ကြာခဲ့ပါပြီိ
သုံးနှစ်တာ ကွာဝေးခဲ့တဲ့အချိန်ကာလတစ်ခုက ချစ်သူကြောင့်
မျက်ရည်တွေ ခန်းခြောက်ကုန်ပြီ လို့ တွေးပျော်နေတုန်း
မျော်လင့်ခဲ့ပါပြီ
မထင်မှတ်ထားတဲ့အဝေးတစ်နေရာက သူ့ ကို လစ်ဟာနေတဲ့နှလုံးသားက
ချစ်သူလို့ မှတ်ယူပြီးအားပေး လက်တွဲ ဖေးကူ စောင့်ရှောက် နိုင်သူဆိုတဲ့သုံးသပ်ချက်နဲ
ချစ်ခဲ့ပါပြီ
နှလုံးသားသစ်တစ်ခုနဲ့ မျော်လင့်ချက်မထားဘဲသူ့ ကိုချစ်ခဲ့ကာမှ
သူ့ ရဲ့ အလိုက်မသိမှုတွေ ကြောင့် ခံစားချက်တွေဗြောင်းဆန်ကုန် လို့ 
လွဲခဲ့ပါပြီ
သူသာ ကျွန်မဘ၀ ဖြစ်ခဲ့ပေမယ့် ကျွန်မက သူ့ ဘ၀မဖြစ်ခဲ့လေတော့အတ္တကြီးတဲ့ကျွန်မ ၊ လွဲခဲ့ပြန်ပြီ။
အချစ်အတွက် ကျွန်မ နောက်တစ်ကြီမ်ထပ်မှားခဲ့ပြန်ပြီပေါ့။
ဆုကဗျာ
၅၊စက်တင်ဘာ၊၂၀၁၀

3 comments:
တို တိုလေးနဲ့ ဇာတ်ကွက်မိတဲ့ စာမူ တစ်ပုဒ်ပါပဲ..
ဆက်လက် အောင်မြင်လို့
ပျော်ပါစေ
*.*.*
မိမိနဲ့သဟဇာတ မဖြစ်တဲ့သူကို ချစ်မိရင် ပူလောင်ရပြီး
ကိုယ်နဲ့ နှလုံးသားချင်းထပ်တူကျသူနဲ့ ချစ်မိရင်တော့ ပန်းကလေးတစ်ပွင့်လို မွေးမြလန်းဆန်းလို့ပါဘဲ။
လာလည်ပါတယ် ဆုကဗျာ....အမက ဆုတို့ရဲ့ အိမ်ရှေ့ကပါ...ဘလော့ဂ်ကိုအလည်ဖိတ်ပါတယ်....။
Post a Comment