေးခဲ့ကြတဲ့ လျှပ်တစ်ပြက် နှင့် မော်နီတာ ဂျာနယ်မှ လုပ်ဖော်ကိုင်ဖက်များ၊ကိုယ်ပိုင်ဖန်တီးနေတဲ့ စိတ်ကူးစွမ်းအား( FANCY ) ဂျာနယ် မှ ပါရ မီဖြည့်ဖက် များ ၊အောက်တို ဘာ( ၄)ရက်နေ့ တစ်နေ့ လုံး ဖုန်း MESSAGE များဖြင့်ဆုတောင်းမေတ္တာ ပို့ သခဲ့ကြ တဲ့ ကျောင်းနေ ဖက် သူငယ်ချင်းများ ၊ဆု ရဲ့ ပရိသတ်များ ၊ မွေးနေ့ ဆုတောင်း ချီးမြင့် ထုတ်လွှင့်ပေးခဲ့တဲ့ CITY FM နှင့် SHWE FM မှ မိသားစုများ အပါအ၀င် မွေးနေ့ မှာ အမှတ်တရ ဖြစ်အောင်ဝိုင်းဝန်း ဆုတောင်းပေးခဲ့ကြသူများ အားလုံးကိုကျေးဇူးအထူးတင်ရှိ ပါကြောင်း မှတ်တမ်းတင် အပ်ပါတယ်ရှင်။

မိသားစုဝင်တစ်ဦးရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံ နှင့် အိမ်အလုပ်တာဝန် များကြောင့် ရုံး နှင့် အိမ် အပြေးအလွှားသွားရောက်နေရသောနေ့ ရက်များဖြစ်နေတာကြောင့် တစ်ဦးချင်းစီ အပေါ်ကျေးဇူးစကားပြန် လည်ပြောကြားနိုင်သေးခြင်းမရှိသည့်အပေါ် နားလည်ခွှင့်လွှတ်ပေးပါရန်လည်းအလေးအနက် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

ချစ်ခင်ရတဲ့ အားလုံးသော မိသားစု ၀င်များ သူငယ်ချင်း ၊ မိတ်ဆွေများ စိတ်ချမ်းသာလို့ ကိုယ် ကျန်းမာပါစေကြောင်း ရင်မှ ဖြစ်တည်သော စကားလုံးများဖြင့် ဆုတောင်းမေတ္တာပြန်လည်
ပို့ သလိုက်ရ ပါတယ်ရှင်။

                                                              လေးနက်သော မေတ္တာဖြင့် -
                                                    -ဆုကဗျာ
၆.၁၀.၂၀၁၁
အမှတ်တရ ပန်းစည်းလက်ဆောင်
                                                                    
ချစ်ယုလေးရဲ့မွေးနေ့ လက်ဆောင်

ပန်းနုရောင် ဝေလငါးလေး
ချစ်သောလင်းရဲ့ ကျောက်စီပန်းချီ မေတ္တာတရား
အမည်မသိ ပရိသတ် တစ်ဦးရဲ့ လက်ဆောင်ဗူး
တကူးတက ပေးပို့ လာတဲ့ စေတနာ လက်ဆောင်


1 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့မှာ ကုသိုလ်တွေ လုပ်ဖြစ်တာ သိပ်ကောင်းတာဘဲနော်.
လူချစ်လူခင်များတဲ့ ညီမလေး ဆုတစ်ယောက် မွေးနေ့လက်ဆောင်တွေနဲ့အတူ ပျော်ရွှင်နေမှာမြင်ယောင်မိပါရဲ့။
ပြီးတော့လည်း လက်ဆောင်တွေထက် ချစ်ခင်စွာ ပေးပို့လာတဲ့ သူတို့ရဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာကို မြင်တွေ့ခွင့်ရတာ ဆုအတွက် ဝမ်းမြောက်စရာနော်..
နေ့ရက်တိုင်း ပျော်ရွှင်ချမ်းမြေ့ပါစေ.. ပိုမိုသော အောင်မြင်မှုပန်းကို လက်ကမ်းနိုင်ပါစေလို့ ဆုမွန်ခြွေပါတယ်ညီမရေ..

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009