Face book ဆိုသည်မှာ အံ့သြမှု များနှင့် စွဲလမ်းစေသောအရာ ------

Face Book ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ အမေရိကန် တက္ကသိုလ်များတွင် အသုံးပြုသော စကားတခု ဖြစ်သည်။ တက္ကသိုလ်ကို စတင်တက်ရောက်မည့် မျက်နှာသစ် ကျောင်းသား၊ ကျောင်းသူများကို စာသင်နှစ်၏ အစတွင် အတန်းဖော်နှင့် ဆရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ သီရေတာ အပြင်ဘက်တွင် ကျောင်းသားသစ်၏ မျက်နှာနှင့် နာမည် အချက်အလက်အချို့ကို ဖော်ပြထားသည့် နေရာတခုကို Face Book ဟု ခေါ်သည်။ မာခ် ဇာကာဘခ်က ထိုနာမည်ကို အစွဲပြု၍၎င်း၊ ထိုထုံးတမ်းဓလေ့ကို ပုံတူကူးယူ၍၎င်း Face Book ဟု အမည်ပေးခြင်း ဖြစ်သည်။ Face Book စတင်တည်ထောင်ခါစက ဟားဗတ် တက္ကသိုလ် ကျောင်းသားများကိုသာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ခွင့်ပြုခဲ့သော်လည်း ထိုနှစ် နွေဦးရာသီအစမှာပင် ဟားဗတ် တက္ကသိုလ် ကျောင်းသားများသာမက ယေး၊ စတန်းဖို့ဒ်၊ ကိုလံဘီယာ၊ ဘာကလေ၊ ကော်နယ် အစရှိသည့် ကျောင်းများမှ ကျောင်းသားများပါ thefacebook.com ၏ အဖွဲ့ဝင်များ ဖြစ်လာကြသည်။
လူမှုကွန်ယက် ဝက်ဘ်ဆိုဒ် Social Networking Site များစွာအနက် Face Book ဝက်ဘ်ဆိုဒ်မှာ လူသိများ အထင်ရှားဆုံးဖြစ်သည်။ ၂၀၀၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ Face Book ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာတလွှားမှ ဝင်ရောက်ထားပြီးသူပေါင်းမှာ သန်း ၃၀၀ ကျော်ရှိပြီး ဘာသာစကား ၅၅ မျိုးနှင့် အသုံးပြုနိုင်ပြီ ဖြစ်သည်။ စတင်တည်ထောင်စက ရည်ရွယ်ချက် အနည်းအကျဉ်းသာ ရှိခဲ့သော Face Book မှာ ယခုအခါ နိုင်ငံငယ် တခုထက်မက ရည်ရွယ်ချက်၊ ရည်မှန်းချက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ ယခုအခါ အင်္ဂလန်နိုင်ငံ၏ လူဦးရေထက်ပင် များနေသည့် Face Book ဝက်ဘ်ဆိုဒ်အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဘော်စတွန်မြို့ရှိ ဟားဗတ်တက္ကသိုလ် အခန်းကျဉ်းလေးထဲမှ စတင်ခဲ့သည်။ ဟားဗတ်တက္ကသိုလ် ကျောင်းသား တဦးဖြစ်သည့် မာခ် ဇာကာဘခ်က သူ၏ အခန်းဖော်သူငယ်ချင်း နှစ်ဦးဖြစ်သူ ဒတ်စတင် မော်စကိုဗစ်၊ ခရစ်ဟူရ်း တို့နှင့်အတူ www.thefacebook.com ဆိုသည့် အင်တာနက် လိပ်စာတခု ဝယ်ယူကာ စတင်ခဲ့သည်။
(၂ဝဝ၃)ခုနှစ်၊ အောက်တိုဘာ (၂၈)ရက်နေ့က Face book စာမျက်နှာ ဖွဲ့စည်းပုံကို တီထွင်ရေးသားခဲ့တဲ့ Harvard တက္ကသိုလ်မှ Mark Zuckerber မှာဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ဘဝမှာပင် Face book စာမျက်နှာကို စတင် စမ်းသပ်ခဲ့သည်။ စမ်းသပ်နေဆဲ ကာလမှာပင် စတင်သုံးစွဲနေကြသူ အချို့က ဓာတ်ပုံများပါ ပူးတွဲ အသုံးပြုနိုင်ဖို့ အကြံဥာဏ်များ ပေးလာခဲ့ကြတဲ့ အတွက် ဓာတ်ပုံများ အသုံးပြုနိုင်ဖို့ ထည့်သွင်း ပြုလုပ်ခဲ့တာ ဖြစ်သည်။ ယခုအခါ Face book စာမျက်နှာထက်မှာ လူကြိုက် အများဆုံး၊ ရေပန်းအစားဆုံး၊ အသုံးပြုနေကြသည်မှာ ဓာတ်ပုံအသုံးပြုခြင်း ကဏ္ဍပဲဖြစ်ပြီး သုံးစွဲသူ မည်သူမဆို ဓာတ်ပုံများကို တစ်ပုံချင်းဖြစ်စေ၊ Album လိုက်ဖြစ်စေ စိတ်တိုင်းကျ တင်ဆောင်နိုင်ကြပါသည်။
Face book စာမျက်နှာတွင် ဓာတ်ပုံများကို အရေအတွက် ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်အောင် ခွင့်ပြုထားတာကြောင့် သုံးစွဲသူများအတွက် အရေအတွက် ကန့်သတ်ထားသော ဓာတ်ပုံ Website များဖြစ်ကြသော Photobucket နှင့် နှင့် Flickr များထက် ပိုမိုသုံးစွဲသူ များပြားလာတာကို တွေ့ရပါသည်။ Face book ကို စတင်အသုံးပြုလာနိုင်သော ပထမတစ်နှစ်တာ ကာလအတွင်းက User များအတွက် ဓာတ်ပုံ Album တစ်ခုတွင် ဓာတ်ပုံ(၆ဝ)သာ အသုံးပြုနိုင်ခဲ့သော်လည်း (၂ဝဝ၉) ခုနှစ်၊ မေလပိုင်းသို့ အရောက်တွင် ပုံ(၂ဝဝ) အသုံးပြုလာနိုင်သည် အထိ တိုးတက်လာတာကို တွေ့ရပါသည်။
်Face book Notes စာမျက်နှာကိုလည်း (၂ဝဝ၆)ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့တွင် စတင်မိတ်ဆက်လာခဲ့သလို (၂ဝဝ၈)ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင်လည်း Face book User များအချင်းချင်း လျှင် မြန်စွာဆက်သွယ်စကားပြောနိုင်သော face book Chat ကို စတင်အသုံး ပြုနိုင်လာကြတဲ့အတွက် ကမ္ဘာအနှံ့မှာ Face book က social networking website ကြီးအဖြစ် ပိုမိုကျယ်ပြန့်လာတာဖြစ်ပါသည်။ မြန်မာနိုင်ငံ မှ Face book သုံးစွဲသူအများအပြားအနက် အနုပညာရှင်များစွာလည်း ပါဝင်သုံးစွဲလာကြ သည်မှာ့  Face book ဧ။့်စွမ်းအားတစ်မျိုးပဲဖြစ်ပါသည်။
Face book အင်တာနက် စာမျက်မှာကို အသုံးပြုလာကြသော အရေအတွက် များစွာထဲမှာ ကောင်းသော အသုံးပြုခြင်းနှုင့် အသုံးချကြသူများ ရှိသလို၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ သတင်းမှားများ ဖြန့်ဝေမှုနဲ့ ပြည်တွင်း မီဒီယာများမှ သတင်း အချက်အလက်များကို မဆီလျော်သော နေရာများသို့ ပေးပို့မှုများကို တွေ့မြင်နေရပါသည်။
Face book မှာ Private Type ဖြစ်တာကြောင့် မည်သူမဆို ကိုယ်ပိုင် Account ရှိယုံဖြင့် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ ဓာတ်ပုံများကို လွယ်လင့်တကူ Uploading လုပ်နိုင်ခြင်းတို့အပြင် နိုင်ငံတကာရှိ သူငယ်ချင်း၊ မိတ်ဆွေများစွာ တို့နှင့် အမြဲမပြတ်စကားပြောနိုင်ခြင်းက face book ရဲ့ အားသာချက်များပဲဖြစ်ပါသည်။
လူမှုပေါင်းသင်းဆက်ဆံရေးကွန်ယက် face book မှာ Social Networking Website ဖြစ်ပြီး (၂ဝဝ၄)ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်မိတ်ဆက်လာခဲ့တဲ့အတွက် (၂ဝ၁ဝ)ခုနှစ်၊ ဇူလိုင်လတွင် သုံးစွဲသူဦးရေ သန်း(၅ဝဝ)ကျော်သွားတဲ့အထိအောင်မြင်နေသော Website တစ်ခုအဖြစ်တွေ့မြင်နေရပါသည်။
မြောက် အမေရိက၊ အလာစကာနှင့် ဟာဝါလီကျွန်းတို့အပါအဝင်နိုင်ငံ(ပြည်နယ်)၅ဝ ပါဝင်သည့် သမ္မတနိုင်ငံဖြစ်သော United States ရှိ Cambridge, Massachusetts မှ စတင်ထူထောင်လာခဲ့သည့် Face book စာမျက်နှာကို အသုံးပြုကြသူများအတွက် အထူးနှစ်သက်စေသော အချက်အလက်တစ်ခုမှာ မွေးနေ့ ဆုတောင်းများပေးပို့နိုင်ခြင်းနဲ့ ပြန်လည်လက်ခံနိုင်ခြင်းများပဲဖြစ်သည်။ ဒါ့အပြင် Game ကစားနည်းများစွာကိုလည်း စိတ်ကျေနပ်မှုရှိအောင် ကစားနိုင်ကြခြင်းတို့ကြောင့် နိုင်ငံပေါင်းစုံမှ face book အသုံးပြုသူများ အကြိုက်တွေ့ နေကြတာဖြစ်ပါသည်။
နောက်ပိုင်းတွင်မူ Ivy League ဟု ခေါ်သည့် အမေရိကန် ထိပ်တန်းတက္ကသိုလ် ကျောင်းသားများသာမက ကနေဒါနှင့် သာမန် အမေရိကန် တက္ကသိုလ် ကျောင်းသားများပါ ပါဝင်ခဲ့သည်။
Face Book ၏ သက်တမ်း ၄ လ မှာပင် အဖွဲ့ဝင်အရေအတွက်မှာ တသိန်းကျော် ရှိခဲ့သည်။ နောက်ပိုင်းတွင် ဇာကာဘခ်က thefacebook.com အား facebook.com ဟူ၍ ပြောင်းလဲခဲ့သည်။
၂၀၀၄ ခုနှစ် ဇွန်လ Face Book ၏ သက်တမ်း ၄ လတွင် Pay Pal အွန်လိုင်း ငွေကြေးပေးချေ / လွှဲပြောင်းမှု စနစ်ကို စတင်ထူထောင်ခဲ့သည့် စွန့်ဦးတီထွင် အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ပီတာ သီလ်း ဆိုသူက ဒေါ်လာ ၅ သိန်း ထည့်သွင်းမြှုပ်နှံခဲ့သည်။ သူကိုယ်တိုင်လည်း Face Book ၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည်။ ငွေကြေးရင်းနှီးမြှုပ်နှံသူ တဦးဖြစ်သည့် ပီတာ သီလ်း Face Book အဖွဲ့၏ ဒါရိုက်တာအဖြစ် တာဝန်ယူချိန်တွင် ဇာကာဘခ်၏ အိုင်ဒီယာနှင့် ပေါင်းမိကာ Face Book ၏ ပုံရိပ်မှာ မြင့်မားလာခဲ့သည်။
(၂ဝဝ၇)ခုနှစ်၊ မေလ (၁၄)ရက်နေ့မှာ စတင်ပြီး Face book စာမျက်နှာများ ထက်တွင် စီးပွားရေး လောကသားများ အကြိုက် (Marketplace) ပေါ်ထွက်လာခဲ့တာကြောင့် သုံးစွဲသူများ ထပ်မံ အကြိုက်တွေ့စရာ ဖြစ်ခဲ့ရပြန်သည်။
စီးပွားရေး လောကစာမျက်နှာကို Face book သုံးစွဲသူ User အချင်းချင်းသာ အသုံးပြုနိုင်ကြတာကြောင့် Account မရှိသူများပင် ကိုယ်ပိုင်နာမည်များကို ရယူလာကြပြီး မိမိတို့နှင့်သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို တင်ပြခြင်း၊ စီးပွားတူလုပ်ငန်းများကို ဝင်ရောက်လေ့လာခြင်း များကို အပြိုင်အဆိုင် ပြုလုပ်လာကြခြင်းဖြစ်သည်။
ဒါ့အပြင် (၂ဝဝ၈)ခုနှစ်၊ ဇူလိုင်လ(၂ဝ)ရက်နေ့မှာလည်း Face book မှ ကိုယ်ပွားစာမျက်နှာ အဖြစ် Face book Beta ကို ထပ်မံတီထွင် လာခဲ့တာကြောင့် စာမျက်နှာ ဒီဇိုင်းသစ်များကို အဓိပ္ပာယ်ရှိစွာ ဖန်တီးလာနိုင်ကြသလို အကြံပေးချက်များနဲ့ ပင်မစာမျက်နှာနံရံများကို ခိုင်မာစွာ လုံခြုံမှုရှိစေရန်နှင့် သုံးစွဲသူရဲ့ Profiles များကို အလွယ်တကူ ဝင်ရောက်မကြည့်နိုင်အောင် ခွဲခြားကန့်သတ်မှုများကို Privacy ထားပြီး အသုံးပြုနိုင်တာကြောင့် လုံခြုံစိတ်ချရသော အနေအထားတစ်ခုကို Face book ကပေးစွမ်းလာနိုင်ခဲ့တာကို တွေ့ရသည်။
ယခု အခါ အောင်မြင်ကျော်ကြားသော အနုပညာရှင်များ၊ လူသိများသော သရုပ်ဆောင် မင်းသမီးများရဲ့ စာမျက်နှာများ ကိုတော့ Privacy Setting ဖြင့်တားဆီးထားသင့်သလို Add လုပ်လာသူတိုင်းကိုလည်း လွယ်လင့်တကူ Accept ပြန်မလုပ်သင့်သော ဥပမာသာဓက များကလည်း Face book မှာ သတိထားသင့်စရာ အချက်တစ်ချက် ဖြစ်နေခဲ့ပါပြီ။
အင်တာနက် သုံးစွဲသူတိုင်း၊ စွဲလမ်းနှစ်သက်နေကြဆဲ နှစ်သက်နေကြဆဲ Face book Platform မှာ စာရေးဝါသနာပါသူများနှင့် Professional စာရေးဆရာများ အတွက် အသုံးပြုနိုင်သော'' Face book Notes ''ကို (၂ဝဝ၆)ခုနှစ်၊ သြဂုတ်(၂၂)ရက်မှာ စတင်ပြီး မိတ်ဆက် လာခဲ့တာကြောင့် ယခု (၂ဝ၁ဝ)ပြည့်နှစ် ကာလ အတွင်းမှာပင် တွင်ကျယ်စွာ အသုံးပြုလာသူများအား ထိရောက်သော လုပ်ဆောင်ချက်များ ဖန်တီးပေးလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။
(၂ဝဝ၈)ခုနှစ်၊ ဧပြီ (၇)ရက်မှာလည်း၊ Face book အသုံးပြုရင်း Chat Room မှ စကားပြောနိုင်အောင် တီထွင် စမ်းသပ်မှုမှသည် ယခုအခါ Face book , E-Mail , IMS,SMS များကို အသုံးပြုလာနိုင်ရန် အနေအထား အထိ တိုးတက်လာတော့မယ်လို့ သိရှိနေရတာကလည်း အားရစရာကောင်းလှပါသည်.။
Face book ၏ C.E.O မစ္စတာမာခ်ဇက်ကာဘာ့စ်မှ ဆန်ဖရန်စစ္စကိုတွင်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါစနစ်သစ်ကို '' E-Mail Killer'' '' ဟု အမည်ပေးထားသည့်၊ E-Mail ပါဝင်သော Messaging System သစ်တစ်ခုဖြစ်ကြောင်း၊ Microsoft ၏ Office Web Apps ဝန်ဆောင်မှုပါဝင်ခြင်းကြောင့် Word, Excel နှင့် Power Point Attachment များကို Microsoft Software ထည့်သွင်းရန်မလိုဘဲ Face book User များ စိတ်ကြိုက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါသည်။
Face book ၏ Messaging System မှာ ရိုးရှင်းပြီး တစ်ကိုယ်ရည် အသုံးပြုနိုင် အောင်ဖန်တီးထားတာကြောင့် အသုံးပြုသူများ အနေနဲ့ မိမိတို့ ၏ User name နဲ့ E-mail လိပ်စာတူညီခြင်းရှိမရှိကို စစ်ဆေးဖို့ လိုအပ်တယ်လို့လည်း သိရှိရပါသည်။
Face Book ကို ပထမဦးဆုံး ငွေကြေးရင်းနှီးမြှုပ်နှံခဲ့သည့် ပီတာ သီလ်းသည် သူ၏ ဓနဥစ္စာသာမက သူ၏ အတွေးအမြင် အယူအဆတို့ကိုပါ ထည့်သွင်းမြှုပ်နှံနိုင်ခဲ့သည်။ The Stanford Review သတင်းစာနှင့် အမေရိကန် စစ်တုရင် အကျော်အမော်တဦးဖြစ်သူ ပီတာ သီးလ်တို့၏ အယူအဆမှာ … အစုအဝေးဖြင့် အုပ်စုဖွဲ့ ကျက်စားပြီးနေတတ်သည့် လူတို့၏ စရိုက်သည် မြေကမ္ဘာပေါ်မှာ သာမက မည်သည့်နေရာတွင်မဆို ထိုအပြု အမူမျိုးပင် ဖြစ်သည်ဆိုသည့် အချက်ကို ပထမအဆင့် သက်သေထင်ရှားအောင် ပြသနိုင်ခဲ့သည်။ အမေရိကန် ငွေကြေးဈေးကွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့ကို လုပ်ကိုင်နေသည့် ပီတာ သီးလ်သည် Face Book မှာ သာမက အခြား Social Networking ဆိုဒ်များဖြစ်သည့် Friendster, Linkedln, Yammer, Rapleaf, Powerset, Vator တို့တွင်လည်း ငွေကြေးထည့်ဝင်သူတဦး ဖြစ်သည်။ အမေရိကန်သမ္မတ အိုဘားမား ရွေး ကောက်ပွဲတွင် အနိုင်ရခြင်းသည်ပင် မက်ကိန်းထက်ပို၍ Face Book ကို အသုံးချခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ အထူးပြုလုပ်ချက်များဖြင့် မိမိ၏ ကိုယ်ပွား ဘဝကို စိတ်ကြိုက် တည်ဆောက်နိုင်သော ကမ္ဘာတွင် အနိုင်ရပါမှ အစစ်အမှန် ကမ္ဘာတွင်ပါ အနိုင်ရနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ အစစ်အမှန် ကမ္ဘာနှင့် လုံးဝကွဲပြား သည့် ကမ္ဘာတခုကို Face Book တွင် တည်ဆောက်နိုင်သည်။
Face book ကို နေ့စဉ် အသုံးပြုနေသူများ အတွက် Face book Application တွေမှ တစ်ဆင့်၊ အသုံးပြုသူများရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်နဲ့ Date တွေကို တရားမဝင် သုံးစွဲနေကြတယ်ဆို သည့် အကြောင်း ဝေါလ်စထရီ ဂျာနယ်မှာ ဖော်ပြပါရှိလာတာကို တွေ့ရပါသည်။
Face book အသုံးပြုသူများဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှု Privacy ကို ချိုးဖောက်ခံနေရပြီလား ဆိုသည့် စိုးရိမ်စိတ်တွေ ကိုယ်စီကိုယ်စီ ဝင်လာခဲ့ကြရပြီဲး Face book ရဲ့ Third- Party Developer တွေက User တွေရဲ့ အချက်အလက်တွေကို မမှန်ကန်သော နည်းလမ်းများဖြင့် ရယူနေကြပြီလား ဆိုသည် ကို စာရေးသူ ကိုယ်တိုင်လည်း အလေးထား၊ အတွေးပွား မိခဲ့ရပါသည်။်။ Face book စည်းမျဉ်း စည်းကမ်းများအရ User ID နံပါတ်များကို တလွဲအသုံးချလို့ မရအောင် ကာကွယ်ထားပြီးသားဖြစ်ကြောင်း ဖော်ပြထားတာကို တွေ့ရပါသည်။
အများစုက စိုးရိမ်နေကြသောအဆိုပါ ဖြစ်စဉ်အတွက် Face book Developer Blog တစ်ခုမှာလည်း User Information တွေကို သဘောတူညီချက် မရဘဲ Access လုပ်လို့မရကြောင်း သုံးစွဲသူတွေရဲ့ လုံခြုံမှုတွေကို ချိုးဖောက်ခံရတဲ့ Application မှန်သမျှကို ပိတ်ပင်တဲ့ပြစ်ဒဏ်မျိုး အထိ ပြုလုပ်နိုင်ဖို့ ပြဋ္ဌာန်းထားပြီးသား ဖြစ်ကြောင်း ထပ်မံဖော်ပြလာတာကိုလည်း တွေ့မြင်ခဲ့ရပါသည်။
Face book သုံးစွဲသူများအတွက် အကြံပြုချက်အနေနဲ့လည်း Fam Ville တွေအတွက် Profile ဖြည့်ရတဲ့အခါ အတိအကျ လိုက်နာပြီး ဖြည့်စွက်ခြင်းကို ထိန်းသိမ်းလိုက်ရုံနဲ့ သုံးစွဲသူတွေရဲ့ Data လုံခြုံရေးကို စိုးရိမ်ပူပန် နေစရာ မလိုအပ်တော့ဘူးဆိုတာကို အသိပေးပါရစေ။
ကဲ------ဘယ်လိုပဲ Face book မှာ ပြဿနာတွေရှိနေပါစေ။ သုံးစွဲသူများကတော့ ယနေ့တိုင်နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေကြသည်သဲာမဟုတ်ပါလော။ ပြည်တွင်း၊ ပြည်ပအနု ပညာရှင်များအတွက် စွဲလမ်းစေသော အလေ့အထတစ်ခု ဖြစ်လာခဲ့ရသော Face book ကိုမြန်မာနိုင်ငံမှ Celebrities များစွာ အပြင် နိင်ငံတကာမှ အနုပညာရှင်များကလည်း အမှန်တကယ်သုံးစွဲရင်း ဓာတ်ပုံတွေ Share လုပ်သူက Share လုပ်လိုက်၊ Fan Page များ ဖွင့်ပြီး ပရိသတ်အတွက် Keep in touch ဖြစ်အောင် လုပ်နေသူများကလည်း Face book ပေါ်မှာ တွေ့မြင် နေကြရသည်မှာ နေ့ စဉ်နဲ့ အမျှ ဖြစ်ပါသည်။
စာရေးသူ ကိုယ်တိုင်ပင်လျင် FACE BOOK ကြောင့်စွဲလမ်းမှု ပြသာနာများစွာ ဖြင့်ကြုံတွေ့ နေခဲ့ ရသည်မှာအံ့သြဖွယ်ရာပင်ဖြစ်သည်။
ဆုကဗျာ ဘာသာပြန်သည်။
Ref: Wiki Pedia

2 comments:

Unknown said...

အဲ့ ပေ့ခ်ျကို ဒေါင်းလုပ်ချပြီး သိမ်းထားလိုက်ပါပြီ ။ ဘာသာပြန်ပေးချင်တဲ့ စေတနာကို လေးစားပါတယ် မဆုကဗျာ ။ စိတ်ရော ကိုယ်ပါ လွတ်လပ် ပျော်ရွှင်နိုင်ပါစေဗျာ ။

Unknown said...

စတနာကို လေးစားပါတယ် မဆုကဗျာ ။ စိတ်ရော ကိုယ်ပါ လွတ်လပ် ပျော်ရွှင်နိုင်ပါစေဗျာ ။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009