နားပန်းဆံ၊ ဂျာအေးတို့နှင့် ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ (၁၆)

0 comments
မင်းသမီးကြီးသည် ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်း တွင်သာ ထင်ပေါ်ကျော်ကြားသူ မဟုတ်ပဲ၊ ဂီတအနုပညာနှင့် တေးသီချင်း သီဆိုမှုများတွင်လည်း အောင်မြင် ကျော်ကြားသော အနုပညာရှင် တစ်ဦးဖြစ်သည်ကို သူမသီဆိုပြီး အောင်မြင်သော တေးသီချင်းများကို လေ့လာပြီး သိရှိနိုင်ပေသည်။ ''မာမီသီချင်းတွေထဲမှာ ပရိသတ်အတောင်းဆိုဆုံး သီချင်းကို ပြောရမှာတောင် အားနာတယ်။ ဟင်း . .ဟင်း . .။ နားပန်းဆံလေ။ ကိုယ်က ရှက်လို့ မဆိုချင်ပါဘူး ဆိုတာတောင်မှ ဒီသီချင်းကို မဆိုဘဲနဲ့ကို ဆင်းလို့မရဘူး ဖြစ်နေတာ။ ကိုယ်ကတော့ စုံစုံလေး ဆိုချင်တာပေါ့နော်။ စင်ပေါ်တက်လာတာနဲ့ပဲ သူတို့က ကိုယ့်ကိုဒါပဲ တောင်းဆိုတော့ ရှက်ရှက်နဲ့ပဲ ဆိုလာခဲ့ရတာပဲလေ။ မာမီကိုယ်တိုင် ဆိုရတာ ရိုးနေသလို ခံစားရပေမယ့် ပရိသတ်ရဲ့ လက်ခံမှုအားက အံ့သြစရာ ကောင်းလောက်အောင် ဖြစ်နေတယ်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၇)

0 comments
ချစ်ခြင်းသင်္ကေတ ဂူဗိမာန်(သို့) ကမ္ဘာကျော် တပ်ခ်ျမဟာ (Taj Manal) နေ့စွဲ မြန်မာစာနယ်ဇင်း အဖွဲ့သားများအတွက် အဆင့်မြင့် Crowne Plaza Hotel ကြီး၏ ဘူဖေးနံနက်စာမှာ အိန္ဒိယရိုးရာ အစားအစာများနှင့် ဥရောပ အစားအစာ အနည်းငယ်ကို မြည်းစမ်းခွင့် ရရှိခဲ့ကြတာကြောင့် အာလူးမဆလာ တိုရှည်၊ ဟင်းသီးဟင်းရွက် အာပုံနှင့် ချာပါတီ ပူပူနွေးနွေးလေး တို့ဖြင့် အရသာရှိသော နံနက်စာကို စားသုံးရန် ရွေးချယ်ခဲ့မိသည်။

အနုပညာရှင်နှင့် Facebook အကျိုးဆက် (၇)

0 comments
အပိုင်း(၆) ပြီးဆုံးသွားသည် အထိ ရေးသားပြုစုခဲ့သော အနုပညာရှင်များနှင့် Facebook အသုံးပြုပုံများ အကြောင်းကို စိတ်ဝင်တစား ဖတ်ရှုလေ့လာ ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ်များ အတွက် ယခုတစ်ပတ်မှာလည်း အမေရိကန် ပြည်ထောင်စုမှာ ခင်ပွန်းသည်ဖြစ်သူနှင့် အတူ နေထိုင်နေသော အဆိုတော်မေဆွိနှင့် ဆက်သွယ်ပြီး Facebook စာမျက်နှာ အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနှင့် ခေတ္တအနေ ဝေးကွာနေသော်လည်း Facebook ပေါ်မှာ သူမရဲ့ပရိသတ်များ အတွက် နေ့စဉ်နှင့်အမျှ ထိတွေ့စကားပြောဆိုရင်း အနုပညာလှုပ်ရှားမှု ဓာတ်ပုံများနှင့် မိသားစုမှတ်တမ်း ဇာတ်ပုံများ Uploading လုပ်ပေးနေခဲ့တဲ့ အဆိုတော်မေဆွိမှာ ပရိသတ်ပေါင်း(၉ဝဝ၆)ယောက်ကျော်ရဲ့ချစ်ခြင်းမေတ္တာများကို လက်ခံရရှိနေသူဖြစ်ပါတယ်။

မင်းသမီးကြီးဒေါ်မြင့်မြင့်ခင်နှင့် ကိုယ်တိုင်ပြောအတ္ထုပတ္တိ (၁၅)

0 comments
''မာမီကထူးဆန်းတယ်။ ဆရာဝန်မဖြစ်ချင်ဘူး။ Nurse ပဲဖြစ်ချင်တာ။ ဆရာဝန်က ဆေးစာပဲ ရေးပြီးတော့ သင်ပေး သွားခဲ့တာ။ တကယ့်အနီးကပ် ပြုစုရတာက Nurse လေ။ ဒယ်ဒီက မာမီကို အရမ်းအံ့သြတယ်။ ဆရာဝန် မမှန်းဘူးလားတဲ့။ ဟင်အင်း မမှန်းဘူးလို့ Nurse ပဲဖြစ်ချင်တယ်လို့ ဆရာဝန်က စာရွက်ပေါ်မှာ ဆေးစာရေးပေးပြီး ထွက်သွားရော။ ကျန်တဲ့အပိုင်းက Nurse က ကူလုပ်ရတာလေ။ အဲဒီတော့ Nurse မပဲ လုပ်ချင်တယ်လို့ ရုပ်ရှင်ထဲမှာကျတော့ Nurse မ လည်းလုပ်ဖူးတယ်၊ ဆရာဝန်လည်း လုပ်ဖူးတယ်။ ဖြစ်ချင်တာတွေ အကုန်လုပ်လိုက်ရတာပေါ့။

ငယ်ရွယ်၊ ထက်မြက်သော အယ်ဒီတာချုပ်(သို့) The Chic မဂ္ဂဇင်း၏ ပဲ့ကိုင်ရှင် ဒေါက်တာနုမြတ်

0 comments
စွယ်စုံမီဒီယာ Group ဆိုသော ခေါင်းစဉ်အောက်မှာ ကျန်းမာရေး၊ ပညာပေးသုတ၊ ရသများစွာဖြင့် မဂ္ဂဇင်း၊ ဂျာနယ်များကို ထုတ်ဝေ ဖြန့်ချိပေးနေသည့် ဆရာ ဒေါက်တာ တင်ထွန်းဦးနှင့် ဆရာမဒေါက်တာ ဒေါ်ခင်မိုးမိုးတို့၏ မီဒီယာလုပ်ငန်းများကို မိသားစုဝင် တစ်ဦးအနေဖြင့် ပါဝင် ကူညီ ဆောင်ရွက်ပေးနေသော ဆရာမ ဒေါက်တာ နုမြတ်သိင်္ဂီဦးနှင့် လျှပ်တစ်ပြက် မေးခွန်း(၈)ခု မေးမြန်းဖြစ်ခဲ့ပါသည်။

အိန္ဒိယပြန်၊ မြန်မာစာနယ်ဇင်းများ၏ ပဲ့တင်သံ

0 comments
အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ရှိ India Institute of Mass Communica tion(I.I.M.C) ကျောင်းသို့ သွားရောက် ပညာသင်ယူခွင့် ရရှိခဲ့ကြသော မြန်မာစာနယ်ဇင်းနှင့် သတင်း မီဒီယာလောက အသီးသီးမှ (၂၅)ယောက် အဖွဲ့ဝင်များ၏ သင်တန်းအပေါ် သဘောထား အမြင်များနှင့် ခရီးစဉ် တစ်လျှောက်ရှိ အတွေ့အကြုံများအပေါ် လျှပ်တစ်ပြက်မှ နယူးဒေလီမြို့ရှိ Crowne Plaza Hotel ကြီး၌ တွေ့ဆုံမှတ်တမ်း တင်ခဲ့သည်။ အဆိုပါ ခရီးစဉ်သို့ မြန်မာနိုင်ငံရှိ သတင်းနှင့် စာနယ်ဇင်း လောကသားများ ရက်သတ္တပတ် (၂)ပတ်ကြာ သွားရောက်ခွင့် ရရှိခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် သတင်းနှင့်အချက်အလက်များဖလှယ် ခြင်း၊ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့များ ဖလှယ်ခြင်းများကိုလည်းနိုင်ငံကိုယ်စား ပြု၊ဆောင်ရွက်နိုင်ခဲ့ကြသည်ကိုဂုဏ် ယူဖွယ်တွေ့မြင်ခဲ့ရသည်။

နှစ်သစ်ဆုမွန်

0 comments
မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် မဟာသင်္ကြန်ကျရောက်ချိန် နှစ်သစ်ကူးချိန်ခါ သမယတွင် ခင်မင်လေးစားရပါသော သူငယ်ချင်း၊ မိတ်ဆွေ၊ အစ်ကို၊ အစ်မ၊ ဦးဦး၊ ဒေါ်ဒေါ်တို့အားလုံး စိတ်ကျန်းမာ၊ကိုယ်ချမ်းသာရှိကြပါစေကြောင်း၊ နှစ်သစ်တွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးများ ဆထက်ထမ်းပိုး တိုးကောင်းမွန်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်...

ချစ်ခင်လေးစားစွာဖြင့်
ဆုကဗျာ

အမှတ်တရ၏ တစ်ဖက်ကောင်းကင်

0 comments
ဒီနေရာမှာ ဝင်ရောက်ကြည့်ရှုအားပေးကြပါနော်....


ဆုကဗျာ

“ အစ်မကြီး ၊ အမိရာ ’’ အပိုင်း (၁)

1 comments
“ ဟော…ထမင်းအိုးဆူပြီ’’ ဆိုသည်နှင့် သူမ၏ အကြည့်တွေက မီးဖိုချောင်အတွင်းသို့ လျှင်မြန်စွာ ဆိုက်ရောက်သွားသည်။ ခရုခွံလေးများ စီတန်းကာ ချိတ်ဆွဲထားသော ၊ ခန်းဆီးတန်းကလေး တချွင်ချွင် လှုပ်ယမ်းသွားပြီး ၊ ဧည့်ခန်းမှသည် မီးဖိုခန်းအတွင်းသို့ ၊အနှီးဖြူဖြင့် ထွေးပတ်ထားသော လသားအရွယ် ကလေးငယ်ကို ပွေ့ချီလျှက် ၊ သူမ ခပ်သွက်သွက်လေး ၀င်သွားလိုက်သည်။
“သမီးကြီး ၊ ထမင်းအိုးငှဲ့မလို့လား ၊ နေနေ……အဖေပဲငှဲ့လိုက်မယ် ။ တော်ကြာ မောင်လေးနဲ့ သမီး အပူတွေလောင်ကုန်ပါ့မယ်”
ဖခင်ဖြစ်သူက ၊ ကရုဏာ သက်ဖွယ် အပြုံး ၊ ချိုသာသော စကားသံလေးဖြင့် သူမ၏ နွမ်းလျလျ မျက်နှာပေးကို အကဲခတ်ကာ ဆိုလိုက်သည်။ သူမက ၊ ဖခင်၏ စကားကို အလိုက်သင့် နာခံပြီး ၊ ရင်ခွင်ထက်မှာ ထွေးပွေ့ထားသော ကလေးငယ်ကို ၊ ချော့မြူပြီး ၊ ဧည့်ခန်းအတွင်းသို့ ပြန်ထွက်လာသည်။ “သားငယ်လေး ၊ ဗိုက်ဆာနေပြီလား ၊ မေကြီးအိပ်ရာက နိုးရင် ၊ ချိုချို စို့ရမယ်နော်”
ရင်ခွင်ထက်မှကလေးငယ်ကို ၊ ပုခက်အတွင်းသို့ အသာအယာ ပြန်ထည့်လိုက်ပြီး ၊တည်ငြိမ် ရင့်ကျက်နေသော စကားလုံးများဖြင့် သူမ တီးတိုးပြောနေမိသည်။ ပုခက်ကြိုးလေးကို အသာအယာလွှဲပြီး ခပ်တိုးတိုးလေး ဆိုနေပုံက အသက်အရွယ်နှင့် မလိုက် အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေပြန်သည်။
“မောင်လေးရေ~~~~အိပ်ပါတော့~~~~မကြီးမောလှပေါ့ ၊ မောင်လေးရေ~~~~အိပ်ပါတော့~~~~မကြီးမောလှပေါ့~~~~”
သူမ ၏ ကဗျာမကျ ၊ သားချော့တေး မကျသံစဉ်ကို ၊ နေ့စဉ် အိပ်ရာဝင်ခါနီးတိုင်း နားဆင်နေကျဖြစ်မည့် ၊ ကလေးငယ်က နားလည်သည့်အလား ၊ မျက်လုံးလေး မှေးစင်းကာ အိပ်မောကျသွားလေသည်။ ပုခက်အတွင်းမှ အိပ်မောကျသွားသည့်မောင်ငယ်လေးကို သူမ ငေးကြည့်ရင်း ၊ စာကြည့်စားပွဲသို့ ခပ်ဖွဖွခြေလှမ်းများဖြင့် လှမ်းလာခဲ့သည်။

အစ်မကြီး အမိရာ (အပိုင်း ၂)

0 comments
ထို့ကြောင့်လည်း ၊ သူမ ငယ်စဉ်က ၊ မိခင်ဖြစ်သူကို ၊ စနောက်တတ်သည်မှာ “ငါတို့မေကြီးက ၊သားသားနဲ့ မမကြီးကြားမှာ တစ်ရက်ပဲခြားပြီး ၊ မမပြည့်နဲ့ လ၀င်းလေးကို မွေးထားတာ သိလား …ဟား…ဟား…”။
သို့သော် သူမဘ၀တွင် အကြောက်ဆုံးအရာမှာ ၊ မိခင်ဖြစ်သူ ကလေးထပ်မွေးမည်ကိုပင် ဖြစ်သည်။
“အမေရယ်…. နောက်ထပ်တော့ ကလေးထပ်မမွေးပါနဲ့တော့…၊ မဟုတ်ရင် သမီးအိမ်ကနေ ထွက်ပြေးမှာနော် …”ဟု စိတ်ကူးပေါက်တိုင်း ၊ ခြိမ်းခြောက်စကားဆိုတတ်သည့် သူမကို မိခင်ဖြစ်သူက ပြုံးစိစိ ကြည့်နေတော့သည်။ ပါးစပ်က ပြောမည့်သာ ပြောနေသည်။ သူမ၏ ငယ်စဉ်ကလေးဘ၀ တစ်လျှောက်လုံးနှင့် ကျောင်းနေစဉ် အရွယ်ကာလများမှာလည်း မောင်လေးနှင့် ညီမလေးများ အတွက်သာ အချိန်ကုန်ခဲ့ရသည်က များလှ၏။ သို့သော်လည်း သူမ၏ ဘ၀ကို သူမ ကျေနပ်ပျော်ရွှင် နေခဲ့သည်ချည်းသာ ဖြစ်သည်။
“မင်းရို့ နာ့ကို အနိုင်မကျင့်နဲ့နော် …၊ နာ့ရို ဘာအောင်းမေ့နေရဲ ၊ နာ့အစ်မနဲ့ တိုင်ပြောမယ် မင်းရို့ကို”
မောင်အငယ်လေး၏ အသံကြောင့် သူမ မျက်လုံးများ လင်းလက်သွားသည်။ အနီးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်မိစဉ် ၊ မောင်အငယ်လေးနှင့် သူ့ သူငယ်ချင်း တစ်သိုက်၏ အကြိတ်အနယ် ရန်ပွဲ အသေးစားလေးကို တွေ့မြင်လိုက်ရပေသည်။ သူမ ရင်ထဲက မောင်ငယ်လေး၏ ၀မ်းသာစရာ စကားသံလေးကြောင့် လှပ်ခနဲ ပျော်ရွှင်သွားသည်။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009