သင်အသက်(၅ဝ) ကျော်လာတဲ့အခါ၊ အခန်းဆက် ဘာသာပြန် ဆောင်းပါးကို ရေးသားပြုစုလာခဲ့တာ အပိုင်းများစွာကို ကျော်လွန်လာခဲ့ပေမယ့် ပြတ်တောင်း၊ ပြတ်တောင်း ရေးသားနေတဲ့ အပေါ်မှာ အားမလို၊အားမရ ဖြစ်နေကြတဲ့အကြောင်း (၅ဝ)ကျော် စာဖတ်ပရိသတ်များနဲ့ တွေ့ဆုံခွင့်ရတိုင်း ကြားသိနေခဲ့ရပါတယ်။ ဒါသည်လည်း စာရေးသူ ကျွန်မရဲ့စာဖတ်ချိန် နည်းပါးသွားမှုနှင့် ဘာသာပြန်ဆိုနိုင်မှု နှေးကွေးနေခြင်းကြောင့်သာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ ဆက်လက် ဘာသာပြန်ဆိုမိခဲ့တဲ့ " Don't go off the deep end" ဆောင်းပါးကို ဖတ်ရှုပြီးချိန်မှာတော့ ဒေါသကြောင့် မှားယွင်းမှုများ ဖြစ်ပေါ်လာတတ်သည့် သဘာဝကို မထိန်းချုပ်နိုင်ပါက ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နိုင် သလို စိတ်ဖိစီးမှုများ ပိုမိုခံစား နိုင်ရတတ်သည့် အခြေခံအ ကြောင်း အချက်များကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
စာရေးသူ ကျွန်မကိုယ်တိုင်လည်း ယခု အသက်အရွယ်လေးနဲ့ပင်၊ ရံဖန် ရံခါ သည်းခံနိုင်စွမ်းနည်းပါးနေ ခြင်းအပေါ် ဘဝင်မကျနိုင်သေး ဘဲ၊ တိုက်ခိုက်ထိုးနှက်မှုများကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတိုင်း ဒေါသထွက်ဖို့သာ သတိရတတ် ပြီး၊ ခွင့်လွှတ်စိတ်ဖြင့်ဥပေက္ခာ ပြုလိုက်ခြင်း၊ လုပ်ငန်းခွင်အခြေ အနေအပေါ် အကောင်းအဆိုး ပြန်လည်သုံးသပ ကြည့်ခြင်းနှင့် စိတ်ခံစားမှုပြင်းထန်လွယ်ခြင်းကို မေတ္တာဖြင့်ပြန်လည် ထိန်းချုပ် စေခြင်းများပြုလုပ်ဖို့မေ့နေတတ် ပါသေးတယ်။ ဘဝဖြတ်သန်းမှု တစ်လျှောက်အတိုက်အခိုက်များ ကြုံတွေ့နေရခြင်းများမှာ မိမိ ကိုယ်တိုင်ရဲ့ လုပ်ရပ်ကောင်းများ ကို အလေးထားအကဲခတ်သူ ပေါ များနေခြင်းကြောင့် ဖြစ်ပေါ်လာ တာဆိုတဲ့ ဆရာသမားတစ်ဦးရဲ့ သုံးသပ်ဆုံးမစကားကို ဆင်ခြင် တွေးတောနေတတ်ဖို့ ကြိုးစား ကျင့်ကြံနေမိပါတယ်။ "Don't go off the deep end" ဆောင်းပါးကို ရေးသားပြုစုခဲ့တဲ့ စာရေးဆရာ "Gary Jobson" အတွက်၊ အမျက်ဒေါသကြီးမား မှုကြောင့် သူ၏ဇနီးသည် ကိုစွန့် လွှတ်ခဲ့ရသလို၊ အလုပ်များကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရတယ်လို့ ဖတ်ရှု လေ့လာခဲ့မိပါတယ်။ စာရေးဆရာ ပီသစွာသူကြုံတွေ့ခဲ့ရသောဘဝဖြတ် သန်းမှုများကို နောင်လာနောင်သား များ အတုယူမှတ်သားနိုင်စေရန် ရေးသားပြုစုပေးခဲ့တဲ့ အပေါ်မှာလည်း အထင်ကြီးလေးစားခဲ့မိပါတယ်။ Gray Jobson သည် ကမ$္ဘာအဆင့်မီ ရွက်လှေအားကစားသမားတစ်ဦးဖြစ်ပြီ၊ ရုပ်မြင်သံကြားသတင်း ဝေဖန်သူ လည်းဖြစ်ပါတယ်။ သူရေးသားခဲ့ သော နောက်ဆုံးစာအုပ်မှာ "Championship Sailing" ဖြစ်ပြီး(၁၉၇၇) ခုနှစ်တွင် America's Cup ကို Ted Turner နှင့်အတူရရှိခဲ့သည့် ချန်ပီ ယံဆုအပါအဝင် ဆုပေါင်းများစွာရရှိ သူဖြစ်သည့်အပြင် နာမည်ဆိုးဖြင့် ကျော်ကြားသော Fastnet Race တွင် လည်းချန်ပီယံဆုရရှိခဲ့သူဖြစ်ပါတယ်။ Arctic, Antarctica နှင့် Cape How စူးစမ်းလေ့လာရေး ခရီးများကို သွား ရောက်ခဲ့သူဖြစ်ပြီး၊ "E SPN" ရဲ့ရွက်လွှင့်ခြင်းနဲ့ပတ်သက်ပြီး (၁၉၈၅) ခုနှစ်မှာ သတင်းဝေဖန်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ (၁၉၈၈)ခုနှစ် မှာတောင်ကိုရီးယား အိုလံပစ်ရွက် လှေပြိုင်ပွဲတွင် သတင်းရယူခဲ့တဲ့ အတွက် ဆုချီးမြှင့်ခြင်းခံခဲ့ရသူ ဖြစ်ပါ တယ်။ သူ့ရဲ့အောင်မြင်မှုကြောင့် Amercia's Cup Hall က အသင်း သား အဖြစ်လက်ခံခဲ့သူဖြစ်ပါတယ်။
လူများက အသက်(၅ဝ)သည် အရေအတွက်မျှသာဖြစ်သည်ဟုပြောဆို ကြသည်ကိုကျွန်တော်ရယ်ချင်သည်။ ဤအယူအဆများမှာကျွန်တော့် အတွက်မဟုတ်ပါ။ ကျွန်တော့်အဖို့ (၅ဝ)ဟူသော အရေအတွက်မှာ ဘဝ အတွက် အလှည့်အပြောင်းဖြစ် စေသည့် အဓိကမိုင်တိုင်တစ်ခုဖြစ် သည်။ ဤအရွယ်သို့ ရောက်ရှိသည့် အခါ ကျွန်တော်သည် အောင်မြင်ပြီး မြောက်သည့် အရွယ်ရောက် သည် ဟုခံစားရသည်။ လွတ်လပ်လာ သည်ဟုလည်းခံစားရသည်။ ယခင် အခါစဉ်းစားတွေးတောခြင်း မပြု ခဲ့သည့်အရာများကိုပင် ရုတ်တရက် လုပ်ပိုင်ခွင့်ရရှိလာသည်။ တစ်နည်း ပြောရသော် ကျွန်တော်၏ ကျန်းမာရေးကောင်းနေသည့် ကျွန်တော်၏ မိသားစုဘဝ စိတ်ချရမှုရှိနေစဉ် ကျွန်တော်၏ အလုပ်အကိုင် တိုးတက်ရှင်သန်နေစဉ် ကျွန်တော်သည် အရူးအမူး ဖြစ်ခဲ့ရသည်။ အားလုံးသောအရာများသည် ကျွန်တော့်အတွက် အောင်မြင်မှုချည်းဖြစ်သည်။ အသက်(၅ဝ)အရွယ်သို့ပင် ရောက်သည့်အခါ၌ ကျွန်တော်သည် စင်္ကြဝဠာကြီးကို ပြောင်းလဲပိုင်ခွင့် ရှိလာသည်ဟု ခံစားရသည်။
ဘဝတွင်ပို၍ ကြီးကျယ်ခမ်းနားသော မွေးနေ့ပွဲများကျင်းပခဲ့သည်။ အံ့ဖွယ်ကောင်းသော ကျွန်တော်၏ အသက်(၄ဝ)နှစ်ပြည့် အထိမ်းအမှတ် မွေးနေ့ပွဲတွင်မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များ၊ စီးပွားရေး လုပ်ဖော် ကိုင်ဖက်များ၊ စုစုပေါင်း(၂ဝဝ)ခန့် သည်နိုင်ငံအနှံ့အပြားမှတက်ရောက်ခဲ့ ကြသည်။ မွေးနေ့ပွဲမှာ နှစ်လိုဖွယ်ရှိ သောအခမ်းအနားတစ်ရပ်ဖြစ်သည်။ ထိုဆယ်စုနှစ်၌ကျွန်တော်၏သား သမီးများမှာ ကြီးပြင်းလာကြသည်ကို တွေ့မြင်ရသည်။ ကမ္ဘာ့ရွက်လှေ လောကတွင်ကျွန်တော်၏ ကျော် ကြားမှုမှာတစ်စထက်တစ်စ မြင့်တက် လာသည်။ ကျွန်တော်၏ပိုင်ဆိုင်ြ<ွကယ်ဝမှုမှာလည်းယခင်ကြေ<ွကးတင် ခဲ့ရာမှယခုအခါအတော်အတန်ပိုင်ဆိုင် မှုများရှိလာသည်။
ဤသို့ဥစ္စာဓနရှိလာသည်နှင့်အမျှ မေးခွန်းတစ်ရပ်ပေါ်ပေါက်လာသည်။ ¤င်းမှာ''''အရာရာတိုင်းဘာကြောင့် ပြောင်းလဲနေပါသနည်း'' လဲနေပါသနည်း''ဟူ၍ ဖြစ်သည်။ ကျွန်တော် အသက်(၅ဝ) အရွယ်သို့ရောက်ရှိပြီးနောက် (၃)နှစ် အကြာ၌ကျွန်တော်၏ကမ္ဘာသည်အ ဆင့်တိုင်းတွင်အဆိုးဘက်သို့ပြောင်း လဲသွားခဲ့သည်။
ဤသို့ဖြစ်ရသည်မှာ ကျွန်တော် သည် ငြီးငွေ့ဖွယ်ကောင်းသော လုပ် နေကျလုပ်ငန်းများကို နေ့စဉ်ရက် ဆက်တိုက်လုပ်နေရသောကြောင့်ဖြစ် သည်။ ကျွန်တော်၏ဇနီဲးညေငခနမှာ ကျောင်းဆရာမအဖြစ် သူမ၏အလုပ် အကိုင်သစ်တွင်စတင်ဝင်ရောက်လုပ် ကိုင်နေသည်။ အလုပ်အကိုင်သစ် တွင် စတင်ဝင်ရောက်လုပ်ကိုင်နေ သည့်သူမသည် အလုပ်တွင်နစ်မြုပ် နေပြီး သူ့ဘဝနှင့်သူလွတ်လပ်နေ သည်ဟုခံစားနေပြီး သမီး(၃)ယောက် ကိုလည်း ကြည့်ရှုစောင့်ရှောက်နေ သည်။ သမီးသုံးယောက်မှာလည်း သူတို့အလုပ်နှင့်သူတို့ မအားမလပ် အောင်ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်သည် ကိုယ့်လမ်း ကိုယ် လျှောက်ရတော့သည်။ (၁၉၉၉)ခုနှစ် တစ်နှစ်တည်း၌ပင် ဆောင်းပါး ပေါင်း(၅ဝ)နှင့် စာအုပ်တစ်အုပ်ရေး သားခဲ့ပြီး မိန့်ခွန်းပေါင်း (၆၃)ကြိမ်၊ ရုပ်မြင်သံကြားပြကွက်(၂၅) ခုထုတ် လုပ်ခဲ့ပြီး၊ အစည်းအဝေး (၄၂)ကြိမ် တက်ရောက်သည်။ ခရီးသွားရက် ပေါင်းမှာလည်း(၂၅ဝ)ရှိခဲ့ပြီး Nathanael- G ဆုရရှိခဲ့သည်။ ဤဆုမှာ အမေရိကန်လှေလှော်ရွက်တိုက် အား ကစားတွင်အမြင့်ဆုံးဖြစ်ပြီးအားကစား လုပ်ငန်းနှင့်ပတ်သက်၍ ကျွန်တော် ရေးသားခဲ့သည့် စာပေများအတွက် ရရှိခြင်းဖြစ်သည်။ဤဆုရရှိခြင်းသည် ကျွန်တော့်အားစိတ်ဓာတ်တက်ြ<ွကစေသည်။
ကျွန်တော်တို့၏မိသားစုသည် ဦးတည်ချက်ငါးခုဖြင့် ဖြာထွက်သွား ကြသည်။ ကျွန်တော်အကြီးဆုံး သမီး Cristi သည် ဟားဘတ်တက္ကသိုလ် သို့တက်ရောက်ရန် ပြင်ဆင်လုံးပမ်း နေသည်။ အမွှာသမီးနှစ်ယောက် ဖြစ်သည့် Ashliash နှင့် Brooker တို့မှာ အားကစားအသီးသီးတွင် ထူးချွန်သူများ ဖြစ်နေကြသည်။ အကြိမ်(၅ဝ)မြောက် မွေးနေ့ပါတီ အကျဉ်းရုံးကျင်းပပြီးနောက် ကိုယ်စီ ကိုယ်ငှ အလုပ်များနေကြသော မိသားစုများကိုခေါ်ပြီး စည်းလုံး ငှားရမ်းထားသည့် ရွက်လှေတစ်စီးဖြင့် Maine နှင့် Canada သို့ တစ်လ အကြာမျှ အပန်းဖြေခရီးထွက်ခဲ့ သည်။ ကျွန်တော်၏ မိသားစုဝင်များ သည် ထိုနေရာများသို့သွားရောက်လို စိတ်မရှိကြဟု ကျွန်တော်ခံစားရ သည်။ အပျော်စီးရွက်လှေများဆိုက်ကပ်ရပ်နားရန် ဆိပ်ကမ်းသို့ပင်ရပ်နား ခြင်းမပြုဘဲ တချိုးတည်း ရွက်လွှင့် လာခဲ့သည်။ မလွှဲမရှောင်သာဘဲ မိသားစုအတွင်း ခွန်းကြီးခွန်းငယ် ကတောက်ကဆဖြစ်လာရသည့်အတွက် ကျွန်တော်၏ ကြိုးစားမှုအားလုံး ရှုံးနိမ့်ခဲ့ရသည်။ ခရီးစဉ်ပြီးဆုံး သွား ချိန်၌ အားလုံးစိတ်ပေါ့ပါးသွားကြပြီး ကိုယ်စီကိုယ်ငှ မိမိတို့၏လုပ်ငန်းများ ဆီသို့ ရောက်ရှိသွားကြသည်။ ကျွန် တော်သည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ အိုလံပစ်လှေလှော် ရွက်တိုက် အားကစားပြိုင်ပွဲတွင် NBC အတွက် သတင်းရယူရန်ထွက် ခွာလာခဲ့သည်။ ယင်းအားကစားပွဲမှ ကျွန်တော်ပြန်ရောက်လာသည့်အခါ ကျွန်တော်၏ဇနီးနှင့် သမီးတို့သည် ¤င်းတို့၏နေ့စဉ်လုပ်ငန်းအသီးသီးတွင် အတည်တကျဖြစ်နေ သည်ကိုတွေ့ရ သည်။ ထိုအခါ မိမိကိုယ်မိမိလူပို တစ်ယောက်ဖြစ်နေသည်ဟု ခံစားရ သည့်အပြင် မည်သူကမှလည်းလို လားသည့်အသွင်မပြကြချေ။
ကျွန်တော်တွင် အသက်(၁၆) နှစ်အရွယ်မှ (၂၂)နှစ်အရွယ်အထိ မိန်းကလေး အဖော်ချစ်သူရှိခဲ့ပြီး မကြာခဏ ရွက်လှေငယ်ကလေးဖြင့် အတူ အချိန်ကုန်လွန်ခဲ့သူထံသို့ ကျွန်တော်၏စိတ်များပြန်လည်ရောက် ရှိသွားသည်။ ကျွန်တော် တို့နှစ်ဦး သည် ယခုအခါအသက်(၁၆)နှစ် အရွယ်များ မဟုတ်ကြသော်လည်း ပြန်တွေ့ဆုံရသည့်အခါ၌ အတိတ် ဖြစ်ရပ်များကို ပြန်လည်သတိရရင်း နာရီပေါင်းများစွာ အတူရှိနေကြရာမှ မိမိတို့အသီးသီး၏ မိသားစုများကို စွန့်ခွာခဲ့ကြပြီး နှစ်ဦးအတူ နေထိုင်ခဲ့ကြသည်။ သူမသည်လည်း အသက် (၅ဝ)အရွယ်သို့ ဝင်ရောက်နေပြီဖြစ်သည်။
နောက်နှစ်နှစ်ကြာသောအခါ မူးနောက်လောက်အောင် ခရီးထွက်ခြင်း၊ ရုပ်မြင်သံကြားပွဲများစီစဉ်ခြင်း၊ မိန့်ခွန်း များပြောကြားခြင်း၊ လှေလှော် ရွက် တိုက်ခြင်းနှင့် ဘဝသစ်၏ စိတ်လှုပ် ရှားဖွယ်ရာ များနှင့်ပြည့်နှက်နေသည်။ သို့ရာတွင် ကျွန်တော်၏အတွင်းစိတ် ထဲ၌မူ ဤအချင်းအရာများကိုကောင်း သည်ဟုခံစားရခြင်းမရှိပါ။ မိသားစု နှင့်တဖြေးဖြေးချင်းပြတ်စဲလာခြင်းနှင့် ခံစားနေရသည့် နာကျင်မှုများသည် ကျွန်တော့်အားအစိတ်စိတ်အမွှာမွှာ ဖြစ်စေသည်။ စိတ်လှုပ်ရှားပျော်ရွှင် ရသည့်ဘဝသစ်သည်မှေးမှိန်လာသည်။
(၁၆)နှစ်တာမျှလက်တွဲခဲ့သော ကျွန်တော်၏ အရေးအကြီးဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ESPN သည် ကြိုတင် သတိပေးခြင်းမရှိဘဲ လှေလှော်ရွက်တိုက် အားကစားသတင်း ရယူခြင်းကို ရပ်ဆိုင်းရန်ဆုံးဖြတ်သည်။ ဤလုပ်ရပ်သည် ကျွန်တော့်အတွက် ငွေကြေးအရရော၊ စိတ်ဓာတ်ရေးရာအရပါထိခိုက်စေသည့် လုပ်ရပ်ဖြစ် သည်။ ကျွန်တော်ကံဇာတာမှာ စတင် မှေးမှိန်လာသည်ဟု ကျွန်တော်ခံစား ရသည်။ ESPN နှင့် ကျွန်တော်တို့ နောက်ဆုံးသတင်းရယူခဲ့သည့် အား ကစားပွဲမှာ (၂ဝဝ၃)ခုနှစ် အမေရိက ဖလားပွဲဖြစ်သည်။ အမေရိကန် ရွက်လှေ အားကစားသမားများ ပြိုင်ပွဲ မှစောစီးစွာထွက်ရသည့်အခါ အမေရိ ကန် ပရိသတ်ကဂရုမစိုက်ကြချေ။ ထို့အပြင် အိမ်ရှင်နယူးဇီလန်နိုင်ငံ ပြိုင်ပွဲ အာဏာပိုင်များက ¤င်းတို့ ၏အသင်း၏ အားသာချက်ရရှိစေရန် သူတို့အတွက် အဆင်ပြေမည့် လေတိုက်နှုန်းစောင့်ဆိုင်းရန် ပြိုင်ပွဲ ရက်ရွှေ့ဆိုင်းလိုက်သည့် ရုတ်တရက် ဖြစ်ပေါ်လာသည့် ကြီးမားသည့်ဒုက္ခ ကြောင့် ESPN အရာရှိများ စိတ် သောကရောက်ကြရသည်။ ကြည့်ရှု နေကြသည့် ပရိသတ်များသည် အစု လိုက်အပြုံလိုက်ဖလားလုပွဲမှ ထွက် ခွာသွားကြသည်။ ဤဖလားလုပွဲတွင် သတင်းလိုက်နေရင်းကျွန်တော်ရူးချင် လာသည်။ ကျွန်တော်သည် ဆံပင် ညှပ်ခြင်းကိုပင်မပြုချင်တော့ဘဲအရှည် ထားလိုက်ပြီး နားတွင်လည်း နားကွင်း ဖောက်ထားလိုက်သည်။ ဘဝသက် တမ်းအလယ်ရောက်မှအကျပ်အတည်း နှင့်ရင်ဆိုင်နေရသူအဖြစ် ရှုမြင်လာ ကြသည်။
ဤသို့ဗရုတ်သုက္ခ ဖြစ်နေချိန်တွင် ကျွန်တော်သည် နေထိုင်မကောင်းချင် ဖြစ်လာပြီး ချောင်းဆိုးခြင်းမှာလည်း အဆက်မပြတ် ဖြစ်လာသည်။ ညအခါ ချွေးများရွှဲရွှဲစိုပြီး နိုးလာလေ့ရှိသည်။ ကျွန်တော်၏ ခြေနှင့်လက်များတွင် အနီပြောက်များ ပေါ်လာသည်။ ကိုယ်အလေးချိန်လည်း ကျဆင်းလာပြီး အလွန်မောဟိုက်လာသည်။ ညစဉ် ညတိုင်းနာရီပေါင်းများစွာအော့အန် သည်။ သို့သော်ကျွန်တော်သည် မပျက်မကွက်အလုပ်ဆက် လုပ်နေ သည်။ မြို့ပေါင်း (၆ဝ)တွင် မိန့်ခွန်း ပြောကြားရန် ခရီးစတင်ထွက်သည်။ အတော်ခက်ခက်ခဲခဲ လုပ်ဆောင်ရ သည့်အလုပ်ဖြစ်သည်။ ကျွန်တော် သည် မိန့်ခွန်းများကိုကောင်းစွာ ပြောကြားနိုင်သော်လည်း ခရီးသွား လာခြင်းနှင့် အစားအသောက် စားသောက်ခြင်းတွင် အခက်အခဲတွေ့ လာရသည်။
(၂၃)ကြိမ်မြောက် မိန့်ခွန်းစကား ပြောဆိုသည့်အခါ၌ ကျွန်တော်သည် ကောင်းစွာ မတ်တပ်မရပ်နိုင်တော့ပါ။ ပရိသတ်ထဲမှ ဆရာဝန်တစ်ဦးက ကျွန်တော့်ကိုကြည့်ရသည်မှာ မရွှင်လန်းကြောင်း၊ နောက်တစ်နေ့မနက် ၄င်း၏ဆေးခန်းသို့ လာရောက်ရန် ဖိတ်ခေါ်သည်။ (၅) နာရီကြာစမ်းသပ် ပြီးနောက် ''ခင်ဗျားမှာ ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော် အတိအကျ မပြောနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားအလွန်အမင်း နေထိုင်မကောင်းဖြစ်နေတာတော့ အမှန်ပဲ။ အိမ်ပြန်နေဖို့သင့်တယ်''ဟု ဆို လာသည်။ Battimore ရှိ ကျွန်တော်၏ ကွန်ဒိုတိုက်ခန်းသို့မပြန်မီ သုံးညဆက်တိုက် ဟောပြောပွဲများပြုလုပ်ခဲ့သည်။ ယင်းတိုက်ခန်းတွင် ကျွန်တော်အထီးကျန်ဖြစ်နေသည်။ တစ်ချိန်က မိန်းကလေးသည် ကျွန်တော့် ထံမကြာခဏလာရောက်သည်။ ကျွန်တော်နှင့် လှေလှော်ရွက်တိုက် ကစား ဖော်ဖြစ်သူဆရာဝန်တစ်ဦးက(၁ဝ)ရက်ကြာ မျှ စစ်ဆေးမှုများပြုလုပ်ပေးသည်။ နောက်ဆုံးရောဂါရှာဖွေတွေ့ရှိချက်မှာ ဝမ်းဗိုက်အတွင်းရှိ အရည်ကြည်ထုတ် လုပ်သော အဖုအကြိတ်တွင် ကင်ဆာ ဖြစ်နေကြောင်းပင် ဖြစ်သည်။ ပိုး မွှားသေ စေသောဆေးဝါးဖြင့်(၆) ကြိမ်ဆေးကုသမှုပြု ပြီးခွဲစိတ်မှုခံ ယူခဲ့သည်။ အားပြင်းသော ပိုးသတ် ဆေးများသောက်ခဲ့ပြီး A Stem Cell အစားထိုးကုသည်။ ဤသို့ကုသခြင်း မှာ ပြန်လည်လမ်းလျှောက်လာနိုင် သည့်အချိန်အထိ(၁၆)လကြာခဲ့သည်။
ကမ္ဘာအရပ်ရပ်မှ အားပေး စကားများ အဆက်မပြက် လှိမ့်ဝင်လာသည်။ E.mail များနှင့် စာများပို့လာကြသလို လာရောက်တွေ့ဆုံမှုများ ရှိလာသည်။ ကျွန်တော်စွန့်ပစ်ခဲ့သည့် ဇနီးဖြစ်သူ Janice သည် ကျွန်တော့်အား လာရောက်တွေ့ဆုံသည်။ နှစ်ပေါင်းများစွာက သူမသည် အဖုအကြိတ်နှင့် ပတ်သက်သည့်ရောဂါ၊ သူနာပြုအဖြစ် ဆောင်ရွက်ခဲ့ဖူးသဖြင့် ကျွန်တော် ရင်ဆိုင်တွေ့ကြုံနေရသည့် အခြေအနေကို သူမကောင်းစွာ နားလည်သည်။ ကျွန်တော် တွေ့ကြုံ ခံစားခဲ့ရသည့် များစွာသော ရှုံးနိမ့်မှုများအတွက် အမြဲတစေ အံ့သြနေမိသည်။ ရှေ့နှစ်လှမ်းတိုးဖို့အတွက် ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်ခဲ့ရသည်။
တစ်နှစ်နီးပါးမျှ အဆုံးမသတ်နိုင်သော ရောဂါရှာဖွေမှုများ ပြုလုပ်ပြီးနောက် A Steme Cell အစားထိုးကု သမှုပြုလုပ်ခဲ့ရသည်။ မယုံကြည်နိုင်လောက်အောင် နာကျင်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှု ဝင်ရောက်စွဲကပ်လာခြင်းတို့ ဖြစ်ပေါ်လာပြီး မိမိကိုယ် မိမိလုံးပါးပါး လာပြီဖြစ်ကြောင်း ခံစားရသည်။ ကျွန်တော်သည် လမ်း မလျှောက်နိုင်တော့ပါ။ အစဉ်အမြဲ ဆေးဝါးမှီဝဲနေရပြီး အိပ်ရာပေါ်လဲနေတုန်း ကျွန်တော်ဤသို့စဉ်းစားမိသည်။ 'ငါမသေနိုင်သေး'ဟူ၍ ဖြစ်၏။ မိမိ၏နေ့စဉ် ဆောင်ရွက်မြဲ လုပ်ငန်းများ ဆောင်ရွက် နိုင်စွမ်းရှိ/ မရှိဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးမကြည့်ရသေးပါ။ ဆေးဝါးများ သုံးစွဲနေရခြင်းနှင့် နာကျင်မှုများ ရှိနေသေးသော်လည်း ကျွန်တော်၏ အတွင်းစိတ်၌ ငါသည် အပြုသဘောဆောင်သည့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ဦးမည် ဖြစ်သည်ဟု ခံစားမိသည်။ အကယ်၍ ကျွန်တော်ခံစားနေရသည့် ရောဂါ မှလွတ်မြောက်လာပါက ကျွန်တော်၏ အိမ်ထောင်ရေးကို ပြန်လည် ပြင်ဆင်မည်၊ အဓိပ္ပာယ်ရှိသော ပရို ဂျက်လုပ်ငန်းများကိုသာ လုပ်ကိုင် ဆောင်ရွက်သွားမည်။ သားသမီး များ၏ ထွန်းသစ်စလွတ်လပ်ခွင့်များ ကိုလက်ခံမည်။ ကျန်းမာရေးကို ဂရုစိုက်မည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်သည်။
ဤသည်မှာ အလှည့်အပြောင်း တစ်ရပ်ဖြစ်သည်။ ကျွန်တော်၏ မှောင်မိုက်သောနေ့များ အတွင်း က Championship Sailing ဟူသော စာအုပ်ကို ကျွန်တော်၏လက်ထောက် ဖြစ်သူ Kathy Lambert ၏ အကူအညီဖြင့် ရေးသားခဲ့သည်။ ယင်းစာအုပ်ကို ပြင်ဆင်တည်းဖြတ်နေစဉ် ကျွန်တော်သည် နေ့စဉ်နေ့တိုင်း ကျွန်တော်ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော ရွက်လှေပြိုင်ပွဲများ အကြောင်း မြင်ယောင်လာမိသည်။ စာရေးသားခြင်းသည် ရောဂါကုထုံးတစ်ရပ်ဖြစ်သည်။ စာရေးသားနေစဉ် ကျွန်တော်၏ ကျန်းမာရေးနှင့် ကျွန်တော်၏ ဘဝသည် လမ်းကြောင်းပေါ်သို့ပြန်လည် ရောက်ရှိလာခဲ့သည်။
ကျန်းမာရေးပြန်လည် ကောင်းမွန်လာရန်အတွက် လပေါင်းများစွာ အနားယူနေစဉ်ကာလအတွင်း ကျွန်တော် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲများကို ရေတွက်နေမိသည်။ စုစုပေါင်းပြိုင်ပွဲ ပေါင်း (၅ဝဝဝ)ခန့်ရှိသည်။ ပြိုင်ပွဲများတွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ရေပြင်ပေါ်တွင် လွတ်လပ်စွာ အချိန်ကုန်လွန်စေသည်။ ကမ္ဘာ့တိုက်ကြီးများ၏ ရေမျက်နှာပြင်တွင် လှေလှော်ရွက်တိုက် ခဲ့ရသည်။ ဤ အပေါ်စီးမှကမ္ဘာကြီးကို လွှမ်းခြုံမြင် တွေ့ရသည်။ လှေလှော်ရွက်တိုက် အားကစားခြင်းသည် ကျွန်တော့်အား တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများပေးသည်။ ယင်းသင်ခန်းစာများကြောင့် ကျွန်တော့်ဘဝ၌ တွေ့ကြုံခဲ့ရသည့် အခက်အခဲကာလအတွင်းမှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ယခုအခါ ကျွန်တော်သည် အသက် (၅ဝ)နှင့်(၆ဝ)အကြားအရွယ် ဇနီးသည် လမ်းတစ်ဝက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချိန်၌ ကျွန်တော်၏ ကင်ဆာ ရောဂါစစ်ဆေးမှုပြုလုပ် ကြည့်ရာ၊ ကင်းရှင်းစွာပျောက်ကင်း နေပြီဖြစ်ပြီး Janice နှင့်ပျော်ရွှင်စွာ နေထိုင်လျက်ရှိသည်။ ကျွန်တော်၏ သမီးများမှာလည်း တက္ကသိုလ်သို့ ကျောင်းတက်ရောက်နေကြပြီဖြစ်သည်။ ကျွန်တော်၏ စီးပွားရေးလုပ်ငန်း များ လည်း လမ်းပေါ်သို့ပြန်လည် ရောက်ရှိလာသည်။
စိတ်ဖိစီးမှုသည် ရောဂါရ နိုင်သည်ကို သိရှိရန်ခက်ခဲသော် လည်း ကျွန်တော်အသေအချာ သိရှိသည်မှာ ကျွန်ုပ်တို့၏ရွေးချယ်မှုကို ကိုယ်တိုင်ဆောင်ရွက်မှုသာဖြစ် သည် ဟူသည့် အချက်ပင်ဖြစ်သည်။ လေတိုက်ရာ အရပ်သည်ပြောင်းလဲလာ သည်မှာ အသေအချာဖြစ်သည်။တစ် နာရီ (၁ဝ)မိုင်နှုန်းဖြင့် လေတိုက် ခတ်နေပြီး နေရောင်ခြည်လည်း ဖြာထွက်နေသည့် အချိန်တွင် သင်သည် ရေပြင်ပေါ်တွင်ရှိနေနိုင်သည်။ သို့ရာ တွင်ခဏအတွင်းမှာ တစ်နာရီ မိုင် (၅ဝ)နှုန်းဖြင့် လေတိုက်ခတ်နှုန်း ပြောင်းလဲသွားနိုင်ပြီး အခြေအနေဆိုး နှင့် တွေ့ကြုံလာနိုင်သည်။ ပြိုင်ပွဲ များတွင်ကျွန်တော်သည် နည်းဗျူဟာ သမားတစ်ဦးဖြစ်သည်။ စိတ်ငြိမ်ငြိမ် ထားနိုင်လျှင်အရာရာကိုထိန်းကျောင်း နိုင်မည်။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်ကာလ အတွင်း သင်ဘယ်နေရာရောက်နေ သည်ကို ကြည့်ရန်လိုသည်။ ဘယ်လမ်းကြောင်းသို့ ဦးတည်သွားမည် ကိုစဉ်းစားရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် သင်ရှေ့ဆက်သွားရမည့်လမ်းကိုသာ ကြည့်ရမည်ဖြစ်သည်။ သင့်အမှားများအပေါ် စားမြုံ့ပြန်နေပါက လမ်း မှန်ပေါ်သို့ ပြန်မရောက်နိုင်ပေ။ ငါးနှစ်ကြာပြီးနောက် ကျွန်တော်လမ်း မှန်ပေါ်သို့ပြန်ရောက်ရှိရာ၊ အတိတ် ကာလက ကျွန်တော်ပြုလုပ်မိခဲ့သည့် အပြုအမူများ၊ အခြေအနေများတွက် ကျွန်တော် ဝမ်းနည်းမနေတော့ပေ။
ကျွန်တော်ရရှိသည့်သင်ခန်းစာမှာ ဘဝအတွက်အကောင်းဆုံးဖြစ်စေသည့် အရာများကို ခံယူရန်ဖြစ်ပြီး အပြောင်း အလဲများနှင့်အညီနေထိုင်သွားရန်ဖြစ် သည်။ ကောင်းသောဘဝ ရရှိရန် အတွက် သင်ကြိုးပမ်းမှုကိုစွဲကိုင်ထား ရန် ဖြစ်သည်။ ဤသဘောထားအရ ရွက်လှေအုပ်စုထဲတွင် ရှေ့သို့ ရာက် အောင်ကြိုးပမ်းရမည်ဖြစ်သည်။ ကျွန်ုပ်အတွက်ဆိုရပါမူ အသက်(၅ဝ) အရွယ်သည် ကိန်းဂဏန်းတစ်ခုမျှ သာမဟုတ်ပါ။
အသက်(၅ဝ)ကျော်အရွယ်၊ စာဖတ်ပရိသတ်များအတွက် ရည်ရွယ်ပြီး ဘာသာပြန်ရေးသားခဲ့တဲ့ "Fifty Things To Do When You Turn Fifty" စာအုပ်မှာ အပိုင်း(၅)ပိုင်းသာ ဘာသာပြန်ဆိုရန် ကျန်ရှိပါတော့တယ်ရှင်။ ''သင်အသက်(၅ဝ) ကျော်လာတဲ့အခါ'' ဆောင်းပါးများကို စိတ်ဝင်တစား ဖတ်ရှုပေးခဲ့ကြသူများ ရှိသလို၊ မနှစ်သက်သူများလည်း ရှိကြတယ်လို့ သိရှိရတဲ့အတွက် အတွေးပွား ဆင်ခြင်စရာများ ဖြစ်ပေါ်လာမိပါတယ်။ ဆက်လက် ဘာသာပြန်ဆိုသွားမယ့် ဆောင်းပါးများကိုလည်း မေတ္တာစိတ်ဖြင့် တတ်စွမ်းသလောက် ရေးသားပြုစုသွားမှာ ဖြစ်ပါတယ်။ စာရေးသူအတွက် ဝေဖန်စာများကို အချိန်ပေးပြီး ဂရုတစိုက် ရေးသားပေးပို့ခဲ့ကြသူများ မေတ္တာတရားဖြင့် အေးချမ်း သာယာကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။ စောင့်မျှော်ဖတ်ရှုနိုင်ကြဖို့ ကြိုးစားရေးသားသွားပါဦးမယ်ရှင်။
ဆုကဗျာ ဘာသာပြန်ဆိုသည်။
Ref: Fifty Things To Do When You Turn Fifty.
1 comments:
ဘာသာပြန်လေးအားပေးသွားပါတယ်
Post a Comment