နှစ်ထောင့်ခြောက် ခုနှစ် . . . အလွမ်းကြွင်း

တစ္ဆေ္တတစ်ကောင်လို ညစဉ် ခြောက်လှန့်နေတဲ့အိပ်မက်မင်းသားရေ . .

ရှင့်ရဲ့ မူးယစ်စေတတ်တဲ့ မာယာတွေကို သိမ်းထားလိုက်ပါ!

ပြင်းရှတဲ့ ၀ိုင်ချိုလို အနမ်းတွေကို ကျွန်မကြောက်လို့ပါ . .


ကျွန်မအသက် ရှူသံတွေကအစ အမိန့်ပေးပြီး Timing မှတ်နေတဲ့ ရှင့်ကို ဘယ်လိုနားလည်ရမလဲ ?

ကျွန်မအချစ်ကို ရှင်နှစ်သက်တဲ့ Levis 501 ဂျင်းဘောင်းဘီတစ်ထည်လောက် တောင် တန်ဖိုးမထားခဲ့သူရေ . .

အရှက်မရှိတဲ့ ကျွန်မမှတ်ဥာဏ်ကြောင့် ပတ်ဝန်းကျင်က ကင်ပွန်းတပ်လိုက်ပုံက “ဖွတ်ကျားမ”တဲ့။ ဒီနာမည်လေးကိုပဲ မြတ်နိုးစွာခုံမင်မိခဲ့တယ်!

ကျွန်မနှလုံးသားပေါ်က ရှင့်ကြောင့် ကြွင်းကျန်ခဲ့တဲ့ အမာရွတ်ကို Laser နဲ့ ဖျက်ပစ်ချင်တယ်။ ၀ိဥာဉ်တွေကို အစိုးရတဲ့ မရဏမင်းလို . .ရှင့်နှုတ်ခမ်းက အမိန့် ချသံကြောင့် ကျွန်မ အကြိမ်ကြိမ်သေဆုံးရပေါင်းများပြီလေ . .

စက်ဘီးလေးတစ်စင်းလို လိုတဲ့အခါ နင်းကန်နင်းပြီး အသုံးချသလို၊ ခရီးဆက်စရာမရှိတဲ့အခါ ဒေါက်ထောက်ပြီး ခြင်ထောင်ချထားသူရေ . .

ခြေနင်းပြားလေးနဲ့တူတဲ့ ကျွန်မဘ၀ကို ကျေးဇူးပြုပြီး မသနားကြပါနဲ့!

နာမည်နဲ့လိုက်အောင် ရှည်လျားလှတဲ့အလွမ်းတွေကို ပေးခဲ့သူရေ . .

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့အထိ အလွမ်းတွေကို သယ်လာလို့ကတော့

“ရုံပြည့်ပြီ”လို့ဆိုင်းဘုတ်ချိတ်လိုက်ရုံပဲ!

တစ်ယောက်အပြစ်ကို တစ်ယောက်လက်ညှိုးထိုးပြီး ပုံချတတ်တဲ့ ကလေးလေးတွေလောက်တောင် မရင့်ကျက်နိုင်သေးတဲ့ ကျွန်မတို့ ဘ၀ကိုဘယ်သူတွေက ဟားတိုက်နေမလဲ?

'' Don't care” ပါလို့ မပြောကြေး။

နှလုံးသားရဲ့ ဆာလောင်မှုတစ်ခုကို ရေသောက်ရုံနဲ့ ပြေပျောက်နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲနော်!

ကျွန်မရင်ဘတ်ထဲက နာကျင်မှုကို ဆရာဝန်က နာမည်ပေးတယ် . . .

“နှလုံးဖျားရောဂါ”တဲ့!

ဆေးပညာကို ရှင့်လောက် နားမလည်ပေမယ့် ကျွန်မဝေဒနာအတိုင်းအဆကိုတော့ ကျွန်မတွက်တတ်ပါတယ်။ သေချာတာကတော့ ၂၀၀၈ ခုနှစ် မကူးဘူး!





ကျွန်မ၏ ရင်ဘတ်ထဲတွင် အက်ကွဲနေသော နှလုံးသားတစ်စုံရှိပါသည်။

သတိ/

နှလုံးသားရှေ့တွင် ပိတ်မရပ်ရ။

အ၀င်အထွက်ရှိသည်။

ပုံ/ဆုကဗျာ

30.12.07

4 comments:

အနှိုင်းမဲ့ said...

ဘယ်သူတွေ ပိတ်ရပ်နေတာလဲဟေ့...
ဘေးဖယ်ပေးလိုက်ကြလေ..
မဆုရဲ့ လက်သီးတစ်ချက်ကို တစ်သက်မြည်းသွားချင်လို့လား.. :P

Steve Evergreen said...

visited

Unknown said...

ချစ်မကြီးရေ့  .. လာလည်သွားတယ်နော် ..
ဖတ်သွားတယ် .. ပြန်တော့မယ်နော် တော်ကြာ
နှလုံးသားရှေ့ ပိတ်ရပ်မိနေလို့ စက်ဘီးနဲ့ တိုက်ပစ်မှာ ကြောက်လို့ .. ဟီးဟီး
တာ့ တာ နောက်လည်း လာလည်ဦးမယ် နော်

naywynnhtunn said...

ဆုရေ.........
စာလေးတွေဖက်သွားပါတယ်နော်။
တကယ်လေးစားထိုက်သောအနုပညာရှင်လေးပါ။
ရိုးသားပါ။ကြိုးစားပါ။
အောင်မြင်သူတစ်ယောက်ဖြစ်ပါစေ။
(naywynnhtunn)

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009