အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၄)

''မဟတ္တမဂန္ဒီမွေးနေ့ အထိမ်းအမှတ် ဂူဗိမာန်သို့'' ''နမတ်စတေး နမတ်စတေး (Namastey)'' အိန္ဒိယရိုးရာ ဘာသာစကားဖြင့် 'မင်္ဂလာပါ' ဟူသော နှုတ်ခွန်းဆက် စကားသံများက မြန်မာမီဒီယာအဖွဲ့ သွားလေရာမှာ ကြားနေရသော မင်္ဂလာစကားပင် ဖြစ်သည်။ လူမျိုး၊ဘာသာချင်း ကွဲပြားခြားနား သော်လည်း ကျွန်မတို့မြန်မာ မီဒီယာအဖွဲ့ကြီး အတွက် အိန္ဒိယနိုင်ငံသည် သီးခြားသက် သက်ဖြင့် သူစိမ်းဆန်မနေဘဲ ရင်းနှီးနွေးထွေးမှုများ ရရှိခဲ့သည်မှာလည်း ထူးခြားမှု တစ်မျိုးပင်ဖြစ်ပေသည်။
အိန္ဒိယနိုင်ငံသည် အခြားသော တိုင်းပြည်များနှင့် ကွဲပြားခြားနားမှု များစွာလည်း ရှိနေခြင်းမှာ အဓိက ဘာသာစကား (၁၇)ခုနှင့် စကားမျိုးကွဲပေါင်း (၂၂ဝဝဝ)ရှိနေပြီး ကမ္ဘာ့ ဘာသာကြီးအားလုံးမှာအိန္ဒိယနိုင်ငံအတွင်း၌ရှိနေခြင်းက စိတ်ဝင်စားဖွယ် အချက်ဖြစ်ခဲ့ရပြန်သည်။ ကျွန်မတို့မြန်မာမီဒီယာအဖွဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရှိနေဆဲ နေ့စွဲဖြစ်သည့်(၂ဝ၁ဝ)ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့မှာ မြင့်မြတ် သောစိတ်ဓာတ်ကိုအစွဲပြု၍ အိန္ဒိယနိုင်ငံလူထုတစ်ရပ်လုံးက 'မဟတ္ထမ' ဟူသောဘွဲ့ထူးကိုအပ်နှင်းခြင်းခံရသည့်မိုဟန်ဒတ်ကရမ်ချန်ဂန္ဒီ (Mohandas Karamchand Gandhi) ၏မွေးနေ့ရက်မြတ်မင်္ဂလာပင် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုကို စွမ်းဆောင်ခဲ့သူ 'မဟတ္တမ ဂန္ဒီ'သည် (၁၈၆၉)ခုနှစ်၊အောက်တိုဘာလ(၂)ရက်နေ့တွင် အိန္ဒိယပြည် အနောက်ပိုင်း၊ကားတိအာဝါးကျွန်းဆွယ်ရှိ၊ပေါ်ဗန်ဒါမြို့တွင်ဖွားမြင်ခဲ့သူဖြစ်ပြီး ဖခင်မှာ အိန္ဒိယတိုင်းရင်းသားပြည်နယ်များဖြစ်သောရာဂျကုတ်နှင့်ဗန်ကနာ ပြည်နယ်များတွင် ဒီဝန်ခေါ်အမတ်ချုပ်ကြီးဖြစ်၍ဂန္ဒီ၏မိခင်ဖြစ်သူမှာမူ ဘုရား၊ တရားရိုသေကိုင်းရှိုင်းကြည်ညိုသူဖြစ်ခြင်းကြောင့် ဂန္ဒီသည် မိခင်ဖြစ်သူထံမှ ဘာသာရေးလိုက်စားမှုကို အမွေဆက်ခံခဲ့သူဟုဆိုနိုင်ပေမည်။ နယူးဒေလီမြို့အနှံ့တွင်လည်း မဟတ္တမဂန္ဒီ၏ (၁၄၁)နှစ်မြောက်အမှတ်တရ အဖြစ် အောက်တိုဘာလ(၂)ရက်နေ့၊ တစ်နေ့တာလုံးမှာ အထိမ်းအမှတ်အခမ်း အနားများကို Shopping Mall များ၊ စားသောက်ဆိုင်များနှင့် နယူးဒေလီမြို့ရှိ နာမည်ကြီးနေရာ၊ ဌာနတိုင်းတွင် ဂန္ဒီ၏ဓာတ်ပုံများ ချိတ်ဆွဲ၍တစ်မျိုး၊ ဆုတောင်းမေတ္တာပို့ကြခြင်းဖြင့်တစ်ဖုံဟောပြောပွဲများကိုလည်း ကျင်းပနေကြ သည်မှာ အိန္ဒိယတစ်မျိုးသားလုံး၏ဂန္ဒီအပေါ်ထားရှိသောမေတ္တာတရားကို ခန့်မှန်းသုံးသပ်နိုင်ခဲ့ကြသည်။ ကျွန်မတို့အဖွဲ့သားများအားလုံးကိုလည်းအိန္ဒိယသမ္မတနိုင်ငံပြည်ပရေးရာ ဝန်ကြီးဌာနမှ Media Liaison Officer Mr. Devvart Chakravorthy (ခေါ်) Mr.Dev (ဒေ့ဗ်)မှဦးဆောင်ပြီး နယူးဒေလီမြို့ရှိ ရာဂ်ျဂတ်(ျြွေါ့အေ)မှ မဟတ္တမဂန္ဒီအထိမ်းအမှတ်ဂူဗိမာန်သို့ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် ဂန္ဒီ၏ မွေးနေ့အထိမ်းအမှတ်၊ အမှတ်တရများစွာကိုတွေ့မြင်ခွင့်ရရှိခဲ့ကြပြန်သည်။ အဆိုပါဂူဗိမာန်သို့အဝင်လမ်းတစ်လျှောက်တွင် မဟတ္တမဂန္ဒီရုပ်ပုံဖြင့် အမှတ်တရရုပ်တုပုံတူများ၊ အတ္ထုပတ္တိစာအုပ်များ၊ ဘောပင်နှင့်ရင်ထိုးများကို ဆိုင်ခန်းငယ်လေးများဖြင့်ရောင်းချပေးနေခြင်းကြောင့် လေ့လာကြည့်ရှုရင်း၊ မှတ်တမ်းတင်နိုင်ခဲ့၏။ '''မဟတ္တမဂန္ဒီအကြောင်း တစေ့တစောင်း'' မဟတ္တမဂန္ဒီသည် ငယ်စဉ်အချိန်က ရာဂျကုတ်နှင့် ဘနဂါးမြို့တွင် ပညာ သင်ကြားခဲ့သူဖြစ်ပြီး မျိုးရိုးအလိုက်အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ် ထောင်ပြုခဲ့ရခြင်းကြောင့် အသက်(၁၇)နှစ်သား၊ ဆယ်ကျော်သက်အရွယ်၌ပင် သားသည် အဖေတစ်ယောက်ဖြစ်နေခဲ့ရပြီဟုသိရှိခဲ့ရသည်။ အင်္ဂလန်ပြည်၊ လန်ဒန်မြို့တွင် ဥပဒေပညာကို(၄)နှစ်ခန့်သင်ယူခဲ့ပြီး (၁၈၈၉)ခုနှစ်တွင် ဝတ်လုံဘွဲ့ရဖြစ်လာကာ မွန်ဘိုင်းမြို့၌ရှေ့နေဘဝကို စတင် အကောင်အထည်ဖော်ခဲ့သူဖြစ်သည်။ (၁၈၉၃)ခုနှစ်တွင် တောင်အာဖရိကသို့ ကားတိအာဝါးမှကုန်သည်တစ်ဦး၏အမှုကို ရှေ့နေလိုက်ပေးရင်း တောင် အာဖရိက၌ အချိန်ကြာမြင့်စွာနေထိုင်ရန်အကြောင်းတစ်ရပ်ဖြစ်ပေါ်လာ ခဲ့ရပြန်သည်။ အကြောင်းရင်းမှာ လူဖြူ၊လူမည်းခွဲခြားသောစနစ်ကြောင့် တောင်အာဖရိက၌ နေထိုင်လျက်ရှိသောအိန္ဒိယတိုင်းရင်းသားများမှာ နိုင်ငံ သားအခွင့်အရေး နှင့် အခြားသောအခွင့်အရေးများမရရှိခဲ့ခြင်းကြောင့် ဂန္ဒီသည် နာတဲပြည်၌ အခြေစိုက်ကာ နာတဲအိန္ဒိယကွန်ဂရက်ကိုတည်ထောင်၍ အိန္ဒိယ ပြည်သားတို့၏အခွင့်အရေးအတွက် ဝတ်လုံတော်အဖြစ်(၁၇)နှစ်တိုင်တိုင် ကြိုး ပမ်းလုပ်ကိုင်ခဲ့ရာမှ သူ၏နိုင်ငံရေးကြိုးပမ်းမှုဝါဒမှာ ကမ္ဘာပေါ်တွင် ဥဒါန်းတွင် ကျန်ရစ်သည်အထိပြောင်မြောက်သွားခဲ့ရပေသည်။ တောင်အာဖရိကတွင် အိန္ဒိယတိုင်းရင်းသားတို့သည် တစ်နယ်မှတစ်နယ်သို့ ဖြတ်ကျော်ကူးပြောင်းခွင့် မရကြခြင်းကြောင့် ဂန္ဒီသည် ထိုအခွင့်အရေးရရန် အိန္ဒိယတိုင်းရင်းသား (၃ဝဝဝ)တို့ကိုဦးစီး၍ ပြည်နယ်၏နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့လေသည်။ သူ၏ ရည်ရွယ်ချက်မှာ မတရားချုပ်ချယ်သောဥပဒေကိုတိုက်ဖျက်ရာ၌ တောင်အာ ဖရိကအစိုးရက အိန္ဒိယတိုင်းရင်းသားအများစုကို ဖမ်းဆီးခြင်းအားဖြင့် အိန္ဒိယ နိုင်ငံရှိသူ၏အမျိုးသားအားလုံးနိုးကြားလာစေရန် ဖြစ်ကြောင်းလေ့လာခဲ့ရသည်။ မဟတ္တမဂန္ဒီသည် (၁၉ဝ၈)ခုနှစ် မှသည် သစ္စာဂြဟတည်ဆောက် သော (၁၉၁၄)ခုနှစ်အထိ ဝင်ငွေ အလွန်ကောင်းသော ရှေ့နေအလုပ် ကိုစွန့်ကာ တောင်အာဖရိကအရေး ကိုကြိုးပမ်းခဲ့ပြီး နောက်ဆုံး၌ တောင် အာဖရိကဘုရင်ခံ ဗိုလ်မှူးစမတ် သည်အိန္ဒိယသားတို့ကို ပညတ်သော ဥပဒေနှင့်စည်းကြပ်သော တစ်နှစ် လျှင် (၃)ပေါင်ကျအခွန်တော်တို့ကို ပလပ်လိုက်ရကြောင်းသိရှိရသည်။ အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုအား စွမ်းစွမ်းတမံကြိုးပမ်းခဲ့သော မဟ တ္တမဂန္ဒီသည် (၁၉၁၅)ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး ပထမကမ္ဘာစစ်ကာလဖြစ်နေခြင်းကြောင့် စစ်ကိုမှီတွယ်ပြီး လက်အောက်ခံနိုင်ငံများနိုးကြားလာကြကြောင်းသိရှိရသည်။ အိန္ဒိယ၌ ဂန္ဒီသည် တောင်အာဖရိကအရေးထက်ကြီးကျယ်သော အိန္ဒိယ နိုင်ငံရေးကြိုးပမ်းမှုကြီးကို စတင်ဆောင်ရွက်ခဲ့ပြီး အိန္ဒိယသို့ပြန်ရောက်လာ သည့်အခါ ဂန္ဒီသည့်အခါ အိန္ဒိယအမျိုးသားကွန်ဂရက်၏ဥက္ကဋ္ဌဖြစ်လာသလို အိန္ဒိယအမျိုးသားစိတ်ဓာတ်ကိုလှုံ့ဆော်ပေးရာဖြစ်သော သတင်းစာကိုလည်း တည်ထောင်ခဲ့ရာ ဂန္ဒီ၏ယန်းအိန္ဒိယသတင်းစာ (Young India) မှာ အထူး ကျော်ကြားခဲ့ကြောင်းသိရှိရသည်။ ဂန္ဒီသည် ရုရှားစာရေးဆရာကြီး လီယို တော်စတွိုင်းအား အလွန်ကြည် ညိုပြီး တော်စတွိုင်း၏အတွေးအခေါ်တို့သည် ဂန္ဒီအားလွှမ်းမိုးခဲ့ခြင်းကြောင့် တော်စတွိုင်း၏ခြိုးခြံမှုကိုအတုယူကာ တောင်အာဖရိက၊ ဒါဗန်မြို့၌ ဖီးနစ်ဟု ခေါ်သော ဓမ္မသာလာယံကျောင်း၊ ဂျိုဟန္နက်စဘတ်အနီး၌ 'တော်စတွိုင်း ယာတော'ဟုခေါ်သော ဓမ္မသာလာယံကျောင်းတို့ကိုတည်ထောင်ကာ ခြိုးခြံ မှု၊ စည်းကမ်းကြီးမှု၊ ကြောက်ရွံ့ခြင်းကင်းမှ စသော အကျင့်တို့ကို ထိုကျောင်း များမှ ပြုစုပေးခဲ့သည်ဟုလေ့လာခဲ့ရသည်။ မဟတ္တမဂန္ဒီသည် မွန်တေဂူ၊ ချမ်းစဖို့ပြုပြင်ရေးကို သပိတ်မှောက်သည့် အပြင် အိန္ဒိယတိုင်းရင်းသားအပေါင်းတို့သည် မိမိတို့ရရှိထားသော ရာထူး၊ ဂုဏ်ထူးတို့ကိုစွန့်၍ ဗြိတိသျှအစိုးရတို့တည်ထောင်ထားသောကျောင်းနှင့် အဖွဲ့ အစည်းမှနုတ်ထွက်ကြပြီး အခွန်တော်ကိုမပေးဆောင်ကြရန် ဆော်သြခဲ့လေ၏။ ဤလှုပ်ရှားမှုကြောင့် ဂန္ဒီ၏ခါဒါဝတ်ဆင်ရေးဟူသော ဝံသာနုရက္ခိတ တရား သည်ပေါ်ပေါက်လာပြန်ကာ ဂန္ဒီ၏နိုင်ငံရေးကြိုးပမ်းမှုခေတ်၌ မြန်မာပြည်တွင် လည်း ပင်နီအင်္ကျီကိုသာဝတ်ဆင်ရမည်ဟူသော ဝံသာနုအဖွဲ့အစည်းတို့ လှုပ် ရှားလာခဲ့သည်ဟု wiki အင်တာနက်စာမျက်နှာများ၌ဖတ်ရှုလေ့လာခဲ့ရသည်။ (၁၉၃၉)ခုနှစ်္က ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ ဂန္ဒီသည် အိန္ဒိယ ပြည်လွတ်လပ်မှသာလျှင် မဟာမိတ်တို့ကို ကူညီပူးပေါင်းနိုင်မည်ဟု ကြေညာ ခဲ့ပြီး မူလက ဂန္ဒီသည် နာဇီဝါဒနှင့် ဖက်ဆစ်ဝါဒ ကို ဆန့်ကျင်၍ ဗြိတိသျှ အစိုးရအကျဉ်းအကျပ်တွေ့စေမည့်အလုပ်ကိုရှောင်ခဲ့သည်။ သို့သော် လွတ်လပ် ရေးအတွက် လူထုဆန္ဒပြင်းပြလာသောအခါ ဂန္ဒီသည် ဘုရင်ခံလော့လင်လစ်ဂို က ပူးပေါင်းကူညီရန်ဖိတ်ခေါ်ခဲ့သည်ကိုလက်မခံခဲ့ချေ။ ကွန်ဂရက်၏ သဘော ထားမှာ လုံးဝလွတ်လပ်ရေးမရလျှင် မကူညီဟူသော သဘောထားဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှအစိုးရသည် ဆာစတက်ဖို့ကရစ်ကို ဂန္ဒီနှင့်စေ့စပ်ရန် စေလွှတ်သော်လည်း မအောင်မြင်ချေ။ ဂန္ဒီလည်း အာဏာဖီဆန်ရေးကို စတင်လုပ်ဆောင်ပြန်သည်။ ထို့ကြောင့် ဂန္ဒီနှင့်တကွ ကွန်ဂရက်ခေါင်းဆောင် တို့ကို စစ်အတွင်း၌ ဗြိတိသျှအစိုးရက ဖမ်းဆီးချုပ်နှောင်ထားပြန်သည်။ သို့သော် အစာငတ်ခံပြီးနောက် ဂန္ဒီသည် (၁၉၄၄)ခုနှစ် မေလတွင်ထောင်မှ လွတ်လာပြန်သည်။ ထို့နောက် (၁၉၄၆)ခုနှစ်၊ မေလ(၁၆)ရက်နေ့စွဲဖြင့် ထုတ်ဝေသောဗြိတိသျှတို့၏ စက္ကူဖြူစာတန်းပါ အိန္ဒိယပြည်လွတ်လပ်ရေးစီမံ ကိန်းကို ဂန္ဒီသည် ပယ်ချခဲ့ပြန်သည်။ သို့သော် ဟိန္ဒူနှင့်မူဆလင်တို့သည် အိန္ဒိယနှင့်ပါကစ္စတန်ခွဲရေးတွဲရေး ကိစ္စကြောင့် အကြီးအကျယ် အဓိကရုဏ်းဖြစ်နေကြသည်။ ထိုအဓိကရုဏ်း ကို ပိတ်ပင်တားမြစ်ရန် ဂန္ဒီသည် (၁၉၄၇)ခုနှစ်၊ ဇန်နဝါရီလတွင် ဘင်္ဂလား အရှေ့ပိုင်းနယ်ဖျားကို နယ်လှည့်တရားဟောထွက်ပြီးလျှင် ဟိန္ဒူနှင့်မွတ်ဆလင် တို့သင့်တင့်ရေးအတွက် အစာငတ်ခံခဲ့သည်။ ဂန္ဒီသည် အိန္ဒိယနှင့်ပါကစ္စတန် ခွဲရေးကိုအလိုမရှိ၊ မနှစ်သက်ချေ။ သို့သော် ရှေ့အလားအလာ၌ ဟိန္ဒူမွတ် ဆလင်တို့စိတ်ဝမ်းကွဲမှုကိုသာ မြင်နေရ၍ ခွဲရေးကိုလက်ခံလိုက်ရကြောင်းသိရှိ ရပြန်သည်။ မဟတ္တမဂန္ဒီသည် ဟိန္ဒူ၊ မူဆလင်အဓိကရုဏ်းကာလဖြစ်သော (၁၉၄၇) ခုနှစ်၊ စက်တင်ဘာလတွင် ကာလကတ္တားမြို့၌ အစာအငတ်ခံပြသခဲ့ သည့်အတွက် ခေါင်းဆောင်များက အဓိကရုဏ်းနောက်ထပ်မဖြစ်ပွားစေရပါဟု ကတိပြုခဲ့သဖြင့် အစာပြန်စားခဲ့ကြောင်း၊ (၁၉၄၈)ခုနှစ်၊ ဇန်နဝါရီလတွင် ဟိန္ဒူ၊ မွတ်ဆလင်အဓိကရုဏ်းပြန်ဖြစ်၍ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် အစာအငတ်ခံခဲ့ ပြန်ကြောင်းသိရှိရသည်။ သို့ရာတွင် အစာအငတ်ခံချိန် နာရီပေါင်း(၁၇၁)နာရီနှင့် (၄၅)မိနစ်ပြည့် သောအခါ ဟိန္ဒူ၊ ဆစ်ခ်နှင့် မွတ်ဆလင်ခေါင်းဆောင်များသည် သင့်မြတ်ညီ ညွတ်ရေးကတိကို ထပ်မံပေးခဲ့သဖြင့် ဂန္ဒီသည် အစာပြန်လည်စား သောက်ခဲ့ကြောင်းသိရ၏။ ကျွန်မတို့သွားရောက်ခဲ့ကြသည့် မဟတ္တမဂန္ဒီ၏ ဂူဗိမာန်အတွင်းသို့ ဖိနပ် များကိုသတ်မှတ်ထားသောဖိနပ်စင်များ၌ စနစ်တကျချွတ်၍ ဝင်ရောက်လေ့လာ ခဲ့ကြရပြီး ပန်းပေါင်းစုံ ဆက်ကပ်ထားသောဂူဗိမာန်ကြီးမှာ ရနံ့ပေါင်းစုံသင်းထုံ နေသည်ကိုတွေ့ရသည်။ အိန္ဒိယတိုင်းရင်းသားများစွာမှာ မဟတ္တမဂန္ဒီ၏ ဂူဗိမာန်အား ရှိခိုးကန်တော့ကြရင်း အမွှေးနံ့သာများဆက်ကပ်နေကြသလို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေကြသူများဖြင့်လည်း စည်ကားများပြားလှသည် ကို တွေ့မြင်ခဲ့ရသည်။ အိန္ဒိယပြည်သူများစွာ၏ ချစ်ခင်အားကိုးခြင်းကိုရရှိခဲ့သော မဟတ္တမဂန္ဒီသည် ဇန်နဝါရီလ(၃ဝ)ရက်နေ့၊ ညနေ(၅)နာရီ၊ (၁ဝ)မိနစ်အချိန်တွင် နယူးဒေလီမြို့ရှိ ဗီယာလာနေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ် ဂတ်ဆေးဆိုသူ၏ခြောက်လုံးပူးသေနတ်ဖြင့်လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ကွယ်လွန်သွားခဲ့ရကြောင်း၊ ဂန္ဒီ၏ရုပ်ကလာပ်ကို နေအိမ်မှ ယမုန်နာမြစ်ကမ်း ခြေသို့ပို့ဆောင်၍မီးသဂြိုဟ်ကာ ဂန္ဒီ၏ပြာကို ယမုန်နာမြစ်ထဲသို့မျှောခဲ့လိုက်ကြ ကြောင်းဝမ်းနည်းဖွယ်သိရှိခဲ့ရသည်။ ကျွန်မတို့လေ့လာခွင့်ရရှိခဲ့သည့် နယူးဒေလီမြို့ရှိရာဂ်ျဂတ် (ျြွေါ့အေ) မှ ဂန္ဒီ၏ဂူဗိမာန်မှာ (၂ဝ)ရာစု၏ပထမပိုင်းရာစုနှစ်တစ်ဝက်တွင် အိန္ဒိယ အမျိုးသားကွန်ကရက်နှင့်အခြားနိုင်ငံရေးအဖွဲ့အစည်းများမှ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်ခဲ့သော မဟာတ္တမဂန္ဒီ၏ဂုဏ် ကျေးဇူးများကို သတိရလွမ်းဆွတ်နိုင်ရန် အကောင်းဆုံးနေရာအဖြစ် ကိုယ်တွေ့ လေ့လာခဲ့ရခြင်းမှာ အဟိသဝါဒ(ပါဏာတိပါတကံကို ရှောင်ကြဉ်ခြင်း)ကို ကျင့်သုံးခဲ့သည့် ဂန္ဒီအပေါ်ပိုမိုလေးစားကြည်ညိုမှုများဖြစ်ပေါ်လာခဲ့ရလေသည်။ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့သက်တော်(၁၄၁)နှစ်ပြည့်မဟတ္တမဂန္ဒီ ၏မွေးနေ့ပွဲ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ရောက်ရှိနေသော မြန်မာမီဒီယာအဖွဲ့ကြီး မှာ မြို့တော်ဒေလီတွင် မဟတ္တမဂန္ဒီ၏မွေးနေ့ပွဲကို ခေတ္တဆင်နွှဲခွင့်ရရှိခဲ့ကြသလို မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးတွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမ.ဠ.ှ.ှနျ့ေိမင နှင့် သံရုံးတာဝန်ခံများမှ ဂန္ဒီမွေးနေ့အထိမ်းအမှတ်အခမ်းအနား ကို (၂ဝ၁ဝ)ပြည့်နှစ်၊ အောက်တိုဘာ(၂)ရက်နေ့က ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး ၏ရုပ်ရှင်ခန်းမအတွင်း၌ကျင်းပခဲ့ကြကြောင်း မြန်မာနိုင်ငံမှသံရုံးတာဝန်ခံ တစ်ဦး ၏ပြောကြားချက်အရသိရှိခဲ့ရသေးသည်။ အဆိုပါအချင်းအရာများကြောင့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် အိန္ဒိယတိုင်းရင်းသား များ၏နှလုံးအိမ်အတွင်း၌ နေရာ၊ဒေသနှင့်အချိန်ကာလမရွေး တည်မြဲစွာ ရှင်သန်နေဦးမည်ဟု ကျွန်မအခိုင်အမာယုံကြည်မိခဲ့လေတော့သည်။ " The weak can never forgive. Forgiveness is the attribute of the strong" ဟူသော မဟတ္တမဂန္ဒီ၏ ဒဿနအတိုင်း ''အားနည်းချို့ယွင်းချက် ဆိုတာ ဘယ်တော့မှခွင့်မလွှတ်နိုင်စရာ။ ခွင့်လွှတ်နိုင်ခြင်းက သန်စွမ်း ကြံ့ခိုင်မှုရဲ့ပင်ကိုယ်အရည်အချင်း၊အထောက်အပံ့ကောင်းသာ ဖြစ်ပါ တယ်'' ဆိုသည့်အချက်ကို လူသားတိုင်းလိုက်နာကျင့်သုံးသင့်သည်ဟု ကျွန်မ သုံးသပ်မိပါသည်။ ထို့အပြင် ကျွန်မတို့ရောက်ရှိလည်ပတ်ခဲ့ကြသည့် နယူးဒေ လီမြို့ရှိ Select City Walk Shopping Mall ကြီးအတွင်း၌လည်း " See No Evil, Speak No Evil, Hear No Evil" မကောင်းမှုကို မမြင်၊မပြော၊မကြား ပါရစေနဲ့ဟူသော ဂန္ဒီ၏ဒဿနစာသားကို သရုပ်ဖော်ဆောင်ထားသည့် မျောက် ကလေးသုံးကောင်နှင့်မဟာတ္တမဂန္ဒီကြီး၏ပုံတူရုပ်တုကိုငေးမောကြည့်ရှုရင်း ဂန္ဒီ၏(၁၄၂)နှစ်ပြည့်မွေးနေ့သို့ရောက်ရှိလာသည့်အခါ မည်သည့်ပုံစံဖြင့် ဘဝကို ဖြတ်သန်းသွားရမည်ကို ကျွန်မကိုယ်တိုင်ပင် မသေချာ၊မရေရာအတွေးများဖြင့် ချာချာလည်နေခဲ့မိပြန်တော့သည်။ သတင်းနှင့်ဓာတ်ပုံ-ဆုကဗျာ

2 comments:

Leo said...

အမြဲလာလည်ဖြစ်ပါတယ်။ ပိုစ့်လေးတွေကို စာပိုဒ်လေးတွေ ခွဲပေးရင် ဖတ်ရတာ ပိုအဆင်ပြေမယ်ထင်တယ်နော်။ အခုက စာပိုဒ်ရှည်ကြီးတွေလို ဖြစ်နေတယ်ခင်ဗျ။ အတွေ့အကြုံတွေ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လီယို

Leo said...

အမြဲလာလည်ဖြစ်ပါတယ်။ ပိုစ့်လေးတွေကို စာပိုဒ်လေးတွေ ခွဲပေးရင် ဖတ်ရတာ ပိုအဆင်ပြေမယ်ထင်တယ်နော်။ အခုက စာပိုဒ်ရှည်ကြီးတွေလို ဖြစ်နေတယ်ခင်ဗျ။ အတွေ့အကြုံတွေ ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
လီယို

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009