၂၀၁၃ ခုနှစ် ၊ သြဂုတ်လ ( ၈) ရက်နေ့ မှာ ကျရောက်မယ့် ၊ ၈-၈-၈၈
နှစ်ပတ်လည် နေ့ ရက်ကို ရောက်လာခဲ့ပေမယ့် ၊ လွန်ခဲ့တဲ့ (၂၅)နှစ်တာ ကာလ
များက
၊ ကျွန်မ အတွက်တော့ မနေ့ တစ်နေ့ က လိုပါပဲ။
၁၉၈၃ ခုနှစ် ၊ အောက်တိုဘာလ ဖွား ၊ ကျွန်မ အတွက် ၁၉၈၈ ခုနှစ် ၊ သြဂုတ်လ ( ၈) ရက်နေ့ မှာ အသက် ( ၅) နှစ် ပြည့်ဖို့ ( ၂) လ ကြီးများတောင်လိုနေသေးတဲ့ လူကြီးသူမ ၊ အတတ် ပတတ် အရွယ်လေးပေါ့။
၁၉၈၈ ခုနှစ် သမိုင်းကာလတစ်လျှောက် ဟာ ၊ သူငယ်တန်းကျောင်းသူ ကြီး ကျွန်မရဲ့ ကျောင်းသူ ဘ၀ ပထမ အစ နေ့ စွဲများဖြစ်တာကြောင့် အပျော်ဆုံး အချိန်ကာလတွေ လို့ လည်း သတ်မှတ်ခဲ့
လို
့ရနိုင်သလို ၊ အရွယ်နဲ့ မလိုက်အောင် မြင်တွေ့ ခဲ့ရဖူးတဲ့ ၊ ထိတ်လန့် ဖွယ်
လူ အချင်းချင်း သတ်ဖြတ်နေကြတဲ့ မြင်ကွင်းတွေ ကို မျက်ဝါးထင်ထင် ကြုံတွေ
့ခဲ့ရဖူးတဲ့ အချိန်ကာလ လို့ လည်း သတ်မှတ်နိုင်ပါတယ်။
၁၉၈၈ ခုနှစ် ၊ အ.ထ.က (၁) ကြည့်မြင်တိုင် ( အေဘီအမ် ) ကျောင်းမှ
သူငယ်တန်း ကျောင်းသူကြီး ကျွန်မ အတွက် ၊ ထီးတန်း ဈေးကလေး ( ၃) လမ်း
နေအိမ်ကနေ ၊ ကြည့်မြင်တိုင် ၊ ဗားကရာ ချောက်အနီးက ကျောင်းတော်ကြီးကို ၊ နေ
့စဉ်ကျောင်းသွား ကျောင်းပြန် လမ်းလျှောက်ပြန်ရင်း တစ်နေ့ မှာတော့
မထင်မှတ်ဘဲ ကျောင်းခေါင်းလောင်းထိုးသံ ကို ရုတ်တရက် ကျောင်းလွှတ်ချိန်
မတိုင်ခင် ကြားလိုက်မိပါတယ်။
အတန်းပိုင်ဆရာမက ၊ " သမီးတို့ သားတို့ ကိုယ့်အိမ်ရောက်အောင် တန်းပြန်ကြပါ၊ လမ်းမှာ ဘယ်သူ ခေါ်ခေါ် မလိုက်ရဘူးနော် ဆိုတဲ့
အမှာစကားကို တွင်တွင်မှာကြားပြီး " အားလုံး အိမ် မြန်မြန်ပြန်ကြတော့ "
ဆိုတဲ့ စကားအဆုံးမှာတော့ အပူအပင်းကင်းမဲ့လှတဲ့ ကလေး ပီပီ ၊ ပျော်ရွှင်
မြူးတူးစွာ နဲ့ အိမ်ပြန်ခြေလှမ်းများက ကျောင်းပေါက်ဝ ၀င်းတံခါးကြီးဆီသို
့မရောက်ခင် အချိန် မှာတော့ တက်ကြွ လန်းဆန်းနေပါတော့တယ်။
ဗားကရာ
ချောက်ဖက်ကနေ ကျွန်မတို့ အိမ်လေး ရှိရာဆီ သို့ လှမ်းလာရင်း ၊
ကျောင်းစောစော လွှတ်လိုက်တယ်ဆိုတဲ့ အသိတစ်ခုနဲ့ ပျော်ရွှင် မြူးတူးနေတဲ့
ကျွန်မ ဟာ ၊ ရုတ်တရက် မြင်လိုက်ရတဲ့ လမ်းမပေါ်က လူအုပ်ကြီးကြောင့်
အံ့သြမှင်တက်သွားမိခဲ့ပါတယ်။
လမ်းမထက်မှာ
ကစဥ့်ကလျား ပြေးလွှားနေကြသူများကိုတွေ့ ရသလို ၊ ပါးစပ်ကလည်း ကြွေးကြော်သံ
တစ်ခုခု ကို ၊ တစ်ကြော်ကြော် အော်ဟစ်ရင်း ပုံမှန်အတိုင်း
လျှောက်လှမ်းသွားကြတဲ့ လူကြီးများ ကိုလည်း မြင်တွေ့ ခဲ့ရပါတယ်။
ဘာတွေ ဘယ်လို ဖြစ်နေကြမှန်းမသိပေမယ့် မှတ်လွယ် သိလွယ်တဲ့ ကလေး ပီပီ ကျွန်မရဲ့ ဦးနှောက်ထဲကို ကြွေးကြော်သံလေး တစ်ခု ၀င်လာတာက
" တို့ အရေး ၊ တို့ အရေး ဒီမိုကရေစီ ရရှိရေး ၊ တို့ အရေး တို့ အရေး " တဲ့ ။
အိမ်အပြန်
လမ်းတစ်လျှောက် မလှပ တဲ့ မြင်ကွင်းတွေကို ရင်ဆိုင် ကာ ၊့  လူအုပ်ကြီးကို
တိုးဝှေ့ ပြီး အိမ်ပြန်လာခဲ့ရတာပါပဲ။ ထီးတန်း ဈေးကလေး ( ၃) လမ်း ထိပ်နား
မရောက်ခင်အချိန်မှာတော့ သမီးကြီးရေ သမီးကြီး ဆိုတဲ့ အော်ခေါ်သံ ကြောင့်
အသံကြားရာဆီသို့ ရုတ်တရက် ကြည့်လိုက်တော့ ကျွန်မရဲ့ ချစ်လှစွာသော ဖေဖေ ကို
တွေ မြင် လိုက်ရတာပါပဲ။
စိုးရိမ် ပူပန်နေပုံ အထင်းသားပေါ်လွင်နေတဲ့ အဖေဟာ ကျွန်မကို ဆတ်ခနဲ ပွေ့ ချီလိုက်ပြီး အိမ်ကို အမောတကော နဲ့ ထမ်းပြေးတာကိုတော့ ကျွန်မ ကောင်းကောင်း အမှတ်ရ နေဆဲပါ ။
အိမ်ထဲကို
မရောက်ခင် လမ်းထိပ်တစ်နေရာမှာတော့ ပြေးလွှား အော်ဟစ်နေကြတဲ့ လူအုပ်ကြီး
ထဲမှ အဖေ ဟာ ကျွန်မ အန္တရာယ် မဖြစ်အောင် ၊ ရှောင်ထွက်နေဆဲမှာပဲ ၊ ကျွန်မရဲ့ မျက်နှာ အနီှး့ မှာ ရွှတ်ခနဲ့ ဖြတ်ပြေးသွားတဲ့ သံချောင်းလိုလို ၊ တုတ်ချောင်းလိုလို အရာတစ်ခုကို သိမြင်ခံစားလိုက်မိပါတယ်။
အဖေ့
ရဲ့ ပါးစပ်က လွှတ်ခနဲ ထွက်သွားတာက “ ဟာ ဂျင်ကလိ ပဲ “ ငါ့ သမီးလေး ကံသီပေလို
့ “ ဆိုတဲ့ စကားသံကလည်း ကျွန်မ နားထဲ အထပ်ထပ် ကြားယောင်နေဆဲ ။ အဲဒီအချိန်က
ဂျင်ကလိ ဆိုတာ ဘာမှန်းမသိပေမယ့် ကျွန်မကို ထိခိုက်သွားမှာ တစ်အား စိတ်ပူနေဟန်တွေကြောင့် အန္တရယ် များတဲ့ အရာတစ်ခုလို့ တော့ ကျွန်မ အသိညာဏ် ထဲ ၀င်ရောက်လာခဲ့ပါတယ်။
အဖေ့
ရဲ့ စိုးရိမ်ပူပန်ရေချိန်များက ၊ ကျွန်မ အိမ်ထဲကို ရောက်မှ
ပြေပျောက်သွားပုံ ပေါ်လွင်နေခဲ့ပေမယ့် ၊ ကလေး ပီပီ စူးစမ်းလို
စိတ်ကြီးမားတဲ့ ကျွန်မဟာ ကျောင်းဝတ်စုံ အဖြူ ၊ အစိမ်းကို မလဲသေးဘဲ အိမ်အပေါ်ထပ် ၀ရန်တာကနေ လှမ်းကြည့်ရင် မြင်နိုင်တဲ့ ကြည့်မြင်တိုင် ၊ ကမ်းနားလမ်းဖက်ဆီသို့ ခုံခုပြီး လှမ်းကြည့်နေခဲ့မိပါတယ်။
အားပါးပါး !!!
မထင်မှတ်ဘဲ
၊ မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်မ ကို အထိတ်တလန့် ဖြစ်စေခဲ့တာကတော့
ကမ်းနားလမ်း ၊ ကျောက်မီးသွေးပုံကြီး အနားမှ ဂိုထောင်များ ရုပ်ပျက် ဆင်းပျက်
၊ ပွင့်ထွက်နေပြီး ၊ အထဲမှာရှိတဲ့ ဆန်အိတ်တွေ ၊ ဆီပုံးတွေ နဲ့ ဆပ်ပြာတုံး
အစ ရှိတာတွေကို လုယက်ပြီး သယ်ထုတ်နေကြတဲ့ လူ အုပ် ကြီးများ ကို တွေ
့မြင်လိုက်ရခြင်းကြောင့်ပါပဲ။
ဘာတွေ
ဖြစ်လို့ သူတို့ ဒီပစ္စည်းတွေကို လုနေကြတာလဲ မသိဘူးနော် ဆိုတဲ့ ကျွန်မရဲ့
အတွေးမဆုံးခင်မှာပဲ ကျွန်မ ထက် အသက် ( ၂) နှစ် ကြီးတဲ့ အစ်ကိုအကြီးဆုံး က
မြင်ကွင်းထဲမှာ တစ်ဖြေးဖြေး ပေါ်လာတော့တာပါပဲ။
ကျွတ်ကျွတ်အိတ်လိုလို ၊ ဆာလာအိတ်လိုလို အိတ်ကြီးတစ်လုံး ကို ၊ အသက် ( ၇) နှစ်သားအရွယ်လေး နဲ့ မနိုင် မနင်း တစ်ရွတ်တိုက် ဆွဲလာပြီး
“ မိဆု ရေ ဒီမှာ ကြည့်စမ်းဟေ့ ၊ ငါ ဘာတွေ သယ်လာလဲဆိုတာ “ ဆိုတဲ့ အစ်ကိုကြီးရဲ့ အသံလေး
ံကြောင့် ကျွန်မ ရုတ်တရက် ကြည့်လိုက်တော့ အောက်လမ်း
(
ကြည့်မြင်တိုင် ၊ ကမ်းနားလမ်းကို ၊ ကျွန်မတို့ ငယ်စဉ်ကအခေါ် အဝေါ်တစ်ခုပါ)
ဂိုထောင်တွေ ကနေ သူများ တွေ သယ်လို့ ကျကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို
တစ်ခုချင်း လိုက်ကောက်ပြီး ၊ မိသားစုတွေ်အတွက် အန္တရယ်တွေ ကြားကနေ ၊ သယ်ဆောင်လာတဲ့ ကျွန်မ အစ်ကို သတ္တိခဲ ကြီး ကို တွေ့ မြင်လိုက်ရတော့တာပါပဲ။
အဖေ နဲ့ အမေ ရဲ့ ဆူသံ ၊ အော်ဟစ်သံ တွေ ကြားမှာ ကျွန်မ အစ်ကိုကြီးရဲ့ မထုံတတ်ထေး ၊ အပြုံးက အောင်ပွဲရ ၊ သူရဲကောင်းကြီး တစ်ဦး အလား ၊
ငယ်စဉ် ကတည်းက သူ့ ညီမ တွေ အတွက် အပြင်မှာ ဘာစားစရာ တွေ ရလာပါစေ ၊
သူ တစ်ယောက်တည်း ဘယ်သောအခါမှ မစားဘဲ ခွဲဝေပေးဖို့ အိမ်အထိ အပါသယ်လာ တတ်တဲ့ ကျွန်မ တို့ အစ်ကိုကြီးက အရေး အခင်းအချိန်ကာလမှာတောင်
သက်စွန့် ဆံဖျား စားစရာတွေ သယ်လာပေးရင်း အစ်ကိုကြီး ၊ အဖရာ ပီသ ခဲ့သူ ပါ။
၈၈ အရေးအခင်းကာလများ မှာ ၊ မှောင်မည်း တိတ်ဆိတ်နေတဲ့ ညခင်း အချိန်များမှာ သူငယ်ချင်းတွေနဲ့ အပြင်ထွက်မဆော့ရတော့သလို ၊ သူငယ်တန်း ကျောင်းသူကြီးဘ၀ ကိုလည်း ( ၂) နှစ်ဆက်တိုက် ငြီးငွေ့ စွာ ၊ ပညာသင်ကြားခဲ့ရတာကြောင့် ကျွန်မ ကလေး ပီပီ မုန်းတီးခဲ့ရဖူးပါတယ်။
မိသားစုတွေ
အားလုံး ၊ စားစရာ မရှိလို့ ဆန်ပြုတ်သောက်ခဲ့ရတဲ့ ကာလတွေ လည်းရှိသလို ၊
လူသားတွေ အားလုံး ငတ်တစ်လှည့် ပြတ်တစ်လှည့် သောက ပင်လယ်ဝေခဲ့ရတဲ့ ၈၈
အရေးအခင်းကာလကြီး ၊
အော်သံ ၊ ဟစ်ကြွေးသံ
၊ သွေးထွက် သံယို သေနတ်သံတစ်ဖျောင်းဖျောင်းကိုလည်း ( ၅) နှစ် သမီး
အရွယ်လေးနဲ့ နားယဉ်ပါးခဲ့ရတဲ့ ၈၈ အရေးအခင်း ကာလကြီးဟာ ကျွန်မအတွက်တော့
ကလေးဘ၀ အိမ်မက်ဆိုးကြီးတစ်ခု လေလား။
၈၈ အရေးအခင်းကြီးကို ကလေး အရွယ်လေးမှာ ဘာမှန်းမသိဘဲ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပေမယ့်
၊ ၈၈ ကြောင့် ဘ၀ ပျက်ခဲ့ရသူတွေ ၊ ၈၈ ကြောင့် အသည်းနာ ခဲ့ရသူတွေ ၊ ၈၈
ကြောင့် အသက်ပေးခဲ့ရသူတွေ ၊ ၈၈ ကြောင့် အခြေအနေ ပြောင်းခဲ့ရသူတွေ ရဲ့
သမိုင်း ၊ သွေး ၊ ချွေး ၊ အသက်ပေါင်းများစွာ အတွက် နာကျဉ်း ကြေကွဲစရာ
ပုံရိပ်များ ကတော့ ၊ ယနေ့ တိုင် မပြောင်းလဲဘဲ ရှင်သန်နေဆဲဆိုတာ ဖတ်ခဲ့ဖူးတဲ့ ၊ လေ့လာခဲ့ဖူးတဲ့ ၊ သမိုင်းစာမျက်နှာများစွာ က သက်သေခံနေဆဲ ၊
ဘာပဲဖြစ်ဖြစ်
၁၉၈၈ ခုနှစ် တုန်းက ကိုယ်တွေ့ ခံစားကြုံတွေ့ ခဲ့ရဖူးတဲ့ ၈၈ အရေးခင်းကာလ
ကြီးကို ကလေးတစ်ယောက်ရဲ့ အသိစိတ်ထဲကနေ ၊ ယနေ့ တိုင် မုန်းတီးနေမိခဲ့
ပါတယ်။
ဒီလို အချိန်ကာလကြီးကို ကျွန်မတို
့အားလုံး နောင်ဘယ်တော့မှ ထပ်မကြုံပါရစေနဲ့ တော့ ၊ နောင်လာ နောင်သားတွေ လည်
ထပ်မံ မကြုံတွေ့ ကြပါစေနဲ့ တော့ လို့  ဆန္ဒပြုရင်း သာယာ အေးချမ်း ၊
တိုးတက်သော တိုင်းပြည် အနာဂတ် သစ်ဆီသို့ သာ ကျွန်မ တို့  ထာဝရ
လျှောက်လှမ်းပါရစေတော့ နော်။
၈.၈.၁၉၈၈ ခုနှစ်နေ့ မှာ ကျဆုံးသွားခဲ့ တဲ့ ၊ အဌမတန်းကျောင်းသူ
အစ်မကြီး ၊ မ၀င်းမော်ဦးနှင့်တကွ ရဟန်းရှင် ၊ လူ ၊ ကျောင်း သားပြည်သူ ၊
တပ်မတော်သား အပေါင်း တို့ လည်း ဘ၀ အဆက်ဆက် ဒီလို အဖြစ်ဆိုးမျိုးတွေ ကနေ ၊
ကင်းဝေးကြပါစေလို့  ဆုတောင်းရင်း ပြုလုပ်ခဲ့တဲ့ ကောင်းမှု ကုသိုလ်အစုစု ကို
အမျှပေးဝေ ရင်း သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်။
အားလုံးကြားကြားသမျှ… အမျှ…..အမျှ…..အမျှ
ယူတော် မူကြပါကုန်သော် ----သာဓု သာဓု သာဓု
( ၈-၈-၈၈ ကို စိတ်နာတဲ့ သူ ငယ်တန်းကျောင်းသူလေး တစ်ဦးရဲ့ ခံစားချက်သက်သက် မှတ်တမ်းတစ်ခုသာဖြစ်ပါသည်။ )
S.K.B
၈.၈.၂၀၁၃