Stress & Depression
တစ်ခါတစ်လေ လုပ်ငန်းခွင်ထဲမှာ နေ့ စဉ်နှင့်အမျှ ကျင်လည်လှုပ်ရှားနေရင်း စိတ်ဖိစီးမှုတွေပိုလာ တဲ့အခါ ကျွန်မ တို့ လွယ်လွယ်ကူကူပြောတတ်ကြတဲ့ စကား တစ်ခွန်းကStress တွေ သိပ်များနေတယ် ဆိုတာပါပဲ။
ဒီနေရာမှာ ကျွန်မ ကိုယ်တိုင် ဆိုးဆိုးရွားရွား ခံစားနေရတာက ဖိအားပေး တင်းမာမှု Stress မဟုတ်ဘဲDepression လို့ ခေါ်ဝေါ်သတ်မှတ်ကြတဲ့ ဖိနှိပ်မှုပြင်းထန်ဆိုးရွားခြင်း (သို့ )အလွန်အမင်း စိတ်ဓာတ်ကျခြင်း ပါပဲ။ 
ကျွန်မ တို့ ရဲ့ အတွေးနဲ့ ကျွန်မ တို့ ရဲ့စိတ်ကူးထဲက အလုပ်တွေကို ပြင်ပ မှာ အမှန်တကယ် အသက်သွင်း ဖို့ ကြိုးစားကြတဲ့ အခါအောင်မြင်ဖို့ ဆိုတာကို ပဏာမ, မဆိုထားနှင့်ဦး။ ဖျက်လို ဖျက်ဆီး စိတ်သဘောထား များနဲ့ အတူ လုပ်ကိုင်သမျှ လူရာမ၀င်အောင် အကျိုးမဲ့ ဖန်တီးတတ်သူတွေ နဲ့ ကြုံတွေ့ ရင်ဆိုင်တတ်ကြရပါတယ်။
လုပ်ငန်းတစ်ခုမှာ အကျိုးရှိစွာဖန်တီး ချင်တဲ့ စိတ်နဲ့ အတူ နဲ့ တာဝန်ယူ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ဆန့် ကျင် တိုက်ခိုက် ဖျက်ဆီးလိုသူတွေနဲ့ ကြုံရပါ များလာတဲ့အခါ သာမန်အနေအထားအရ ကျွန်မ တို့ ဟာ လွယ်လွယ်ကူကူ စိတ်ဓာတ်ကျလာတတ် ကြပါတယ်. ဒီလိုအနေအထားမျိုးမှာ ဆိုရင်တော့ လုပ်ငန်းခွင်မှာ ပျော်ရွှင်ခြင်းဆိုတာ ရရှိဖို့ နေနေသာသာ ကိုယ်လုပ်သမျှ အကောင်းမမြင်ခံရတာမျိုး ကြုံတွေ့ လာတာက တစ်ကြောင်း၊ စိတ်ပင်ပန်းနာကျင်ရတာက တစ်ဖုံနဲ့ စိတ်ဖိစီးမှုတွေကသာ တိုးပြီးရင်း တိုးပွားလာကြတာကို ရာခိုင်နှုန်းတော်တော်များ များ ကြုံတွေ့ နေ ရ တတ်ပြန်ပါတယ်။ ပိုမို ဆိုးရွားတတ်တဲ့ အနေအထားတစ်ခုက တာဝန်ယူ လုပ် ကိုင် ထားသမျှအပေါ် တရားနည်းလမ်းကျကျအသိအမှတ်ပြု မခံရတဲ့ အခါ စိတ်ဖိစီးမှုဆိုတဲ့ Stress အစား စိတ်ဓာတ်ကျခြင်းဆိုတဲ့Depression ဖိအားက ပိုမို ကြီးမားနေပြန်တာကြောင့် ကျွန်မတို့ ဟာ အလုပ် ကောင်း တွေ ဆီကနေ တစ်ဖြေးဖြေး ပြေးထွက်ဖို့တိတ်တိတ်လေး ကြိုးစားနေမိတတ်ကြပြန်ပါတယ်။ ဘယ်သူမဆို အများအတွက် ဆိုတဲ့ ရည်ရွယ်ချက် ခေါင်းစဉ်အောက်မှာ ရပ်တည်နေကြပေမယ့်လည်း ကိုယ်ဖောက်ခဲ့တဲ့ လမ်းကို ကိုယ်တိုင်ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းချင်ကြသလို ၊ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အသီးအနှံကောင်းတွေ ကို ကိုယ်တိုင်လည်း ဆွတ်ခူးစားသုံးချင်ကြတာ ဥယျာဉ်မှုးတိုင်းရဲ့  စိတ်အခြေခံ သဘာဝပါပဲ။ 
ဒါကို အတ္တကြီးမားခြင်း လို့ ခပ်လွယ်လွယ်ပြောကြမယ်ဆိုရင်တော့ ပြောဆိုသူတွေဟာ ကိုယ်တိုင် ပင်ပင်ပန်းပန်း ဘာအလုပ်ကိုမှ ကြိုးစားတီထွင် ဖန်တီးတတ်ကြတဲ့သူတွေ မဟုတ်နိုင်တာ အသေအချာပါပဲ။ ကိုယ် ကိုယ်တိုင်က မရေမရာ မသေချာနဲ့ အလုပ်တစ်ခု ကိုဖြစ်မြောက်အောင် မဖန်တီးနိုင်တဲ့အခါ သူတစ်ပါးရဲ့ တီထွင်ဆန်းသစ် မှုတွေနဲ့ အတူ အောင်မြင်စွာဖန်တီးထားနိုင်သူရဲ့ ပန်းဥယျာဉ်ထဲက အသီးအပွင့်တွေကို အဆိပ်ပင် လောင်းချတတ်တာ မျိုး ၊ ချောမွေ့ နေတဲ့ လမ်းမကြီးကို ဒဏ်ရာ ဗလပွ နဲ့ နာကျင်စေတတ်တာ မျိုး စသဖြင့် ကြုံတွေ့ လာတတ်တဲ့ လုပ်ငန်းခွင်တိုင်းမှာ လူတော်လူကောင်းတွေ ဟာ အချိန်တွေ ကြာလာတာနဲ့ အမျှ စိတ်ဓာတ်ကျ ခြင်းဆီသို့ သာ ဦးတည်နေလာ တတ်ကြတာ အင်မတန်မှ ကို စိတ်မချမ်းမြေ့ဖွယ် အကြောင်းတရားတွေပါပဲ ။ 
ဒီတော့ကာ နေ့ စဉ်နှင့်အမျှ လုပ်ငန်းခွင်ထဲမှာ ရှင်သန်ရပ်တည်နေကြသူတွေ အတွက် Stress & Depression ကို ဘယ်လို ကျော်ဖြတ်သင့်ပါသလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ရှာဖွေ နေတတ်ကြပြန်ပါတယ်။ တစ်ဆက်တည်းမှာပဲ လုပ်ငန်းခွင်ထဲမှာ စိတ်ဖိစီးမှု များလာတတ်တဲ့ အတွက် ပြင်ပမှာ ပြေလည်ရာ ပြေလည်ကြောင်း ဖြေဖျောက်ဖို့ နည်းလမ်းအသစ်တွေကို့  ကြိုးပမ်းရင်း တစ်စ ထက် တစ်စ မူလက လုပ်ငန်းခွင်ထဲမှာ လူတော် လူကောင်းတွေ ဟာ လျော့နည်းလာတတ်ပြီး အနှုတ်လက္ခဏာ ဆောင်သော လုပ်ငန်း လမ်းကြောင်း ဆီ သို့ သာ ဦးတည်သွားခဲ့ ကြတဲ့ သာဓကတွေလည်း အများအပြား ကြုံတွေ့ ကြရတတ်ပါတယ်။ ကျွန်မ တို့ အားလုံးဟာ လုပ်ငန်းခွင်ထဲမှာ နေ့ စဉ်နှင့်အမျှ ဘ၀ ရပ်တည်ရေးအတွက် ရှင်သန်နေကြရပြန်တာကြောင့် တစ်ခါ တစ်ခါ ပုဂ္ဂလိက ခံစားချက်တွေနဲ့ အလဲအလှယ် လုပ်လိုက်ရတာမျိုးလည်း ရှိကောင်းရှိနိုင်ကြမှာ ပါ။ 
လူမှုရေး ၊ မိသားစုအရေး၊ အချစ်ရေး ၊ အိမ်ထောင်ရေး ၊ စီးပွားရေးနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ အတွက် လုပ်ငန်းခွင်တိုင်းမှာ လှုပ်ရှား ရုန်းကန်နေသူတွေမှာ နစ်နာ ဆုံးရှုံးမှုတွေနဲ့ အတူ ရေးရာ အဖြာဖြာမှာ လစ်ဟင်းလျော့နည်း တတ်တာကြောင့် ဒီလို ကြုံတွေ့ လာကြသူတိုင်း အမှားအမှန်ဝေဖန်ပိုင်းခြားတတ်တဲ့ စိတ်ဓာတ်က လည်း တဖြေးဖြေးနည်းပါးလာတတ်ကြသူများရှိသလို လူ့ ဘ၀မှာ Risk ( စွန့် စားရတာ) နဲ့ Challenge ( အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား၇တာ) ရှိတာကို ကျေနပ် လက်ခံနေတတ်ကြသူတွေလည်း ရှိနေကြပြန်ပါတယ်။ လုပ်ငန်းခွင်ရဲ့ စိတ်ဖိစီးမှုတွေကို စိုးရိမ်ပြီး အလုပ်နဲ့ ဝေးရာ ထွက်ပြေးလိုသူ တစ်ချို့ မှာလည်း အထီးကျန်အားငယ်ခြင်းဆိုတဲ့ ဝေဒနာဟာ တစ်နေ့ တစ်ခြားစွဲကပ် လာနိုင်ပါသေးတယ်။ အဲဒီအတွက် အထီးကျန် မဖြစ်ချင်ရင် ကိုယ့်ကို ကိုယ်ချစ်ပါ ။ ကိုယ့်အလုပ်ကို မြတ်နိုးပါ။ လုပ်ငန်းခွင်ထဲက ကောင်းတဲ့ သူရော ၊ ဆိုးတဲ့သူပါ စိတ်ဝင်တစားလေ့လာကြည့်ပါ။ အဲဒီလူတွေအပေါ် အေးမြတဲ့ မေတ္တာ ပေးနိုင်သလောက်ပေးကြည့်ပါ ။ သူတို့ ကိုယ့်အပေါ်ဘယ်လောက်ဆိုးနိုင်မလဲ အချိန်တစ်ခု ပေးပြီး နားလည်မှုနဲ့ ဥပက္ခာ ပြုထားလိုက်ပါ။ လူတွေအပေါ် အယုံအကြည်ကင်းမဲ့ တတ်တဲ့သူ၊ လူတွေအပေါ် နားလည်ခွင့်လွှတ်နိုင် မှု အားနည်းတဲ့သူ ၊သူတစ်ပါးအကြောင်း အစဉ်အမြဲ မကောင်းပြောတတ်သူ၊ လူတွေအပေါ် မနာလိုစိတ်များတတ်တဲ့သူ တိုင်း ဟာ လူမသိအောင် သူတို့ စိတ်ရင်းအမှန်ကို ဖုံးကွယ်ရင်း ၊ ဖုံးကွယ်ကြရင်း နဲ့ ပဲ တစ်ဖြေးဖြေး အဖော် ကင်းမဲ့ လာတတ် ကြပါတယ်။ 
လုပ်ငန်းခွင် အတွင်းမှာသာမက လူ့ ပတ်ဝန်းကျင် အသိုင်း အ၀ိုင်းမှာပါ လူလေးစားခံရတဲ့ လူတစ်ယောက်ရဲ့မျက်နှာဟာ အလွန့် ကို ကျက်သရေ ရှိနေတတ်ပါတယ်။ ခင်မင်လေးစားစရာ လည်းကောင်း နေတတ်ပါတယ်။ သူ ဘာပဲလုပ်လုပ် သင့်တော်နေတတ်သလို သူ့ ရဲ့  အကြံဥာဏ် ကောင်းတွေကို လည်း လက်ခံနာယူလိုသူတွေ ၀ိုင်းဝိုင်း လည်နေတတ်ကြပြန်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ် မျိုး ရဲ့ မျက်နှာ ထားဟာအေးချမ်းတည်ငြိမ် နေတတ်သလို ၊ စိတ်ဓာတ်ကလည်းအေး ချမ်းနေ တတ်ပြန် ပါတယ်။
နူးညံ့ သိမ်မွေ့ တဲ့ မျက်နှာ ထားနဲ့ အတူ လုပ်ငန်းခွင် အတွင်း မှာ ကျက်သရေ ဆောင်နေတတ်ပါတယ်။ အဲဒီလို လူတွေရဲ့ အပြုအမှုတွေဟာ သူတို့ ရဲ့ လုပ်ရပ်တွေကို အရောင် ဆိုး ပေးလိုက်တာပါပဲ။ အဲဒါကြောင့် လူတစ်ယောက်ရဲ့စိတ်ဓာတ် အရောင် ဟာ သူ့ မျက်နှာမှာ အထင်းသားရောင်ပြန်ဟတ် နိုင်တာကို သတိထား ဆင်ခြင်စေချင်တာပါ။
လုပ်ငန်း ခွင်အတွင်းမှာစစ်မှန်တဲ့အောင်မြင်မှုတစ်ခုကို လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ စနစ်တ ကျ ပြင်ဆင်ထားပြီး၊ ကြိုတင်စီစဉ် တတ် မှသာအောင်မြင်နိုင်မှာဖြစ်သလိုလုပ်ငန်းတစ်ခု မှာ အခက်အခဲ ဘယ်လောက်များများ ရေ ရှည်ရပ်တည်ပြီး ဇွဲ နဲ့ ကြိုးစားမှသာစစ်မှန်သော အောင်မြင်မှု ကို လှမ်းဆွတ် ယူနိုင်ကြမှာပါ။ ကျွန်မတို့ အတွေးမှားထဲမှာ စွဲထင်နေတတ်တဲ့ အကပ်ကောင်းလို့  ၊ ကံကောင်း လို့  အောင်မြင်တယ်ဆိုတာမရှိသလောက် ရှားပါးလွန်း လှ ပါတယ်။ အလုပ်တွေ တစ်ခု ပြီး တစ်ခု လျောက်ပြောင်းနေပြန်ရင်လည်း အောင်မြင်မှုဆီရောက်ရှိဖို့ အလှမ်းဝေးပြီးရင်း ဝေးသွားနိုင်ပါတယ်။
ဖြတ်လမ်းဆို တာ မသေချာ မရေရာ သလို ဘယ်နေရာ အထိရောက်မလဲဆိုတာလည်း ကြိုတင်မှန်းဆ လို့ မရတဲ့ စမ်းတ၀ါးဝါး လမ်းတစ်ခုပါ။ အလုပ်ထဲမှာ စိတ်ကူးကောင်းနေရုံနဲ့ တင်မရ ဘဲ စိတ်ထားကောင်းကောင်းနဲ့ ကြိုးစား မှသာ အလုပ်ရဲ့ အကျိုး သက်ရောက်မှုက ကိုယ့်အပေါ် တန်ပြန် သက်ရောက်မှုရှိနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းခွင် တိုင်းမှာ ဆက်ဆံရေးက အခရာ ကျသလို ၊ လူတစ်ဦးနဲ့ တစ်ဦးဆက်ဆံပြောဆိုတဲ့အခါ တိုင်း မှာလည်း ရန်မလိုဘဲ ၊ အနိုင်ယူ ချင်စိတ် မထားဘဲ ၊ ထွက်မပြေးဘဲ ၊ အရှုံးမပေးဘဲ ရှေ့ ဆက်တိုးနိုင်သူသာ ကိုယ်လို ချင်တဲ့ အောင်မြင်မှု ပန်းတိုင်ဆီ ရောက်နိုင်မှာမို့ မျှတတဲ့ သဘောထားနဲ့ မှန်ကန်တဲ့ အဖြေကို ရရှိအောင် ကြိုးစား သင့်ကြပါတယ်။ ကျွန်မ တို့ တွေအားလုံး လုပ်ငန်းခွင်တိုင်းမှာ ကြုံတွေ့ နေကြရနိုင်တဲ့ အကျပ်အတည်းနဲ့ အခက်အခဲတွေကြောင့်Stress & Depression တွေ နည်းသထက် နည်းအောင် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းကို ကြိုးစားရှာဖွေ ရင်း စိတ်ဖိစီးမှု ကင်းဝေးစွာဖြင့် လုပ်ငန်းခွင် တိုင်း မှာ အောင်မြင်စွာကျင်လည်လှုပ်ရှားနိုင်ကြပါစေလို့  တောင်းဆုခြွေရင်း ကျွန်မလည်ပတ် လှုပ်ရှားလာခဲ့တဲ့ လုပ်ငန်းခွင် သက်တမ်း ၅ နှစ်လုံးလုံး ရင်ဆိုင်လာခဲ့သမျှ ကို ရင်နှင့်အမျှ ခံစားပြီး အားလုံးအတွက့် ထပ်တူ ဆန္ဒပြုလိုက်ပါတယ်။ 
မေတ္တာဖြင့် 
ဆုကဗျာ 
1 st September, 2011.
တစ်ကိုယ်ရည် တိတ်ဆိတ် ငြိမ်သက်စွာ နားနေမှုကိုလည်းတောင့် တမိတတ်ပြန်ပါတယ်။
ရံဖန်ရံခါ လုပ်ငန်းသုံး ပစ္စည်းတွေကို ဒီလို လုပ်ပစ်ချင်စိတ်တွေ ပေါက်လာတတ်ပြန်ပါတယ်.။
ရှုပ်ထွေးလှတဲ့ အလုပ်ပုံတွေ ကြားမှာ တစ်ခါတစ်ခါ ဒီလိုဖြစ်နေတတ်ပြန်တာကလည်း ဆိုးရွားလှပြန်ပါတယ်။
လုပ်ငန်းခွင်မှာ မြင်တွေ့ နေရတဲ့ အမှန်တရား တွေကို မျက်လုံးထဲမှတစ်ဆင့်ကြိုးစားတွန်းထုတ်ချင်စိတ် လည်းရှိနေ တတ်ပြန်ပါတယ်။
စိတ်ဖိစီးမှုတွေများ လာတဲ့အခါ နှလုံးသားရေးရာ တွေမှာလည်း စိတ်ပါဝင်စားမှုနည်း ပါးလာပြန်တာကြောင့် ကိုယ့်ချစ်သူ နဲ့ လည်း ကျော ခိုင်းနေချင် စိတ်တွေဖြစ်ပေါ် လာတတ်ကြပါတယ်။
ပြင်းထန်လှတဲ့ Stress ကို လက်ဖ၀ါးထဲ ထည့်ပြီးချေဖျက်လို့  ရရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ အတွေးက နေ့  စဉ်ဦးနှောက်ထဲ မှာနေရာယူ ကြီးစိုးနေပြန်ပါတယ်။
0 comments:
Sukabyar
Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
. Design by Insight © 2009