အနုပညာရှင်နှင့် Facebook အကျိုးဆက် (၇)

အပိုင်း(၆) ပြီးဆုံးသွားသည် အထိ ရေးသားပြုစုခဲ့သော အနုပညာရှင်များနှင့် Facebook အသုံးပြုပုံများ အကြောင်းကို စိတ်ဝင်တစား ဖတ်ရှုလေ့လာ ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်များ အတွက် ယခုတစ်ပတ်မှာလည်း အမေရိကန် ပြည်ထောင်စုမှာ ခင်ပွန်းသည်ဖြစ်သူနှင့် အတူ နေထိုင်နေသော အဆိုတော်မေဆွိနှင့် ဆက်သွယ်ပြီး Facebook စာမျက်နှာ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် ခေတ္တအနေ ဝေးကွာနေသော်လည်း Facebook ပေါ်မှာ သူမရဲ့ပရိသတ်များ အတွက် နေ့စဉ်နှင့်အမျှ ထိတွေ့စကားပြောဆိုရင်း အနုပညာလှုပ်ရှားမှု ဓာတ်ပုံများနှင့် မိသားစုမှတ်တမ်း ဇာတ်ပုံများ Uploading လုပ်ပေးနေခဲ့တဲ့ အဆိုတော်မေဆွိမှာ ပရိသတ်ပေါင်း(၉ဝဝ၆)ယောက်ကျော်ရဲ့ချစ်ခြင်းမေတ္တာများကို လက်ခံရရှိနေသူဖြစ်ပါတယ်။
အနုပညာရှင် နှင့်ပရိသတ်များအကြား လွယ်လင့်တကူ မေတ္တာဓာတ်များတိုးပွား ရရှိစေနိုင်တဲ့ Facebook အင်တာနက်စာမျက်နှာမှာ Swe Aye Myint နာမည်ရင်း Account တစ်ခုနဲ့ သာမက May Sweet Account နာမည်ဖြင့်ပါ ပရိသတ်များအတွက် အချိန်တစ်ခုပေးပြီး လက်ခံစကားပြောပေးနေတဲ့ အဆိုတော်မေဆွိရဲ့ Facebook အပေါ်သဘောထား အဖြေစကားများအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင် ကူညီပေးခဲ့တဲ့ မသက်ဝါဝင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ Facebook ဆိုတာ Excellent For Everyone လို့ ချစ်စဖွယ်သုံးနှုန်းပြောဆိုပေးခဲ့တဲ့ အဆိုတော် မေဆွိဖြေဆိုပေးခဲ့တဲ့ Facebook အသုံးပြုရခြင်း အကျိုးဆက်ကိုဖတ်ရှုပြီး သူမရဲ့ ချစ်ပရိသတ်များ အလွမ်းပြေ သတိရစေဖို့ ရည်ရွယ်ပါတယ်။
အဆိုတော်မေဆွိ
FB က Social Media Platform ဆိုတော့ internet ရှိရင်လူတိုင်း သုံးလို့ရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မဆွေရဲ့ ပရိသတ်များနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်လို့ရတဲ့ အတွက်ကြောင့် FB ကိုသုံးဖြစ်ပါတယ်။ မဆွေ US မှာနေပြီး ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာကိုပဲ အသံပေးလို့ရပါတယ်။ နောက်ပြီး Facebook အသုံးပြုရတဲ့ အကျိုးဆက်ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်တွေကို Internet ကနေတစ်ဆင့် ဆက်သွယ်လို့ရတယ်။ ဒီတစ်ပါတ်ဘယ်မှာ သီချင်းသွားဆိုမယ်၊ ဘာလုပ်မယ် ဆိုတာကိုလဲ Update information ပေးလို့ရတာပေါ့။ သူတို့ဆီက Feedbook ကိုလည်း ပြန်ကြားသိနိုင်တယ်လေ။ ဒီ Feedbook တွေကိုသုံးသပ်ပြီးနောက်လုပ်မယ့် Show ရှိရင် ဘယ်လိုသီချင်းမျိုး၊ ဘယ်လို idea တွေအတွက်လည်း ကြိုတင်ပြင်ဆင်စရာတွေ ရရှိနိုင်တယ်။
မဆွေနဲ့ သူတို့နဲ့ အမြဲတမ်းထိတွေ့မှုရနေတဲ့ သဘောမျိုးလည်း ဆောင် ပါတယ်။ ပရိသတ်နဲ့ Chat လုပ်လို့ရတယ်။ အစတုန်းကဆိုရင် သူတို့က နာမည်ကြီးအဆိုတော်က အချိန်ပေးပြီး သူတို့နဲ့ Chat လုပ်တယ်လို့ မထင် ဘူး။ နောက်မှ တကယ်''မေဆွိ''ဆိုတာကို သိကြယုံသွားကြတယ်။ အချိန် ရရင် အမြဲတမ်းအပြန်အလှန် Chatting လုပ်ဖြစ်ပါတယ်။ ပရိသတ်ဆိုတာက အနုပညာရှင်တွေရဲ့ Personal Life ကို သိချင်တယ်။ မဆွေဆိုရင် ခရီးထွက် နေတဲ့အခါ ချက်ချင်း Response ပြန်မလုပ်နိုင်ဘူး။ အချိန်ပေးရတယ်။ တစ်ခါတလေကြတော့ တချို့ပရိတ်တွေက Chatting ဝင်ရင်း နှောက်ယှက် တတ်တယ်။ ဒါပေမယ့် ဒါတွေကိုလည်း expect လုပ်ပြီးသားပါ။ တချို့ကြ တော့ မမေးသင့်တဲ့ မေးခွန်းတွေကို မေးတယ်။ Privacy မရှိတော့ဘူး။ တကယ်မသိလို့ မေးတာလဲရှိပါတယ်။ ဥပမာမမက အခု ရန်ကုန်မှာလား ဆိုတဲ့ မေးခွန်းမျိုးပေါ့။ တို့ရဲ့ FB ပေါ်မှာ အနုပညာနဲ့ မပတ်သက်တဲ့ အခြားကိစ္စတွေကို တစ်ခါတရံကြေငြာဝင်တတ်တယ်။ ခရီးသွားနေတဲ့အချိန် ဆိုရင် ချက်ချင်း ထုတ်ပစ်လို့ မရဘူး။ တို့ကသူတို့ကို Control လုပ်လို့ မရတော့ တစ်ခါတလေ အဆင် မပြေဘူးပေါ့။
FB က မဆွေပြောထားတဲ့အတိုင်း Social Media PlatForm ဆိုတော့ ငယ်ငယ်တုန်းက ကျောင်းနေဖက် သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေကို email သိလိုက်တာနဲ့ FB ကနေ invite လုပ်ပြီး ရှာလို့လွယ်သလို ဆက်သွယ် လို့လွယ်တယ်လေ။ ဘယ်လောက်ပဲဝေးဝေး internet ပေါ်မှာ နီးနီးလေးပါ။
အဓိကကတော့ ပရိသတ်တွေကို အမြဲအသိပေးချင်တဲ့ သဘောအရ ဒီ weekend မှာ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ပြန်လာရင် ဓာတ်ပုံတင်ပေးမယ် စသည်ဖြင့်ပေါ့၊ Keep in touch ဖြစ်နေအောင် အမြဲ Post လုပ်ပါတယ်။ သူတို့ကလည်း ဒါတွေကြည့်ပြီး သဘောကျနှစ်သက်ကြတယ်။
Internet က အားလုံးအတွက် အရမ်းအဆင်ပြေတဲ့ media ဆိုတော့ နာမည်ရှိသူရော၊ သာမန်သူတွေ သုံးတတ်၇င် သုံးတတ်သလောက် အကျိုးရှိတဲ့ အရာတစ်ခုပါဘဲ။ ဘယ်မှာပဲနေနေ တစ်ထိုင်တည်းနဲ့ တစ်ကမ္ဘာလုံးက အကြောင်းကို ကြည့်လို့သိလို့ရတယ်။ ကြေညာချင်ရင်လည်း အဆင်ပြေတယ်။ ကျောင်းစာလုပ်လည်း ရတယ်၊ ရုပ်ရှင်ကြည့်မလား၊ Game ကစားမလား၊ အားလုံးအဆင်ပြေစေတဲ့အတွက် Excellent for everyone ပါပဲ။
ဆုကဗျာ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009