“ ၂၀၁၁ ခုနှစ် အနှစ်ချုပ် ၊၂၀၁၂ ခုနှစ် အဖွင့် မင်္ဂလာ “


" ၂၀၁၁ ခုနှစ် အနှစ်ချုပ် ၊၂၀၁၂ ခုနှစ် အဖွင့် မင်္ဂလာ "




၂၀၁၂ အခင်းအကျင်းသစ်တွေ နဲ့ အားလုံးကိုကြိုဆိုနေပြီ။

နှစ်ဟောင်းက သောက တွေ ၊ လွမ်းဆွေးနာကျင်စရာတွေ ၊
စိတ်လှုပ်ရှားစရာ အခက်အခဲတွေ ချစ်ခြင်းမေတ္တာတရားတွေ ၊
အားလုံးသောဝေဒနာတွေ အတွက် ၂၀၁၂ မှာ ပုံစံအသစ်နဲ့ 
ဆီးကြိုလို့ အားလုံး အတွက် ရင်ခုန်ကြည်နူးစရာတွေ ၊
ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာတွေ ကို ဆောင်ကြဉ်း လို့ သာ
ယူဆောင်လာခဲ့ ပေးပါ။

ကိုယ့်အတွက်တော့ ၂၀၁၁ ခုနှစ် တစ်နှစ်တာလုံးမှာ ကြုံတွေ့ ရင်ဆိုင်ခဲ့ ရသမျှ
အနှစ်ချုပ်အဖြစ် သက္ကရာဇ်ကို ဖြိုခွင်းပြီး
လ အလိုက် သုံးသပ် ဝေဖန်ခွဲ ခြမ်းကြည့်လိုက်မိတဲ့ အခါမှာ~~~~~~


" ၂၀၁၁ ၊ ဇန်န၀ါရီလ"




နှစ်တစ်နှစ်ရဲ့ အဖွင့်အစ ကာလမှာကတည်းက ကိုယ်ဟာ Media Traveler
တစ်ယောက်အဖြစ် လူသိထင်ရှား မှတ်တမ်းတင်လို့ ပြည်တွင်း၊ ပြည်ပ
အလုပ်ခရီးများစွာကို ၂၀၁၁ ခုနှစ်အတွင်းမှာ သွားလာခွင့်ရခဲ့ပါတယ်။

နေပြည်တော်ကနေ အစပြုပြီး ပြင်ဦးလွင် ၊ မော်လမြိုင် ၊ မုံရွာ အလောင်းတော်ကသဖ ၊
ပုဂံ ၊ တကောင်းတောင် ၊ တရုတ်နယ်စပ် ၊ ထိုင်းနိုင်ငံ ၊ အိန္ဒိယ နိုင်ငံ ခရီးစဉ်အဆုံး
အလုပ် တာဝန်တွေ ကြားမှာ ကိုယ်ဟာမျောလွင့်နေခဲ့ရသူပါ ။

ခရီးတွေ သွားတိုင်း ကိုယ့်အတွက်ရလာတဲ့ ဗဟုသုတတွေကြောင့် အမောတွေပြေခဲ့ပေမယ့်
ရန်ကုန်ရုံး ကို ပြန်လည်ခြေချတဲ့အခါ ဥခွံဟောင်းထဲကို ပြန်လည်တိုးဝင်လာရသလို
မွန်းကျပ်မှု အပေါင်းက ကိုယ့် ရင်ဝကို ကြိုဆို စီးကန်နေကြလေရဲ့ ။

ဒါပေမယ့်လည်း ဒါဟာ ကိုယ်တိုင်ကျေနပ်လို့ ရွေးချယ်ခဲ့တဲ့
ကိုယ့် ရဲ့ဘ၀ တစ်ခုမဟုတ်ပေလား ။

" ၂၀၁၁ ၊ ဖေဖော်ဝါရီလ"

ဘ၀များစွာကို အတွေ့ အကြုံပေါင်း များစွာနဲ့ု ဖြတ်သန်းခဲ့ရဖူးတဲ့
ကိုယ့်အတွက်အနုပညာ အလုပ်အကိုင်တွေ ပွင့်လင်း တိုးတက်စေခဲ့တဲ့
လ အဖြစ်ဇာတ်ကားပေါင်းများစွာမှာ သရုပ်ဆောင်ခွင့်ရခဲ့ ပြန်ပါတယ်။

အကျိုးနဲ့ အကြောင်း ၊ အဆိုးနဲ့ အကောင်း ဒွန်တွဲနေတဲ့ လောကကြီးမှာ
ကိုယ်ဟာ လစ်ဟာသွား ခဲ့ရတဲ့ တစ်ဖက်လုပ်ငန်းတွေ ကိုလည်း
အစားထိုးဖြည့်ဆီးပေးတဲ့ အနေနဲ့ အလုပ်ချိန်ကို
သာမန်ထက်ပို ပြီး ဖိဖိစီးစီး လုပ်ကိုင်ပေးခဲ့ရပြန်ပါတယ်။

" ၂၀၁၁ ၊ မတ်လ"

ကိုယ် အပတ်စဉ် တာဝန်ယူနေရတဲ့ Snap Shot Photo ဓာတ်ပုံ
ကဏလေး ( ၃ ) နှစ်တိုင်ခဲ့ပြီ မို့ များစွာသောစာဖတ် ပရိသတ်ရဲ့ ဂုဏ်ပြု
မှတ်တမ်း တင်သံတွေ ကြားမှာ ကိုယ်ဟာ အမောပြေခဲ့ရတဲ့
လအပိုင်းအခြားလေး တစ်ခုအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

" ၂၀၁၁ ၊ ဧပြီလ"

ဘယ်လိုမှ ထင်မှတ်မထားတဲ့ ကံကြမ္မာမုန်တိုင်းကြောင့် ကိုယ့်ဘ၀ တစ်ခုလုံး
စုန်းစုန်းမြုပ်အောင် ၇က်စက် ယုတ်မာခဲ့သူတွေကြောင့်
ဘ၀ရဲ့ ခါးသီးမှုကို ရင်နင့်အောင် ထပ်မံစားသုံးလိုက်ရတဲ့ သင်္ကြန်ကာလ အချိန်အခါကြီးပါ ။

လူတိုင်းမှာ ပြန်လည်ပြင်ဆင်ခွင့် မရတော့တဲ့ အတိတ်ကံ ဆိုတာကြီး
ကြောင့်လက်ရှိဘ၀မှာ ကိုယ်ဘယ်လောက်ကောင်းအောင် နေထိုင်ခဲ့ပါစေ ၊
အမှားပြုခံရစမြဲ ၊ ၀ဏ်ကြွေးတွေ ကျေအောင် ဆပ်နေရစမြဲဆိုတာ
မတရားသော နည်းလမ်းတစ်ခုများဖြစ်နေမလား။

အမှားဆိုတာ ကိုယ့်ဖက်က စတင်မကျူးလွန်ခဲ့ပေမယ့်လည်း
ကျူးလွန်ခံရမယ့် ၀ဏ်ကြွေးပါခဲ့ရင် အမှားဖြစ်ခံ ရတတ်စမြဲမို့ 
ကိုယ့်ရဲ့အမှား ကို ကိုယ်တိုင်ပြန်လည်ဆန်းစစ်ရင်း
အားအင်သစ်တွေ မွေးမြူခဲ့ရတဲ့ လဧပြီ ကို ဘ၀ တစ်သက်တာ
မှာ မေ့နိင်တော့မယ် မထင်ပါဘူး။

တကယ်ဆို ကိုယ့်ရဲ့ ဖြူစင်သော စိတ်ရင်းအခံ နဲ့ ရှင်းသန့် တဲ့
မေတ္တာတရားကို ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းရရှိ ခံစားနိုင်အောင်
ဖြန့် ကျက်ပေးဝေ နေတတ်ခဲ့သူမို့  ကံကြမ္မာရဲ့ မညှာမတာ
ကျီစယ်မှုလို့ ပဲ ကိုယ်ပိုင်အတွေးနဲ့ ဖြေသိမ့်ရင်း ၊
သူငယ်ချင်းပေါင်းများစွာ ၊ လုပ်ဖော်ကိုင်ဖက်ပေါင်းများစွာ ၊
ရင်းနှီးခင်မင်နေကြသူပေါင်းများစွာရဲ့ ခလုတ်တိုက် လှောင်ပြောင်သံတွေ ကြား ၊
စွန့် ခွာပြေးထွက်သွားကြသူတွေ အကြား ၊ အားပေးနှစ်သိမ့်မှုတွေနဲ့
့ခိုတိုးလို့ နွေးထွေးမှုပေးခဲ့သူတွေ ကြားကနေမြတ်စွာဘုရားကိုပဲ
အာရုံပြုပြီး ဒုက္ခပေးခဲ့သူကို ဥပက္ခာပြုနိုင်အောင် နှလုံးသား
တဆစ်ဆစ်နာကျင်ရင်း ကြိုးစားရယူနိုင်ခဲ့ပြန်ပါတယ်။

" ခွင့်လွှတ်ခြင်းသာ အကောင်းဆုံးသော လက်တုန့်ပြန်ခြင်း လို့ ခံယူရင်း
အရာ အားလုံးကို ပြည်ဖုံးကား ချ ပစ်ခဲ့ရတဲ့ လဧပြီ ပါ။"

" ၂၀၁၁ ၊ မေလ"

ဖြစ်ပျက်ခဲ့သမျှ သောကအပူတွေ ငြိမ်းချမ်းစေရေး ရည်ရွယ်ပြီး မဟာစည်မှာ
တရားစခန်းဝင်လို့ ကိုယ့်ဘ၀ ကို ပြန်လည် ထူထောင်ခဲ့ရတဲ့ မေလဆန်းလေးမှာ
အရာအားလုံးဟာ ကြည်လင် အေးချမ်းလို့ တင့်တယ်ကောင်းမွန်နေခဲ့ပါတယ်။

ဘုရားရိပ် တရားရိပ်ကို ငယ်စဉ်ကတည်းက ဗုဒ္ဒဘာသာ ယဉ်ကျေး
လိမ္မာသင်တန်းသူ တစ်ယောက်အဖြစ် ဖြတ်သန်းနာယူကျင့်သုံးခဲ့တဲ့
ကိုယ့်အတွက် တရားဓမ္မတွေကြားမှာ လောကရဲ့ ဖြစ်ပျက်တရားကို
ထပ်မံ ရှာဖွေတွေ့ ၇ှိခဲ့ပြန်ပါတယ်။

" ၂၀၁၁ ၊ ဇွန်လ"

ပုံမှန်လည်ပတ်နေ၇တဲ့ လုပ်ငန်းခွင်မှာ လူမှုရေးတွေ ပျက်ကွက် ၊
မိသားစုအရေးတွေပျက်ကွက်ခဲ့တဲ့ ကိုယ့်အတွက်
Face Book စာမျက်နှာလေး ဟာ ဆက်သွယ်မှု အခြေခံကောင်း အဖြစ်
ကိုယ့်ကို တစ်နှစ်တာလုံး အကျိုးပြုပေးနေခဲ့ပေမယ့် Face book ပေါ်က
မလိုလားအပ်တဲ့ ဆိုးကျိုးတွေ နဲ့ ရှောင်ခွာသင့်တဲ့ သူတစ်ချို့ ကြောင့်
ခင်မင်မှုတွေပျက်စီး ၊ နားလည်မှုတွေ လွဲမှားနဲ့ ကြိုတင် မမြင်နိုင်တဲ့
ဇာတ်လမ်းအဆုံးသတ်ဟာ ကိုယ့်အပေါ် Block လုပ်သွားသူတစ်ချို့ ကြောင့်
မလှမပနဲ့အရုပ်ဆိုးအကျီးတန်ခဲ့လေရဲ့ ၊

ဒါပေမယ့်လည်း မကောင်းမှုဟူသည် စိတ်ကွယ်ရာ မရှိဆိုတဲ့ အတိုင်း
လုပ်ရပ်ဆိုးကြီးက မျက်ဝါးထင်ထင်ပေါ်ထွက်လာခဲ့ ချိန်မှာတော့
ကိုယ့်ရဲ့ မပျက်ယွင်းခဲ့တဲ့ မေတ္တာတရားကြောင့် အလံဖြူ ပြလာသူတွေကို
အေးချမ်းသက်သာမှုတွေ ထပ်မံပေးစွမ်းစေခဲ့ပြန်ပါတယ်။

စေတနာ မှန်ရင် တစ်နေ့ တော့ ကောင်းကျိုးချမ်းသာ ,
သာ ပြန်လည် ခံစားရရှိနိုင်မယ်ဆိုတာကိုလည်း
အခိုင်အမာယုံကြည်သွားခဲ့မိပါတယ် ။

" ၂၀၁၁ ၊ ဇူလိုင်လ"

နိုင်ငံခြား ခရီးစဉ် အသွားရဆုံးလ အဖြစ်မှတ်တမ်းတင်နိုင်မယ့် ဇူလိုင်လ
မှာတော့ကိုယ့်ဘ၀ တည်ငြိမ်စ ပြုလာခဲ့ရသလို ( ၁၃ ) နှစ်ကျော်ကွဲကွာနေခဲ့ရတဲ့
ငယ်သူငယ်ချင်းမလေး ဇူးဇူး မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတာကြောင့်
(၁၀ ) နှစ်ကျော် ဝေးကွာနေခဲ့ကြတဲ့ ကျောင်းနေဖက်
ငယ်သူငယ်ချင်းမလေးတွေနဲ့ အတူ ကိုယ်တိုင်လည်း
ငယ်မူ ငယ်သွေးတွေ တက်ကြွရင်းပျော်၇ွှင်ခဲ့၇ပြန်ပါတယ်။

အစ်ကိုတစ်ယောက် ၊ ကျေးဇူးရှင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့
အကယ်ဒမီဒွေး ရဲ့ (၄) နှစ်ပြည့် တဲ့လ ဖြစ်နေပြန်တာကြောင့်
မြန်မာပြည်ပြန်လာတဲ့ အစ်မ မမိုးကို လိုအပ်တာတွေ ၀ိုင်းကူရင်း
သောက တစ်ဝက်ခွဲယူပေးခဲ့လိုက်မိပါတယ်။

ဇူလိုင်လ ရဲ့ မိုးရေစက်တွေ ကြားမှာ British Council က ချီးမြှင့်တဲ့
ဲ့ Certificate တစ်ခုကို အရယူနိုင်ခဲ့တဲ့ အတွက် ကိုယ့်ရဲ့ပညာရေး
ခ၇ီးဟာ ခြေလှမ်းများ ပိုမိုသွက်လက်စေခဲ့ပြန်ပါတယ်။

ပြည်တွင်းခရီးစဉ် တစ်ခု အဖြစ်ပုဂံဒေသ ကိုလည်း လုပ်ငန်းတာဝန်များနဲ့ 
ထပ်မံသွားရောက်ခဲ့ရတဲ့ လဇူလိုင်မှာ အမှတ်တရ
ပေါင်းများစွာ ကို ဖန်တီးနိုင်ခဲ့ပြန်ပါတယ်။

" ၂၀၁၁ ၊ သြဂုတ်လ"

ကိုယ့်ဘ၀ရဲ့ အလင်းရောင်ကို ရှာဖွေ တွေ့ ရှိခဲ့ရတဲ့ သြဂုတ်လ ဟာ
ကြည်နူးစရာများစွာ ထုံလွှမ်းလို့ 
သာယာပျော်ရွှင် ခဲ့ရပြန်ပါတယ်။

ချစ်စရာခွေးလေးတစ်ကောင်ကလည်း ကိုယ့်ဘ၀ထဲကို ထပ်မံတိုးဝင် လာခဲ့သလို
ကိုယ့်အပေါ် နားလည်ကြင်နာမယ့်သူ တစ်ယောက်ကို လည်း အခိုင်အမာ
မှတ်တမ်းတင်နိုင်ခဲ့တဲ့ သြဂုတ်လ ဟာ ကိုယ့်အတွက် တော့
သာယာအေးချမ်းစေခဲ့တာအမှန်ပါ။

Face book စာမျက်နှာပေါ်ကနေတစ်ဆင့် ခင်မင်ရင်းနှီးခွင့်ရခဲ့တဲ့ နိုင်ငံတကာက
သူငယ်ချင်းတွေ ညီအစ်မတွေဖြစ်ကြတဲ့ စင်ကာပူက မီးလေး @ Tone Lay,
ပုသိမ်သူ ညီမလေး ငြိမ်းငြိမ်း @ Pathein Thu Lay,
မလေးရှားက မမမာလာ @Honey Lee ,
ညလေး Chan Myae Noe Noe က လည်း ကိုယ့်ဆီအရောက်လာကြပြီးတွေ့ ဆုံကြ
လက်ဆောင်တွေ ဖလှယ်ကြနဲ့ ခင်မင်ရင်းနှီးမှုနှောင်ကြိုးတွေ
ထပ်မံရစ်ပတ်ခိုင်မာစေခဲ့ပြန်ပါတယ်။

" ၂၀၁၁ ၊ စက်တင်ဘာလ"

မုန်တိုင်းပြီးရင်း လေပြည်လာစမြဲဆိုတဲ့ ဆိုရိုးလေးအတိုင်း
ကိုယ့်အတွက်လေပြည်အမျိုးမျိုးနဲ့ သင်းရနံ့ အဖြာဖြာကို
ဆောင်ကျဉ်းပေးလာခဲ့တဲ့ စက်တင်ဘာလ ဟာမိုးရေစက်တွေ ကြားကနေ
ကိုယ့်ရင်ကို ထပ်မံအေးမြစေခဲ့ပြန်ပါတယ်။

ကိုယ်ပိုင်ထုတ်ဝေခွင့် ရရှိခဲ့တဲ့ Fancy စိတ်ကူးစွမ်းအားဂျာနယ် လေးကို တတ်အားသမျှ
အသက်သွင်းပြီး အောင်မြင်စွာ ထုတ်ဝေနိုင်ဖို့ ကြိုးစားခဲ့ရတဲ့ နေ့ ရက်များဖြစ်ပေမယ့်
ကိုယ့်အပေါ် မေတ္တာထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ အနုပညာ
ညီအစ်ကိုမောင်နှမတွေကြောင့်အရာအားလုံးဟာ
သက်တောင့်သက်သာ ကျော်လွှားနိုင်ခဲ့ရပြန်ပါတယ်။
ဒါသည်လည်း ရယူလိုစိတ်ကင်းမဲ့စွာနဲ့ တတ်အားသမျှ ကူညီခဲ့ဖူးတဲ့
ကိုယ့်ရဲ့ စေတနာ ရောက်ပြန်ဟပ် ခြင်းလို့ ပဲ
ကိုယ်ပိုင်အတွေးနဲ့ သုံးသပ်ခဲ့လိုက်မိပါတယ်။


" ၂၀၁၁ ၊ အောက်တိုဘာလ"

၁၉၈၃ ခုနှစ် ၊ အောက်တိုဘာလ ၄ ရက်နေ့ မှာ လူ့ လောကကြီးထဲရောက်ရှိခွင့်ရခဲ့တဲ့
ကိုယ့် အတွက်ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းပေါင်းများစွာက ကြမ်းတမ်းခဲ့သည်များရှိသလို
ချောမွေ့ ငြင်သာ ခဲ့သည်များလည်း ရှိခဲ့ရပါတယ်။

၂၀၁၁ ခုနှစ် ၊ အောက်တိုဘာလ မှာတော့ ကိုယ့်ရဲ့ (၂၇) နှစ်တာ ဖြတ်သန်းခဲ့ရသမျှ
နေ့ ရက်တွေ ထဲမှာ ကြည်နူးဝမ်းသာစရာနေ့ ရက်အဖြစ်မွေးနေ့ 
အလှုပေါင်းများစွာကို ချွေးနည်းစာ
များနဲ့ လှုဒါန်းနိုင်ခဲ့ပြန်ပါတယ်။

ပီတိဖြစ်စရာ အလှုတွေကြားမှာ လိုအပ်နေသူတွေကိုဖေးမ ၊
လစ်ဟာနေသူတွေကို ဖြည့်ဆီးပေးနိုင်ခဲ့တာကြောင့်
ကိုယ့်အတွက်စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိခဲ့တဲ့ မွေးနေ့ ၊ မွေးလ
တိုက်ဆိုင်တဲ့ အခါသမယ အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပြန်ပါတယ်။

နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့ ချစ်သူငယ်ချင်း ယုလေးကလည်း
အလှုငွေတွေ ထည့်ဝင်ပေါင်းစပ်လို့ ကြည်နူးစရာ အဖြာဖြာကလည်း
ကိုယ့် နဘေးနားဝင်တိုးလို့ ကိုယ့်အပေါ် ချစ်ခင်ကြင်နာကြသူတွေရဲ့
မေတ္တာပေါင်းများစွာကိုပူပူနွေးနွေး လက်ခံ ရရှိခဲ့ရတဲ့ အောက်တိုဘာလ လေးပါ ။

သီတင်းကျွတ် လပြည့်နေ့ မှာ ပွဲဦးထွက် အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့တဲ့ စိတ်ကူးစွမ်းအား
ဂျာနယ်လေးကြောင့်လည်း လက်ခံကြိုဆိုကြသူများ ၊
ဝေဖန်အပြစ်တင်ကြသူများ ရဲ့ ကောင်းကျိုး ဆိုးကျိုးကို
လက်ခံရရှိခဲ့ပြန်ပါတယ်။

ဒါ့အပြင် သက်တမ်း ( ၅ ) နှစ်တာ လုံးလုံး အကောင်းအဆိုး
တစ်လှည့်စီ သည်းခံရင်း စိတ်ရော ပညာအရည်အချင်း အားလုံးပါ
နှစ်မြှုပ်လုပ်ကိုင်ပေးခဲ့တဲ့ လျှတ်တစ်ပြက် ဂျာနယ် ကြီးအတွက်
ဂုဏ်တက်စေခဲ့တဲ့ နေ့ ရက် ( ၂၇ ) ကိုလည်း အောက်တိုဘာ
အခင်းအကျင်းမကုန်ခင် လေးမှာတင် လက်ခံရရှိခဲ့ ရပြန်ပါတယ်။

ချီးမြှင့်ခံ ခဲ့ရတဲ့ ဆုလာဒ်က မပြောပလောက်ပေမယ့် အသိအမှတ် ပြုခဲ့ကြသူတွေ
အကြားပီတိ ဖြစ်စရာ ကြည်နူးဝမ်းသာစရာ နေ့ ရက်ကိုလည်း ပိုင်ဆိုင်ခဲ့ရတဲ့
လအောက်တိုဘာကို ဘယ်သောအခါမှ မေ့ပျောက်နိုင်စွမ်း မရှိတော့တာအသေအချာပါပဲ ။
ကံကောင်းခြင်းတွေဟာ အဖော်အပေါင်း တစ်သိုက်နဲ့ ကိုယ့်ရဲ့ ထံပါးရောက်ရှိလာခဲ့တဲ့
အောက်တိုဘာလ လေးမှာပဲ Wamiles Japan Cosmetics Company ကြီးက
ခန့် အပ်တဲ့ အလှကုန် Brand Ambassador အဖြစ် အသိအမှတ်ပြု ခံလိုက်ရခြင်းပါပဲ ။


" ၂၀၁၁ ၊ နိုဝင်ဘာလ"

ပြည်တွင်းခရီးစဉ် ဧရာဝတီ ကျိုက်လတ်မြို့ ကိုလည်း လုပ်ငန်းတာဝန်နဲ့ သွားရောက်ခဲ့ရတဲ့
ကိုယ့် အတွက် ကံကြမ္မာဆိုးကြီးကို ခန့် မှန်းနိုင်ဖို့ အခွင့်အရေး မရရှိခဲ့လိုက်တာဟာ
ကိုယ့်အတွက် နာကျင်ဖို့ တွေ ဖြစ်လာတာ များလား ။

အခွင့်အရေးရခိုက် ဖူးမြှော်ခွင့်ရလိုက်တဲ့ ဗုဒ္ဒမြတ်စွယ်တော်ကို နေပြည်တော်အထိ
သွားရောက် ကြိုဆို ဖူးမြှော်ခွင့် ရချိန်မှာပဲ ဆင်ဖြူတော်များနဲ့ Snap Shot Photo
ရိုက်ကူးနိုင်ခဲ့တာကြောင့် လူကြီးပိုင်း တော်တော်များများ ရဲ့
ချီးမြှင့်စကားသံ များကို လက်ခံရရှိခဲ့ပါတယ်။

ဒါသည်လည်း ကိုယ့်ရဲ့ ဖြတ်ထိုးညာဏ် ကောင်းမွန်ခြင်းကြောင့်လို့ ပဲ
ကိုယ့်ကိုကိုယ် ဂုဏ်ဖော်ရင်း ပီတိတွေကို စားသုံးကာ ကျေနပ်နေချိန်အထိ
ကိုယ့်ရဲ့ ကံကြမ္မာဆိုးကို ကြိုတင်မတွက်မိအောင် ညံ့ဖျင်းလွန်းခဲ့ပြန်ပါတယ်။

၂၀၁၁ ၊ နိုဝင်ဘာလမှာ လိပ်ပြာတစ်ကောင်ကို ကယ်တင်ဖို့ အတွက်
ပင့်ကူ ကို ရဲရဲဝံ့ဝံ့ ခြောက်လှန့် ပေးခဲ့ ရတယ်။
လိပ်ပြာ အသက်ရှင်သွားခဲ့ပေမယ့် ပင့်ကူ အစာငတ်သွားခဲ့ရတယ်။

ဒီလိုပါပဲ ဖားတစ်ကောင် အသက်ရှင်ဖို့ အတွက် မြွေ ကိုခြောက်လှန့် ခဲ့ရတယ်။
ဖားက အသက်ချမ်းသာရာ ရသွားပေမယ့် မြွေက အစာငတ်သွားလို့ 
ကယ်တင်သူကို အငြိုးထားခံ လိုက်ရတယ်။

သူများ အကျိုးဆောင် ကိုယ့်အကျိုးပြောင် ရမယ့်ကိန်းဆိုက်နေချိန်အထိ
ကံကြမ္မာ ဆိုးကို မတွက်ချက်ခဲ့ဘဲ သူတစ်ပါး အပေါ်
ကူညီချင်စိတ်က သာပြင်းပြနေခဲ့ပြန်ပါတယ်။

" ၂၀၁၁ ၊ ဒီဇင်ဘာလ"

အေးချမ်းလှတဲ့ လဒီဇင်ဘာမှာ ကျားဆိုးရဲ့ ဘေးဒဏ်က လွတ်ကင်းအောင်
သမင်ပျို မလေး ကို ကယ်တင်ပေးခဲ့လိုက်မိ တယ်။

အဲဒီအတွက် အစာငတ်သွားတဲ့ ကျားဆိုးက ကိုယ့်ကို ဒုက္ခရောက်အောင်
ခြောက်တွန်းတာခံလိုက်ရ့ တယ်။

ဒါဟာ ၂၀၁၁ ရဲ့ အ၇င်းအနှီး နောက်ဆုံး လက်ကျန် အကြွေးတွေပဲဖြစ်ပါစေ ။

ဘာပဲဖြစ်ဖြစ် လောကဓမ္မတာအရ ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်သတဲ့လား ။
စာဆို ထဲမှာတော့ ညွန့် နေအောင် ချိုသာနူးညံ့ တဲ့ စကားလုံးအလှအပ တွေက
ကိုယ့်အတွက်တော့ တမာလို ခါးသက်နေစေခဲ့တာ အဲဒီ ၂၀၁၁ နောက်ဆုံးလကြီး ပေါ့ ။

အကောင်းအဆိုး ဒွန်တွဲနေတတ်တဲ့ လောကဓမ္မတာ သဘောအတိုင်းပါပဲ ။
ကိုယ့် အတွက် လုပ်ငန်းတွင်း ချောက်တွန်းမှု ပုံစံအမျိုးမျိုးကို ကျားဆိုး ၊
ကျားမတွေ ပူးပေါင်းပြီး ကြံစည်ခဲ့ကြတယ်။

ဒါပေမယ့် ကိုယ့်အတွက်တော့ နိုင်ငံခြား မှာ ပညာတော်သင် ယူ
ခွင့်ကို ကိုယ်ပိုင် ဦးနှောက် နဲ့ ရရှိခဲ့လိုက်တယ်.။

ခေတ္တခဏ ရှောင်ထွက်သွားဖို့ နည်းလမ်းကောင်းက
သူ့ အလိုလိုရောက်ရှိလာခဲ့တယ်။

အမှန်တရားဟာ ကိုယ့်လက်ထဲ မှာ သက်သေ အထောက်အထား
အပြည့်အစုံ နဲ့ အလိုအလျောက်ရောက်ရှိ လာသည့်တိုင်အောင်
ကျေးဇူးရှိခဲ့ဖူးတာကြောင့်
ခွင့်လွှတ်စိတ်၊ နာကျဉ်း ရွှံရှာစိတ်တွေ နဲ့ အတူ အားလုံးကို
ဖွင့်ဟ ပြောဆိုဖို့ အာစီးနေခဲ့မိပြန်တယ်။

သူ့ အကုသိုလ် ကိုယ့် အကုသိုလ် အဖြစ်လက်ပြောင်းရယူလိုစိတ်ကင်းမဲ့ ခဲ့တဲ့
ကိုယ့်အတွက် နာမည်ဆိုး တစ်ခု သာ အဖတ်တင်ကျန်ရစ်ခဲ့တာ မို့ 
၂၀၁၁ ခုနှစ် အနှစ်ချုပ်မှာ ကိုယ်ဟာ လွတ်လပ်စွာပျံသန်းရင်း
ပညာ ဆက်လက် သင်ကြားခွင့်ကိုပဲ ကျေကျေနပ်နပ် လက်ခံ ရယူလိုက်မိပါတော့တယ်။
ဒါ့အပြင် Face book စာမျက်နှာပေါ်မှာ ရင်းနှီးခင်မင်မှုပေါင်းများစွာနဲ့ 
အခြေခံ တည်ဆောက်ရင်း ချစ်ခင်နေကြတဲ့ ကနေဒါနိုင်ငံမှ မအေးခိုင် ၊
ဂျပန်နိုင်ငံမှ ညီမလေးသက်မွန် နဲ့ ဟောင်ကောင်မှ မငယ်ခိုင် ၊ စင်ကာပူနိုင်ငံမှ
ချစ်ယုလေး တို့ နဲ့ တွေ့ ဆုံ ခင်မင်ခွင့်ကို လဒီဇင်ဘာရဲ့
တစ်ရက်သော အချိန်အခါမှာ ရရှိခဲ့လိုက်ပါတယ်။

နိုင်ငံခြားသံ ရုံးတစ်ခုရဲ့ ထောက်ပံ့ ကူညီမှုကြောင့် နိုင်ငံတကာ အသိအမှတ်ပြု
စာမေးပွဲတစ်ခုကို ဖြေဆိုအောင်မြင်ခဲ့တာကြောင့် ဂုဏ်ပြု မှတ်တမ်းလွှာ
Certificate တစ်ခုကို လည်း လက်ဝယ် အေ၇ာက် ထိုက်ထိုက်တန်တန်ရရှိခဲ့ရပြန်တာ
ကြောင့် ကံကောင်းခြင်း တစ်ခုလို့ ဆိုရလေမလား ။
ဝီရိယ အကျိုးဆက်လို့ ပဲ သုံးသပ်ရမလား။

ကိုယ်တင်မက ဒီဇင်ဘာရဲ့ အနှစ်ချုပ်ရက်စက်မှုကြောင့်
အပြစ်မဲ့ လူသားတွေ ရက်ရက်စက်စက် သေကြေ ကြရ ၊ အိုးအိမ်တွေကင်းမဲ့ ပြီး
၊ သေကွဲ ကွဲသူတွေ ၊ ရှင်လျှက် လွမ်းဆွတ်နာကျင်နေကြသူတွေ ထက်စာရင်
ကိုယ့် အဖြစ်က မပြောပလောက်စရာများ ဖြစ်နေမလား ။

သေချာတာကတော့ ၂၀၁၁ သည် ကိုယ့်အတွက် ကံကြမ္မာဆိုးတွေ
တစ်မျိုးပြီး တစ်မျိုး ဖန်တီးသွားခဲ့တဲ့ မကောင်းဆိုးဝါး နှစ် ။
ကံကောင်းခြင်း လက်ဆောင်အနည်းငယ်ကို ဆောင်ကျဉ်းသယ်ယူ
လာပေးခဲ့တဲ့ နှစ်တစ်နှစ် ၂၀၁၁ အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကိုယ့်အန္တရာယ်ကို ကြိုတင် တွေးမြင်တတ်ခဲ့ပေမယ့် ကိုယ့်ရဲ့ မိသားစု အတွက် ၊
လုပ်ငန်းကို မှီခိုနေကြသူတွေအတွက် အများရဲ့ ထမင်းအိုးကို
ရိုက်ခွဲလိုစိတ်ကင်းမဲ့မှုနဲ့  အတူ ကိုယ်တိုင်ပဲ အမှန်တရား ကို ခါးသီးစွာ
လက်ပိုက် ကြည့်နေရင်း ဥပက္ခာပြုခဲ့ရတာလည်း ဒီ၂၀၁၁ မှာပါပဲ ။

ကိုယ့်အပေါ် ဘယ်လို အတွေးဆိုး ၊ အငြိုးဆိုးတွေ နဲ့ နာကျဉ်စွာ
ရက်စက်ခဲ့သလဲဆိုတာ မသေချာ မရေရာ တဲ့ အဖြေ ရဲ့
နောက်ဆက်တွဲအဖြစ် ၂၀၁၁ မကောင်းဆိုးဝါး
လက်ဆောင်ထုပ်ကြီးကို လေးလံစွာ ထမ်းပိုး ခဲ့ရ ချိန်တွေ အတွက် ၊

၂၀၁၂ အကူးအပြောင်းနေ့ ရက်
ဒီဇင်ဘာလ ၃၁ ရက်နေ့  မှ စတင်ပြီး

ကံကြမ္မာဆိုးများ ၊ မကောင်းသောဘေးဒုက္ခအပေါင်းနှင့် ၊
သောက ဝေဒနာအပေါင်းကို လက်ခါ အသာချ လို့ စွန့် ခွာ
ထွက်ပြေးရင်း နှစ်သစ် မင်္ဂလာမှာ ကောင်းခြင်း
ကျက်သရေ အဖြာဖြာ နှင့်ပြည့်စုံ သူတစ်ဦးအဖြစ်သာ ဘ၀ခရီလမ်း
ကိုရှေ့ ဆက်လျှောက်လှမ်းခွင့် ရရှိပါရစေ
♥ ♥ ♥ HAPPY NEW YEAR 2012♥ ♥ ♥

◕▄███▄◕──◕▄██▄◕──◕▄███◕─◕▄███▄◕ ◕▀──██◕─◕██──██◕───◕██◕─◕▀──██◕ ◕──██◕──◕██──██◕───◕██◕─◕──██◕ ◕─██◕───◕██──██◕───◕██◕─◕─██◕ ◕█████◕──◕▀██▀◕───◕▄██▄◕◕█████

လို့ သာ ကြွေးကြော်ရင်း အားလုံးသော လူနတ် သတ္တ၀ါ အပေါင်း နှစ်သစ်မင်္ဂလာမှာ
ကောင်းကျိုး ချမ်းသာ အဖြာဖြာ သာရရှိနိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။
( မှတ်ချက် ။ ။ စာရေးသူ၏ ခံစားချက်သီးသန့် ကိုသာရေးဖွဲ့ ထားခြင်း
ဖြစ်ပါသဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုစိတ်
အလျှင်းမရှိပါ။ )



ရင်မှ မေတ္တာ အဖြာဖြာ ဖြင့်

ဆုကဗျာ

၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာ ( ၃၁ ) ရက်
ညနေ ၆ နာရီ ၁၈ မိနစ်








           

1 comments:

Sai Kum Lake (Swiss) said...

Dear Sis SU,
I have read your "2011 Diary Script."
2011,April was your worse moment, I believe 2+11+4= 8. In that time you was in influence of the Number *8*. Regarding to Numerology this number defines to Sad/Sorrow.
But as you are a Good,Honest and Simple Lady; furthermore you are the trusted on your "Works", these bad ill had to be vanished in "April Rain and April Breeze'. I believed it.

"May I wish you to be fulfilled your Wishes and your sweet dreams will come true in the fresh Year 2012.
With much regard,
Sai Kum Lake.

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009