အိန္ဒိယပြန်၊ မြန်မာစာနယ်ဇင်းများ၏ ပဲ့တင်သံ

အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့ရှိ India Institute of Mass Communica tion(I.I.M.C) ကျောင်းသို့ သွားရောက် ပညာသင်ယူခွင့် ရရှိခဲ့ကြသော မြန်မာစာနယ်ဇင်းနှင့် သတင်း မီဒီယာလောက အသီးသီးမှ (၂၅)ယောက် အဖွဲ့ဝင်များ၏ သင်တန်းအပေါ် သဘောထား အမြင်များနှင့် ခရီးစဉ် တစ်လျှောက်ရှိ အတွေ့အကြုံများအပေါ် လျှပ်တစ်ပြက်မှ နယူးဒေလီမြို့ရှိ Crowne Plaza Hotel ကြီး၌ တွေ့ဆုံမှတ်တမ်း တင်ခဲ့သည်။ အဆိုပါ ခရီးစဉ်သို့ မြန်မာနိုင်ငံရှိ သတင်းနှင့် စာနယ်ဇင်း လောကသားများ ရက်သတ္တပတ် (၂)ပတ်ကြာ သွားရောက်ခွင့် ရရှိခဲ့ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် သတင်းနှင့်အချက်အလက်များဖလှယ် ခြင်း၊ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့များ ဖလှယ်ခြင်းများကိုလည်းနိုင်ငံကိုယ်စား ပြု၊ဆောင်ရွက်နိုင်ခဲ့ကြသည်ကိုဂုဏ် ယူဖွယ်တွေ့မြင်ခဲ့ရသည်။
ဦးစွာပထမ၊ သွားရောက်ခွင့်ရရှိခဲ့ ကြသောမြန်မာစာနယ်ဇင်းသမားများ အနက်သမ္ဘာရင့်၊ ဝါရင့်ဆရာဦးဟိန်း လတ်မှာ ပေါ်ပြူလာ News ဂျာနယ်မှ Editorial Vice -Chairman တစ်ဦးဖြစ်ပြီး လတ်တလောတွင်လည်း စွန့်စားကြီးပွားပြည်သူများ (သို့) အစ္စရေးနိုင်ငံ သား ဘာသာပြန်စာအုပ်သစ်ကို ရေးသားပြုစုထားသူလည်းဖြစ်တာကြောင ဖြစ်တာကြောင့် ''စာနယ်ဇင်းပညာက သင်လို့မကုန်ဘူးပေါ့။ ကိုယ်တိုင်သင်ဖူးတာက unicef က စာနယ်ဇင်းသင်တန်းတက်ဖူးတယ်။ အမေရိကန်စင်တာမှာတက်ဖူးတယ်။နိုင်ငံခြားသတင်းထောက်ဆီမှာတက်ဖူးတယ်။ ခု ဒီအိန္ဒိယမှာလာတက်တာပေါ့နော်။ ဘယ်နေရာမှာတက်တက်တစ်ခုကောင်း၊နှစ်ခုကောင်းတော့ရတာပါပဲ။အိန္ဒိယမှာတက်ရတဲ့သင်တန်းတချို့နေရာတွေမှာက တော်တော်အသေးစိတ်သင်တာတွေ၊ တွေ့လို့ပညာရတာအများကြီးရှိတယ်။ အထူးသဖြင့်နိုင်ငံခြားသတင်းကို ဝေဖန်တဲ့အပိုင်း၊ အဲဒါဆိုရင် အနောက် နိုင်ငံက သတင်းတွေအားလုံး မယုံရဘူး။ တချို့တွေက လုပ်ကြံဖန်တီးထားတာ တွေရှိတယ်ဆိုတာကို တစ်ကြောင်းချင်း တစ်ကြောင်းချင်း၊တစ်လုံးချင်းတစ်လုံးချင်း အသေးစိတ်ယှဉ်သင်သွားတာက ပညာ အများကြီးရတယ်။ တချို့အပိုင်းကျ တော့လည်း မြန်မာပြည်မှာ စာနယ်ဇင်း ပညာပြန်သင်နေရတဲ့လူအနေနဲ့ ဥပမာ interview ပညာပေါ့နော်။ ဒီပညာဆိုရင် ဒီပြင့်နိုင်ငံမှာ သင်ရတာနဲ့ကိုယ်တိုင် သင် ရတာနဲ့စာရင် တချို့ဥစ္စာတွေအများကြီး ကျန်ခဲ့တာတွေတွေ့ရတယ်။အားနည်း ချက်ရှိသလို အားသာချက်တွေလည်းအများကြီးရှိတယ်။ဒီမှာထုတ်တဲ့သတင်း စာ(၅)စောင်ကို မနက်အိပ်ရာနိုးတာနဲ့အကုန်လုံးဖတ်တယ်။လမ်းမှာတစ်စောင် ဖတ်တယ်။ညကျတစ်စောင်ဖတ်တယ်။နေ့တိုင်း(၅)စောင်၊(၆)စောင်လောက် ဖတ်ဖြစ်တယ်။အဲဒီထဲမှာရေးတာတွေအားလုံးကအင်မတန်မှပွင့်ပွင့်လင်းလင်း ရှိတာကို တွေ့ရတယ်။ဒီလိုအရေးအသားကို စာဖတ်သူအားလုံးက လက်ခံတဲ့ အပြင် နောက်နေ့၊ နောက်နေ့တွေမှာ သူတို့ပြောခဲ့တာတွေကို ပြင်ပြင်သွားခဲ့ တာတွေကိုလည်း ပါလာတယ်။ အဲဒါက စာနယ်ဇင်းရဲ့အားပဲလေ။ အဲဒီ အတွက် ကိုယ်ကိုယ်တိုင်လည်း ဒီစာနယ်ဇင်းလောကမှာကျင်လည်နေတဲ့ လူဆိုတော့ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုရဲ့မွန်မြတ်ပုံ၊ထိရောက်မှုအတိုင်း အတာက ဘယ်လောက်ထိအစွမ်းအစရှိနိုင်ပုံကို သိသွားတော့ ဝမ်းသာတယ် လေ။ အဲဒီတော့ အဲဒီအခါကျရင် ဒီလိုပုံစံတွေရေးသားကြမယ်လို့ ယုံကြည် တယ်။ တစ်ဖက်က ပြန်ပြောရင်လည်း ဆိုးတာတွေရှိတယ်။ တချို့ပြောတာ ဆိုတာတွေက လွန်လာတယ်။ ဒီ Oylmpic ဓနသဟာယအားကစားပွဲကို ဝေဖန်တဲ့ဥစ္စာအားလုံးက တချို့လူတွေပြန်ရေးတာက အဲဒီလောက်မဆိုးပါဘူး။ အိမ်သာလေးညစ်ပတ်တာလောက်နဲ့ဒီပွဲကြီးတစ်ခုလုံး သိက္ခာကျသလောက် နီးပါးရေးကြတယ်။တံတားလေးတစ်ခုကျိုးကျသွားတာနဲ့ပဲ ဒီလောက်လူပေါင်းများစွာ၊ ငွေပေါင်းများစွာလုပ်ထားတဲ့ အားကစားပွဲကြီးတစ်ခုလုံးသိက္ခာညှိုးနွမ်းအောင်ရေးကြတာမျိုးကျတော့ တရားလွန်ဖြစ်တယ်ပေါ့နော်။ အဲဒါမျိုးကျတော့လည်း ရှောင်ကြဉ်သင့်တယ်။ သတင်းလွတ်လပ်ခွင့်ဘယ်လောက်ပဲရရ အတိုင်းအတာတစ်ခုလောက်ပဲ ရေးသင့်တယ်။ အစွန်းရောက်ရေးရင်လည်း မကောင်းဘူးဆိုတာပညာရတယ်။ သင်တန်းမှာပို့ချတာကလည်း ပညာတစ်ခုပေါ့လေ။ ကိုယ်ကိုယ်တိုင်သတင်းစာဖတ်ပြီးလေ့လာတာလည်းသတင်းလွတ်လပ်ခွင့်အတိုင်းအတာဘယ်လောက်ထိပဲ ရေးသင့်တယ်။ လွတ်လပ်ခွင့်ပေးသလောက်ကို တင်းပြည့်ကျပ်ပြည့်မယူသင့်ဘူးဆိုတာလည်း သိလာရတယ်။ ဒါက ဒီသင်တန်းရဲ့ထူးခြား ချက်ပါပဲ။သင်တန်းကနှစ်ပတ်ပဲရှိတယ်။ ဒီရက်တိုလေးမှာဒီလောက်သင်နိုင်တာကိုပဲ သူတို့ရဲ့ပညာပေးနိုင်မှုကို ကျေးဇူးတင် ပါတယ်။ နောက်နောင်မှာသတင်းစာသမားအားလုံးကို ထပ်ခေါ်လာမယ်ဆိုရင်တော့ နှစ်ပတ်ထဲမဟုတ်ဘဲ တစ်လလောက် သင်ရင်၊ ရက်ပိုပြည့်စုံမယ်လို့အကြံပေးပါတယ်။ဘာပဲဖြစ်ဖြစ်သင်တန်းဆိုတာကကောင်းတာကြီးပါပဲ။မကောင်းတာ နည်းနည်း ပါးပါးရှိလည်း အကောင်းနဲ့မကောင်းတာမျှယူရမှာပေါ့။ နောက်ထပ်သင်တန်းတွေ တက်ခွင့်ရရင်လည်း တက်ချင်ပါ သေးတယ်'' ဆက်လက်ပြီး လူငယ်များနှင့်ပျော်ပျော်ရွှင်ရွှင်စနောက်တတ်ွှင်စနောက်တတ်ပြီးပြီးဖေးမကူညီတတ် မကူညီတတ်သောကမ္ဘာ့စီးသောကမ္ဘာ့စီးပွားရေး ဂျာနယ်မှ အယ်ဒီတာချုပ် ဆရာဦးခင်မောင်ညို(ဘောဂဗေဒ)အားမေးမြန်းကြည့်ခဲ့ရာ . . ''အိန္ဒိယနိုင်ငံမှာ Journalism course ကို ပထမဆုံးအကြိမ်လာပြီးတက်ရောက်ခွင့်ရတဲ့အပေါ်၊ဒီမှာ ပညာချင်းဖလှယ် ခဲ့ရတဲ့အတွက် ဆရာတို့အနေနဲ့ကတော့ တို့တတွေရဲ့ဒီမိုကရေစီနိုင်ငံတစ်ခုမှာ journalist တစ်ယောက်အနေနဲ့ ဘယ်လို အခွင့်အရေးတွေရှိတယ်ဆိုတာ သိရတယ်။ ဘယ်လောက်ထိ တာဝန်ကြီးမားသလဲဆိုတဲ့အပေါ် သူတို့ရဲ့အပြောက ''သတင်းစာဆရာဆိုတာ တရားသူကြီးလိုပဲ၊သမာဓိရှိရမယ်''။ သူတို့တိုင်း ပြည်မှာ သတင်းစာဆရာရဲ့အခန်း ကဏ္ဍက အလွန်ကြီးမားတယ်။ ကိုယ့်ရဲ့အခွင့်အရေးတွေလည်း သိလာရသလို ကိုယ့်ရဲ့တာဝန်တွေလည်း သိရတယ်။ ဒါပေမယ့် သူတို့ကတို့ရဲ့အခြေအနေတွေအားလုံးကို မသိဘူး။ သူတို့ပြောတဲ့အခြေအနေတွေနဲ့တို့နဲ့က တော်တော်လေး တော့ အလှမ်းဝေးနေသေးတယ်။ တို့ဆီက အခြေအနေကိုမသိတော့ တို့တွေဘယ်လိုလှုပ်ရှားနေရလဲဆိုတာလည်း မသိဘူးပေါ့။ တို့တွေ တွေ့ကြုံနေရတာ၊ လှုပ်ရှားနေတာတွေတော့ သူတို့ကနားမလည်ကြဘူးပေါ့နော်။ သူတို့ စိတ်ကူးကျ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ဒီလို ဒီလို လွတ်လပ်သင့်တယ်။ ညနေပိုင်းဆရာကပြောတယ်။ ''မင်းတို့လို တိုင်းပြည်မျိုးဆိုရင် တော့ဒီလို၊ ဒီလိုတွေဖြစ်နိုင်တဲ့ဟာမျိုးပေါ့'' အမှန်ကသူတို့ကအစတည်းက ဒါကိုထည့်စဉ်းစားဖို့ ကောင်းပါတယ်။ ဆရာနဲ့ဦးဟိန်းလတ်တို့နှစ်ယောက်ကလက်တွေ့လုပ်နေတဲ့သူတွေပေါ့နော်။ အနည်းနဲ့အများ အခြေခံတွေကို သိပြီးသားပါ။ ကိုယ်လည်း စာတွေရေးပေမယ့်လိုင်းတော့မတူဘူးပေါ့။ ဆရာတို့တွေကျ Opinion တွေရေးတာပေါ့နော်။ သတင်းရေး ခိုင်းရင်တော့ ဆရာတို့ကညံ့တယ်။ ဘယ်လိုခေါင်းစဉ်တပ်ရမယ်ဆိုတာမျိုးတွေကို ဆရာတို့ကသိပ်လုပ်လေ့လုပ်ထမရှိ တော့ကိုယ်လည်း မလုပ်တတ်ဘူး။ ညနေက interview လုပ်တဲ့နေရာမှာ ဆ၇ာ လည်းပြောလိုက်တယ်။ တို့ဆီကနေ အနည်းဆုံးဆရာတို့ကိုသင်ပေးမယ်ဆိုရင် ဆရာတို့အကြောင်းတော့ သိထားဖို့ ကောင်းတာပေါ့လေ။ ဆရာတို့အကြောင်း သိထားရင် သူတို့သင်တဲ့အခါ နည်းနည်းအထောက်အကူရတာပေါ့နော်။ တို့ဆီမှာက ရွေးကောက်ပွဲတွေက နိုဝင်ဘာ (၇)နောက်ပိုင်းမှာ ဘယ်လောက်ထိဖြစ်လာမလဲမပြောတတ်ဘူးပေါ့။ ခုလောလောဆယ်တော့အတိုင်းအတာတစ်ခုထိတော့ အသုံးဝင်ပါတယ်။ အသုံးမဝင်ဘူးလို့တော့ မယူဆပါဘူး'' ''လူငယ်တွေနဲ့သွားရတော့ ဆရာတို့အတွက် အပြောင်းအလဲတွေ၊အတွေ့အကြုံတွေ ဘာတွေ Changed ဖြစ်သွား သလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကအားမရတာတွေပါပဲ။ ဒီမှာလည်းအားမရဘူး။ သူတို့(၁ဝဝ)ဖိုးပေးရင် (၅ဝ)ဖိုးရရင်မဆိုးဘူးပေါ့။ (၁ဝ)ဖိုးလောက်ပဲရတဲ့လူတွေလည်းရှိတာပေါ့။ အဓိကက Language variant ။ နောက်တစ်ခုက Focus တွေပေါ့။လူငယ်တွေအတွက် ဈေးဝယ်တာတို့၊ ခရီးသွားတာတို့က မကောင်းဘူးတော့ မဟုတ်ပါဘူး။ ဒါတွေကိုဆရာတို့က သိပ်အပြစ်မတင်ချင်ပေမယ့်သင်တန်းမှာ ယူနိုင်သလောက်ရနိုင်သလောက် ရသင့် သလောက် မရဘူးလို့ယူဆတယ်။ ဒါကဒီနိုင်ငံမှာမှ မဟုတ်ပါဘူး။ ဘယ်မှာပဲဖြစ်ဖြစ်၊ ဖြစ်မှာပဲလေ'' ထို့နောက်အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေလျှက်ရှိသည့် The New Light of Myanmar သတင်းစာမှ အငယ်တန်းသတင်းထောက် ထောက်သက်ကိုကိုမှာ သက်ကိုကိုမှာ မူလကပင်ကိုယ်အနေအေးသူတစ်ယောက်ဖြစ်ခြင်းကြောင့် မေး သမျှ မေးခွန်းများအတွက် လိုရင်းတိုရှင်းဖြေကြားပေးခဲ့ပုံမှာ . . ''ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတာ (၃)နှစ်ပြည့်ပါပြီ။ Junior reporter ရာထူးနဲ့ပေါ့။ အဓိက အလုပ်က မြန်မာသတင်းတွေကို အင်္ဂလိပ်လိုဘာသာပြန်တယ်။ စဝင်ကတည်းက ဒီ post ပဲ။ အခုလည်း ဒီ post ပါပဲ။ အိန္ဒိယခရီးစဉ်မှာ အလုပ်ရဲ့ကိုယ်စားပြုအနေနဲ့သွားခဲ့ရတဲ့အပေါ် စိတ်ခံစားချက်ကပျော်ပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး မသိသေးတဲ့ပညာတွေ သိခွင့်ရတယ်ပေါ့။ ကိုယ်က အစိုးရအလုပ်ဆိုတော့ ပြင်ပက media သမားတွေနဲ့ လုံးဝမသိခဲ့ဘူး။ အခု အိန္ဒိယကျမှတွေ့ဖူးတယ်ဆိုတော့ သူတို့ရဲ့လုပ်ငန်းသဘာဝတွေကို ပိုသိလာတယ်။ ဘယ်လိုလုပ်တယ်ဆိုတာ သိလာရသလို သူငယ်ချင်းအသစ်တွေလည်း ရလာတယ်။ ဒီခရီးစဉ်မှာကိုယ့်အကြိုက်ဆုံးသွားခဲ့ရတဲ့နေရာက Hero Honda စက်ရုံပဲ။ ဘာလို့လည်း ဆိုရင် သူတို့နိုင်ငံမှာ ဒီလို မျိုးတွေရှိတယ်လေ။ ကျွန် တော်တို့နိုင်ငံမှာက စစမ်းသပ် နေတုန်းပဲရှိသေးတာ။ သူတို့ ဆီမှာကျ ဒီ brand တစ်ခုပဲ တိုးလို့ရတယ်။ တခြား brand တိုးလို့မရဘူး။ အဲဒါကိုလည်း သဘောကျလို့ပါ။ အိန္ဒိယနိုင်ငံ သားတွေကလည်း ဒီ brand ကိုပဲ သုံးကြတယ်။ တခြား နိုင်ငံက လာတဲ့ brand တွေ ကလည်း ဈေးကွက်မှာ ထိုး ဖောက်တာလည်း မအောင် မြင်ဘူး။ အဲလိုဈေးကွက်ထိန်းထားနိုင်တာလေးကို သဘောကျတယ်'' စွယ်စုံမီဒီယာ Group ၏ Assistant Managing Editor တစ်ဦးလည်းဖြစ်သလို ဖြစ်သလိုဆေးဆေးပညာတတ်ကျွမ်းသည့် ဆရာဝန်တစ်ဦးဖြစ်သော်လည်း မိသားစု၏စာပေလုပ်ငန်းအတွက် ပါဝင်အားဖြည့်ပေးနေသောဒေါက်တာနုမြတ်သိင်္ဂီဦးကလည်း သူမ ၏သင်တန်းနှင့်ခရီးစဉ်အတွေ့အကြုံများကို ယခုလို ဝေမျှပေးခဲ့ သည်။ ''အရင်တုန်းက သင်တန်းတွေတက်ခဲ့ရတယ်။ ခရီးတွေသွားခဲ့ရဖူး တယ်ပေါ့နော်။ ဒါပေမယ့် ဒီလိုမျိုးနှစ်ပတ်ကြာတဲ့ journalism သင်တန်းက ခုအကြိမ်က ပထမဆုံးပဲ။ ဒီလိုမျိုးတက်ခွင့်ရအောင် ဒီအစီအစဉ်ဖြစ်မြောက် အောင် စီစဉ်ပေးတဲ့ လူတွေအကုန်လုံးကို ကျေးဇူးတင်တယ်။ သက်ဆိုင်ရာ မြန်မာနိုင်ငံက အိန္ဒိယသံရုံး၊ ဒီက Ministry of Foreign Affairs ရော Ministry of External Affairs I.I.M.C(Indian Institute of Mass communication) ရော professor တွေနဲ့ တာဝန်ရှိတဲ့လူအကုန်လုံးကို ကျေးဇူး တင်ပါတယ်။ I.I.M.C က အိန္ဒိယနိုင်ငံမှာ Mass communication နဲ့ပတ် သက်ရင် နာမည်အကြီးဆုံးပဲ။ အကောင်းဆုံးကျောင်းလည်းဖြစ်တယ်။ ဒီလို ကျောင်းမျိုးမှာ ကိုယ်အလုပ်လုပ်နေတဲ့စာနယ်ဇင်းပညာနဲ့ပတ်သက်ပြီး သင်ယူခွင့်ရတဲ့အတွက်လည်း တော်တော်ကိုဝမ်းသာတယ်။ ဒီသင်တန်းမှာ ကျတော့ ဆရာတွေကစာသင်တဲ့အခါမှာ ကိုယ့်ကိုလုံးဝမသိတဲ့လူတွေလို သင်တာမဟုတ်ဘဲနဲ့ Professional သမား တစ်ယောက်လို သဘောထားပြီး သင်ပေးတယ်။ သူတို့သင်ပုံသင်နည်းက တစ်မျိုးပေါ့။ အဲဒါကလည်း အတွေ့အကြုံရ ပါတယ်။ နောက်ပြီးတော့ သူတို့က ကိုယ့်ကို exercise တွေလုပ်ခိုင်းတယ်။ English လို သတင်းတွေ ရေးခိုင်းတယ်။ နောက်ပြီး အမှားပြန်ပြင်ပေးတယ်။ discuss ပြန်လုပ်ပေးတယ်။ အဲဒီအတွက်လည်း အတွေ့အကြုံနဲ့ပညာတွေ အများ ကြီးရတယ်။ ခြုံပြီးပြောရရင် ဒီအစီအစဉ်က တော်တော့်ကိုကောင်းပါတယ်'' ''ဒီသင်တန်းမှာရလိုက်တဲ့အသိတွေက အများကြီးပေါ့။ စာနယ်ဇင်း တစ်ခုထဲမဟုတ်ဘဲ TV Channel တွေနဲ့ Radio ရော၊ Printed Media ရော အကုန်လုံးကို ချုပ်ပြီး ခြုံမိအောင်သင်တာပေါ့နော်။ အိန္ဒိယမှာနေခွင့်ရတဲ့ နှစ်ပတ်အတွင်းမှာ သူတို့ပေးတဲ့ပညာက တော်တော်တော့များပါတယ်။ အဲဒီအထဲမှာ အကြိုက်ဆုံးက International News Editing ပေါ့။ တခြားဟာတွေကတော့ မြန်မာနိုင်ငံမှာလည်း သင်ဖူးတယ်။ သူတို့နဲ့သင်ရတော့ နည်းနည်းတော့ ကွဲပြားတာပေါ့။ သင်ဖူးပြီးသားဆိုတော့ ကိုယ့်အတွက်အဆန်းကြီးမဟုတ်ဘူး။ ဒါပေမယ့် InternationaL News Editing ကို တစ်ခါမှလည်း မသင်ဖူးဘူး။ သတင်းစာထဲက Internationl news တွေကို ဖတ်ခိုင်းတယ်။ ဝေဖန်ပြတော့ ပိုပြီးတော့ သိလာ၊ မြင်လာတယ်။ နောက်ပိုင်း International news တွေကို ဘာသာပြန်ရတဲ့အခါမှာ ဖြစ်ဖြစ်၊ ကိုယ့်အနေနဲ့ ဝေဖန်ပိုင်းခြားနိုင်မယ်လို့ ယူဆပါတယ်'' ''အိန္ဒိယခရီးစဉ်မှာသွားခဲ့တဲ့လေ့လာရေးခရီးစဉ်တွေထဲမှာတော့ ဗုဒ္ဓဂယာ၊တပ်ခ်ျမဟာ(Taj Mahal)ဒေလီမှာ နာမည်ကြီးတဲ့ အိန္ဒိယ Gate တွေနဲ့ သွားခဲ့တာတွေကတော့အစုံပါပဲ။ လေ့လာရေးရော၊အပျော်ခရီးတွေရော၊ တပ်ခ်ျမဟာ ကတော့ ကမ္ဘာမှာအရမ်းကိုနာမည်ကြီးတဲ့နေရာလည်း ဖြစ်တယ်။ ချစ်ခြင်းသင်္ကေတအဆောက်အဦလည်းဖြစ်တယ်။ ရှေးဟောင်း အဆောက်အအုံလည်းဖြစ်တယ်။အိန္ဒိယကိုရောက်ရင် တပ်ခ်ျမဟာကိုမဖြစ် မနေသွားရမယ့်နေရာလို့ လူတိုင်းကပြောကြတယ်။ ရှားပါးတဲ့နေရာကိုရောက်ရတဲ့အတွက် ဝမ်းသာပါတယ်''ဟဟု ပြည့်စုံတိကျစွာဖြေကြား ပေးခဲ့သည်။ ထို့အပြင်မန္တလေးမြို့မှဓာတ်ပုံဝါသနာကြီးသူလည်း ဖြစ်သလို၊ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့်ကိုဇင် မင်းဆွေမှာ I.I.M.C သင်တန်းမှာ ပရော်ဖက်ဆာကြီး Mr. K.M. Shriva stava ကိုယ်တိုင် ကင်ပွန်းတပ်ပေး ထားသော ''Official Photographer'' Nick Name ပိုင်ဆိုင်ထားသူဖြစ်ခြင်းကြောင့် အလှဓာတ်ပုံကောင်း လိုချင်သူများ၏နားပူနားဆာလုပ်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်သည်။ ''ဒီနေ့ခေတ် စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊ပညာရေး၊နိုင်ငံရေးစတာတွေအားလုံးကို လျှင်လျှင်မြန်မြန် ထိုးဖောက်ဖို့အတွက် သတင်းအချက်အလက်တွေက အထိရောက်ဆုံးပံ့ပိုးပေးနေပါတယ်။ တစ်နည်းအားဖြင့်ပြောရမယ် ဆိုရင် သတင်းတွေရဲ့ကြားထဲမှာလူတွေကနေထိုင်အသက်ရှင်နေရသလိုမျိုး ကမ္ဘာကြီးက ပြောင်းလဲနေပါပြီ။ ဒီပညာရပ်ကို စနစ်တကျ သိကျွမ်းတက်မြောက်ထားဖို့လိုအပ်မယ်လို့ထင်တယ်။ ဒါကြောင့် အခွင့်အရေးရတုန်း အိန္ဒိယနိုင်ငံ၊ နယူး ဒေလီမြို့က IIMC တက္ကသိုလ်မှာ ကမ္ဘာ့အဆင့် (World Class) စွမ်းဆောင်နိုင်တဲ့ပါမောက္ခကြီးတွေဆီကနေ နောက်ဆုံးပေါ် Press Media, Broadcasting Media, Cyber Media စတဲ့ ပညာရပ်တွေကို သင်ယူခွင့်ရခဲ့ပါတယ်။ အဖက်ဖက်က လိုလေသေးမရှိအောင် စားသောက်နေထိုင်၊သွားလာရေး အထူးကောင်းမွန်လှပါတယ်။ ဒါမျိုးပုံစံနဲ့ ပညာသင်ကြားခွင့် မရခဲ့ဖူးသလို အိန္ဒိယရောက်ကတည်းက Canon Vest ကို မချွတ်တမ်းဝတ်ထားတဲ့ကျွန်တော့်ကို ပါမောက္ခကြီးက Official Photo Grapher (တရားဝင်ဓာတ်ပုံဆရာ)လို့ခေါ်တဲ့ နာမည်ကိုလည်းသဘောကျမိပါတယ်။ ဒီမှာ အတူသွား အတူစားခဲ့ကြတဲ့စာနယ်ဇင်းညီအစ်ကို မောင်နှမအားလုံးကိုလည်း အမြဲတမ်းသတိရနေမှာပါ။ ဒီမှာ သင်ကြားခဲ့ရတဲ့ Media ပညာရပ်တွေကို တစ်ချိန်ကျရင် ပြန်လည်မျှဝေပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်'' မန္တလေးမြို့သားချင်းလည်းဖြစ်၊ ကိုဇင်မင်းဆွေနှင့်အိန္ဒိယတွင် မခွဲအတူတွေ့မြင်ခဲ့ရသော အလွတ်တန်း သတင်းသမားဦးစိုးမြင့်သန်း(ကောင်းလွန်း)မှာလည်း ဥပဓိရုပ်ခံကြောင့်၊သင်တန်းသားနှင့်မတူ၊ ပရော်ဖက် ဆာကြီးနှင့်သင်တန်းဆရာများ၏နောင်တော်အလားထင်မှား ခြင်းခံရသူပင်ဖြစ်သည်။ အင်္ဂလိပ်စာအပြောအဆို ကောင်းမွန်ခြင်းကြောင့် ဆရာများ၏မကြာခဏစာမေးခြင်းအပေါ်သွက်လက်စွာထဖြေတတ်သူ အဖြစ် လည်း I.I.M.C ကျောင်းကျောင်းအတွင်း ထင်ပေါ်သူတစ်ဦးလည်းဖြစ်ပေသည်။ ''ကျောင်းစရောက်တဲ့နေ့ကစပြီး ပြန်တဲ့နေ့အထိအဖေတစ်ယောက်လို အနီးကပ်ကြီးကြပ်အုပ်ချုပ်ပြီး ပညာစုံနဲ့ရင်း နှီးအောင်ရယ်၊ နိုင်ငံတကာသတင်းကွန်ရက်ထဲဝင်ဆံ့အောင်ရယ်သင်ကြားပို့ချပေးခဲ့တဲ့ ပါမောက္ခကြီး KM. Shrivastava ကို အလေးစားဆုံးပါပဲ။ သူမသိတာဘာမှမရှိဘူးလို့ထင်ရအောင် ဗဟုသုတပြည့်စုံပြီး Attitude အရာမှာလည်း သူမတူအောင် ပြည့်ဝကောင်းမွန်သူဖြစ်ပါတယ်။သတင်းမီဒီယာပညာတွေနဲ့အတူ ဆရာကြီးရဲ့ Attitude ကိုပါ အပြန်မှာ အရယူခဲ့ပါတယ်။ ကျွန်တော်တို့မှာအလိုအပ်ဆုံးက Attitude ပါပဲ။ ကျန်တာတွေအားလုံးက ဖြည့်ဆည်းလို့ရပါတယ်။ I.I.M.C ပါမောက္ခတွေ၊ဧည့်နည်းပြတွေ၊ပညာရှင်တွေနဲ့တကူးတကနဲ့လာရောက်ဟောပြောပို့ချခဲ့ကြတဲ့လုပ်ငန်း ရှင်ကြီးတွေရဲ့အတွေ့အကြုံနဲ့အသိပညာတွေကလည်း အံ့မခန်းပါပဲ။ကမ္ဘာရွာကြီးထဲကကမ္ဘာ့အကြီးဆုံးဒီမိုကရေစီ နိုင်ငံကြီးရဲ့မီဒီယာလုပ်ငန်းတွေ၊မီဒီယာပညာတွေကို လေ့လာသင်ယူခွင့်ရခဲ့ပြီး မီဒီယာလောကသားတွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။အားကျတယ်ဆိုရုံနဲ့မလုံလောက်ခဲ့ပါဘူး။ကျွန်တော်အများကြီးကြိုးစားရပါဦးမယ်''။ 
ဆုကဗျာ

0 comments:

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009