" ရွှေမြန်မာစိတ်ဓာတ် "


" အရှုံးနဲ့ ကြုံတွေ့ နေရလည်း ယှဉ်ပြိုင်ခြင်းသာ အဓိက လို့ ခံစားပေးပါ --
ဒါဟာ ပျော်ရွှင်မှု နဲ့ စိတ်သက်သာ မှုဆီကို သွားရာလမ်းပါ"


" နောက်တစ်ကြိမ် ယှဉ်ပြိုင်ဖို့ အချိန်မွေးပါ --
ဒါဟာ ကိုယ့် အချိန်ရထားကို ကြယ်စင်တစ်ပွင့် နဲ့ ချိတ်ဆက်ပေးလိုက်တာပါ"



" ပတ်ဝန်းကျင်က အသံတွေကိုနားစွင့်ဖို့ အချိန်ပေးပါ
တစ်နေ့ တာ ဆိုတဲ့ အချိန် တို တိုလေး အတွင်းမှာ ပညာရစရာတွေ ပါလာနိုင် လွန်းလို့ ပါ"


" ကိုယ့်ရဲ့ အားနည်းချက်ကို အမြန်ရှာဖွေ ဆန်းစစ်ပါ
ဒါဟာ တစ်ကိုယ်ကောင်းဆန်နေချိန် မရအောင် ဘုရား ရှင် က ဖန်တီးပေးတဲ့ အခွင့်အရေးပါ"


" ကိုယ့်ကို အများက အားပေးသလို အများကိုလည်း ကိုယ်က အားပေးတတ်အောင် ကြိုးစားပါ
ဒါဟာ စိတ်ဓာတ်ကြံ့ခိုင်သူတိုင်း အတွက် ရင့်ကျက်စေတဲ့ အားဆေးတစ်ခွက် ပါ"


" ရှုံးနိမ့်သွားသည့်တိုင်အောင် ရယ်မောဖို့ အချိန်ပေးပါ

ဒါဟာ စိတ်နှလုံး ရဲ့ ချိုမြတဲ့ တေးဂီတ မို့ ပါ ပဲ"


" ဂုဏ် သိက္ခာဆိုတာ အ နိုင် ၊ အရှုံး ရှိတဲ့ အပေါ်မှာ မူတည်တာ မဟုတ်ပါ

လဲကျတိုင်း ပြန်ထနိုင်တဲ့ စိတ်ဓာတ်အပေါ် မှာသာ မူတည်တာပါ။"


( မြန်မာ ဘောလုံး အသင်းသား များ သို့  ထာဝစဉ်အားပေးလျှက် )

ဆုကဗျာ

၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ ( ၁၉ ) ရက် ၊

ညနေ ( ၆ ) နာရီ တိတိ

1 comments:

ချောကလက်ကျူးပစ်လေး said...

" ဂုဏ် သိက္ခာဆိုတာ အ နိုင် ၊ အရှုံး ရှိတဲ့ အပေါ်မှာ မူတည်တာ မဟုတ်ပါ

လဲကျတိုင်း ပြန်ထနိုင်တဲ့ စိတ်ဓာတ်အပေါ် မှာသာ မူတည်တာပါ။"

စာသားကိုတော်တော်လေးကြိုက်သွားပီမမရေ
မြန်မာဘောလုံးအသင်းလဲဒီပိုစ့်လေးဖတ်ရရင်စိတ်အားတက်ကြွမှာအမှန်ပဲခင်ဗျာ့

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009