ဘုရားစူးချစ်ပါ့မယ်၊ မောင်ကြီးရေ၊ အလှကမ္ဘာတေးသီချင်းများပိုင်ရှင်နှင့် ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ(၁၈)

0 comments
ရုပ်ရှင်မင်းသမီးကြီး အဆိုတော် ဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် အနုပညာလောက၌ သက်တမ်းရှည်ကြာစွာ အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူထားနိုင်သော ထူးချွန် အနုပညာရှင်တစ်ဦး ဖြစ်သလို အသံတိတ်ရုပ်ရှင်၊ သံစုံသွင်းရုပ်ရှင်၊ ခေတ်ဟောင်း အသံထွက်မှ ယနေ့ အချိန်အထိ ဘဝတူ အနုပညာရှင်များကြား၌ အနုပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်နေဆဲ မင်းသမီးကြီးပင် ဖြစ်ပေသည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၁၀)

0 comments
I.I.M.C ကျောင်းသူဘဝ အမှတ်တရများစွာ၌ အတွေ့အကြုံရင့်၊ သမ္ဘာရင့် ပေါ်ပြူလာ News ဂျာနယ်မှ ဆရာဦးဟိန်းလတ်၊ ကမ္ဘာ့စီးပွားရေးဂျာနယ်မှ ဆရာဦးခင်မောင်ညို၊ အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်) ဂျာနယ်၏ အထူးထုတ် အချပ်ပိုတာဝန်ခံ စာတည်းဆရာ ဦးမျိုးလွင်တို့ကဲ့သို့သော ဝါရင့်အယ်ဒီတာကြီးများနှင့် တာဝန်ခံ အယ်ဒီတာ များစွာအပြင် ကျွန်မနှင့် အသက်တူ၊ အရွယ်တူ နှစ်ဆယ်ပတ်ဝန်းကျင် အယ်ဒီတာများ၊ သတင်းထောက်များ သာမက ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ အတတ်ပညာရှင်များ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းဆိုင်ရာ ပုဂ္ဂိုလ်များစွာ တို့နှင့်အတူ သင်တန်းတက်ရောက်ခွင့် ရရှိခဲ့ရသည့် အတွက်ကြောင့် အတွေ့အကြုံမျိုးစုံကိုလည်း ကိုယ်စီိပိုင်ဆိုင်ခွင့်ရရှိခဲ့ရပေသည်။

ချစ်စိတ်ရည်၊ ရွှေတံငါ သီချင်းများပိုင်ရှင်နှင့် ကိုယ်တိုင်ပြောအတ္ထုပ္ပတ္တိ(၁၇)

0 comments
မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်သည် ရုပ်ရှင်လောက၊ ဂီတလောကများတွင် အောင်မြင်သော သမိုင်းမှတ်တိုင် များစွာကို စိုက်ထူနိုင်ခဲ့သော အနုပညာရှင်ကြီး တစ်ဦးပင်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောက၏ အထွတ်အထိပ် မှတ်တိုင်ဖြစ်သော ''အကယ်ဒမီ ထူးချွန်ဆု (၅)ဆုကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သည့် အမျိုးသမီး သရုပ်ဆောင်တစ်ယောက် ပီသစွာ သူမ၏အနုပညာ လှုပ်ရှားမှုများနှင့် သူမ၏ဘဝ ဖြတ်သန်းမှုအဖုံဖုံမှာ အနုပညာကို တန်ဖိုးထားသူများနှင့် ကြိုးစားလျှောက်လှမ်း ခဲ့သည့် ဘဝခရီးလမ်းကို အတုယူလေ့လာ လိုသူများ အတွက် မှတ်သားဖွယ်ရာများနှင့် ပြည့်နှက်နေမည်ဟု ယုံကြည်သည့်အတွက် အခန်းဆက် ဆောင်းပါးအဖြစ် ဖော်ထုတ်မေးမြန်း လာခဲ့သည်မှာ အပိုင်း(၁၇)တိုင်ခဲ့ပြီ ဖြစ်သည်။

အနုပညာရှင်နှင့် Facebook အကျိုးဆက် (၁၀)

0 comments
အင်တာနက် သုံးစွဲသူတိုင်း၊ စွဲလမ်းနှစ်သက်နေကြဆဲ နှစ်သက်နေကြဆဲ Facebook Platform မှာ စာရေးဝါသနာပါသူများနှင့် Professional စာရေးဆရာများ အတွက် အသုံးပြုနိုင်သော'' Facebook Notes ''ကို (၂ဝဝ၆)ခုနှစ်၊ သြဂုတ်(၂၂)ရက်မှာ စတင်ပြီး မိတ်ဆက် လာခဲ့တာကြောင့် ယခု (၂ဝ၁ဝ)ပြည့်နှစ် ကာလ အတွင်းမှာပင် တွင်ကျယ်စွာ အသုံးပြုလာသူများအား ထိရောက်သော လုပ်ဆောင်ချက်များ ဖန်တီးပေးလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သင်အသက်(၅၀)ကျော်လာတဲ့အခါ

0 comments
စာရေးသူ ဘာသာပြန်ဆိုသည့်အခါ မူရင်းဆောင်းပါး၏ အနှစ်သာရ မပျက်စေရန်အတွက် ကြိုးစားပြီး၊ စာဖတ်ပရိသတ် နားလည် လွယ်ကူစေသော စကားလုံးများကိုသာ ရွေးချယ်၍ ရေးသားပေးခဲ့သော ''သင် အသက်(၅ဝ) ကျော်လာတဲ့အခါ'' ဘာသာပြန်ဆောင်းပါး အတွက် ယခု တစ်ပတ်တွင် "Read the Torah" ကို ပြန်လည် ရေးသားလိုက်ပါသည်။ အသက်(၅ဝ)ကျော် ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွားများ အတွက် လိုရာသုံး သုံးစွဲကျင့်ကြံနိုင်ဖို့ ''တိုရာ''ကျမ်းစာကို ဖတ်ရှုဝေဖန် ပေးကြပါဦးရှင်။ စာရေးသူ Richard Siegel ရေးသည်။ Richard Siegel သည် National Foundation ၏ အလုပ်အမှုဆောင် ဒါရိုက်တာဖြစ်သည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၉)

0 comments
သတင်းယူခွင့် မရလိုက်သည့် ဓနသဟာယ အားကစားပွဲတော်ကြီး နယူးဒေလီမြို့ အတွင်း၌ လုံခြုံရေး တင်းကျပ်မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာကြသည်ကို တွေ့မြင်ခဲ့ရပြီး အိန္ဒိယနိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်တွင် ပထမဆုံးအကြိမ် လက်ခံ ကျင်းပပေးမည့် '(၁၉)ကြိမ်မြောက် ဓနသဟာယ အားကစားပွဲ'တော်ကြီး နီးကပ်လာချိန် ဖြစ်သည့် အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု၊ အကျင့်ပျက် လာဘ်စားမှုများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွား နေမှုများ အပါအဝင် ဂျဝါဟာလာနေရူး အားကစားရုံသို့ ကူးသော လူကူးတံတား ကျိုးကျမှုကြောင့် လူ(၂၇)ဦး ဒဏ်ရာ ရရှိခဲ့ကြရမှုများကြောင့် အိန္ဒိယနိုင်ငံထုတ် သတင်းစားကြီးများမှ ဝေဖန်မှုရှုတ်ချချက်များကို နေ့စဉ်ဖတ်ရှုနေကြရသည်။

အိန္ဒိယပြန်၊ မြန်မာစာနယ်ဇင်းများ၏ ပဲ့တင်သံ

0 comments
မြန်မာနိုင်ငံ၏ အထင်ကရ နာမည်ကြီးစာစောင် မြန်မာတိုင်းမ်တွင် Senior Sub Editor တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ကိုဆန်းဦးမှာ လူတော်တစ်ဦး ပီသစွာ အဖွဲ့သားအားလုံးနှင့် လိုက်လျောညီထွေ ဆက်ဆံတတ်သူ ဖြစ်ပေသည်။ ကိုဆန်းဦးသည်လည်း သက်ကိုကို ကဲ့သို့ပင် မေးသမျှ မေးခွန်းများအပေါ် တိကျသော အဖြေ စကားများသာ ထွက်ပေါ် လာခဲ့ပြန်သည်ကို အခုလို တွေ့မြင်ကြရမည် ဖြစ်သည်။
''ဆရာ၊ ဆရာမများ အားလုံးက အတွေ့အကြုံ ရင့်ကျက်ပြီးသားသူများ ဖြစ်တော့ အားလုံးကို ကျေနပ်အားရမိပါတယ်။ ဆရာ၊ ဆရာမများအားလုံး သူတို့တာဝန်ယူ သင်ကြားပေးတဲ့ ဘာသာရပ်များကို ပိုင်နိုင်ကျွမ်းကျင်ကြပြီး နားလည် သဘောပေါက်အောင် သင်ကြားပေးနိုင်တာကို တွေ့ရပါတယ်။

M -Zine + Advertisement

1 comments




Publishing by Mizzima Media which M-ZINE + Weekly Journal 's advertisement !!!
Director and Photography by --Mizzima Media Group ( Bagan Min Min Oo & Ye Min )
Actress----Su Ka Byar

လှူချင်သည့်ဆန္ဒရှိက မွန်မြတ်ပေစွ

0 comments
သုံးတန်စေတနာ၊ ညီညွတ်စွာဖြင့်၊ မဟာသာသနိက၊ ဝိဟာရ ကျောင်း တန်ဆောင်းအလှူ ဆောက်လှူသူတို့၊ ကြီးထူးကဲဝှန်၊ ကျိုးရဟန်ကို ကျမ်းဂန်ထောက်ချင့် နိဒါန်းဖွင့်သော် ဟူသည့် မင်းကွန်းဆရာတော်ဘုရားကြီး ဖွဲ့သီအပ်သော ကျောင်းလှူအကျိုး (၇)ပါး တရား လင်္ကာတော်နှင့် အညီ Online Donation Group ၏ ပဉ္စမအကြိမ်မြောက် မဟာဘုံကထိန် အလှူနှင့်အတူ၊ ကျောင်းဆောင်သစ် တည်ဆောက် လှူဒါန်းရေး အတွက် (၂ဝ၁ဝ)ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက် (တန်ဆောင်မုန်းလပြည့်)က၊ ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ အုန်းပင်စု ရပ်ကွက်ရှိ အောင်မင်္ဂလာရွာဦး ကျောင်းတိုက် အတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

အိန္ဒိယကို ရောက်ခဲ့တယ် အပိုင်း(၈)

2 comments
အိန္ဒိယလူထု ဆက်သွယ်ရေး တက္ကသိုလ် ကျောင်းသူဘဝ အမှတ်တရ မြန်မာနိုင်ငံမှ မထွက်ခွာခင် နေ့ရက်များ ကတည်းက နယူးဒေလီမြို့ရှိ နာမည်ကြီး တက္ကသိုလ်တွင် သတင်းပညာရပ်များ သင်ကြားခွင့်ရမည် ဟူသော အသိက ကျွန်မ၏ စိတ်အစဉ်ကို လှုံ့ဆော်ရင်း တက်ကြွနေခဲ့မိသည်။ အိန္ဒိယ လူထုဆက်သွယ်ရေး တက္ကသိုလ် Indian Institute of Mass Communication ကြီး၏ အကြောင်းအရာများနှင့် ဓာတ်ပုံများကို Web Site များအတွင်းမှ စိတ်ဝင်တစား ရှာဖွေကာ ကြိုတင်လေ့လာ ကြည့်ရှုမိခဲ့သေးသည်။

သင်အသက်(၅၀) ကျော်လာတဲ့အခါ အမျက်ဒေါသမကြီးပါနှင့်

1 comments
သင်အသက်(၅ဝ) ကျော်လာတဲ့အခါ၊ အခန်းဆက် ဘာသာပြန် ဆောင်းပါးကို ရေးသားပြုစုလာခဲ့တာ အပိုင်းများစွာကို ကျော်လွန်လာခဲ့ပေမယ့် ပြတ်တောင်း၊ ပြတ်တောင်း ရေးသားနေတဲ့ အပေါ်မှာ အားမလို၊အားမရ ဖြစ်နေကြတဲ့အကြောင်း (၅ဝ)ကျော် စာဖတ်ပရိသတ်များနဲ့ တွေ့ဆုံခွင့်ရတိုင်း ကြားသိနေခဲ့ရပါတယ်။ ဒါသည်လည်း စာရေးသူ ကျွန်မရဲ့စာဖတ်ချိန် နည်းပါးသွားမှုနှင့် ဘာသာပြန်ဆိုနိုင်မှု နှေးကွေးနေခြင်းကြောင့်သာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာ ဆက်လက် ဘာသာပြန်ဆိုမိခဲ့တဲ့ " Don't go off the deep end" ဆောင်းပါးကို ဖတ်ရှုပြီးချိန်မှာတော့ ဒေါသကြောင့် မှားယွင်းမှုများ ဖြစ်ပေါ်လာတတ်သည့် သဘာဝကို မထိန်းချုပ်နိုင်ပါက ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နိုင် သလို စိတ်ဖိစီးမှုများ ပိုမိုခံစား နိုင်ရတတ်သည့် အခြေခံအ ကြောင်း အချက်များကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အနုပညာရှင်နှင့် Facebook အကျိုးဆက်(၈)

1 comments
နိုင်ငံတော်အကျိုးပြု ဇာတ်လမ်းတစ်ပုဒ် ဖြစ်သော ''အာရုဏ်ဦးမှာ ဖူးသည့်ကြာ'' ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ရသည့် အတွက် နိုင်ငံခြားဖျော်ဖြေရေး ခရီးစဉ်များတွင် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသူက သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်းပဲ ဖြစ်ပါတယ်။

Sukabyar

Sukabyar
အနုပညာကိုမြတ်နိုးသူ(Actress,Publisher in Myanmar)
 

. Design by Insight © 2009