“ အသက်ကြီးတဲ့အထိ တရားမရနိုင်သူတွေအတွက် လူငယ်တစ်ယောက်ရဲ့ လက်ဆောင် ”
ဘ၀ ဟူသည်ခက်ထန်ကြမ်းတမ်းသည့် အခါ ရှိသလို ချိုသာ အေးမြ သည့်အခါလည်း ကြုံတွေ့ နိုင်ပေမည်။
နေ့ စဉ်နှင့်အမျှ ကျွန်မတို့ အားလုံး ရဲ့စိတ်တွေထဲမှာ ကိုယ်ဖြစ်စေချင်တဲ့ စိတ်ဆန္ဒ အတိုင်း သူတစ်ပါး လုပ်ဆောင်ဖြစ်အောင် တစ်နည်း မဟုတ် တစ်နည်း နဲ့ ကြိုးစား နေတတ်ကြပါတယ်။
ကျွန်မ အနေနဲ့ ပေးချင်တဲ့ လက်ဆောင်တစ်ခုက တော့ သူတစ်ပါးကို ထိန်းချုပ် ဖို့ ကြိုးစားခြင်းက အပျက်သဘောဆောင်ပြီး ရေတိုကာလမှာသာ တည်မြဲနိုင်မယ့် အကြောင်းအရာ တစ်ခု ပါ။
သွေးဆောင် တိုက်တွန်းမှုကတော့ အများအားဖြင့် အပြု သဘောဆောင်ပြီး အကျိုးသက်ရောက်မှုကောင်းကို ရေရှည် ခံစားနိုင်မှာဖြစ်ပါတယ်။
အများအတွက်အကျိုးရလာဒ်ကောင်း ဖြစ်စေနိုင်မယ့် နည်းလမ်းက သူတစ်ပါ့း ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကိုယ်ချင်းစာ တရားနဲ့ ကူညီပေးခြင်းပါပဲ။
သူတစ်ပါးအပေါ် စိတ်စေတနာကောင်းနဲ့ ကူညီပေးလိုက်တဲ့ အခါ အကျိုးအမြတ်ကို မကြည့်ဘဲ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကို လူသားချင်း ဖေးမ ကူညီခြင်းလို့သာ ခံယူထားလိုက်ပါ။
သို့ ပေမယ့်လည်း ~~~~~~~~~~~~~~~~
“ သူတစ်ပါးကို ကူညီပေးလိုက်နိုင်တိုင်း အကောင်းပြောခံရဖို့ လည်း မမျော်လင့်ပါနဲ့ ”
လူသားတိုင်း ၊ လုပ်ငန်းခွင်မှာ ဖြစ်စေ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်စေ နည်းလမ်းအမျိုးမျိုးနဲ့  ဝေဖန်ခံကြရစမြဲပါပဲ။
ကျွန်မ ကိုယ်တိုင်လည်း ကိုယ်မှားတာကို ထောက်ပြပြီး ဝေဖန်မှုတွေ ပြုလာတဲ့အခါ လက်ခံတတ်ခဲ့ပေမယ့် အပျက်သဘောနဲ့ ရမယ်ရှာ ဝေဖန်မှုမျိုးကိုတော့ မနှစ်မြို့ တာအမှန်ပါ။
ကျွန်မနည်းတူ အပျက်သဘောနဲ့ ဝေဖန်ခံရတာကို ကြိုက်နှစ်သက် တဲ့သူ နည်းမယ်လို့ ထင်ပါတယ်။
လူတစ်ချို့ ကတော့ အမှားကို ထောက်ပြပြီးဝေဖန်တတ်ကြပေမယ့် တစ်ချို့ ကတော့ ဝေဖန်ပြက်ရယ်ပြု ခြင်းကို အလုပ်တစ်ခု လို အချိန်ပေးထားပြီး နေ့ နေ့ ညည လက်ခံကျင့်သုံးနေသူတွေလည်းရှိတတ်ကြပါတယ်။ တစ်ခါတစ်ခါ ဝေဖန်ခံရလို့ မကောင်းသောအရာတွေဖြစ်လာနိုင်ပေမယ့် တစ်ခါတစ်ရံမှာတော့ ဝေဖန်ခြင်းက တိုးတက်မှု အတွက် တွန်းအားတစ်ခုဖြစ်စေလာနိုင်တာကို သိရှိ ထားသင့်ပါတယ်။
ဒါပေမယ့် ကောင်းမွန်စွာ ဝေဖန် ခံရတိုင်းလည်း ကျေကျေနပ်နပ်ကြီး သဘောမကျမိစေ ဖို့ ပါပဲ ။
သာယာခြင်းရဲ့ နောက်ကွယ်မှာအချွန်ထက်ထက် ဓားတစ်လက် ရှိနေနိုင်တာကို မမေ့စေချင်တာကြောင့်ပါ။
မကောင်းသော ဝေဖန်ထိုးနှက်တတ်တဲ့ လူမျိုးနဲ့ ကြုံတွေ့  လာတဲ့အခါ ဘ၀ရဲ့ အဖိုးတန် အချိန်တွေကို
ထိန်းသိမ်း စောင့်ရှောက် သောအနေဖြင့် ထိုသူတွေ နဲ့  အချိန်မှီအဆက်အသွယ်ဖြတ်လိုက်ပါ။
ကိုယ့်ဘ၀ရဲ့ အချိန်ကောင်းတွေမှာ ကိုယ့်ရဲ့ အချိန်တွေကို အချည်းနှီးဖြစ်အောင် လုပ်သူတွေ ကြောင့်
ကျွန်မတို့ ဟာစိတ်အနှောင့်အယှက်ဖြစ်ကြရပါတယ်။
ကိုယ့်အပေါ်နည်းလမ်းအမျိုးမျိုးနဲ့  ဒုက္ခပေးပြီး အချိန်ကုန်အောင် လာဖြုန်းနေတတ်သူတွေကို ကိုယ့်ဘ၀ထဲကပျောက်ကွယ်သွားအောင် ဖယ်ထုတ်ဖို့ ကျွန်မတို့ မေ့နေတတ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတစ်ပါးက ပေးလာတဲ့ ဒုက္ခကို ကိုယ်ကကြည်ကြည်ဖြူဖြူ လက်ခံပြီး တွေးတော ငြီးငြူနေတတ်ကြလို့ ပါပဲ။
“ သူကတော့ ငါ့ကို ဘယ်လို အကောက်ကြံဦးမလဲ မသိဘူး။ ငါ့သူငယ်ချင်းကို ငါ့အကြောင်းမဟုတ်တာတွေ လျှောက်ပြောထားတယ်တဲ့ သူ ဘာတွေ ပြောလိုက်တာလဲမသိဘူး။သူ ဘက်ကတော့ ငါ့ကို မဟုတ်တာတွေစပြောလာပြီ ငါ့ဘက်က သူ့ ကို ဘယ်လို လက်တုန့် ပြန်ရင်ကောင်းမလဲမသိဘူး။”
စသဖြင့်အတွေး အမျိုးမျိုးကို မသိစိတ်က သိသိကြီးနဲ့ လက်ခံနေတတ်ကြပါတယ်။
သို့ ပေမယ့် ဝေဖန်မှုကို အပြု သဘောဆောင်တဲ့နည်းနဲ့ ဘယ်လို တုန့် ပြန်သင့်သလဲဆိုတာတော့ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
“ ကိုယ့်ခံစားချက်ကသာ ကိုယ့်တာဝန် ”
ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်က ကိုယ့်ရင်ထဲ အတွေးထဲမှာ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ဆိုတာ ဘယ်လိုမှ
မလွယ်ကူတဲ့ အကြောင်းအရာတစ်ခုပါ။ ကိုယ့်စိတ်ထဲမှာ ပျော်စရာတွေဖြစ် လာတာလည်း ကိုယ့်တာဝန် ၊
ကိုယ့်ရင်ထဲမှာ ဒေါသဖြစ်လာရတာတွေက လည်း ကိုယ့်တာဝန် ၊ ကိုယ်တိုင်ဝမ်းနည်း ငိုကြွေးနေရင်တောင်မှ ကိုယ်ဘာသာအရယူထားတဲ့ တာဝန်ဖြစ်နေတာကြောင့် မလိုအပ်ရင် အပို တာဝန်တွေ မထမ်းဆောင်မိပါစေနဲ့ ။
“ တွေ့ ကြုံဆက်ဆံလာရတဲ့လူတိုင်းအပေါ် တစ်ကွက်စားချန်ထားပါ။ ” ဆိုလိုတာက လူတိုင်းကို မယုံကြည်မိ ဖို့ ပါပဲ။
လူတစ်ယောက်က ကိုယ့်ရဲ့လျှို့ ဝှက်ချက်တွေများများ သိနေ လေ ကိုယ့်အပေါ်ချုပ်ကိုင်ဖို့ ကြိုးစားတတ်ကြလေလေ ပါပဲ။ မလိုအပ်ရင် အတွင်းရေးတွေ ပြောဆိုခြင်းကို လက်ရှောင်တတ်သူသာ ကိုယ့်ဘ၀ အတွက် လုံခြုံမှု ရ၇ှိစေမှာပါ။
အဲဒီအတွက် ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပြင်းပြင်းထန်ထန်ထားပါ။
သင့်အပေါ် အပြစ်ရှိထားသူတစ်ယောက်က ကိုယ့်မျက်လုံးကို တည့်တည့်စိုက်မကြည့်ရဲလောက်အောင်အမှားကျူးလွန်ထားမိရင်တော့ သင် သူ့ ကို မေတ္တာတရားနဲ့ ကောင်းကောင်းသတိထားကြည့်နေဖို့ တိုက်တွန်းလိုက်ပါရစေ။
သို့ ပေမယ့် ဘယ်အချိန်မှာ ကိုယ့်အပေါ်အကောက်ကြံမလဲဆိုတဲ့ အတွေးတွေနဲ့ တွေးတောပူလောင်နေမယ့်အစား ကိုယ့်ဘက်ကတော့ ကြည်ကြည်လင်လင် အမြင်မျိုးနဲ့ သူ့ အပေါ် စေတနာမှန်မှန် ဆက်ဆံပေးလိုက်ပါ။ စိတ်ထဲမှာ ရော အပြင်မှာပါ အရာအားလုံးအဆင်ပြေနေသလို ပြုမူဆောင်ရွက်ပါ။ ကောင်းမွန်သော ဆက်ဆံရေး တိုးသထက် တိုးလာအောင် စေတနာပါပါဖြင့်ပြောဆိုဆောင်ရွက်ပေးပါ။ သူ့ ဖက်က မရှက်လို့ ရှေ့ ဆက်တိုးလာ သည်ဖြစ်စေ ၊ သင့်ကို စိတ်ထိခိုက်နာကျင်လာအောင် တိုက်ခိုက်မှုမျိုး ပြုလုပ်လာသည့်တိုင်အောင် ပြန်လည်တုန့် ပြန်လိုစိတ်နဲ့ ကမူးရှူးထိုး လက်တုန့် မပြန်မိပါစေနဲ့ ။ ကျွန်မ ကိုယ်တိုင်လည်း နည်းလမ်းကောင်းကို သိနေရက်နဲ့ လက်ခံကျင့်သုံးဖို့ အမှန်တကယ် မလွယ်ကူနိုင်တာကြောင့် ရံဖန် ရံခါ ဒေါသထွက်တတ်ပါတယ်။
အရေးအကြီးဆုံး နည်းလမ်းတစ်ခုကတော့ ကိုယ့်စိတ်ကို နာကျင် စေခြင်းအလျဉ်းမရှိသကဲ့သို့ ဥပက္ခာပြုသည့်လမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းလိုက်ပါ။
ဘ၀မှာ ရှုပ်ထွေးနေတာကို ရှင်းအောင် လုပ်နိုင်စွမ်း ရှိသူဟာ နည်းဗျူဟာကောင်းတစ်ခုကို ဖန်တီးနိုင်သူပါ။
“ ခံစားနေရတဲ့ စိတ်အခြေအနေအမျိုးမျိုးကို အပြုံးတွေက ပြောင်းလဲပစ်နိုင်တယ်”
အချိန်တိုင်းပျော်ရွှင် တက်ကြွနေသူ တစ်ဦးအတွက် စိတ်နှလုံးသားတွေဟာ လွတ်လပ်ပေါ့ပါးနေတတ်ပါတယ်။
တကယ်တော့ ဒီနေ့ အချိန်မှာအရေးကြီးတယ်လို့ သင်တွေးထင်ထားတဲ့ အကြောင်းအရာတွေဟာ နောက်တစ်နေ့ မှာ ထပ်မံ ပေါ်ပေါက်လာတဲ့ အကြောင်းအရာ အသစ်အသစ် တွေ ကြောင့် ဘာမှမဟုတ်တော့သလို ခံစားကြရပါလိမ့်မယ်။ ဘယ်လို အခြေအနေမျိုးမှာပဲ ကြုံတွေ့ နေရပါစေ။ အပြုံးပန်းလေး တစ်ပွင့်ကို သာ ဆင်မြန်းပေးထားလိုက်ပါ။ စိတ်ဓာတ်ကျခြင်းကို အပြုံးပန်းလေးက ဖြေဖျောက်ပေးနိုင်စွမ်းရှိပါတယ်။ ရယ်မောခြင်းကြောင့်လည်း စိတ်ခွန်အားတွေ ပိုမို တိုးပွားစေပါတယ်။
မြူးကြွတဲ့ ဂီတသံစဉ်တွေဟာ သင့်အတွက်အပျော်ဓာတ်တွေကို ဖန်တီးနိုင်သလို သင်ဝါသနာပါတဲ့ အလေ့အကျင့်တစ်ခုကလည်း စိတ်ဖိစီးမှုတွေကို အမှန်တကယ်ဖယ်ထုတ်နိုင်စွမ်းရှိပါတယ်။ ရယ်စရာ ပြုံးစရာစကားလုံးလေးတွေကလည့်း ဘ၀ အမောတွေကို ဖြေဖျောက်ပေးနိုင်စွမ်းရှိပါတယ်။ ကျွန်မ ရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံးနေခွင့် ရတဲ့သူ ဟာကျွန်မ စိတ်သောကတွေ များလာချိန်ဆို ဟာသ ပြက်လုံးတွေ ပြောပြီး နှစ်သိမ့်တတ်တဲ့ ဇီဝ ညာဏ်ရွှင်သူ တစ်ဦးပါ။ သူ့ ကြောင့်လည်း ကျွန်မ အပြုံးတွေ အဆင်အမြဲဝေဆာနေတတ်သလို သူ့ ကြောင့်လည်း လူတွေ အပေါ်ခွင့်လွှတ်ခြင်း နဲ့ မေတ္တာထားတတ်လာခဲ့ပါတယ်။ ဆိုလိုတာက ကိုယ့် အပြုံးတွေအသက်ဝင် အဖိုးတန်လာအောင် ဖန်တီးပေးနိုင်စွမ်းရှိ သူကိုသာ နှလုံးသားထဲမှာ နေရာပေး ရွေးချယ်သင့်တာပါ။
“ လူအများနဲ့ ဆက်ဆံတဲ့ အခါ ကိုယ့်ခံစားချက်ကိုေ၇ှ့ တန်းမတင်မိပါစေနဲ့ ”
ကျွန်မတို့ ကိုယ်ခန္ဒာထက်က လက်ချောင်းလေး ၅ ချောင်းမှာတောင် အတို အရှည် မညီ မမျှ ဖြစ်နေရင် လူတစ်ယောက်နဲ့ တစ်ယောက်စိတ်ခံစားချက်ချင်း လည်း ဘယ်လိုမှ မတူညီနိုင်ကြပါဘူး။ လူအများစုက ကိုယ့် အတွက်သာ ကိုယ်ကြည့်တတ်ကြသလို သူတစ်ပါးကို ချီးကျုးဖို့ လက်တွဲခေါ်ဖို့ ဝန်လေးနေတတ်ကြပါတယ်။ ကိုယ့်လုပ်ရပ်သည်သာ အမှန် ၊ ကိုယ့်စကားသည်သာ
အကောင်းဆုံး အသေချာဆုံး ဆိုတဲ့သူတွေနဲ့ အလုပ်လုပ်ကြရတဲ့ အခါ စိတ်ပျက်ခြင်းကရှေ့ တန်းတစ်နေရာက နေရာယူလာတတ်ပါတယ်။ ခံယူချက်ခြင်း မတူညီတာကို ဇွတ်အတင်း ထပ်ထူ မညီမိပါစေနဲ့ ။
လူတစ်ယောက်ကို မြင်မြင်ခြင်း ကိုယ့်ဖက်က စတင်နှုတ်ဆက်ခြင်းက သူ ခေါ်မှ စကားပြောခြင်း ထက် ပိုမို အရေးပါအရာရောက်ပါတယ်။ ကိုယ့်ဖက်က ခင်မင်ရင်းနှီးတဲ့ သဘောထားကို လက်ဆင့်ကမ်းတဲ့ အနေနဲ့ 
အပြုံးနဲ့ စတင် ထိတွေ့ ရင်းနှီးမှု အရယူနိုင်ကြပါတယ်။ လူတစ်ဖက်သားကို နှိမ့်ချပြီး ကိုယ့်ကိုကိုယ် ဂုဏ်တင်ပြသနေသူမဖြစ်ဖို့ ကလည်း အထူးအရေးကြီးလှပါတယ်။ သူတစ်ပါးကြောင့် သင်မနှစ်သက်တာကို တွေ့ မိရင်တောင်အကောင်းဖက်က ပြန်လည် ခံစားတတ်အောင် ကြိုးစားပြုမူကြည့်ပါ။
ယဉ်ကျေးသိမ်မွေ့ စွာဆက်ဆံတတ်ခြင်းက သင့်ကို လူချစ် လူခင်ပေါများစေတဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ သူတစ်ပါး အကြောင်းကို ရှေ့ မှာတင်သာမက နောက်ကွယ်မှာလည်း ချီးကျူးတတ်သူဖြစ်အောင်ကြိုးစား နေထိုင်ကျင့်ကြံပြီး ဘ၀ရဲ့ နောက်ဆုံးအချိန်တွေကို ကုသိုလ်ကောင်းမှုတွေ နဲ့ ကျော်ဖြတ်နိုင်အောင် ကြိုးစားသင့်ကြသလို ၊ မိမိစိတ်ဓာတ်ကိုသာ တိုးတက်ကောင်းမွန်အောင် ကိုယ့်ခန္ဒာအတွင်း ကိုယ်တိုင် ရှာဖွေ ဖော်ထုတ် နိုင်ဖို့  ရည်ညွှန်းရင်း အသက်ကြီး လာသော်လည်း သူတစ်ပါးဘ၀ ပျက်စီးရာ ပျက်စီးကြောင်းအစဉ်အမြဲ အားထုတ်ကြံစည်နေကြသော တရားမရှိနိုင်ကြ သူများအတွက် ကလူငယ်များ ကိုယ်စား မေတ္တာ လက်ဆောင်ပေးအပ်လိုက်ပါတယ်။
အားလုံး အေးချမ်း ပျော်ရွှင်နိုင် ကြပါစေရှင်။
ဆုကဗျာ
၂၀၁၂ ခုနှစ် ၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ 
ည ( ၉ ) နာရီ ( ၃၉ ) မိနစ်
2 comments:
hykhaing said...
အနှစ်ရှိတဲ့စာစုလေးပါ။နောက်လည်းများများရေးနိုင်ပါစေ
တန`င်္လာကိုကို said...
ဟုတ်လိုက်တာဆုကဗျာရယ်
မနေ.ကတရုတ်ပြင်သစ်ခရီးသွား ၃ ယောက်ကိုကူညီ
လိုက်တာ၊ အဒေါ်တွေကားနဲ.ပို.ရင်း၊လမ်ကြုံခေါ်သွား
တာမနက်ပိုင်းပေါ.။ ညနေ sight seeing ခရီးစဉ်
လာဝယ်တော.အဲဒီနေရာကမနက်ကတောင်အလကား
ပို.တာနောက်ထပ်သွားမယ်။ ပိုက်ဆံတော.ထပ်မပေးဘူး
ကျေးဇူးတင်ဘို.ဆိုတာဝေး။ နဲနဲပေးများများသွားခြင်တာ
Guide Book ထဲမှာ 10000 ks ဘဲတဲ.။
အပြင်မှာအများကြီးပြောင်းနေပါပြီ။
Sukabyar
Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
. Design by Insight © 2009