ကြည်ကြည်စိုး၊ မြတ်တို့နှင့် ကိုယ်တိုင်ပြော အထ္ထုပ္ပတ္တိ(၁၉)

မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်သည် သူမပါဝင် သရုပ်ဆောင်ရသော ဇာတ်ကားတိုင်းတွင် ကျရာနေရာမှ တာဝန် ကျေပွန်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦး အဖြစ် မှတ်တမ်းတင် ရပေမည်။ မင်းသမီးကြီးသည် လူတန်းစား အသီးသီး၊ အလွှာအသီးသီး၏ သဘောကို ပေါ်လွင်စွာ ဖန်တီး သရုပ်ဆောင်ပြ နိုင်စွမ်းရှိသူ ဖြစ်သလို ထူးချွန်ဆု မရရှိခဲ့သော်လည်း သရုပ်ဆောင်ချက်များ ပေါ်လွင်အောင် ရိုက်ကူးနိုင်ခဲ့သော ဇာတ်ကားကောင်း များကို စာရေးသူမှ ရှာဖွေ မှတ်တမ်း တင်ထားမိသည်။
အဆိုပါ ဇာတ်ကား အချို့မှာ 'ချစ်ပန်းသဇင်၊ မျှော်တလင့်လင်၊ မြဲတဲ့သစ္စာ၊ မွှေး၊ မမထားနှင့် အပါ၊ မောင့်မမငြိမ်း၊ သြော် မိန်းမ၊ ရွက်ဝါ၊ ရေစီးတစ်ခါ ရေသာတစ်လှည့်၊ တိမ်လွှာမို့မို့လွင်၊ ဝမ်းနည်း ဝမ်းသာ၊ ဗေဒါ၊ သစ္စာကြာခြည်၊ ချစ်သူရွေးမယ်ချစ်ဝဲလည်၊နန့်ငြိမ်းသူ၊ မဟူရာ၊ စိမ်းသင့်မှစိမ်း၊ မြေပြန့် သား၊ ဆုတောင်းတိုင်းသာပြည့်ချင် တယ်၊ မေတ္တာအသင်္ချေ အစရှိသော ဇာတ်ကားများပင်ဖြစ်ပေသည်။ အ ခြားသောဇာတ်လမ်းကောင်း၊ ဇာတ် ကား ကောင်းများရှိသေး သော်လည်း စာရေးသူ၏အတွေ့အကြုံများကြောင့် မှတ်တမ်းတင်ရန်ကျန်ရစ်နေသော ဇာတ်ကားကောင်းများလည်းရှိနိုင်ပေ မည်။ မင်းသမီးကြီးသည် အသက် အရွယ်အရ၊တတိယအရွယ်သို့ရောက် ရှိနေသော်လည်း မှတ်ဉာဏ်အား ကောင်းမွန်ခြင်းကြောင့် သူမရိုက်ကူး သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားများ အကြောင်းကို နောင်လာနောက်သား များအတုယူသိရှိစေရန် အသေးစိတ် ပြောပြနိုင်သူပင်ဖြစ်သည်။ သူမ၏ အနုပညာခြေလှမ်းအစမှ အစပျိုးကာ ယနေ့အချိန်အထိဖြစ်ရပ်များကိုလည်း မှတ်သားထားနိုင်သူဖြစ် သည်။
''စိန်ဂျွန်းသူနာပြုတပ်ဖွဲ့မှာ ပြဇာတ်ကတော့ Nurse ဝတ်စုံနဲ့ ဝတ်စုံနဲ့ 'ချစ်ဋီကာ'ပြဇာတ်ဆိုပြီးရေးထား တာကလေတကယ်တော့'ချစ်ဋီကာ' မဟုတ်ဘူး။ 'ချစ်ဂရုဏာ'။ ဇော်ရုံမှာ ပထမဆုံးပြတဲ့ဟာ ကမှ 'ချစ်ဋီကာ'။ မှားနေကြတာ။ Town Hall (မြို့တော်ခန်းမ)မှာ စိန်ဂျွန်း သူနာပြုရန်ပုံငွေ ပြဇာတ်ကတာ။ 'သထုံသန်း' ဆိုတာက 'ချစ်ဋီကာ' မှာပါတာ။ အဲဒီမှာဘယ်သူမှ Professional တစ်ယောက်မှမပါဘဲ အဲဒီက ဝန်ထမ်းအားလုံးပဲ။ ဒါရိုက်တာ ဦးအေးမြင့်တစ်ယောက်ပဲဝန်ထမ်း မဟုတ်တာ။ ရေကျော်ကဇော်ရုံ မှာကတော့မှ မင်းသားက 'သထုံ သန်း'၊ မင်းသမီးက 'ဝီနီရယ်၊ ရှယ်လီမြ'ရယ်။ ပြဇာတ်ရုံ သပ် သပ်ကိုရှိတာ။'ဇော်'ရုံကရေကျော် အရှေ့ပိုင်းမှာ၊ 'ချစ်ဋီ ကာ'မှာ မောင်ကိုကိုကတေးဂီတ။ အဲဒီ မှာပဲဒါရိုက်တာကနေ မာမီ့ကို 'မြင့်မြင့်ခင်' ဆိုပြီးပေးလိုက် တာ။ မာမီ့နာမည်အရင်းက 'မခင်ကြည်'။သူက'ဦးအေးမြင့်' ဆိုတော့ခင်နဲ့မြင့်နဲ့ရောပြီးပေးလိုက် တာ။ 'မြင့်မြင့်ခင်'ဆိုပြီးဖြစ် သွားတာ။ မာမီက ကြာသပတေး သမီးမဟုတ်ဘူး။ တနင်္လာသမီး။ ဒါပေမယ့်သူ့နာမည်ပါအောင်ပေး လိုက်တာ။ ရွှေပြည်စိုးကုမ္ပဏီက ရိုက်တော့မာမီ့နာမည်ကို 'ကြည် ကြည်စိုး' လို့ပေးတာ။ 'မြင့်မြင့် စိုး' ဆိုတာလည်း ရှိသေးတယ်။ 'အနိုင်မခံ'ကားတစ်ကားမှာပဲဖြစ် သွားခဲ့ဖူးတာလေ။ ဒါပေမယ့် 'မာယာရှင်'ကားမှာလေ'မြင့်မြင့်ခင်' ဆိုတာကိုမြင်သွားတော့ လူတွေ က 'မြင့်မြင့်ခင်'ပဲခေါ်ကြတာ။ အဲဒီတုန်းက 'ကြည်ကြည်စိုး' နဲ့ နောက်ပိုင်း 'မြင့်မြင့်ခင်' နဲ့ တွဲပြီးပရိသတ်တွေသိပ်မသိခဲ့ကြ ဘူးလေ။
သူတို့ကပထမထဲက'မာယာရှင်' ကားထဲက 'မြင့်မြင့်ခင်'လို့ သိ ထားကြတာလေ။ 'အနိုင်မခံ'မှာ မာမီ့ကိုပြန်တွေ့တော့ ဟာ မြင့်မြင့်ခင်ကနေ ကြည်ကြည်စိုး ဘယ်လိုဖြစ်သွားတာလဲ။ မြင့်မြင့်ခင် ကမြင့်မြင့်ခင်ပဲဆိုပြီး နောက်ပိုင်းမာမီ့ကို နောက်ပိုင်း ကားတွေမှာလည်း 'မြင့်မြင့်ခင်' ပဲခေါ်ကြတယ်။ အဲဒီရွှေပြည်စိုး ကုမ္ပဏီနဲ့ မာမီတစ်ယောက်ပဲ ရိုက်ဖူးတာပါ။ ဒါရိုက်တာ မင်းရှင်နောင် ရိုက်ကူးတဲ့ အနိုင် မခံဇာတ်ကားမှာရွှေမန်းထွန်းတင် နဲ့ရွှေကိုတို့ပါတယ်၊အသံတိတ်ကား။ ဗြိတိသျှဘားမားရုပ်ရှင်က ဒါရိုက်တာဦးအောင်ကြီး ရိုက်ကူး ပြီးတော့ မျိုးမြင့်နဲ့သရုပ်တဲ့ ရာဇဝင်အသံတိတ်ကားလေ။ 'စောရဝေဠု' အသံထွက်ကားလေ။ မျိုးမြင့်၊ ဖိုးပါကြီး၊ တင်တင်မူတို့ ပါတယ်။အဲဒီကားမှာကိုကျော်ဆေ မှာကိုကျော်ဆွေ လည်းပါတယ်ထင်တယ်။ ဗြိတိ သျှ ဘားမားကပုဂံ၊ ညောင်ဦးမှာ သွားရိုက်တာ။ ဂျော်လီဆွေက ပေါ်တော့ပေါ်နေပြီ။ ဒါပေမယ့် သူတို့ရေးတာ ဂျော်လီဆွေနဲ့ ကျော်ဆွေရေးတာ မှားတာထင် တယ်။
တောပုန်းကြီးစံဖဲအသံတိတ်ကား က မင်းသားကြီးရွှေဘနဲ့။ သူပုန် ဇာတ်ကောင်နဲ့ပေါ့။ သူ့ကို ဖိနှိပ် လွန်းအားကြီးလို့ ပုန်ကန်ပြီး သူပုန်ဖြစ်သွားတာ။ အရမ်းနာ မည်ကြီးတာ။ 'အောင်သပြေ' ရုပ်ရှင်ကနေဒါရိုက်တာဦးကျော်မြင့် ရိုက်တာ။ ဇာတ်ကောင်နာမည်က 'မခင်ကြည်'။
'သက်ပြင်းနဲ့ စံရှား'ကားက သံစုံသွင်း။ ကျော်ဆွေနှစ်ကိုယ်ခွဲ။ သံစုံသွင်းဆိုတာက တစ်ခါတည်း ဖလင်မှာအသံပါပါပြီးသား။ တီး ဝိုင်းရဲ့အသံလေ။ အသံစက်ထဲမှာ Dialouge ဆိုတာ ကအသံမထွက် တာလေ။ Background Music ပါနေသလိုပေါ့။ 'မြဂနိုင်' ကျတီးဝိုင်းကရုံဒေါင့် တစ်နေရာ ကနေတီးပေးတာ။ သံစုံသွင်း ကဖလင် ထဲမှာပါပြီးပေမယ့် Dialouge ကျတော့အသံ မထွက် လို့ စာတမ်းထိုးပြရတယ်။
'စောရဝေဠု'မှာကျ ယောက်ျားလေးမင်းသားလို သရုပ်ဆောင်ရတာ။ကောင်မလေး က နန်းတွင်းမှာပဲနေနေရတယ်။ ပျင်းတော့ ယောက်ျားလေးလို ဝတ်ပြီးတော့ အပြင်ထွက်ရာက နေ မင်းသားနဲ့တွေ့တာပေါ့။ ဒါပေမယ့် မာမီကဒုတိယနေရာ ကလေ။ မမတင်ကသာမင်းသား နဲ့တွဲရတာ။ ယောက်ျားလိုဝတ်ပြီး မြင်းတွေဘာတွေလည်း စီးရ တယ်။ မင်းသားကလည်း ပထမ တော့ သူ့ကို ယောကျာ်းလေးလို့ ပဲထင်နေတာ။ နောက်မှ မိန်းက လေးဖြစ်သွားတာ။အဲဒီဇာတ်လမ်း မှာ သိပ်ပြီးတော့ heavy ကြီး လွမ်းရ၊ ဆွေးရတာမပါပေမယ့် Scenery အလှလေးတွေကိုပြဖို့ အတွက်ပုဂံ၊ ညောင်ဦးမှာ သွား ရိုက်ကြတာ''
အံ့သြမဆုံးနိုင်ဖွယ် မှတ်သားမှုများနှင့်အတူ ဇာတ်ကောင်နာမည် များစွာကိုလည်း အတိအကျမှတ်သား နိုင်ခြင်းမှာ ပါရမီကောင်းသော မင်းသမီးကြီး၏ ကုသိုလ်ကံနှင့် မိမိအလုပ်အပေါ် တန်ဖိုးထားရို သေမှုပင်ဖြစ်မည်ဟု သုံးသပ်မိသည်။
''မာမီ့ဇာတ်ကောင်တွေက 'မြင့်မြင့်'ဆိုတာတွေများတယ်။ မာမီက နာမည်တစ်လုံးတည်းပါတဲ့ ဇာတ်ကားတွေနဲ့လည်း တော်တော် တွဲရိုက်ဖြစ်တာ များတယ်။ 'မြ'၊ 'မြတ်'၊ 'မွှေး'၊ 'မိ'တို့နဲ့လေ။ 'မြတ်'ဇာတ်ကားမှာ ချစ်စံပယ် 'တင်တင်နွဲ့'ပါ တယ်။'မြ'ကားကျတော့ ဗိုလ်မှူးအေးငွေ ရိုက်တာ။ ခင်လေးယုနဲ့ ကောလိပ်ဂျင်နေဝင်း၊ မောင်မောင်ပါ ပါတယ်။
'ငါဟဲ့ ယောက်ျား'ကားက ဖိုးပါကြီးကုမ္ပဏီက ရိုက်တာ။ ဖိုးပါကြီး ကဒါရိုက်တာ။ 'ဖိုးပါကြီး'၊'ဖိုးပါလေး'ကတစ်တွဲ။ ညွန့်ဆွေနဲ့ချစ်မောင် ကတစ်တွဲ လေ။သူတို့ကျ ညီအစ်ကိုအရင်း။ ဖိုးပါကြီး၊ ဖိုးပါလေးတို့က ညီအစ်ကို မဟုတ်ဘူး။ ဦးကြယ်နီနဲ့ မစိန်ခင်ဆိုတဲ့ အတွဲလည်း ပေါ်လိုက်သေးတယ်''
မင်းသမီးကြီးသည် အနု ပညာမျိုးရိုးမှ ပေါက်ဖွားလာသူ မဟုတ်သော်လည်း ထူးချွန်သော အနုပညာရှင်တစ်ဦး အဖြစ် အသက် (၁၅) နှစ်သမီးအရွယ်မှ ယနေ့တိုင် ရပ်တည်နိုင်သူ ဖြစ်ပေသည်။ အသံ တိတ်ကားအဖြစ် ဖိုးပါကြီးရုပ်ရှင်မှ ဒါရိုက်တာဖိုးပါကြီး၊ ဖိုးပါလေးတို့၏ 'ငါဟဲ့ယောက်ျား' ဇာတ်ကား၊ ရွှေပြည်စိုးရုပ်ရှင်မှ 'ရန်သူ့မေတ္တာ' ဇာတ်ကား၊ ညွန့်ပေါင်းရုပ်ရှင်မှ ဒါရိုက်တာ မောင်ကျော်သန်း၏ 'ချစ်ရေးနဲ့ စစ်သွေး' ဇာတ်ကားများမှ စပြီး တက်နေဝင်းရုပ်ရှင်မှ 'အာသာ ကုမ္မာသမိုင်း' ဇာတ်ကားအထိ ပြောကြားခဲ့ပုံများကလည်း ရွှေချထားလောက်သည့် မှတ်ဉာဏ်နှင့် ဦးနှောက်ပိုင်ရှင်အဖြစ် မှတ်တမ်း တင်ခဲ့မိပေသည်။
''ဖိုးပါကြီးရုပ်ရှင်ကုမ္ပဏီက ဒါရိုက်တာလည်းသူ၊ မင်းသားလည်းသူ ဆိုတော့ မာမီက ဘယ်နေရာက သရုပ်ဆောင် ပေးခဲ့တာလဲ။ အသံတိတ်ကားပေမယ့် သိပ် heavy ကြီးမဖြစ်ပါဘူး။ ပျော်ပျော်ရွှင်ရွှင် ဇာတ်ကားလေးပါပဲ။ ကောင်မလေးက မြူးမြူးထူးထူးလေးပါပဲ။ သိပ်ချစ်ကြ၊ ကြိုက်ကြတာ မပါပါဘူး။ (၁၉၅၁)ခုနှစ်လောက်က ဆိုတော့ကြာပြီလေ။
ရွှေပြည်စိုးရုပ်ရှင်က 'ရန်သူ့မေတ္တာ' ကားက ဒါရိုက်တာဦးစိုးမောင် ရိုက်တာလေ။ တင်ညွန့်၊ ညွန့်မောင်ကြီး၊ ပန်ချာနဲ့ ဒေါ်သန်း ပါတယ်။
ညွန့်ပေါင်းရုပ်ရှင်က ဒါရိုက်တာမောင်ကျော်သန်းရဲ့ 'ချစ်ရေးနဲ့ စစ်သွေး'ကားက အရမ်းကောင်းတာ။ 'ကျေးစေ တမန်' ဇာတ်လမ်းလိုမျိုးပေါ့။ သူ့သီချင်းလည်းရှိတယ်လေ။ အဲလိုအလွမ်းခံစားချက်မျိုး။ ဒီကောင်မလေးနဲ့ ကောင်လေးက သစ်ပင်ကြီးတစ်ပင်မှာ အမြဲတမ်း လာချိန်းတွေ့ကြတာ။ သစ်ပင်ကြီးကို ခြံထဲမှာ ကိုယ့်ဟာ ကိုယ်စိုက်တာ။ သစ်ပင်အစစ် မဟုတ်ဘဲ လုပ်ယူတာမျိုး။ပန်းချီ ဆရာဘရင်လေးက သစ်ပင် Setting လုပ်ပေးတာ။ ဖွဲ၊ လွှစာမှုန့်နဲ့ လုပ်ပေးထားတာ။ ထူးဆန်းတာက မာမီက ထွားထွားကြိုင်းကြိုင်းကြီး ဖြစ်နေတော့ မင်းသားမျိုးသန့်က နည်းနည်းသေးတဲ့ အခါကျတော့ မာမီထိုင်ဖို့ သစ်ပင်ကို အခွက်လုပ်ပေးတယ်။ မာမီက သူ့ထက်နိမ့်သွားအောင်ပေါ့။ အညီဆို သူ့ထက်မြင့်သွားမှာ စိုးလို့လေ။ အဲဒီမင်းသားက သိပ်မရိုက်လိုက်ဘဲ မှတ်မိသလောက် မာမီနဲ့ တစ်ကားရယ်၊ နောက်တစ်ကား၊ နှစ်ကားလောက်ပဲ ရိုက်ဖြစ်လိုက်တယ်။ ကုမ္ပဏီပိုင်ရှင်ရဲ့ ယောက်ဖလေ။ ဦးကျော်သန်းရဲ့ ယောက်ဖပေါ့။ စောဝင်း၊ လှဖေတို့ကျ လူကြမ်းအဖျက်တွေပေါ့။ ဝကြီးက လူရွှင်တော်၊ ဦးစံမြင့်က အဖေခန်းက ပါတာ။ ဝကြီးက မင်းသားသူငယ်ချင်း။ ဟိုတုန်းကပန်ချာ၊သာ ခေါင်ကြီးတို့ကလည်း မင်းသား ရဲ့နောက်လိုက် မြှောက်ထိုးပင့် ကော်လုပ် ပေးတဲ့လူပေါ့။ ရယ် စရာလေးပါအောင်လေ။ မြင့်မြင့်လို့ပဲ ဇာတ်ကောင် နာမည်ပေးထားတာပဲ။
တက်နေဝင်းရုပ်ရှင်က ဒါရိုက်တာမျိုးအောင် ရိုက်မယ့် 'အာသာ ကုမ္မာသမိုင်း' ကားကျ မရိုက်ဖြစ်လိုက်ဘူး။ ရွှေတိဂုံ သမိုင်း။ ကြော်ငြာဓာတ်ပုံပဲ ရိုက်လိုက်ရတယ်''။
ဆုကဗျာ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009