အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၇)

ချစ်ခြင်းသင်္ကေတ ဂူဗိမာန်(သို့) ကမ္ဘာကျော် တပ်ခ်ျမဟာ (Taj Manal) နေ့စွဲ မြန်မာစာနယ်ဇင်း အဖွဲ့သားများအတွက် အဆင့်မြင့် Crowne Plaza Hotel ကြီး၏ ဘူဖေးနံနက်စာမှာ အိန္ဒိယရိုးရာ အစားအစာများနှင့် ဥရောပ အစားအစာ အနည်းငယ်ကို မြည်းစမ်းခွင့် ရရှိခဲ့ကြတာကြောင့် အာလူးမဆလာ တိုရှည်၊ ဟင်းသီးဟင်းရွက် အာပုံနှင့် ချာပါတီ ပူပူနွေးနွေးလေး တို့ဖြင့် အရသာရှိသော နံနက်စာကို စားသုံးရန် ရွေးချယ်ခဲ့မိသည်။
အိန္ဒိယရိုးရာ အစားအစာများမှာ ကျွန်မတို့အတွက် အရသာ အသစ်အဆန်း မဟုတ်တော့သော်လည်း ရောက်ရှိနေသော မဇ္ဈိမဒေသ၏ အငွေ့အသက်များ လွှမ်းမိုးနေခြင်းကြောင့် ပို၍ စားကောင်းသည်ဟု ခံစားမိသည်။ အိန္ဒိယကိုရောက်ရှိသည့်အခါ တပ်ခ်ျမဟာ(Taj Mahal) ကို မှ မရောက်ဖူးလျှင် အဓိပ္ပါယ်မရှိ၊ မပြည့် စုံဟူ၍ ပြောစမှတ်တွင်နေကြတာ ကြောင့် ကျွန်မတို့ သွားရောက်ရန် ပြင်ဆင်နေကြသည်မှာ Agra ဒေသရှိ နာမည်ကျော် Taj Mahal ဂူဗိမာန် ဆီသို့ဖြစ်သည်။ တပ်ခ်ျမဟာခရီးစဉ် အတွက်တည်းခိုရာနယူးဒေလီမြို့မှ Agra ဒေသသို့ မော်တော်ယာဉ်ဖြင့် (၄)နာရီကျော်ကြာမြင့်စွာစီးနင်းလိုက် ပါခဲ့ကြပြီး မိုးတဖွဲဖွဲရွာသွန်းနေချိန်ဖြစ် သည့်အတွက် လမ်းတစ်လျှောက်မှ ရှုခင်းများကို ကောင်းစွာမှတ်တမ်းမတင်နိုင်ခဲ့ကြပေ။ နံနက်စောစောအချိန် ကတည်းက ဟိုတယ်မှထွက်ခွာလာခဲ့ကြရသည့်အတွက် ကျွန်မတို့အဖွဲ့သား အားလုံးကိုတိတ်ဆိတ်ငြိမ်သက်မှုပုံစံမျိုးစုံဖြင့် ကားပေါ်တွင် တွေ့မြင်ခဲ့ရသည်။ အိန္ဒယနိုင်ငံမှသတင်းစာများကိုစိတ်ဝင်တစားဖတ်နေကြသူများရှိသလို၊ မြန်မာ ပြည်သို့အလွမ်းပြေဖုန်းပြောနေကြသူများ၊ဘုရားရှိခိုး၊ပုတီးစိတ်နေ သူများ စသည်ဖြင့်ကိုယ်စီ၊ကိုယ်စီအလုပ်များနေကြသည်ကို မိုးစက်သံတဖျောက် ဖျောက်များအကြားတွေ့မြင်ရပေသည်။ ကျွန်မ၏အတွေးစိတ်ကူးများထဲတွင်မူကြည့်ရှုခဲ့ဖူးသည့် ''Slumdog Millionaire''ရုပ်ရှင်ဇာတ်ကားထဲမှဇာတ်ဝင်ခန်းအချို့ကိုပြန်လည်မြင်ယောင် လာမိရင်း Taj Mahal သို့အမြန်ဆုံးရောက်ဖူးချင်သည့်ဆန္ဒများပိုမိုပြင်းပြ လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ''Slumdog Millionaire'' ရုပ်ရှင်ဇာတ်ကား၏အဓိကဇာတ်ကောင်လူငယ်လေးနှစ်ဦးဖြစ်သည့် ''Salimနှင့် 'Jamal တို့ သရုပ်ဆောင်ထားကြသောဇာတ်ဝင်ခန်းများထဲတွင် တပ်ခ်ျမဟာ ၌ ရိုက်ကူးထားသောဇာတ်ဝင်ခန်းများမှာ၊ နိုင်ငံခြားသားဧည့်သည်များအတွက် ဗဟုသုတဖြစ်စရာ၊ လေ့လာရှောင်ကြဉ်စရာများကို ထည့်သွင်းရိုက်ကူးထား ခြင်းကြောင့်ပင်။ ကမ္ဘာအံ့ဖွယ်(၇)ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်သော ''တပ်ခ်ျမဟာ'' သို့ဝင်ရောက်နိုင်ရန်အတွက် လူကြီးတစ်ဦးလျှင်ဝင်ကြေးအဖြစ်ရူပီး(၅ဝဝ) (Rupees 500)သတ်မှတ်ထားပြီး (၁၅)နှစ်အောက်ကလေးနှင့်လူငယ်များကိုမူ ဝင်ကြေးအခမဲ့သတ်မှတ်ထားသည်ကိုတွေ့ရသည်။ အဆိုပါဝင်ကြေးကို ပေး ဆောင်ပြီးပါက ဖိနပ်ထည့်ရန် အိတ်နှင့်ရေသန့်ဘူးတစ်ဘူးကို သတ်မှတ်ကောင် တာ၌အခမဲ့ထုတ်ယူနိုင်ကြပြီး တပ်ခ်ျမဟာသို့ ဝင်ရောက်လေ့လာကြမည့် ဧည့်သည်များအား ပေါက်ကွဲစေတတ်သောလက်နက်များ၊အရည်နှင့် သက်ဆိုင်သောအစားအသောက်၊ ပီကေ၊ သကြားလုံးမှ အစ ကင်မရာ Tripod အဆုံး၊ စီးကရက်နှင့်မူးယစ်စေသော ပစ္စည်းများ၊ လျှပ်စစ်နှင့်သက်ဆိုင်သော ပစ္စည်းများ(ဝါယာကြိုး၊ဓာတ်ခဲ၊ကင်မရာ Charger စသဖြင့်)ယူဆောင်မသွား နိုင်ရန် ဝင်ပေါက်အဝမှာပင် စစ်ဆေးရှာဖွေမှုများကို စနစ်တကျပြုလုပ်နေကြ သည်ကို တွေ့ရသည်။ကျွန်မတို့ရောက်ရှိခဲ့ကြသည့် စက်တင်ဘာလ(၁၉)ရက်မှာ တနင်္ဂနွေနေ့ဖြစ်ခြင်းကြောင့် လာရောက်လည်ပတ်သည့်ဒေသခံပြည်သူ များနှင့် ခရီးသွားနိုင်ငံခြားသားဧည့်သည်များဖြင့် ပြည့်သိပ်နေခဲ့ပြီးမိုးကလည်း ပိုမို သည်းထန်စွာ ရွာသွန်းနေခဲ့တာမို့ ဓာတ်ပုံကောင်းရိုက်ကူးလိုသည့် မြန်မာစာနယ် ဇင်းများအတွက် အခက်ကြုံခဲ့ရလေသည်။ ကျွန်မတို့အားလုံးကို ဦးဆောင်ပြီး လိုက်လံရှင်းပြခဲ့သူက Agra ဒေသရှိ Mr.Bobby ဆိုသော Tour Guide တစ်ဦးပင်ဖြစ်ပြီး Taj Mahal ၏ ရာဇာဝင်ကိုလည်း ကောင်းကောင်းလေ့လာ ထားသူဖြစ်တာကို သူရှင်းပြခဲ့သည့်အချက်အလက်များအရ အကဲခတ်မိခဲ့ သည်။ တပ်ခ်ျမဟာ၏ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထားဆောင်ရွက် မှုကြောင့်သာမက ခရီးသွားပြည်သူများ၏ဖိနပ်များပျောက်ဆုံးသွားခဲ့ကြရ သည့်ဖြစ်စဉ်များအပေါ် သုံးသပ်ပြီး ကျွန်မတို့ဝင်ကြေးစတင်ပေးဆောင်က တည်းက တစ်ပါတည်းပေးလိုက်သောဖိနပ်ထည့်ရန်အိတ်အဖြူရောင်လေး များကို ခြေထောက်တွင် စွပ်လျက်ဖြစ်စေ၊အိတ်အတွင်းသို့ဖိနပ်ချွတ်လျက် ဖြစ်စေ ထိန်းသိမ်းစောင့်ရှောက်စေခဲ့သည်ကိုတွေ့ရသည်။ အဆိုပါ အချက်ကိုလည်း ''Slumdog Millionaire'' ရုပ်ရှင်ဇာတ်ဝင် ခန်းတစ်ခုတွင်ထည့်သွင်းရိုက်ကူးကာ၊ခရီးသွားဧည့်သည်များအား သတိပေး ထားပြီး ဖြစ်တာကြောင့် မိုးရေစိုစွတ်နေသော ဖိနပ်များကို အိတ်စွပ်၍ ချော်မလဲ အောင်သတိထားလျှောက်လှမ်းခဲ့ကြရသည်။ တပ်ခ်ျမဟာ(Taj Mahal)၏ အဓိပ္ပါယ်မှာ ''Crown Palace''(ဧကရီနန်းတော်) ဖြစ်ပြီး Mughal ဘုရင်ကြီး Shah Jahan ၏ချစ်မြတ်နိုးရသည့်မိဖုရားချော''Mumtaz Mahal'' အားရည်ရွယ်ပြီးဗိသုကာပညာရပ်များဖြင့်ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ် ထားသောကမ္ဘာကျော်ဂူဗိမာန်ကြီးဖြစ်သည်။(၁၆၅၃)ခုနှစ်မှာ ဆောက်လုပ်ပြီး စီးခဲ့သည့် Taj Mahal ဂူဗိမာန်ကြီးမှာအစိတ်အပိုင်းများ၏မှန်ကန်သော အချိုး အစားအတိုင်း အကောင်းဆုံးနည်းလမ်းဖြင့် (၁၆၃ဝ-၁၆၅၂)ခုနှစ်အတွင်း(၂၂) နှစ်ကြာမြင့်စွာ ဖန်တီးခဲ့သောသတိရအောက်မေ့ဖွယ်အဆောက်အဦကြီးပင်ဖြစ် သည်။ တပ်ခ်ျမဟာကြီးကိုဖန်တီးရာတွင် ကာယလုပ်သားပေါင်း(၂ဝဝဝဝ)၊ နှစ်သောင်းအပြင် ပန်းရံဆရာများစွာနှင့်ကျောက်မျက်အလှဖန်တီးသူများပေါင်း စု၍သဘာဝရှုခင်းနှင့်ထပ်တူညီစေရန် မြေသားကိုပြုပြင်စီမံထားကြောင်း လေ့ လာသိရှိရသည်။ယမုံနာမြစ်ကမ်းနဘေးတွင်တည်ရှိသော တပ်ခ်ျမဟာ အဆောက်အဦးကြီးကို ပါရှား နိုင်ငံသား၊ဗိသုကာ ပညာရှင်''Ustad Isa''မှဆောက်လုပ် ပေးခဲ့ခြင်း ကြောင့် လတ်ဆတ်အေးမြသော လေနုအေးကိုထိတွေ့ခံစားနိုင်သည့် နေရာကောင်းအဖြစ် ကျွန်မတို့ ကိုယ်တွေ့သိရှိခဲ့ကြရသည်။ ထို့ အပြင်တပ်ခ်ျမဟာကြီး၏ စင်္ကြန်လမ်း ကို စကျင်ကျောက်အဖြူဖြင့်တည်ဆောက်ထားပြီး လိပ်ခုံးအမိုး၊ထိပ်လုံး ပုံသဏ္ဌာန်၏အချင်းမှာ ပေ(၆ဝ)၊ဟ(၁၈)မီတာ'ရှိကာစုလစ်မွန်းချွန်၏အမြင့်မှာ ပေ(၈ဝ)၊ဟ(၂၄)မီတာ'ရှိ၍ လိပ်ခုံးအမိုး၏အောက်တည့်တည့်၌မိဖုရား၊ Mumtaz Mahal ၏ဂူသင်္ချိုင်းကိုထားရှိစေခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ဘုရင်ကြီး Shah Jahan ၏ ဂူသင်္ချိုင်းကိုလည်း သားဖြစ်သူ Aurangzeb နှင့်အတူ မိဖုရား၏ အုတ်ဂူနှင့်ဘေးချင်းယှဉ်တွဲလျက်ထားရှိခဲ့သလို အတွင်းပိုင်းအလှဆင်ခြင်းကိုလည်း အဖိုးတန်ကျောက်မျက်ရတနာများ၊ ကောင်း မွန်သောပစ္စည်းများစွာဖြင့် မြှုပ်နှံပေးထားသည်ဟု သမိုင်းကြောင်း မှတ်တမ်း တွင် လေ့လာသိရှိခဲ့ရသည်။ (၁၆၃၁)ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့တွင် (၁၄)ယောက်မြောက် ရင်သွေး ရတနာကိုမွေးဖွားရင်း ကွယ်လွန်သွားခဲ့ရသည့်မိဖုရား Mumtaz Mahal မှာ ကွယ်လွန်ချိန်တွင် အသက်(၃၉)နှစ်သာရှိသေးကြောင်း Guide ဖြစ်သူ Mr. Bobby ၏ရှင်းပြချက်အဆုံးတွင် အံ့သြစိတ်ဖြင့်ကျွန်မတို့အားလုံး၏မျက်လုံး များပိုမိုပြူးကျယ်ခဲ့ကြရသည်။ အရာရာစူးစမ်းလိုသည့်သတင်းသမားများပီပီ၊ အသက်(၃၉)နှစ်အရွယ်လေးနှင့်ကလေး(၁၄)ယောက်မိခင်ဖြစ်ခဲ့ရသည့် မိဖုရား ကြီး Mumtaz Mahal အား ကလေးတစ်ယောက်ကို ဘယ်နှစ်နှစ်ခြားပြီး မွေးခဲ့ပါသလဲဆိုသောမေးခွန်းအပြင် ကလေးတစ်ဒါဇင်ကျော်ကို ပြုစုပျိုးထောင် ပုံနည်းလမ်းအဖုံဖုံကိုလည်း သက်ရှိထင်ရှားရှိနေပါက မေးမြန်းချင်သည့်ဆန္ဒ များ တဖွားဖွားပေါ်ပေါက်လာခဲ့မိသေးသည်။ ''မိဖုရားကြီးကို ''ရှင်မွေးလွန်း''ဘွဲ့ထူးပေးရမယ်'' ဆိုသော ကျီစယ် သည့်စကားသံကိုလည်း မိုးစက်သံများနှင့်အတူကျွန်မတို့အဖွဲ့အတွင်းမှ အမှတ် မထင်ကြားလိုက်ရသည့်အတွက် သဘောကျစွာဖြင့် ပြုံးမိလိုက်သေးသည်။ ဒဏ္ဍာရီဆန်သောချစ်ခြင်းမေတ္တာတရားများလွှမ်းခြုံနေသည့် ကမ္ဘာကျော် တပ်ခ်ျမဟာဂူဗိမာန်ကြီးအတွင်း၌ လှည့်လည်ကြည့်ရှုနေစဉ် အချိန်ခဏလေးမှာ ပင် လွမ်းဆွေး၊ တမ်းတမိသည့်ခံစားချက်တစ်မျိုး၊ ဘယ်နေရာမှ ပေါ်ပေါက် လာသည်မသိဘဲ အလိုအလျောက်ဖြစ်ပေါ်လာမိသေးသည်။ ဘုရင်ကြီး Shah Jahan ၏ချစ်ခြင်းမေတ္တာတရားက ကမ္ဘာကျော်သည်အထိ မှတ်တမ်းတင်နိုင် ဖွယ်ဖြစ်သွားသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရခြင်းကြောင့်လား၊ မိန်းမသား တစ်ယောက်အနေဖြင့် ခင်ပွန်းသည်ဖြစ်သူ၏ချစ်မြတ်နိုး၊ကြင်နာခြင်းကို လူသိ ထင်ရှားအသိအမှတ်ပြုခံလိုက်ရခြင်းကို မိန်းမသားများကိုယ်စားအားကျနေခြင်း ကြောင့်များလားဟူသော ''လား''ပေါင်းများစွာကို ကိုယ့်ဘာသာကိုယ်တစ်ကိုယ် တည်း တွေးရင်း စိတ်ထဲမှာမေးမြန်း နေမိပြန်သည်။ ဘယ်နေရာ၊ ဘယ်ဒေသမှာ မဆို မရှာဖွေဘဲ တွေ့ရှိနိုင်ကြ သည်မှာ မှတ်တမ်းတင်စီးပွားဖြစ် ဓာတ်ပုံဆရာများစွာပဲဖြစ်ပြီး တပ်ခ်ျ မဟာအတွင်း၌ ကျွန်မတို့အုပ်စုသွား လေရာနောက်သို့ ကင်မရာတစ်လုံး ဖြင့် လိုက်လံရိုက်ကူးနေသော ဓာတ်ပုံ ဆရာများကိုလည်း သတိထားကြည့် ရှုခဲ့မိသည်။ ထိုင်းနိုင်ငံသို့ရောက်ရှိ ခဲ့စဉ်အချိန်များကလည်း စီးပွားဖြစ် ဓာတ်ပုံဆရာများ၏ မစမှုကြောင့် ဘတ်ငွေများစွာခုန်ထွက်ခဲ့ဖူးခြင်းကြောင့် အိန္ဒိယမှာလည်း ရူပီး(Rupee)ငွေများ ခုန်ထွက်ဖွယ် ရှိသည်ကို ကျွန်မ တွေးဆမိခဲ့ပေသည်။ မကြာမီအချိန်၌ ထင်ထားသည့် အတိုင်းပင် ကျွန်မတို့၏လှုပ်ရှားမှုပုံရိပ် အမျိုးမျိုးကိုအမှတ်တမဲ့အနေအထား များဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ များအား တပ်ခ်ျမဟာမှ အပြန်လမ်း တစ်လျှောက်တစ်ပုံလျှင် ရူပီး(၆ဝ) (Rupees60)နှုန်းဖြင့် လိုက်လံရောင်း ချခြင်းကို ခံကြရလေတော့ သည်။ ဓာတ်ပှုံ Quality အသားမှာ သိပ်မကောင်းလှ သော်လည်း (5x7")ဓာတ်ပုံ Size ကြီးများဖြင့် Print ထုတ်ထားသော မိမိတို့၏ အမှတ်တရဓာတ်ပုံများကို ထားခဲ့ရမှာ နှမြောသူများက ပြန်လည်ဝယ်ယူနေကြသည်ကိုတွေ့ခဲ့ရသည်။ ဒါသည်လည်း ဓာတ်ပုံဆရာ များ၏ပညာစွမ်းတစ်မျိုးပင်ဖြစ်မည်ဟုထင်သည်။မည်သူမဆို ကိုယ့်ဓာတ်ပုံ လှလှလေးများကို သူတစ်ပါးလက်ထဲသည်အတိုင်း ချန်ထားရက်မှာ မဟုတ် သည်ကို ကြိုတင်တွေးဆကာ ကြံရွယ်ဖန်တီးထားသော စီးပွားဖြစ်ဓာတ်ပုံ များပင် မဟုတ်ပေလော။ ကျွန်မအတွက်မူ လေဒီဒိုင်ယာနာထိုင်သွားခဲ့သည့်စကျင်ကျောက်ထိုင်ခုံ လေးပေါ်တွင် ထိုင်၍ဓာတ်ပုံရိုက်ကူးခဲ့ရသလို ''Slumdog Millionire''ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်ကောင်တစ်ယောက်လုပ်ပြသွားခဲ့သည့်အတိုင်း မတ်တပ် ရပ်လျှက်အနေအထားဖြင့်ပင် လက်တစ်ဖက်ကိုအပေါ်သို့မြှောက်ကာ ဂူဗိမာန် ၏အမိုးကိုလှမ်းဆွဲနေသည့်ဟန်၊ အမူအရာဖြင့်ဓာတ်ပုံကိုလည်းဖန်တီးရိုက် ကူးနိုင်ခဲ့သည့်အတွက် ကျေနပ်၍မဆုံးနိုင်အောင်ပီတိဖြစ်နေခဲ့မိသည်။ သတင်း၊ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် တခြား Subject တွေကျတော့လည်း အစိမ်းသက်သက်မဖြစ်ဘူး။ ရင်းရင်းနှီးနှီးပဲလေ။ ကိုယ်ကဒီဟာတွေ မြင်နေ ကျဆိုပေမယ့်လည်းလုပ်တာကိုင်တာတွေတော့ မသိဘူးလေ။ သူတို့ပြောပြ လိုက်တဲ့အခါကျတော့ ဒီ Broadcast media ဆိုတာကတော့ ကိုယ့်အတွက် တင်မဟုတ်ဘူးလေ။ အကုန်လုံးအတွက် အကျိုးရှိတယ်။ ဒါကတော့ ပါဝင်တဲ့ တစ်ယောက်ချင်းစီအတွက် အကျိုးအမြတ်ရှိတယ်လို့ထင်တယ်။နောက်ပြီးတော့ ဂျာနယ်လစ်တွေက media ပေါင်းစုံဂျာနယ်ပေါင်းစုံကနေမှ အခုလို ခရီးအတူ ထွက်ရတာဆိုတော့ ကိုယ့်ရဲ့အလုပ် Nature တင်မဟုတ်ပဲနဲ့ သူများရဲ့အလုပ် Nature တွေလည်း တွေ့ရတယ်။ ဥပမာ တီဗီကလူတွေပါမယ်။ စာပေစိစစ် ရေးကလူတွေပါမယ်။ တခြားပြန်ကြားရေးကလူတွေလည်းပါမယ်။အရင် တုန်းကဆိုရင် သူ့အလုပ်သဘာဝကိုယ်က မသိဘူး။ ကိုယ့်အလုပ်သဘာဝ သူကမသိဘူး။ ဒါပေမယ့်ဒီခရီးစဉ်အတူထွက်လိုက်တဲ့အခါကျတော့ သူတို့က လည်း ကိုယ်တွေဒီလိုလုပ်ကိုင်နေရပါလား။ ကိုယ်ကလည်း သူတို့တွေ ဒီလိုလုပ် ကိုင်နေရပါလားဆိုတာကိုသိရတယ်။ နောက်တစ်ချက်ကကျတော့ ဒီအိန္ဒိယ ကို စရောက်ရောက်ချင်းကတော့ ဘယ်လိုခေါ်မလဲ ထင်တာပေါ့။ တခြားနိုင်ငံ တွေနဲ့ တအားကွာနေတယ်ပေါ့နော်။ ဒါပေမယ့် အိန္ဒိယကို စရောက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက ခုနကပြောသလိုပေါ့။ ဆိုင်ကယ်တွေအများကြီးမြင် လိုက်တယ်။ မန္တလေးရောက်သွားသလိုပေါ့။ ဥပမာ အိမ်ပုံစံတွေ သူတို့ရဲ့ လူနေမှုအဝတ်အစား ဒါတွေပဲ ကွာချင်ကွာမယ်။ ဒါပေမယ့် သဘာဝပတ်ဝန်း ကျင်ဘာညာကတော့ကိုယ့်တိုင်းပြည်နဲ့အတူတူပဲ။ တစ်ယောက်နဲ့ တစ်ယောက် နည်းပညာပိုင်းတွေကြောင့်သာ လူတွေရဲ့တိုးတက်မှုတွေကြောင့်လည်း ကွာသွား ပေမယ့် အခြေခံလူတွေ အားလုံးကတော့ အတူတူပဲ၊ အိန္ဒိယတွေရဲ့စိတ်က အကုန်လုံးတော့မဟုတ်ဘူး။ ကိုယ်တွေ့ခဲ့၊ ဆုံခဲ့ရတဲ့ လူကနေတစ်ဆင့် သိသာ မြင်သာတာက သူတို့ကိုယ်သူတို့တအားအထင်ကြီးကြတယ်။ တအားအထင်ကြီး တယ်ဆိုတာက ကောင်းသောအထင်ကြီးခြင်းပေါ့နော်။ ဒါမျိုးက ရှိသင့်ပါတယ်။ ဒါက သူတို့ရဲ့ ကောင်းတဲ့အချက်ပေါ့နော်။ ကိုယ်ကနောက်ပြီးတော့ Entertainment တွေ Life Stye တွေကို ကိုယ်ကရောက်ရာအရပ်မှာ အမြဲတမ်း သတိထားပြီးကြည့်နေတာ သူတို့တွေက ကျန်းမာရေးလိုက်စားမှုအပိုင်းမှာ တော်တော်လေးအားနည်းတယ်ပေါ့။ နေရာတကာမှာ တွေ့နေရတာ အားကစား စင်တာဆိုတာ တော်တော်နည်းတယ်။ လူချမ်းသာပိုင်းတွေတောင် သွားကြတဲ့ ပုံမပေါ်ဘူး။ တစ်ခုကောင်းတာက သူတို့က သူတို့ရဲ့ရိုးရာဝတ်စုံတွေကိုတော့ မြတ်မြတ်နိုးနိုးနဲ့ဝတ်ကြတယ်။ အဲဒါလေးတစ်ခုကတော်တော်လေးကို လေးစား ဖို့ကောင်းပါတယ်။ ကိုယ်တွေတောင်မှသူတို့နိုင်ငံကိုသွားတဲ့အခါမှာ ရိုးရာချည် ထည်တွေကို ဝတ်ဖြစ်ချင်မှဝတ်ဖြစ်မယ်။ သူတို့ကတော့ နေပူပူမိုးရွာရွာ ဆာရီ ကြီးတွေကို ပတ်ပတ်ပြီးတော့သွားလာနေကြတာပဲလေ။ သူတို့ရာသီဥတုဆို လည်း တအားပူတာလေ။ ဒါကတော့ ကောင်းတဲ့အချက်လို့ ထင်ပါတယ်။ သွားခဲ့တဲ့ခရီးစဉ်တွေထဲမှာတာ့ခ်ျမဟာကိုလည်း ရောက်ခဲ့တယ်။ ထင်ရှားတဲ့ နေရာအများကြီးကိုလည်းရောက်ခဲ့တယ်။ အကြိုက်ဆုံးက Hero Honda စက်ရုံကိုအကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကုမ္ပဏီ ကြီးတွေရှိတာပဲလေ။ ကုမ္ပဏီတွေဘယ်လိုလည်ပတ်တယ်။ အလုပ်လုပ်တယ် ဆိုတာ မသိဘူး။ နောက်ဆုံးသူတို့ရှင်းပြတဲ့ဟာကလည်း သူတို့ Product ကို ပြည်သူကစိတ်ဝင်စားအောင်ပေါ့၊ ဝယ်တဲ့သူက စိတ်ဝင်စားအောင်ပေါ့။ ဒီလိုပုံစံ မျိုးလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ လုပ်ငန်းစဉ်တွေသူတို့ဘယ်လိုလုပ်တယ်ဆိုတာတွေ ပြောပြလိုက်တဲ့အခါကျ တော့ နည်းနည်းအထင်ကြီးစရာအချက်ကလေးတွေ တွေ့ရတယ်။ သူဌေး ပြောသလိုပေါ့။ မော်တော်ဆိုင်ကယ်တွေ အများကြီးထုတ်လုပ်နေတဲ့စက်ရုံ တစ်ခုထဲမှာ မူလီတစ်ခုအောက်ကျတာကိုတောင် မတွေ့ရဘူး ဒါက စည်းကမ်း နဲ့ဆိုင်တယ်။ ဒီလောက်စည်းကမ်းကြီးတဲ့ကုမ္ပဏီကြီး ဖြစ်လာတာလည်း ကိုယ့်အတွက်က သင်ယူစရာ၊လေ့လာစရာတွေပေါ့။ ထူးထူးခြားခြား ဒီစက်ရုံ ဝန်ထမ်းတွေအတွက် လအလိုက် စက်တင်ဘာမွေးသူများ၊ အောက်တိုဘာ မွေးသူများဆိုပြီး Happy Birthday List ပေါ့နော်။ နေ့စွဲတွေနဲ့အတိအကျ ဝန်ထမ်းတွေအပေါ်ကို ဂရုစိုက်မှုပေါ့။ အဲဒါလေးကတော့ လေးစားဖို့ကောင်း ပါတယ်။
ဆုကဗျာတွေ့ဆုံမှတ်တမ်းတင်သည်။

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009